Wednesday, February 27, 2008

သားမေမေ သီချင်းအကြောင်း

သသသသသ
ကကကကက

မကြာသေးမီက စာပေ၊ ဂီတအနုပညာရှင် နိုင်ငံကျော်အဆိုတော် မာမေအေးရဲ့တတိယလက်ရာ သီချင်းတပုဒ် ဖြစ်တဲ့ သားမေမေ သီချင်းကို အင်တာနက်စာမျက်နှာများပေါ်မှာ နားထောင်လိုက်ရတယ်။ ဒီသီချင်းကို ရေးစပ် ပေးသူက မေမြန်မာဖြစ်ပါတယ်။ အလားတူပင် နိုင်ငံခြားမှာ ပထမဦးဆုံးသီချင်းဖြစ်တဲ့ အသဲနာ ကမ္ဘာမကြေ သီ ချင်းကိုလည်း မေမြန်မာပင် ရေးစပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယ သီချင်းဖြစ်တဲ့ သံဃာများကို အလေးပြုပါတ ယ်ဆိုတဲ့ သီချင်းကိုတော့ မောင်ဖုန်းမြင့် (ယူကေ)က ရေးစပ်ပေးတာဖြစ်ပါတယ်။
ကကကကက
သားမေမေ သီချင်းကို စာပိုဒ်ငါးပိုဒ်နဲ့ ဖွဲ့နွဲ့ထားပါတယ်။
ကကကကက
မတွေ့ဘယ်မှာ ... နွမ်းလျမချိပွေ x သားမေမေ တားခဲ့ရက်နဲ့ တကယ်ကို မသနားပေ ... တနေ့ဘယ်နှစ်ခါတမ်း တ မိသလေ ... အမေ့ချစ်သားလေး ဘယ်လိုများနေ x x
ကကကကက
ဘယ်ဆီဘယ်ဝယ်မှာ နေသလဲဆိုတာ မတွေ့နိုင်လို့ မချိတင်ကဲနဲ့ သားပျောက်မိခင်ခမျာ နွမ်းလျနေရှာတယ်။ မ သွားဖို့ရန် မိခင်က အတန်တန်တားရက်နဲ့ မိခင်အား သနားမငဲ့ညှာဘဲ ထွက်ခွာသွားတဲ့သားရယ်။ သားလေးတ ယောက် ဘယ်လိုများနေလိမ့်မလဲလို့ တနေ့ကို ဘယ်နှစ်ခါ တမ်းတမိသလဲဆိုတာ မရေတွက်နိုင်အောင်ပါပဲ။
ကကကကက
စကားချိုသာ ပြုံးမျက်နှာနဲ့ လိမ္မာယဉ်ကျေး ကျမသားလေး ပိုက်ထွေးလာခဲ့ပေ၊ ခေတ် ယခုအခါ အမှန်ယွင်း၊ ပြစ် မှုရှာ ဖန်ဆင်းခဲ့တာကြောင့်၊ ဝေးရာရှောင်ရှား၊ တောင်ခြားမြှောင်ကြီး၊ ကွာခရီး ရွာမနီးနဲ့ ကျချောင်းရေကာဆီး၊ မညည်းကြသေး၊ အဖော်ဝေးတွေး၊ မရွှင်သေး အစဉ်တွေး ရင်မအေးနိုင်ခဲ့ပေ x x
ကကကကက
စကားကို ချိုချိုသာသာပြောပြီး အမြဲပဲ ပြုံးရွှင်နေတတ်တဲ့ လိမ္မာယဉ်ကျေးတဲ့ သားလေးကို မိခင်ခမျာ ပိုက်ထွေး လာခဲ့တယ်။ အမှန်တရား ပျောက်ကွယ်နေတဲ့ ဒီခေတ်ကာလမှာ အပြစ်မရှိ အပြစ်ရှာ ထောင်ချောက်ဆင်ဖန်တီး ဖမ်းဆီးနေသည်မို့ သားလေးခမျာ အဝေးမှာ ရှောင်ပြေးနေရရှာတယ်။
ကကကကက
တောတောင် ရှိုမြှောင်တွေကာဆီး တောင်ကျချောင်းတွေလည်းကာဆီးပြီး ရွားနဲ့မနီး အလှမ်းကွာတဲ့ သည်ခရီး ဟာ အဖော်အပေါင်းတွေနဲ့ဝေးလို့ သားမောင်တယောက် မပျော်ရွှင်နိုင်မယ့်အဖြစ်ကို အစဉ်တွေးမိကာ ရင်မှာ ပူပင်သောက ရောက်ရသူက အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ပါ။
ကကကကက
တနေ့တရက် အမေ့အသက် ရှည်သမျှ ဒီဘ၀တွင်၊ မျှော်ဆဲရှာမြဲပါကွယ့်၊ မြင်ပါလှည့် လူကလေး သားကလေး ရေ၊ မင့်မွေးမေ ကြမ္မာကံကြွေး မဟာဒဏ်ပေးပေမယ့်၊ သဒ္ဓါသန်လျင် ဘယာအမှန်ဝေး အေးမည်ထင်ပါသည် လေ x x
ကကကကက
တနေ့တရက်မက အမေ့အသက်ရှည်သမျှ ဘ၀တခုလုံး သားကို မျှော်နေဆဲ ရှာနေမြဲပါသားရယ်။ ဒီဖြစ်အင်ကို မြင်ပါလှည့် သားမောင် လူကလေးရယ်။ သားရဲ့မွေးမေအတွက်တော့ ရှေးကြမ္မာကံ သည်ဝဋ်ကြွေးဟာ ကြီးမား တဲ့ပြစ်ဒဏ် ဖန်လာသလိုပဲ ခံစားနေရတယ်ကွယ်။ ဒါပေမယ့်လဲ ယုံကြည်မှုသဒ္ဓါမှန်သည်မို့ သည်ဘေးဘယာ တွေဝေးလို့ မကြာမီကာလမှာ ငြိမ်းအေးဖို့ကို မျှော်လင့်ထားတယ်။ သားမောင်အတွက်လည်း မိဘမေတ္တာအမှန် တရားရဲ့ သစ္စာတရားက အဝေးမြေမှာ ဘေးဘယာတွေ ဝေးကွာ၍ ရှိနေမည်ဖြစ်ကြောင်း ဆုတောင်းမိတယ်။
ကကကကက
စိတ်ကူးအတွေးနဲ့ ရူးရူးမိုက်မိုက်၊ တိုက်ခိုက်ချင်ဇော၊ လှိုက်လှိုက်အလျင်မလောပါနဲ့၊ သောကစိတ်ဆောင် ဘယ်ဝယ်မြောက်တောင်၊ ကမ်းသောင်မမြင် ရှိချင်ရှိနိုင်တယ်လေ၊ အမေကတော့ ဆုချွေတောင်းနေ၊ အောင်ဇွဲ အောင်အမြဲ အသက်ရှည်၊ ဗုဒ္ဓေ နှုတ်ချွေ ပြည့်ပါရစေ x x
ကကကကက
တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီအတွက်၊ အမှန်တရားတွေအတွက် တိုက်ခိုက်ချင်ဇောနဲ့ အလျင်မလို စိတ်မလောပါနဲ့သားရယ်။ စိတ်ကူးအတွေးမျှနဲ့ ရူးရူးမိုက်မိုက် ရန်သူကို တိုက် ခိုက်ချေမှုန်းဖို့လည်း ဆန္ဒတွေ မစောလွန်းချင်ပါနဲ့လားကွယ်။ ဘယ်မှာစ၍ ဘယ်မှာဆုံးလေမည် မသိလေတဲ့ ပင်လယ်ကမ်းပြင်တွေလို လျှိုမြှောင်တောင်ကြားတွေလို နေရာမျိုးမှာ သားရှိချင်ရှိနေမယ်လို့ မှန်းဆနေရင်းနဲ့ပဲ သားတယောက် သက်ရှည်ကျန်းမာ၍ ရည်မှန်းချက်တွေ အောင်မြင်ပါစေလို့ မြတ်ဗုဒ္ဓထံပါးမှာ ဆုများစွာကို နေ့ စဉ်ပဲ တောင်းဆုတွေ ချွေနေရတယ်။
ကကကကက
[သားလိုက်ရှာမယ်လေ၊ သားပြန်လာပါ့စေ၊ သား အိုမတွေ့ဘူး၊ လူးလူးလိမ့်လိမ့်၊ သိမ့်သိမ့်ငိုရှိုက်၊ အသဲလှိုက်ဖိုခို က်မလေ၊ ခွပ်ဒေါင်းဆွေ အိုးဝေသံစေ] အောင်မောင်း အောင်စည်သံ ဒေါင်းအောင်လံနဲ့ အမေ့ချစ်သား အမေ့ရဲ့ သားတွေ ... အောင်ကမ္ဘာမကြေ၊ အောင်သာသနာတွေ၊ လက်ဆောင်ပဏ္ဏာဖွေ ... ပြန်လာလိမ့်မယ်အဆွေ ...
ကကကကက
ချစ်ရလွန်းတဲ့သားကို ပြန်လာစေဖို့ဆန္ဒပြုရင်း လိုက်ရှာနေတဲ့ မိခင်မှာ သားကို ရှာလို့မတွေ့တဲ့အတွက် တသိမ့် သိမ့်နဲ့ သဲအူလှိုက်မျှ လူးလိမ့်ငိုရှိုက်ခဲ့ရတယ်လေ။ ဒီအချိန်မှာ ခွပ်ဒေါင်းအဆွေရဲ့ အိုးဝေသံက မိခင်ရဲ့နှလုံးသား ဆီသို့ သားကိုယ်စား စေစားလာခဲ့တယ်။ မိခင်ချစ်ခင်မြတ်နိုးတဲ့ သားတွေဟာ အောင်စည်အောင်မောင်းတွေ ဝေလို့ ငြိမ်းချမ်းရေး လွတ်လပ်ရေး လူ့အခွင့်အရေးအတွက် ကြီးမြတ်တဲ့အောင်ပန်းကို ကိုယ်စီမြန်းလို့ရယ် မိခင်ရဲ့ ထံပါးသို့ ပြန်လာတဲ့ပုံရိပ်တွေကို မြင်ယောင်နေတယ်။ သာသနာ့အမွေ လက်ဆောင်ပဏ္ဏာတွေနဲ့ မြန်မာ့မြေကို အစဉ်ငြိမ်းစေကြောင်းလည်း တောင်းဆုဝေ၍ သားတွေပြန်အလာကို မိခင်က မျှော်နေရှာတယ်။
ကကကကက
သီချင်းက ဒီမှာ အဆုံးသတ်ထားပါတယ်။ မြန်မာ့အရေးအတွက် ထွက်ခွာသွားတဲ့ သားတွေကို မိခင်က ရတက် မအေး မျှော်ငေးတမ်းတနေတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ လက်ရှိကာလ မြန်မာနိုင်ငံအခြေအနေနဲ့ လုံးဝကိုက် ညီနေတဲ့ ဂုဏ်ပြုတေးတပုဒ်ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် တိုက်ပွဲပြင်နေ၊ တိုက်ပွဲဝင်နေတဲ့သားတွေကို မိ ခင်က တောင်းဆုချွေရင်း လွမ်းတရင်းနဲ့ အောင်မြင်စေဖို့ ဆန္ဒပြုထားပါတယ်။
ကကကကက
သားတွေထဲမှာ ကျောင်းသားလူငယ်များအပြင် သာသနာ့အကျိုး မြန်မာ့အကျိုးအတွက် အသက်ပေးရင်းနဲ့ ယုံ ကြည်မှုကို အကောင်အထည်ဖော်နေကြတဲ့ ဘုရားသားတော် ရှင်ရဟန်းတွေကိုလည်း ဒီသီချင်းက ရည်ရွယ် စပ်ဆိုထားကြောင်း နောက်ဆုံးစာပိုဒ်မှာ တင်ပြထားပါတယ်။ သီချင်းစာသား လှပချောမွေ့ပြီး ရည်ရွယ်ချက် လေးနက်တဲ့ သီချင်းဖြစ်ပါတယ်။
ကကကကက
ဒီသီချင်းကို သီဆိုတဲ့ အဆိုကျော် မာမာအေးနဲ့ ဒီသီချင်းအကြောင်းကို ဆွေးနွေးရင်း ကျနော်မှတ်မိသလောက် ဂီတစာသားများကို မြန်မာစာသား စကားပြေအမှုကို တတ်သလောက်မှတ်သလောက် ပြုကြည့်ပါတယ်။ တက ယ်တော့လည်း မူရင်းသီချင်းစာသားကိုက စကားပြေတမျှချောမွတ်နေပြီမို့ အလွန်နားလည် လွယ်ပါတယ်။ သီ ချင်းဆိုသူ၊ ရေးသားသူ၊ ဂီတဆရာ၊ စီစဉ်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မြန်မာပြည်အနာ ဂတ်အတွက် မြန်မာလူထုကို နိုးကြားစေပြီး ဂုဏ်ပြုထားတဲ့ ဒီလိုသီချင်မျိုးတွေ များများဖန်တီးထုတ်လုပ်ဖို့ တိုက် တွန်းလိုပါတယ် ခင်ဗျား ... ။




တောင်ကိုရီးယားက နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ

ကကကကက

မြန်မာကလေးသူငယ် ပညာရေးထောက်ပံ့မှု အစီအစဉ်အတွက် အစည်းအဝေးပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ အစည်းအဝေးအစီအစဉ်ကို မူရင်းဖိတ်စာပါအတိုင်း ဖော်ပြ လိုက်ပါတယ်။ မျိုးဆက်သစ်တွေကောင်းကျိုးအတွက် လုပ်တာဖြစ်လို့ စိတ်ဝင်စားစရာ လေးစားစရာကောင်းပါ တယ်။
ကကကက
သူတို့တွေလိုပဲ ကျနော်တို့တွေလည်း လုပ်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားဖြစ်တယ်။ အတွေးရောက် တယ်ဗျာ။ စိတ်ပဲရှိတယ်၊ လုပ်တော့ မလုပ်နိုင်သေးပါဘူး။ တနေ့နေ့တော့ ဖြစ်အောင် အကောင်အထည်ဖော် သင့်တဲ့ကိစ္စတွေထဲက တခုပါပဲ။
ကကကကက
ဒီမိုကရေစီရတော့မှ လုပ်ကြမယ်ဆိုရင် ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ။ စစ်အ စိုးရက မနှောက်ယှက်လာတဲ့ ပညာရေး၊ ကျန်းမာရေး အလုပ်ကလေးတွေကို ထိုးဖောက်လုပ်ကြမယ်ဆိုရင်လဲပဲ အကျိုးရှိတာပါတယ်။ ဒီတာဝန်တွေကို စစ်အစိုးရကတော့ ဘယ်သောအခါမှ လုပ်မှာမဟုတ်ဘူး။ အာဏာရေငန် သောက်လို့ သောက်လေ သောက်လေ ငတ်မပြေဘူးဖြစ်နေတယ်လေ။
ကကကကက
အာဏာရှင်က သူ့အလုပ် သူလုပ်သလို ကျနော်တို့တွေလည်းပဲ ကိုယ်တတ်နိုင်သလောက်လေးတွေကို မြန်မာ နိုင်ငံရဲ့အတွင်းကို တလှမ်းချင်း ချဉ်းကပ်ပြီး ရသလောက်လေးတွေ ဆောင်ရွက်ပေးရင် လုပ်နိုင်သလောက် အဆ င်ပြေမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ပညာရေးက အနာဂတ်မြန်မာပြည်ရဲ့ အလင်းရောင် လို့ အခိုင်အမာပြောလို့ရပါတယ်။ ။
ကကကကက

Tuesday, February 5, 2008

သာသနာ့ဥသျှောင် သုံးလပတ် အစည်းအဝေး

ကကက
သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ သုံးလပတ် အစည်းအဝေးကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ -ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လူထုအများက စိတ်ဝင်စားနေတဲ့သံဃာ့ အဖွဲ့အစည်းတခုဖြစ်သလို အာဏာရှင်များရဲ့ သြဇာသက်ရောက်မှု လုံးဝမရှိတဲ့ အဖွဲ့အစည်းပါ။
ကကက
နိုင်ငံခြားမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတခုပီပီ အစည်းအဝေးကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေါင်းစု၍ ပြု လုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ သံဃာတော်ပေါင်း ၉ -ပါးဖြစ်ပါတယ်။ ပီနန်ဆရာတော် ကြီးကမှတပါး ကျန်သံဃာတော်များဟာ အမေရိကန်နိုင်ငံတွင်းက အစည်းအဝေးတက်ကြတာပါ။ အစည်းအဝေး ကို ကာလီဖိုးနီးယားစံတော်ချိန် ၆ - နာရီ ၁၀ - မိနစ်၊ နယူးယောက်စံတော်ချိန် ၉ - နာရီ ၁၀ - မိနစ်မှာ စတင် ၍ စည်းဝေးကြပါတယ်။
ကကက
အစည်းအဝေး အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်ပါတယ်။ အစည်းအဝေးတွင် သဘာပတိဆ ရာတော်အဖြစ် ပဓာနာစေရ မစိုးရိမ်ဆရာတော်ကြီးက တာဝန်ယူပြီး အခမ်းနားမှူးဆရာတော်အဖြစ် ယူတိကာ မြို့က ဆရာတော် ဦးပညာနန္ဒက ဆောင်ရွက်ပေးပါတယ်။ အခမ်းအနားမှူးက ဆွေးနွေးလိုသော အကြောင်းအ ရာများကို ကြေညာ၍ သံဃာတော်များက ၀ိုင်းဝန်းဆွေးနွေးပေးပါတယ်။
ကကက
စည်းဝေးတဲ့ အကြောင်းအရာများဟာ အကြမ်းအားဖြင့် ဘဏ္ဍာရေးကိစ္စ၊ ထောက်ပံ့ရေးကိစ္စ၊ ဥပဒေရေးရာကိစ္စ၊ ပြည်တွင်းကိစ္စနှင့် အသင်းရဲ့ရှေ့ရေးကိစ္စများကို ဆွေးနွေးတိုင်ပင်ကြကာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကာလီ ဖိုးနီးယားအချိန် ည ၈ နာရီဝန်းကျင်မှာ အစည်းအဝေးပြီး ပါတယ်။ အစည်းအဝေးပြီးဆုံးတဲ့အခါ သံဃာတော်များ က ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကြပါတယ်။ ။
ကကက
ကကက
သာဓု သာဓု သာဓု
ကကက

Saturday, February 2, 2008

အဓိပ္ပါယ်ရှိသော မွေးနေ့ပွဲလေး

ကကကက
ကကကကက
မွေးနေ့ပွဲတွင် ကြွရောက်လာသော သံဃာတော်များ
ကကကကက
၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ (၂၅) ရက်၊ သောကြာနေ့မှာ မွေးနေ့တခုသို့ ကျနော် ရောက်ခဲ့တယ်။ အတီးအကစတဲ့ ဧည့်ခံမှုမျိုးမပါ။ ပျော်ပွဲရွှင်ပွဲတွေ လုံးဝမပါဘဲ ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးတခုပါ။ မိတ်ဆွေကောင်းတွေ စုံစုံလင်လင်နဲ့ အနှစ်ပါပြီး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲတခုဖြစ်ပါတယ်။
ကကက
မွေးနေ့ရှင်ရဲ့အမည်က ဆရာမကြီး ဒေါ်မြင့်မြင့်စိန်ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆရာမဘ၀နဲ့ အ လုပ်တွေ လုပ်ခဲ့သလို အထက်တန်းကျောင်းမှာလဲ နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် အလုပ်အကျွေးပြုခဲ့တဲ့
လေးစားစရာကောင်းတဲ့ ဆရာမကြီးတဦးဖြစ်ပါတယ်။ ဆရာမကြီးက အခုအမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြ ည်နယ်၊ လောစ့်အိန်ဂျလိစ်မှာ နေပါတယ်။ ဘယ်မှာပဲနေနေ တပည့်တွေက ဆရာမကြီးထံ အမြဲရောက်လာနေ ကြသလို ဘယ်အရပ်ပဲသွားသွား ဆရာမကြီးရဲ့ တပည့်တွေနဲ့ ရှောင်ကွင်းလို့ မလွတ်နိုင်ဘူး။
ကကက
မွေးနေ့ရှင်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်ဟာ ဘ၀စုံသူတဦးဖြစ်တယ်။ ငယ်စဉ်အခါက ဖားကလေးတွေကို ခွဲစိတ်ရ လို့ ဆရာဝန်ဘွဲ့ကို ရှောင်လွှဲပြီး ရိုးသားစွာနဲ့ ကျောင်းဆရာမဘ၀ကို ခံယူခဲ့တဲ့ဆရာမကြီးဟာ အမေရိကန်နိုင်ငံ ကို ရောက်တဲ့အခါမှာ ဘ၀က လုံးဝပြောင်းလဲသွားခဲ့တယ်။ နှစ်တွေကြာမြင့်စွာ လုပ်ဆောင်ခဲ့တဲ့ ကျောင်းဆရာမ ဘ၀ကို ဆက်လက် မခံယူတော့ဘဲ အမေရိကန်သားဘ၀တွေနဲ့ ကိုက်ညီတဲ့ စီးပွားရေးလုပ်ဆောင်တဲ့ဘ၀ကို စ တင် လုပ်ဆောင်ခဲ့တယ်။ သုညမှ စတင်ခဲ့တဲ့ဆရာမကြီးဘ၀ဟာ နောက်ဆုံးဘဏ်မန်နေဂျာ၊ ဘဏ်ပိုင်ရှင်ဘ၀ အထိ တက်လှမ်းခဲ့သူတဦးဖြစ်ပါတယ်။ ထို့အတူ အိမ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာလဲ ရင်းနှီးမြှုပ်နှံမှု များစွာကို ကြီးပွားတိုးတက်အောင်မြင်စွာ လုပ်ကိုင်ထားသူတဦးဖြစ်ပါတယ်။
ကကကကက
ကကကကက
အိမ်၊ ဘဏ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အောင်မြင်မှုရသူပီပီ အမျိုးသားရေးစိတ်ဓာတ် အပြည့်ဖြင့် မြန်မာတွေထဲ က အိမ်ဝယ်ချင်သူ၊ ဘဏ်နဲ့ပတ်သက်၍ အခက်အခဲဖြစ်နေသူများကို စေတနာဖြူစင်စွာနဲ့ ကူညီပေးနေသူတဦး လဲဖြစ်ပါတယ်။ ကျနော်တို့မြို့ရဲ့ မြို့မျက်နှာဖုံးအဖြစ် လေးစားလောက်တဲ့ ဆရာမကြီးဖြစ်ပါတယ်။ ကျနော်တို့မြန် မာတွေတင် မဟုတ်ပါ။ အိုးအိမ်စီးပွားရေးနဲ့ ပတ်သက်လို့ ရှေ့စီးပွားရေးအလားအလာကို တွက်ချက်အကြံပြုမှု များ ရယူရန် ဆရာမကြီးထံသို့ လူဖြူအမေရိကန်သားများပင် လာရောက်ကြောင်း သိနေရပါတယ်။
ကကကက
အမျိုးဘာသာ သာသနာစိတ် အလွန်ကြီးမားတဲ့ ဆရာမကြီးဖြစ်ပါတယ်။ မြန်မာပြည်နဲ့ပတ်သက်လာရင် အထူး ဖြင့် အမှန်တရားနဲ့ ဘာသာ သာသနာနဲ့ပတ်သက်လာရင် ရပ်တည်ချက်မှန်မှန်နဲ့ လူငယ်တွေကို အကူအညီပေး လေ့ရှိပြီး လိုအပ်လာရင် အထောက်အပံ့များကိုပါ ပေးလေ့ရှိပါတယ်။ ကိုယ်ကျိုးထိခိုက်နစ်နာမယ်ဆိုရင် ဘာကို မျှ မလုပ်ဘဲ ရှောင်နေတဲ့ စီးပွားရေးသမားတွေထဲမှာ ဆရာမကြီး ဒေါ်မြင့်မြင့်စိန် လုံးဝမပါခဲ့ပါ။
ကကကက
အမေရိက ရောက်လို့ ဘာသာပျောက်ခဲ့သူတွေထဲမှာလည်း ဆရာမကြီး မပါ ပါ။ ဆရာမကြီးအနေနဲ့ အမေရိကန် ပြည်မှာ နေသော်လည်း ဘာသာရေးကို ပိုမိုလုပ်ဖြစ်ပါတယ်။ အမေရိကန်ပြည်မှာ ပထမဦးဆုံးတည်ထောင်ခဲ့တဲ့ အယ်လ်အေမြို့ရှိ မြန်မာဗုဒ္ဓဘာသာကျောင်းဟာ ဆရာမကြီးကိုယ်တိုင် စတင်ရှာဖွေ၍ ကမ္မကထပြုတည်ထော င်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။ အများကောင်းမှုဖြစ်သော်လဲ ဆရာမကြီးတို့က စတင်ခဲ့တယ်လို့ပြောလို့ရပါတယ်။
ကကကက
အသက် (၇၃) နှစ်မြောက်မွေးနေ့ပွဲမှာလဲ မွေးနေ့ပွဲကို ကျင်းပလိုက်ပုံက ဘာသာသာသနာရဲ့အဆုံးအမကို လေး လေးနက်နက် သိသူတို့ အနှစ်အသားပါပါ အဓိပ္ပါယ်ရှိရှိ လုပ်ဆောင်မှုမျိုးကို အလုပ်က သက်သေပြသွားပါတယ်။ ဆရာတော်ဦးသီလာနန္ဒာဘိဝံသရဲ့ ယောဂီတပည့်ပီပီ မွေးနေ့ကို ၀ိပဿနာတရားတော်တွေ ပွားများရင်း ကျင်း ပပြုလုပ်လေ့ရှိပါတယ်။ မွေးနေ့ကို ရက်နဲ့တွက်၍ သက်စေ့တရားထိုင်လေ့ရှိပါတယ်။
ကကကကက
ဒီနှစ်မွေးနေ့ပွဲမှာတော့ သံဃာတော်များကို ရိုရိုသေသေ ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်ခြင်း၊ န၀ကမ္မလှူဒါန်းခြင်းများ အပြင် ပြည်တွင်းပြည်ပ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းကျော်ကိုလည်း တကျောင်းလျှင် အမေရိကန်ဒေါ် လာ အလှူငွေ (၁၀၀၀) တိတိကို ပေးပို့လှူဒါန်းကြောင်း သိရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ရောက်ရှိလာကြတဲ့ဧည့် သည်တော်များကိုလည်း နေ့လည်စာဖြင့် တည်ခင်းဧည့်ခံတာဖြစ်လို့ ကုန်ကျစရိတ်အနေနဲ့ မနည်းပါဘူး။ ဒါပေမ ယ့် ဒီမွေးနေ့မျိုးကို ပြုလုပ်ရလို့ ကုန်ကျမှုမျိုးဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။
ကကကက
အမျိုးရေးစိတ်ဓာတ် အပြည့်အ၀ရှိသော၊ ဘာသာ သာသနာကို လေးစားကြည်ညိုသော၊ အများပေါ်၌ စိတ်စေ တနာ အလွန်ကောင်းမွန်သော မွေးနေ့အလှူရှင် ဆရာမကြီး ဒေါ်မြင့်မြင့်စိန် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ၍ အသက်ရာကျော်ရှည်ပါစေကြောင်း ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနဲ့ ဧည့်သည်တော် ပရိ သတ်များက ဆုတောင်းပတ္ထနာ ပြုလိုက်ပါကြောင်း . . .

ကကက