Friday, July 25, 2008
“လည်ဆွဲရတနာ မောင့်ကဗျာ (၄)”
Wednesday, July 23, 2008
ဂျပန်တွင်ပြုလုပ်မည့် လေဘေးအကူအညီ ဂီတဖျော်ဖြေပွဲ
Tuesday, July 22, 2008
“လည်ဆွဲရတနာ မောင့်ကဗျာ (၃)”
Monday, July 21, 2008
လောစ့်အိန်ဂျလိစ်က ရွှေမင်းသမီးစတိုး
လည်ဆွဲရတနာ မောင့်ကဗျာ (၂)
Thursday, July 17, 2008
ကျန်ရစ်ခဲ့သော ကဗျာစာအုပ်
Monday, July 14, 2008
============= လှပတဲ့ရသ =============
Sunday, July 13, 2008
ဝါဆိုသင်္ကန်း ကပ်လှူပွဲ
ရှစ်လေးလုံး နှစ်ပတ်လည်
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ် တီရှပ်
Saturday, July 12, 2008
သွားဆေးခန်းသို့
ကြုံလို့ အဆင်သင့်တဲ့အခါတွေမှာ ဒေါက်တာသန့်ဇင်နဲ့ပြတဲ့အကြိမ်တွေလည်း ရှိပါသေးတယ်။ အများဆုံးပြဖြစ် တာက ဒေါက်တာကျော်မင်းထံမှာ ဖြစ်ပါတယ်။ သူနဲ့က မလှမ်းမကမ်းဆိုတော့ သွားပြဿနာတက်တိုင်း ရောက် ဖြစ်ပါတယ်။ သွားထဲမှာရှိတဲ့ အကြောကို ထုတ်ပြီး ကရောင်းစွပ်ပေးခဲ့တဲ့ ပထမဦးဆုံး သွားဆရာဝန်ဖြစ်ပါတယ်။ ဆရာကျော်မင်းဆေးခန်းကို အကြိမ်ကြိမ်ပဲ ရောက်ဖြစ်ပါတယ်။ ရောက်တဲ့အခါတိုင်းမှာလည်း မငြိုမငြင်နဲ့ ကုသ ပေးတတ်သူပါ။ သူ့ဆေးခန်းသို့ သွားတဲ့အခါတွေမှာ ကိုယ်ဘက်က ချိန်းဆိုထားတဲ့အချိန်တွေထက် နောက်ကျလို့ အားနာရတဲ့အကြိမ်တွေလည်း မနည်းတော့ဘူး။ ဆရာကတော့ စိတ်ရှည်စွာနဲ့ ကုသပေးတတ်ပါတယ်။
ကကက
သွားရာဇ၀င်တွေ ခင်းနေလိုက်တာ အတော်ကြာသွားတယ်။ အစပိုင်းမှာ ပြောခဲ့တဲ့စကားကို ပြန်ဆက်ရရင် ဒီ နေ့ သွားပြခဲ့တဲ့ ဒေါက်တာကျော်ကျော်မောင် ဆေးခန်းအကြောင်းပဲဖြစ်ပါတယ်။ သွားနာလို့ အရင်လုပ်ထားတဲ့ သွားက တခုခု ချွတ်ယွင်းပြီအထင်နဲ့ ကုသထားတဲ့ သွားအဟောင်းရဲ့အကြောင်းကို ပြောဖြစ်တယ်။ ဆရာကျော် ကျော်မောင် တကယ်စစ်ကြည့်တော့ နာတာက နောက်သွားတချောင်းက ဖြစ်နေတယ်။ သူ့ခမျာ အလုပ်ရှုပ်လို့ သွားပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ ယာယီကရောင်း စွပ်ခြင်း၊ ပုံစံတိုင်းတာ၍ ကရောင်းအသစ်ကို မှာကြားရခြင်း တွေ လုပ်ရပါတယ်။ စေတနာလည်းကောင်း၊ ကုသမှုလည်းကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာကို ပျင်းရိမှုမဖြ စ်အောင်လည်း ဆေးကုသတတ်သူဖြစ်ပါတယ်။ ကိုယ်တိုင်အပါအ၀င် လူနာတွေနဲ့ ဒေါက်တာကျော်ကျော်မောင် ဆက်ဆံရေးကို အကဲခတ်ကြည့်မိတယ်။ ဝေဒနာရှင်တွေဟာ သူ့ရဲ့ဂရုစိုက်မှု၊ သက်သာရအောင် အားပေးမှုတွေ ကြောင့် စိတ်ဓာတ်ရေးရာ အားကောင်းပြီး မကုခင်က တ၀က်လောက် ပျောက်ကင်းသွားသလို ဖြစ်လာတယ်။
ကကက
ဒေါက်တာကျော်ကျော်မောင် သွားဆေးခန်းသို့ သွားချင်သူတွေ အလွယ်တကူ သွားနိုင်အောင် လိပ်စာကဒ်ပြား လေးတခု ထည့်ပေးလိုက်ပါတယ်။ သွားနဲ့ပတ်သက်လို့ ဆေးအာမခံလက်မှတ် ရှိသူတွေအတွက် အဆင်ပြေသ လို မရှိသူတွေအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးတတ်တဲ့ စေတနာဆေးခန်းဖြစ်ပါတယ်။ ဒေါက် တာကျော်ကျော်မောင်ရဲ့ ဇနီးဖြစ်သူ မျိုးမျိုးကလည်း ခင်ပွန်းသည်နဲ့မခြား ဝေဒနာရှင်များအပေါ်မှာ စေတနာအ လွန် ကောင်းပါတယ်။ ကဲဗျာ-ပြောတာမယုံရင် မိတ်တွေတို့ကိုယ်တိုင် သွားပြဿနာတက်တဲ့အခါ ဆရာကျော် ဆေးခန်းကို ကိုယ်တိုင်သွားကြည့်ပါ။ လက်တွေ့ သိရပါလိမ့်မယ်။ လူနာကို နှလုံးသားနဲ့ ကုသတယ်ဆိုတာ ဒီလို ဆရာဝန်မျိုးတွေပဲဖြစ်မှာပါ။ လက်တွေ့မို့ ကျုပ်ကတော့ ယုံတယ်ဗျာ။
ဒေါက်တာကျော်ကျော်မောင် ဆေးခန်းဟာ စာရေးသူနေတဲ့ နေရာနဲ့က ကားမောင်းရင် (၅)မိနစ်နဲ့ (၁၀)မိနစ် ကြားမျှသာပဲ ကြာပါတယ်။ Lower Azusa Road and Santa Anita ထောင့်မှာမို့ သွားရေးလာရေး အဆင်ပြေ လွယ်ကူတဲ့ ဆေးခန်းပါ။ Lower Azusa အတိုင်း အရှေ့ဖက်ကို ပြန်တက်ရင် 605 Freeway ရှိနေပြီး Santa Anita အတိုင်း တောင်ဖက်သို့ ဆင်းသွားရင် 10 Freeway နဲ့ ဆုံတွေ့နိုင်လို့ ဖရီးဝေးတွေနဲ့ အနီးဆုံးနေရာမှာ တ ည်ရှိနေ ပါတယ်။ အနားတ၀ိုက်မှာနေကြတဲ့ မြန်မာတွေအနေနဲ့ သွားပြလို့အဆင်အပြေဆုံး ဆေးခန်းဖြစ်ပါတယ်။
အယ်လ်အေမှာရှိကြတဲ့ မြန်မာဆရာဝန်တွေ အတော်များများဟာ နိုင်ငံခြားရောက် မြန်မာပြည်သားအချင်းချင်း ကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်နေသူတွေဖြစ်ပါတယ်။ စည်းရုံးမှုအပိုင်းမှာ ရိုးရိုးဆရာဝန်များထက် သွား ဆရာဝန်များအုပ်စုက ပို၍ စည်းရုံးမှုရှိပါတယ်။ အနည်းစုဖြစ်တာလည်းပါတယ်။ အရင်ရောက်နှင့်နေ တဲ့နောင်တော်ကြီးတွေက နောက်ရောက်လာသူတွေကို ဆရာဝန်စာမေးပွဲ ပြန်ဖြေဖို့ အဆင်ပြေအောင် ကူညီ လုပ်ဆောင်ပေးကြတာလည်းပါတယ်။ သို့အတွက် ပိုစည်းရုံးကြတာလို့ ထင်ပါတယ်။
အယ်လ်အေ၀န်းကျင်မှာရှိကြတဲ့ မြန်မာအသိုင်းအ၀န်းအတွက် အဆင်ပြေအောင် စေတနာနဲ့ စာရေးသူ ကိုယ် တွေ့ကို ပြန်လည်ဖြန့်ဝေ ပေးတာဖြစ်ပါတယ်။ အားလုံးပဲ သွားကျန်းမာရေးကောင်း၍ ချမ်းသာစွာ စားနိုင် ၀ါးနိုင် စကားပြောနိုင်ကြပါစေ ဟူ၍ ...



