Tuesday, October 6, 2009

ထောင်ကလွတ်တဲ့ ရဟန်းတော်တွေ

.
ထောင်ထဲက လွတ်မြောက်လာခဲ့တဲ့ ရဟန်းတော်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမား တွေ အခြေအနေကြားရတာ ၀မ်းသာစရာပါ။ ဘာရည်ရွယ်ချက်နဲ့ပဲ ပြန်လွှတ် လွှတ်၊ လွတ် မြောက်ခြင်းဟာ လွတ်လပ်ခြင်းတခုမို့ အားလုံးက ကြိုဆိုလျှက်ပါ။
.
ထောင်ကထွက်တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ မိဘမောင်နှမ၊ ဆွေမျိုးမိတ်ဆွေတွေ နဲ့ ပြန်လည်နေခွင့်ရလို့ ပျော်စရာပါ။ ထို့အတူ နိုင်ငံရေးသမားများအနေနဲ့လဲ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရပြီးတဲ့နောက် ထောင်က ထွက်တဲ့နေ့မှာ မိသားစုများ၊ ဆွေမျိုးနဲ့ လုပ် ဖော်ကိုင်ဖက်များကို ပြန်လည်ဆုံဆည်းခွင့်ရလို့ ကျေနပ်ပျော်ရွှင်စရာဖြစ်ပါတယ်။
.
ထိုအထဲမှာ ထောင်က ထွက်တဲ့ရဟန်းတော်များရဲ့ဘ၀က ပျော်စရာ မကောင်းပါဘူး။ ထောင် ထဲမှာ ရဲဖက်အပို့ခံရရင်လဲ လာရောက်နှုတ်ဆက်မည့်သူ မရှိပါ။ ထောင်ဝင်စာ လာပေးမဲ့သူ တွေ့မဲ့သူလဲ မရှိပါ။ သာမန်လူသားတဦး ထောင်ကျလို့ ရဲဘက်စခန်းတွေ အရွှေ့အပြောင်း တွေမှာ မိသားစုနဲ့ မိတ်ဆွေများက လာနှုတ်ဆက်ကြတာရှိပေမဲ့ ထိုသူများနဲ့အတူထောင်ကျ တဲ့ ရဟန်းတော်များအနေနဲ့တော့ နှုတ်ဆက်မည့်သူ မရှိပါ။ သူတို့အတွက် ဒီအချိန်ဟာ ၀မ်း အနည်းရဆုံးအချိန်ဖြစ်ကြောင်း ပြန်လည်ရင်ဖွင့်ပါတယ်။
.
မကြာသေးမီ ရက်များအတွင်းမှာ ထောင်က ထွက်လာတဲ့သူတွေထဲမှာ ရဟန်းတော်များလဲ ပါ ပါတယ်။ သူတို့ထောင်က အထွက်မှာ မူရင်းနေခဲ့တဲ့ကျောင်းကို ပြန်တော့ အဲဒီဘုန်းကြီး ကျောင်းက သူတို့ကို လက်မခံခဲ့ဘူး။ နေစရာ သီတင်းသုံးစရာ မရှိလို့ ရွာလည်နေတာပေါ့ လေ။ လက်မခံခြင်းအကြောင်းက စစ်အာဏာရှင်တွေကိုယ်တိုင် ကျောင်းထိုင်ဆရာတော်ကို လာရောက် ခြိမ်းခြောက်ထားတာ၊ သို့မဟုတ် သူ့ဖက်ပါအောင် ပေါင်းထားတာ၊ သို့မဟုတ် စစ်အာဏာရှင်တွေ ငြိုငြင်မှာ ကြောက်တာ၊ ဒါတွေ အားလုံးဖြစ်နိုင်ပါတယ်။
.
အမျိုးဘာသာ သာသနာအတွက် လုပ်ပေမဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ သံဃာ တော်များကို ကူညီမည့်သူ မရှိပါ။ ကြာတော့လည်း နိုင်ငံချစ်ရင် မျိုးချစ်စိတ်ရှိရင် အပြစ်ရှိ တယ်ဆိုတဲ့ အတွေးအမြင်က လက်ရှိခံစားချက်ကို မီးမောင်းထိုးပြသလိုဖြစ်ပြီး မျိုးချစ်တဲ့ ရဟန်းရှင်လူ ပြည်သူလူထု မျိုးဆက်သစ်တွေ တိုင်းပြည်အတွက် ဆုတ်ယုတ်ကုန်တော့မှာ စိုးရိမ်ရပါတယ်။ လက်ရှိအခြေအနေအရ ထောင်ထွက်သံဃာတော်များ ရန်ကုန်မှာရှိတဲ့ သူ တို့ သီတင်းသုံးခဲ့တဲ့ကျောင်းတွေက လက်မခံလို့ မွေးရပ်မြေကို ပြန်ရတော့မယ်။
.
တချို့ဆို မွေးရပ်မြေ ကျောင်းကတောင် လက်မခံဘူးလို့ ကြားရပါတယ်။ ဒါတော့လည်း လုံး ၀ကို မှားယွင်းနေပါပြီ။ ကြာတော့ သံဃာတွေ ချောင်ပိတ်ရိုက်သလိုဖြစ်လို့ လူထွက်ရရုံပဲ ရှိ တော့မယ်။ မဖြစ်ကောင်းပါဘူး။ သံဃာဆိုတာ ဘုရားရှင်ကိုယ်တော်တိုင် အလေးအနက် ထား အားထားရတဲ့ပုဂ္ဂိုလ်တွေမို့ တိုင်းပြည်ရဲ့ ကျက်သရေဆောင်တွေဖြစ်ပါတယ်။
.
နီးစပ်ရာ ပြည်သူပြည်သားတွေက မိမိတို့အနားမှာ ကျောင်းနေစရာမရှိတဲ့ သံဃာတော်များ ကို စွမ်းနိုင်သလောက် ကူညီသွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
.
မြန်မာပြည်သူပြည်သား အပေါင်း စစ်အာဏာရှင်ဘေးက အမြန်ကင်းဝေပါစေလို့ ဆုတောင်း ပါတယ်ဗျာ။
.
.
ကိုသက်

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP