Wednesday, March 12, 2008

ညည်းရုံမျှနှင့် ပြီးမည်လော

ကကက















ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက
ငါ့မှာ ဆီပြား၊ စိုစိုစားလျက်
ဝမ်းခါးလှလှ၊ နေပါရလည်း
ရွာက ရပ်က၊ ငါ့မိဖနှင့်
နှမသားချင်း၊ မိတ်ဆွေရင်းတို့
ထမင်း မ၀၊ ခါးမလှဟု
ကြားရ ချက်ချင်း၊ ငါ့ ထမင်းသည်
အပင်း အဆိပ် ဖြစ်ခဲ့သည်တကား ... ။
ကကက
ငါ့မှာ ဇနီး၊ သား သမီးနှင့်
မငြီးဖွယ်ပေ၊ အဖျော် ဖြေနှင့်
ဝင်ငွေ ပုံမှန်၊ အလုပ်မှန်နှင့်
တန်တန် ရာရာ၊ နေရပါလည်း
ရွာမှာ ရပ်မှာ၊ မိတ်ရင်းချာတို့
ဝမ်းစာ ခဲခက်၊ အလုပ် ခက်၍
စိတ်ပျက် လက်ကျ၊ ညည်းညူကြဟု
ကြားရ မမြိန်၊ ငါ့ စည်းစိမ်သည်
မိုးတိမ် မိုးသား ဖြစ်ခဲ့သည်တကား ... ။
ကကက
မမြိန်မရှက်၊ စိတ်ပျက်ရုံမျှ
ညည်းရုံမျှနှင့်၊ ဘ၀ တာဝန်
ကျေပွန်လိမ့်မည်၊ မဟုတ်သည်ကို
ငါသည် သတိ၊ အောက်မေ့မိမှ
ငါ၏ တာဝန်၊ နိုင်ရာဝန်ကို
အားသွန် စိုက်ထမ်း၊ သွားရာလမ်းဟု
ဖြောင့်တန်း ရေးရေး ပေါ်တော့သည် ... ။
ကကက
ကကက
တင်မိုး ( ပန်းဈေးခင်းကဗျာများမှ)
ကကက
ကကက

No comments:

Post a Comment