Sunday, March 16, 2008

ဖုန်းမော် အနှစ် (၂၀) အထိမ်းအမှတ်

ကကက
ဖုန်းမော် အနှစ် (၂၀) အထိမ်းအမှတ်ပွဲကို လောစ့်အိန်ဂျလိစ်မြို့၊ ဓမ္မဇောတိကျောင်းမှာ ပြုလုပ်ပါတယ်။ ဒီပွဲကို တာဝန်ယူ စီစဉ်သူများကတော့ အယ်လ်အေ အော်ဂနိုက်ဇာ လူငယ်များအဖွဲ့ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ မတ်လရဲ့ နွေဦးရာသီဟာ မိုးအုံ့မှိုင်းလို့ အလွမ်းတိုင်းပြည်လို အအေးပိုနေတုန်းပါ။ ပွဲကိုလာရောက်သူ အားလုံးရဲ့ရင်ထဲမှာ အနှစ် (၂၀) ဆိုပေမဲ့ မနေ့တုန်းကမှဖြစ်သလို ခံစားနေကြတုန်းပါ။
ကကက
အခမ်းနားမှူးအဖြစ် ကိုသူရ က ဆောင်ရွက်ပေးပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း အခမ်းနားအစီအစဉ် များကို တခုချင်းကြေငြာ ပေးသွားပါတယ်။ ပထမဦးဆုံးအဖြစ် ဘာသာရေးအစီအစဉ် ဆောင်ရွက်ကြတာဖြစ်လို့ အလှူဒါနပြုခြင်း၊ သီလခံယူခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်း၊ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အတွက်၊ ကျဆုံးသွားသူ အားလုံးအတွက် ရေစက်သွန်းချအမျှဝေခြင်းကိစ္စများကို ဓမ္မဇောတိဆရာတော်က ဆောင်ရွက်ပေးပါတယ်။
ကကက


ကကက
ဘာသာရေးကိစ္စပြီးတဲ့နောက်မှာ ဟောပြောပွဲကဏ္ဍကို ဆက်လက်ဆောင်ရွက်ပါတယ်။ ဟောပြောပွဲမှာ စက်မှု တက္ကသိုလ်က ကိုဖုန်းမော်အရေးအခင်း၊ တံတားနီအရေးအခင်း စတဲ့ ရှစ်လေးလုံးပြည်လုံးကျွတ်အရေးအခင်း စ တင်ဖြစ်ပွားရခြင်း အရင်းအမြစ်အကြောင်းနဲ့ပတ်သက်လို့ အတွေ့အကြုံကို ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတ ဦးဖြစ်တဲ့ ကိုကျော်ဌေးဦးက ဟောပြောပေးပါတယ်။
ကကက
ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များကို ကိုယ်တိုင်ပြောတဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတော်များ များက အကြောင်းအမျိုးမျိုးနဲ့ ဒီအရေးအခင်း ဖန်တီးဖြစ်ပေါ်လာပုံ အစကနဦးပွဲများကို မသိကြပါဘူး။ မကြုံဖူးကြ ပါဘူး။ သို့အတွက် စိတ်ဝင်စားစွာ နားထောင်ကြပါတယ်။ စစ်အစိုးရရဲ့ လှည့်ကွက်နဲ့ ရက်စက်ပုံများကို ထင်ရှား အောင် ပြောပြပေးတဲ့အတွက် အားလုံးပဲ စိတ်ဝင်စားကြပါတယ်။
ကကက
ကိုကျော်ဌေးဦး ကိုယ်တွေ့ဟောပြောချက်များက သမိုင်းအမှန်ကို ဖော်ပြနေပါတယ်။ တံတားနီမှာ ကျောင်းသား လူငယ်တွေ ဒင်းတို့နှိပ်စက်လို့သေတာ ရာကျော်ကြောင်းကို သိခွင့်ရပါတယ်။ မသေဘဲ အဖမ်းခံရသူများက စစ် အစိုးရရဲ့ ထောင်တွေထဲမှာ အတော်ကြာကြာ နေခဲ့ရပါတယ်။ ကျောင်းသူကျောင်းသား လူငယ်လေးများရဲ့ အသ က်စွန့် စွမ်းဆောင်မှုဟာ စစ်အာဏာရှင်စနစ်ကို တုန်လှုပ်သွားစေပါတယ်။ သူတို့တွေစွမ်းအားနဲ့ပဲ ဒီမိုကရေစီအ ရေး၊ ငြိမ်းချမ်းရေးအတွက် အင်အားကြီးစွာ လှုပ်ရှားပြုလုပ်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်အရေးအခင်းဟာ ကမ္ဘာ့သမိုင်း၊ မြန် မာ့သမိုင်းမှာ မြန်မာ့အာဏာရှင်ကို ပထမဆုံး ဆန့်ကျင်မှုအဖြစ် ပေါ်ထွန်းခဲ့ပါတယ်။
ကကက

ကကက

နောက်ဆုံးမှာ ဦးဘုန်းရောင်ဦးက ကျေးဇူးတင်စကားပြောပါတယ်။ တကယ်လည်း ကျေးဇူးတင်စရာ ကောင်းပါ တယ်။ ဒီပွဲအတွက် အပင်ပန်းခံ ငွေအကုန်အကျခံ၍ ဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုညီညီ၊ ကိုဖုန်းကျော်၊ ကိုစိုးဝေ၊ မနှင်း၊ မောင်မျိုးနဲ့ လူကြီးလူငယ်များ၊ အလှူငွေ ထည့်ဝင်သူများ၊ လာရောက်အားပေးသူများ အားလုံးဟာ ကျေး ဇူးတင်စရာကောင်းသလို တိုင်းပြည်အပေါ်မှာ စိတ်စေတနာနဲ့ တာဝန်သိသိ ဆောင်ရွက်ပေးတဲ့ သူတို့တတွေရဲ့ စိတ်ဓာတ်ဟာ အလွန်ပဲ လေးစားစရာကောင်းပါတယ်။
ကကက

သူတို့တွေ အင်အားမပါရင် ဒီပွဲဟာ ဒီလောက်အထိ အဆင်ပြေပြေ မဖြစ်နိုင်ပါဘူး။ ထို့အတူ နိုင်ငံခြားရောက်မြန် မာများရဲ့ လှုပ်ရှားမှုအရှိန်အဟုန်ဟာ ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားမှာပါ။ သူတို့လို တိုင်းပြည်အပေါ်ချစ် တတ်သူတွေ ယုံကြည်မှုခိုင်မာသူတွေ အစွမ်းနဲ့လုပ်ဖြစ်တော့ အတိုင်းထက်အလွန် အောင်မြင်မှုတွေရတဲ့ လှုပ် ရှားမှုပွဲလေးဖြစ်လာရပါတယ်။ ဒါကြောင့်သာပဲ တဦးဆောင်သော်မရ တသောင်းဆောင်သော်ရ၏ ဆိုတဲ့ပညာရှိ တွေစကားဟာ သူတို့လို အစွမ်းအစရှိသူတွေကို ရည်ညွှန်းလို့ ပေါ်လာတာဖြစ်မှာပါ။

ကကက

ကကက

ဒီပွဲမှာ ကျွေးမွေးတဲ့ ဒေါ်တင်ကြည် (အန်တီသန့်) မုန့်ဟင်းခါးကတော့ ရွှေပွဲလာပရိသတ်အပေါင်းတို့ရဲ့ သောင်း သောင်းဖျဖျ အားပေးတဲ့ အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ သူ့မုန့်ဟင်းခါးက ကျနော်တို့အယ်လ်အေဧရိယာ မှာ နာမည်ကြီး။ မုန့်ဟင်းခါးက အရမ်းကောင်းတော့ လူတွေက ဘာတွေထည့်ချက်သလဲ မေးယူရတယ်။ တက ယ်က ရိုးရိုးလေးပါ။ မုန့်ဟင်းခါးချက်တုန်းက အထဲမှာ စေတနာထည့်ချက်တော့ အရမ်းကောင်းသွားတယ်။ စေ တနာကောင်းတော့ မုန့်ဟင်းခါးက သိပ်ကောင်းတာပါလို့ ဆိုရမှာပါ။

ကကကကက

ရှစ်ဆယ့်ရှစ်ကို စတင်ခဲ့တဲ့ ကိုဖုန်းမော်အရေးအခင်းကို ကျနော်တို့တွေ မမေ့သင့်ဘူး။ ဒီကျေးဇူးကို သိလို့လည်း ကျနော်တို့တွေ အပါအ၀င် တကမ္ဘာလုံးက ကိုဖုန်းမော်ပွဲကို အမှတ်တရ ကျင်းပကြတာပါ။ နောင်ကိုလည်း ကျင်း ပကြဦးမှာပါ။ အမှန်တရားအတွက်၊ လူသားအခွင့်အရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီရေးအတွက် မနက်ဖန်ဆိုတာ ရှိနေသေးသရွေ့ ကျနော်တို့တွေဟာ ဆက်လက်ဆောင်ရွက် တောင်းဆို တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ဒါမှသာ အသက်ပေးစွန့်သွားတဲ့ အာဇာနည်များကို လက်တွေ့ ရိုသေဂါရ၀ပြုရာ ရောက်မှာပါ။

ကကက

အခုလို တန်ဖိုးရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ လှုပ်ရှားမှုတွေ မပြတ်ရှင်သန်နေသရွေ့ တနေ့သောအခါမှာ အာဏာရှင် စနစ် မုချကြေပျက်သွားမှာဖြစ်ကြောင်း ယုံကြည်လျက် ...










No comments:

Post a Comment