Sunday, April 6, 2008

ဆရာတို့ခေတ်က သင်္ကြန်အလွမ်း

ကကက
ကကက အတာရေ

အတာ အတာ၊ ရေသီတာကို
သဟာအပေါင်း၊ သွန်းကာလောင်းအံ့
အကြောင်းသို့ညွှန်၊ ကျွန်ုပ်ကျွန်ကို
လိုက်ရန်သူတို့ ခေါ်ဘိ၏။
ကကက
သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာလောက၊ ကျွန့်ဘ၀၌
ချမ်းမြကြည်လင်၊ ကျွန့်ရေစင်ကို
သွန်းချင်တယောက် တည်းရှိ၏။
ကကက
ဘဇာ ဘဇာ၊ မေးသောခါဝယ်
ဝေးမှာစံနေ၊ ကျွန့်သက်ဝေဟု
အဖြေပေးမည်၊ တွေးကြံစည်စဉ်
မတည်နှစ်ခွ၊ ကျွန့်ကြမ္မာ့ကြောင့်
နှုတ်အ ၍သာ နေမိ၏။ ကက
ကကက
ကကက မင်းသုဝဏ် (၁၉၃၃)

ဆရာမင်းသုဝဏ်က အတာရေနဲ့ ချစ်သူကို လောင်းဖို့ရည်ရွယ်ထားတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေက ရေကစားသွားရန် ခေါ်သော်လည်း ဆရာက မလိုက်ခဲ့နိုင်။ သူ ရေလောင်းချင်သော ချစ်သူသက်ဝေအတွက် အ တာရေသီတာဦးကို အထူးအမြတ်ပြု၍ ရည်စူးထားတယ်လေ။
ကကက
ဆရာ့မှာ ရေလောင်းချင်တဲ့သူ များများစားစား မရှိခဲ့ပါ။ ဒီကဗျာအရဆိုရင် သူမြတ်နိုးတဲ့ ချစ်သူတယောက်တည်း အတွက်သာ ဖြစ်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ အတာရေကဗျာက အလွမ်းဇာတ်တပုဒ်ကို နောက်ခံထားတယ်။ သို့မဟုတ်ရင်လည်း တဦးဦးရဲ့ ခံစားချက်ကိုများ ဆရာက ရည်ညွှန်းလေရော့သလား ခံစားမိတယ်။
ကကက
မိတ်အပေါင်းသဟာတွေက မင်းချစ်သူ ဘယ်သူလဲမေးလာရင်တော့ အဝေးတမြေမှာ နေတဲ့ချစ်သူသက်ဝေလို့ ဖြေဖို့ ကြံစည်စဉ်းစားသော်လည်း ကံကြမ္မာအခွင့်အရေးက ဆရာ့ကို မျက်နှာသာမပေးခဲ့ဘူးတဲ့။ ကတိမတည် လေသော၊ အချစ်မပီလေသော အကြောင်းကြမ္မာကြောင့် ချစ်သူသက်ဝေ သူလေပဲလို့ ဖြေကြားဖို့ရန် နှုတ်အပြီး နေရတဲ့ အဖြစ်မျိုးကို ဖွင့်ဟထားတယ်။
ကကက
သင်္ကြန်ရောက်ချိန်မှာ အတာရေမြင်တိုင်း မျက်ရေ၀ိုင်းရမယ့် မပီပြင်သော အချစ်ဇာတ်လမ်းတပုဒ်ကို ဆရာကြီး မင်းသုဝဏ်က ဖော်ထုတ်ထားတယ်။ ၁၉၃၃-ခုနှစ်ဆိုတော့ နှစ်တွေကြာညောင်းသော်လဲ နောက်နှောင်းလူငယ် စာပေ၀ါသနာရှင်များအတွက် မဟောင်းနိုင်သေးပါဘူး။
ကကက
ကကက
ကကက သင်္ကြန်လက်ဆောင်
ကကက
သင်္ကြန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ ရွာပါစ မေး။
မရွာလျှင် ရွှေလွန်ပွဲကို
နွှဲလိုက်ပါလေး။
ကကက
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ ၀ါပါစ မေး။
မ၀ါလျှင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါလေး။
ကကက
ပိတောက်တွေ ရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ သာပါစ မေး။
မသာလျှင် ဗုံသမားကို
အားကူပါ့လေး။
ကကက
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ရွှေမျက်နှာ
မောင်းဗုံက သာ။
ကိုယ်တို့ဆီမှာ မာပါစ မေး။
မောင်မာအောင် စေတီဦးက
မယ်မာအောင် စေတီဦးက
နှစ်းကူးချိန် တာရေသွန်း
လွမ်းပါ့မယ်လေး။ကကက
ကကက
ကကက ဇော်ဂျီ (၁၃၃၆)
ကကက
ကကက
ဆရာကြီးဇော်ဂျီက သင်္ကြန်အလွမ်းကို တမျိုးပုံဖော်ထားတယ်။ သင်္ကြန်သမယမှာ မိုးတမ နှစ်မ ကျသင့်ပြီ။ တိမ် တိုက်တွေဆီက မိုးသံ လျှပ်သံတေးနဲ့ မိုးဖြောက်ဖြောက်ရွာသံပေးပုံကို ညွန်းဆိုထားတယ်။ အကယ်၍များ မိုးတ မ နှစ်မ သို့မဟုတ် ဖြောက်ဖြောက်မျှ မကျခဲ့သော် ရိုးရာဓလေ့ လွန်ဆွဲပွဲတွေ နွှဲလို့ မိုးကိုခေါ်ရတတ်ပုံကို သဘာဝကျ၍ လှပစွာ ဖွဲ့ဆိုထားတယ်။
ကကက
သင်္ကြန်းမိုးရေ ချိုချိုသောက်လို့ ပိတောက်တွေ ၀ါနေမဲ့မြင်ကွင်းကိုလည်း ပြောပြထားတယ်။ ကိုယ့်ရပ်ဌာနေမှာ ပိတောက်တွေ ထိန်ထိန်မ၀ါခဲ့ရင် ရွှေပိန်းချပြီး တပင်လုံးလှအောင် ဖန်တီးဖို့ ဆရာက တင်စားထားပြန်တယ်။
ကကက
ပိတောက်တွေ ရွှေရည်လူးတော့ ရွာဦးမှာ ခူးကြ ယူကြ ဘုရားတင်ကြနဲ့ အလှူဒါနပြုကြတယ်။ ဒီအချိန်မှာ ဗုံသံ သာသာကို ရွာ့လူငယ်များက ဖန်တီးကြတယ်။ ပိတောက်ဦးနဲ့ သင်္ကြန်ရဲ့ ထူးခြားမှုတမျိုးပါ။ ကိုယ့်ရပ်ဌာနေမှာ ပိ တောက်ပန်းတို့ လန်းရွှေသော်ငြားလည်း ဗုံသံမပါလို့ မသာယာဘူးဆိုရင် ဗုံသမားကို အကူညီတောင်းပြီး သာ စေကြောင်းကို တိုက်တွန်းထားပြန်တယ်။
ကကက
ပန်းပိတောက် ထိန်ထိန်သာတဲ့ သင်္ကြန်းဦးချိန်ခါမှာ မောင်းဗုံက သာလို့ ပျော်စရာလည်း ကောင်းတယ်။ နှစ်ဦးအ ခါမှာ မင်္ဂလာအနေနဲ့ သာပါစ မာပါစလို့ တဦးနဲ့တဦး ကျန်းမာရေးတွေမေးရင်း ကောင်းသောဆန္ဒတွေကို မောင် နဲ့မယ် အပြန်အလှန်ပြုကြတယ်။ မိတ်ဆွေအချင်းချင်း နှုတ်ဆက်ပြောဆို ဆုတောင်းကြတယ်။ ချစ်သူ ခင်သူတို့ အချင်းချင်း ကျန်းမာရေးကောင်းပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေရန် အတာရေသွန်းလောင်းရင်း စေတီဦးရင်ပြင် မှာ ဆုမွန်တွေ တောင်းချွေလို့ သတိရနေမဲ့အကြောင်းကို စပ်ဆိုသွားတယ်။
ကကက
ဆရာကြီးဇော်ဂျီက သင်္ကြန်အလွမ်းကို မြန်မာ့ဓလေ့၊ ဘာသာ သာသနာ၊ ယဉ်ကျေးမှု၊ အစဉ်အလာများဖြင့် ထူး ခြားစွာ တင်ပြသွားကြောင်း သိရပါတယ်။ တခုသော သင်္ကြန်ခါနဲ့ တန်ခူးလဆိုတဲ့ ကဗျာများသည်လည်း သင်္ကြန် အလွမ်းကို ခံစား ချက်တမျိုးနဲ့ ဖွဲ့ဆိုထားတာဖြစ်ပါတယ်။
ကကက
ကကက
ကကကမြန်မာ့သင်္ကြန်ပွဲ
ကကက
ပိတောက်ပန်းပန်၊ ဤသင်္ကြန်၌
နိုင်ငံအေးမြ၊ ပြည်လုံးလှသည်
မြန်မာ့ အခါတော်ပေကို။
ကကက
စေတီဘုရား၊ ကျောင်းကန်သွားလျက်
တရားချမ်းသာ၊ အေးရိပ်ရှာ၍
နံ့သာလက်စွဲ၊ ပူဇော်မြဲတည့်
ရောင့်ရဲသီလ၊ စိတ်ကြည်မြသည်
မြန်မာ့ အခါတော်ပေကို။
ကကက
တို့ပြည်သူများ၊ ငွေဖလားနှင့်
ကစားရေပက်၊ သင်္ကြန်ရက်တွင်
အမျက်မရှိ၊ ပကတိပင်
မငြိမြူမြှေး၊ ချစ်ကြည်ရေးတည့်
ညစ်ကြေးခွာချ၊ စိတ်နေလှသည်
မြန်မာ့ အခါတော်ပေကို။ ကကက
ကကက
ကကက တင်မိုး (၁၉၇၈)
ကကက
ကကက
ဆရာကြီးဦးတင်မိုးကတော့ သင်္ကြန်အလွမ်းကို ငြိမ်းချမ်းရေးနဲ့ သီကျူးထားပါတယ်။ ပိတောက်ပန်းပန်ထားတဲ့ ဒီ သင်္ကြန်မင်းသမီးဟာ နိုင်ငံကို အေးမြဖို့ တတိုင်းပြည်လုံးလှပဖို့ဖြစ်ကြောင်း ဖွင့်ဆိုထားတယ်။
ကကက
သင်္ကြန်ရောက်ပြီဆိုလျင် ဘုရားကျောင်းကန် စေတီပုထိုးများထံ သွားလို့ တရားပေစာ နာကြားမယ်။ ဘ၀ရဲ့အေး ရိပ်သာယာကို ရှာဖွေမယ်။ လှူဒါန်းဖွယ်များဖြင့် ရတနာသုံးပါးကိုပူဇော်လှူဒါန်းရင်း သီလသီတင်း စောင့်သုံးခြင်း ဖြင့် စိတ်နှလုံးကို ရောင့်ရဲတင်းတိမ်ကာ ငြိမ်းချမ်းမှုကို ရှာဖွေကြမယ်။
ကကက
အတာသင်္ကြန်မှာ ငွေဖလားနဲ့ သင်္ကြန်ရေကစားတာဟာ အမျက်ဒေါသမရှိ ပကတိစင်ကြယ်တဲ့ ချစ်ကြည်ရေးရဲ့ သင်္ကေတ၊ စိတ်အနေလှတဲ့ သဘာဝကို ဖော်ပြတာဖြစ်ကြောင်း သင်္ကြန်အလွမ်းကို ဆရာတင်မိုးက တနည်းတဖုံ ခံစားပြထားပြန်ပါတယ်။ ကျနော်တို့တွေ အနေနဲ့တော့ တန်းခူးလေ တမာရနံ့နဲ့ ပိတောက်ရွှေဝါနံ့တွေရတိုင်း ကိုယ့်ရပ်ဌာနေနဲ့ ကိုယ့်ယဉ်ကျေးမှု ဓလေ့အစဉ်အလာများကို ထာဝရလွမ်းဆွတ်နေမှာဖြစ်ကြောင်း ...
ကကက
ကကက
ကကက

Read more...

ဒီတခါ မင်းတို့အလှည့်

ကကက

ပြည်သူဘက်က အမြဲရပ်တည်နေတဲ့ ပညာရှင်ကြီးတွေ၊ တိုင်းပြည်ကို ချစ်မြတ်နိုးသူတွေ၊ ပြည်သူရဲ့အားကိုးမှုကို အမြဲတမ်းရရှိနေသူတွေ အာဏာရှင်စစ်အစိုးရကို မညှာစတမ်း အမြဲတမ်းဝေဖန် ထောက်ပြတတ်တဲ့ မြန်မာပြည်ရဲ့နတ်နေကိုင်းကြီးတွေ ကွယ်လွန်သွား တာ တန်ဖိုးမဖြတ်နိုင်အောင် နှမြောတသ မိတယ်။ နစ်နာဆုံးရှုံးရပါတ တယ်။ ၀မ်းနည်းစရာ ကောင်းပါတယ်။
ကကက
ဒီလောကမှာ လူတွေဟာ ကိုယ့်အတွက်သာ ကိုယ်လုပ်ကြတာများပါတယ်။ ကိုယ့်အတွက် အကျိုးမရှိရင် သိပ်မ လုပ်ချင်ကြပါဘူး။ ကိုယ့်အတွက် နစ်နာမယ်ဆိုရင် ဒီကိစ္စကို လုပ်ဖို့ရှောင်ကြတယ်။ လူသားသိပ်ဆန်လွန်းတဲ့ အဖြစ်သနစ်မို့ ဒါကို သိပ်သိပ်ပြီး မဝေဖန်လိုတော့ပါ။ တကိုယ်ကောင်းဆန်ပြီး လူသားဆန်တာ သိပ်မဆန်းတော့ ပါ။ ဒီအထဲကမှ ချွန်ထွက်လာသူတွေရှိပါတယ်။ သူတို့တွေကတော့ အနည်းစုပါ။ တဦးတယောက်ကောင်း ထွက် ပေါ်လာတတ် တဲ့ အနည်းစုသော လူတွေဟာ တိုင်းပြည်တခုကို ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့အထိ စွမ်းအားထက်ပါ တယ်။ ဒီပုဂ္ဂိုလ်ကြီးတွေ စောစောကွယ်လွန်ခြင်းအတွက် စိတ်မသက်သာတာ အမှန်ပဲ။
ကကက
မကြာခင်နှစ်တွေအတွင်းနဲ့ ဒီနှစ်အတွင်းမှာ ကွယ်လွန်သွားသူတွေ ရှိတယ်။ တိုင်းပြည်ဘက်၊ ဒီမိုကရေစီဘက်နဲ့ လူထုဘက်က လူတွေ ကွယ်လွန်ခဲ့တာပါ။ ဒီထဲမှာ ဒေါက်တာသန်းထွန်း ကွယ်လွန်တာက စခဲ့တာပဲ။ ဒေါက်တာ သန်းထွန်းလို ပုဂ္ဂိုလ်မျိုးဟာ သမိုင်းစာပေနဲ့ ပတ်သက်လာရင် အလွန်ကျွမ်းကျင်သူတဦးဖြစ်ပါတယ်။ သူထားခဲ့တဲ့သမိုင်းဆိုင်ရာ စာပေ အထောက်အထားတွေဟာ ယနေ့အထိ ပုံနှိပ်ထုတ်ဝေလို့ မကုန်သေးပါဘူး။ သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာကို ပြောဖို့လိုအပ်လာရင် ဘယ်သူ့မျက်နှာကိုမှ မငဲ့တတ်သူပါ။ စစ် အာဏာရှင်ကိုလည်း သူ မကြောက်ဘူး။ ဘယ်သူ့ကိုမှ သူမကြောက်ပါဘူး။ သမိုင်းအမှန်ကို အမှန်အတိုင်း လူထုထံပါး ရောက်ဖို့ကိုပဲ သူ ဦးစားပေးတယ်။ အမှန်အတိုင်းကိုပဲ ရေးသားလေ့ရှိပါတယ်။
ကကက
လက်ရှိအာဏာရှင်တွေ အကြိုက်ကို လိုက်ပြီးတော့ အမှန်ကို အမှား၊ အမှားကို အမှန်အဖြစ် မရေးခြစ်တတ်တဲ့ စစ်မှန်တဲ့ သမိုင်းပညာရှင်ကြီးပါ။ သူ့ကို ဘာနဲ့မျှ မြှူစွယ်လို့ မရပါဘူး။ လျှာမှာ မြက်ပေါက်သွားစေရမယ်။ သူက တော့ ဘယ်သောအခါမျှ အာဏာရှင်အကြိုက်ကို လိုက်ရေးလိမ့်မည်မဟုတ်ပါ။
ကကက
အမှန်တရားကို ချစ်မြတ်နိုးတဲ့ သမိုင်းပညာရှင်ပီပီ လွတ်လပ်မှုကို မြတ်နိုးတဲ့ ပါမောက္ခကြီးတဦးပါ။ ဆရာတင်မိုး က စစ်အစိုးရကို ကဗျာနဲ့ကလော်တုန်းက ပြည်သူဘက်က ရပ်တည်ပြီး အောင်ခြင်းရှစ်ပါး အကြောင်းကို ရေးခဲ့ ဖူးတယ်။ ဒီတုန်းက ဆရာဒေါက်တာသန်းထွန်းဟာ အောင်ခြင်းကိုးပါး လာလိမ့်မယ်လို့ မြန်မာပြည်တွင်းကနေ စာတွေ လှမ်းရေးတယ်လေ။ အိုင်ဒီယာ ကောင်းကောင်းလေးတွေနဲ့ တခွန်းတပါဒဆိုသော်လည်း ဆိုသလောက် ထိရောက်တဲ့ သူတို့စကားကို စစ်အာဏာရှင်တွေ ထိတ်လန့်ကြတယ်။
ကကက
နောက်တခါ “မအအောင်လို့ သမိုင်းသင်တာ”လို့ အများသိနေတဲ့ စကားဟာ ဆရာ့နှလုံးသားက ထွက်ပေါ်လာ တဲ့ သမိုင်းစာပေပေါ်မှာ ခံစားချက်ဖြစ်ပါတယ်။ တိုင်းပြည်အပေါ် သမိုင်းအပေါ်မှာ အလွန်တာဝနကျေပြီး ကျေး ဇူးကြီးမားတဲ့ ဆရာဒေါက်တာသန်းထွန်း ကွယ်လွန်ခဲ့ခြင်းဟာ ကျနော်တို့ဘက်က၊ ပြည်သူလူထုဘက်က တန်ဖိုး မဖြတ်နိုင်သော ဆုံးရှံးမှုတရပ်သာဖြစ်ပါတယ်။
ကကက
ကျနော် မမေ့နိုင်သော နောက်တဦးကတော့ ဆရာကြီး ဦးတင်မိုးဖြစ်ပါတယ်။ ညဘက် ရေဒီယိုနားထောင်ဖြစ်တဲ့ အခါ ဆရာ့အသံကို မကြာခဏ ကြားရတတ်တယ်။ အင်တာနက် စာစောင်၊ မဂ္ဂဇင်း၊ ၀က်ဗ်ဆိုက်တွေကို ဖတ်တဲ့ အခါ ဆရာ့ကဗျာတွေ စာတွေကို အမြဲလိုလို တွေ့ရတတ်တယ်။ စာတွေ ကဗျာတွေ ရေးတယ်။ ရေးသမျှကိုလဲပဲ အကျိုးအမြတ် မကြည့်ဘဲ တိုင်းပြည်အတွက်ကို ရှေးရှုပြီးတော့ အလှူဒါနပြုနေတယ်။
ကကက
ဆရာကြီး ဦးတင်မိုးရဲ့ ကဗျာတွေ စာတွေက သဘာဝလမ်းကြောင်းပေါ်မှာ အမြဲရပ်တည်သလို အမှန်တရားပေါ် မှာလည်း အမြဲတမ်း အခြေခံထားပါတယ်။ ဆရာဟာ ထောင်ကျခဲ့တယ်။ ဘာကြောင့်ပါလဲ။ လူထုဘက်က ရပ်တ ည်ပြီးတော့ စစ်အာဏာရှင်တွေကို တိုက်ခိုက်တဲ့ ကဗျာတွေ ရေးလို့ပါ။ အမှန်တရားဘက်က ရပ်တည်ဖို့ကို ကိုယ် တိုင် ထောင်ကျခံပြီး သက်သေပြုခဲ့တဲ့ ဆရာကြီးပါ။
ကကက
တက္ကသိုလ်ကျောင်းဆရာဘ၀တုန်းက စစ်အစိုးရအကြိုက်ကို လိုက်ပြီးလုပ်မယ် စာရေးမယ်ဆိုရင် နေရာကောင်း ကောင်းတွေ ရပါလျက်နဲ့ ယုံကြည်မှုအတွက်နဲ့ ဒါတွေ ကျောခိုင်းခဲ့တယ်။ ဘ၀တူ ပြည်သူတွေဘက်က ထာဝရ ရပ်တည်သွားခဲ့တယ်။ လူနေရိုးသော်လဲ အတွေးအမြင်များက ဆန်းသစ်တယ်။ လွတ်လပ်မှုကို မြတ်နိုးတယ်။ မ တရားမှုကို အလွန်မုန်းတယ်။ အနိုင်ကျင့်မှုကို စက်ဆုတ်တယ်။ ဒါကြောင့်ပဲ အာဏာရှင်တို့ ပတ်ဝန်းကျင်မှာ မ နေနိုင်လောက်တဲ့ အခြေအနေတွေဖြစ်လာလို့ တပည့်များ၊ မိသားစုများက ဆရာ့ကို ပြည်ပမှာနေဖို့ ၀ိုင်းဝန်းပံ့ပိုး တိုက်တွန်းကြလို့ မွေးရပ်မြေတိုင်းပြည်နဲ့ ချစ်လိုလျက်နဲ့ ဝေးခဲ့ရတယ်။
ကကက
ဆရာကြီး ဦးတင်မိုးဟာ မြန်မာလူငယ်တွေရဲ့ နှလုံးသားကို ကဗျာနုနု စာနုနုတွေနဲ့ စာတင်မိတ်ဆက်ပေးခဲ့သူလို့ ပြောရင် မမှားပါ။ ယနေ့တိုင် ဆရာရေးခဲ့တဲ့ ကလေးကဗျာများ၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းစတဲ့ ကျောင်းတွေမှာ ပြဌာန်းထားတဲ့ စာတွေ ကဗျာတွေဟာ တိုင်းပြည်အနာဂတ်အတွက် ရှင်သန်နေလျက် ဆရာရဲ့ ကိုယ်စား သင်ကြားနေလျက်ဖြစ်ပါတယ်။ နှစ်တွေ ခေတ်တွေ စနစ်တွေ ပြောင်းသော်လဲ မဟောင်းနိုင်တဲ့ဆရာ့ စာတွေ ကဗျာတွေဟာ တိုင်းပြည်အတွက် များစွာကျေးဇူးပြုနေပါတယ်။
ကကက
တိုင်းပြည်မှာ စစ်အာဏာရှင်တွေ တန်ခိုးထွားလို့ ပျက်စီးသွားချိန်မှာ ဖြစ်ပေါ်လာတဲ့အရေးအခင်းတိုင်းမှာ ပြည် သူဖက်၊ ကျောင်းသားဖက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာပါ။ အမျိုးသားရေး တော်လှန်ရေးအတွက် ဆရာရေးစပ်ခဲ့တဲ့ ကဗျာတွေထဲမှာ စာစောင်တခုက ပြန်လည်တင်ပြထားတဲ့ “အမေ့သား စကားတိုးတိုးပြောလှ ည့်ပါ” ကဗျာရဲ့ လွှမ်းမိုးမှုက ကျနော့်ရင်မှာ ခံစားမှုလှိုင်းခတ်နေဆဲပင်ဖြစ်ပါတယ်။
ကကက
မနှစ်တုန်းက ဖြစ်ခဲ့တဲ့ သံဃာတော်များ အရေးအခင်းမှာ အကယ်၍ ဆရာသာ သက်ရှိထင်ရှား ရှိနေအုံးမယ်ဆို ရင် ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗီဘီစတဲ့ သတင်းဌာနဆီက ဆရာ့အသံက ရှေ့ဆုံးက ထွက်လာမှာအ မှန်ဖြစ်ပါတယ်။ ထို့အတူ အားကောင်းတဲ့ ဆရာ့ကဗျာတွေက လေလှိုင်းကြားမှာ သံဃာတော်များဘက်က သာ သနာတော်ဘက်က ရပ်တည်ဖို့ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဆရာက တောသား၊ ဘုန်းကြီးကျောင်းသားတဦး ဖြစ်လို့ ဘာသာ သာသနာ ယဉ်ကျေးမှု ကျေးလက်စတာတွေနဲ့ ပတ်သက်လာရင် ဆရာ့စာတွေက အတွင်းကျ ကျ လေးလေးနက်နက် ထိထိရောက်ရောက် အမြဲတမ်းကိုယ်စားပြုနေပါတယ်။
ကကက
မြန်မာနိုင်ငံ ဒီမိုကရေစီမရမီ လမ်းခုလတ်မှာ ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခဲ့လို့ ကျနော်တို့တွေ ဒီမိုကရေစီဘ က်တော်သားများဘက်က အားကိုးအားထားပြုရာ ရွှေတောင်ကြီး ပြိုလဲသွားသလို ဖြစ်ရပါတယ်။ အသက် ခုနစ် ဆယ်ကျော်ကျော်ဆိုတာ တကယ်တော့ သိပ်ကြီးသည်တော့ မဟုတ်သေးပါ။ နေလိုက နေနိုင်ပါသေးတယ်။ ဆ ရာကြီး ကွယ်လွန်သွားသော်လည်း ကျနော်တို့တွေ အားလုံးက မမေ့ကြပါ။
ကကက
မကြာမီ ရက်ပိုင်းက ကွယ်လွန်သွားသူမှာ ဆရာကြီး ကြေးမုံးဦးသောင်းဖြစ်ပါတယ်။ ဆရာ့စာတွေ ဖတ်ပြီး ဆရာ့ ကိုသိတာ ကြာပါပြီ။ လူချင်းတော့ တခါဖူးမျှ မမြင်ဖူးပါ။ ကံကောင်းချင်တော့ အယ်လ်အေမှာ ဆရာကြီးဦးတင်မိုး နဲ့ ဆရာကြီးဦးသောင်းတို့ စာပေဟောပြောပွဲ လုပ်ခဲ့စဉ်က ဆုံခွင့်ရလိုက်ပါတယ်။ ဒီတုန်းက ဆရာကြီးဦးသောင်း က ဘီလူးတို့ရွာဆိုတဲ့ သူရေးတဲ့စာအုပ်ကို လက်မှတ်ထိုးပေးသွားပါတယ်။
ကကက
အဲသည်ညနေက ဆရာတင်မိုးက စတင်ဟောတယ်။ ပြီးတော့ ဆရာကြီးကြေးမုံဦးသောင်း ဟောပြောပါတယ်။ ဟောပြောချိန်ကို ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုအခြေအနေအရ သတ်မှတ်ထားသော်လည်း ဆောင်းရဲ့ ငွေနှင်းမှုန်မှုန်အောက်မှာ မြန်မာပြည်အကြောင်းအဖုံဖုံက တသုန်သုန်မို့ နားထောင်သူလူထုက အအေးဒဏ်ကို မမှုဘဲ မရပ်နားဖို့ ဆက်လက်တောင်းဆိုပါတယ်။ ညဥ့်နက်နက်မှ ဟောပြောချက်တွေ ပြီးသွားပါတယ်။ ဒါတော င်နားထောင်သူ အယ်လ်အေ ပရိသတ်က မကျေနပ်ချင်သေး၊ အားမရချင်သေးပါ။
ကကက
သတင်းအရာမှာတော့ ဆရာကြီးဦးသောင်းဟာ ဘုရင်လို့ပြောလို့ရပါတယ်။ သတင်းရဲ့မှန်ကန်မှု၊ သတင်းထူး ထွေကို သူများထက်ဦးအောင် ကြိုတင်ရမှု၊ စစ်အာဏာရှင်ကို အပြတ်တိုက်ခိုက်တဲ့ အမာစား ဆောင်းပါးတွေ ရေးသားတင်ပြမှု စသည် စသည်ဖြင့် ဆရာကြီးရဲ့ ထူးခြားမှုတွေက များစွာပါ။
ကကက
ဆရာကြီးငယ်စဉ်ဘ၀မှသည် မကွယ်လွန်မီအချိန်ပိုင်းအထိ ကလောင်ကိုင်သွားတဲ့ သတင်းစာဆရာတဦးဖြစ်ပါ တယ်။ စစ်အစိုးရဘက် ဒီမိုကရေစီဘက်ဆိုပြီး ဘယ်သူ့ကိုမျှ ဘက်မလိုက်ပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်က မှားနေတယ်ထင်ရင် ဆရာက ရေးတာပဲ။ အထူးသဖြင့်တော့ စစ်အာဏာရှင်တွေကို လမ်းကြောင်းမှန် ရောက်အောင် ကလောင်တချောင်းနဲ့ အမှားတွေကို ထောက်ပြရင်း တည့်မတ်ပေးသူ ၀ါရင့် သဘာရင့် သတင်း စာဆရာ သိက္ခာမြင့်မြင့်နဲ့ တသက်လုံး ရပ်တည်သွားတဲ့ ဆရာကြီးဖြစ်ပါတယ်။
ကကက
အကြောင်းအမျိုးမျိုးနဲု့ နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်လာခဲ့ကြတဲ့ စာရေးဆရာတွေထဲမှာ ဆရာကြီး ကြေးမုံ ဦးသောင်းဟာ စာအရေးနိုင်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားက ထွက်တဲ့စာဆောင်တိုင်းမှာလိုလို ဆရာကြီးရဲ့စာတွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောင်ကို ဆရာ့စာတွေကို မဖတ်ရမှာ ၀မ်းနည်းသလို ဆရာကြီးကွယ်လွန်သွားတဲ့ အတွက်လည်း ၀မ်းနည်းမိပါတယ်ဗျာ။
ကကက
စဉ်းစားလိုက်တိုင်း ကျနော်တို့ဘက်က ဆရာကြီးတွေ လူတော်လူကောင်းတွေ ကွယ်လွန်သွားတာ အကြီးမားဆုံး သော တိုင်းပြည်အတွက် ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီပုဂ္ဂိုလ်ကြီးတွေ အသက်ရှည်တာ ကျနော် တို့တိုင်းပြည်အတွက် အကျိုးရှိပါတယ်။ အခုတော့ဗျာ ... လူထုအမြင်ကပ်သူတွေ၊ လူထုကို နှိပ်စက်သတ်ဖြတ်သူ တွေက အသက်ရှည်နေတော့ တခါတရံ ကံတရားကို တရားမမျှတမှုနဲ့ အပြစ်မြင်ချင်လာတယ်။
ကကက
မင်းတို့အလှည့် ဘယ်တော့ လာမလဲလို့ မေးလိုက်ချင်သား ...
ကကက
ဒီတခါ မင်းတို့အလှည့်လို့ အသံကုန်ဟစ်ပြီး အော်လိုက်ချင်တော့တယ်။
ကကက
ကကကကကကကကကက ချစ်သူတို့ သက်တမ်းတိုလှ၏။
ကကကကကကကကကက မုန်းသူတို့ သက်တမ်းရှည်လှ၏။
ကကကကကကကကကက ကြေကွဲ၍ မဆုံးပါ ... ဟူ၍သာ
ကကက
ဆရာကြီး ဦးတင်မိုးရေးခဲ့တဲ့ ကဗျာလေးနဲ့သာ ကျနော့်မှာ ခံစားချက်ကို ဖြေရပါတော့တယ်။
ကကက

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP