Friday, March 7, 2008

ခွပ်ဒေါင်းသွေး

uuuuu

ကကကက









ကကက

ယောင်တိယောင်ချာနဲ့
ယုံကြည်မှုဗလာ နိုင်ငံရေး
ဒို့အတွေးထဲမှာ မရှိဘူး။
ကကက
အတ္တစီပွားတွေ အစဉ်ငဲ့
သိက္ခာမဲ့တဲ့ နိုင်ငံရေး
ဒို့သွေးထဲမှာ မရှိဘူး။
ကကက
အခြေအနေ မကောင်းလို့
အသွင်ပြောင်းတဲ့ နိုင်ငံရေး
သမိုင်းကွေးသူတို့ အလုပ်ပါ။

ကကက
ရာထူး အာဏာ
ဒါတွေ မျှော်ကိုးပြီး
ကိုယ်ကျိုးရှာဖို့လဲ မဟုတ်ပါ။

ကကက
ရင်ထဲက ဝေဒနာ
နှလုံးသားမှာ စေတနာ
ဘ၀ပေးလာတဲ့ တာဝန်တရပ်
ဒါ ... ဒို့သတ်မှတ်တဲ့ နိုင်ငံရေး။

ကကက
ဓားတောင်ကို ကျော်
မီးပင်လယ်ပေါ် ကူးဖြတ်
ပေးဆပ်ဖို့လဲ ၀န်မလေးပါ။

ကကက
ကန္တာရ ခရီးကြမ်း
ခယောင်းလမ်းပေါ်လဲ
ရဲဝံ့စွာပဲ ကျော်ရဲတယ်။
ကကက
ဒို့ဘ၀တွေ ဖရိုဖရဲ
မိသားစုတွေ ငိုပွဲ
ပြိုကွဲသော်လဲ စွန့်ရဲတယ်။

ကကက
အသာစံခြင်းထက်
အနာခံရင်း အသက်ပေး
ငြိမ်းချမ်းရေးအတွက်ပါ။
ကကက
စွန့်လွှတ်၍ ပေးဆပ်
မြင့်မြတ်လို့ အနစ်နာခံတာ
နိုင်ငံချစ်သူတို့ ထုံးစံပါ။
ကကက
မကြောက်တရားကို မွေးဖွား
ကျောက်သားလို ဒို့စိတ်ဓာတ်
သတ်လို့ သေရိုးရှိမှာလား။

ကကက
အနိုင်မခံ အရှူံးမပေး
ခွပ်ဒေါင်းသွေးဟေ့ ရဲရဲနီ
တိုက်ပွဲဆီ ဦးတည်လေမြဲ
ဒို့တိုင်းပြေရဲ့ အောင်ပွဲ ... ။

uuuuuu

ကိုသက်


March 5, 2008


ညီတော် နောင်တော် တော်လှန်ရေးသမားများ၊ ၈၈မျိုးဆက်ကျောင်းသူ ကျောင်းသားများ၊ မျိုးဆက် သစ် ကျောင်းသူ ကျောင်းသားများ၊ အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် အားပေးနေသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူပြည်သား အားလုံးရဲ့ မြန်မာ့ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့် လှုပ်ရှားခဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို လေးစားစွာ ဂုဏ်ယူစွာ တန်ဖိုးထားစွာဖြင့် ရည်ညွှန်းလိုက်ပါ ကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment