Monday, March 31, 2008
လုပ်သမျှအမှား ဒုက္ခတွေသာပွား
Saturday, March 29, 2008
ကျေးဇူးစကား ပြောကြားပါရစေ
Wednesday, March 26, 2008
မေတ္တာတံတား ခင်းရအောင်
ဘယ်သူတွေ ဘာပဲပျက်ပျက်
ကောင်းကွက်ကို ဖွေရှာပြီး
မေတ္တာတံတား ခင်းရအောင်။
ကကက
မောဟလွှမ်းတဲ့ ကမ္ဘာမှာ
ငါရော မင်းတို့ပါ
အပြစ်ကင်းဖို့ဆိုတာ
လွယ်တာမှ မဟုတ်ဘဲ။
ကကက
တကွေ့ကွေ့မှာတော့
အမှားနဲ့တွေ့တတ်တာပဲ
မောဟမပြတ်တဲ့ လူသားမှာ
အမှားများစွာနဲ့ပါ။
ကကက
အမှားပြုတိုင်းသာ
ဝိုင်းပယ်ထားခဲ့ရင်
လူသားရဲ့စွမ်းအားသာ
ဆိတ်သုဉ်းသွားမှာပေါ့ဗျာ။
ကကက
ဘယ်သူပဲ မှားမှားပါ
သူ့အမှား ကိုယ်ကပြင်
ကိုယ်ပြင်တာကို သူလေးစား
ကိုယ်မှားပြန်တော့ သူကပြင်
အမြင်ကျယ်တဲ့ သဘောထား
မေတ္တာတရားပါပဲ။
ကကက
“အမှား”ဆိုတဲ့ မောဟအမှောင်က
ပူလောင်တဲ့ အကျိုးပေးတယ်
အေးမြတဲ့ မေတ္တာနှလုံးနဲ့
အစဉ်ပြုံးနိုင်မှသာ
ဘ၀ဟာ လှပသာယာမယ်။
ကကက
ပန်းတိုင်တူတဲ့ သူအချင်းချင်း
ယိုင်းပင်းလို့ ကြည်ဖြူ
ကူညီကာ ရွှေလက်တွဲရင်
အောင်ပွဲဝင်မှာ အမှန်ပဲ။
ကကက
နှလုံးသားရဲ့ မေတ္တာတံတား
အားလုံးအတွက် ဖွင့်လှစ်
မြင့်မြတ်တဲ့ သည်လမ်းစဉ်
ကမ္ဘာ တည်သရွေ့ပင်။
ကကက
ဘယ်သူတွေ ဘာပဲပျက်ပျက်
ကောင်းကွက်ကို ဖွေရှာပြီး
မေတ္တာတံတား ခင်းရအောင်။ကကက။
ကကက
ကိုသက် (ငြိမ်းချမ်းတဲ့ ကမ္ဘာမှ)
Tuesday, March 25, 2008
ကားမောင်းရင်း ဖုန်းပြောသူများအတွက် ဥပဒေသစ်
uuuuu
ကားမောင်းရင်း တယ်လီဖုန်းပြောတဲ့အခါ အခြားသူများကို အနှောက်အယှက်ဖြစ်စေခြင်း၊ တယ်လီဖုန်းမှ တဆင့် လာတဲ့ အကောင်းအဆိုး အကြောင်းအရာတွေပေါ်မူတည်၍ ယဉ်တိုက်မှုများ တိုးပွားလာခြင်း၊ အပြစ်မဲ့သူတွေ အသက်ဆုံးပါးရခြင်း စတဲ့ ဆိုးကျိုးများကို လျှော့ချစေလို၍ ဥပဒေထုတ်ပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
uuuuu
uuuuu
uu
California Hands-Free FAQ
Two new laws dealing with the use of wireless telephones while driving go into effect July 1, 2008. Below is a list of Frequently Asked Questions concerning these new laws.
uuuuuuuuuuuu
uuuuuuuuuuuuuuu
Thursday, March 20, 2008
သေမင်းထံပါး ငါ မသွားမီ
သေမင်းထံပါး ငါမသွားမီ
အလုပ်ခွင်မှာ
အထုတ်ပြင်ရင်း စောင့်ဦးမည်။
ကြီးကြီးငယ်ငယ်၊ မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက်၊ သူမတွက်ဘူး
ချိန်းချက်မလုပ်၊ ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ၊ ကြာမှဖြစ်စေ
ပုံသေမရှိ၊ လာတတ်၏။
အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ၊ သေခြင်းမြဲသော
သည်ဝဲသြဃ၊ ရုန်းမရချေ။
အချိန်ကျလျှင်
လောဘ ဒေါသ၊ မောဟထုပ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့်၊ မြတ်အကျင့်ကို
လွယ်လင့်တကူ၊ ငါယူနိုင်အောင်
ကြံဆောင်ကြိုးစားရဦးမည်။
သေမင်းအဖော်၊ သူမခေါ်မီ
ပျော်ပျော်နေရင်း၊ ငါ့ယာခင်းတွင်
သီးကင်းဝေအောင် ပျိုးဦးမည်။
တင်မိုး
မဟေသီမဂ္ဂဇင်း
ဇွန်လ၊ ၁၉၉၈
ကကကက
ကကကက
ဒီကဗျာကို မဂ္ဂဇင်းမှတဆင့် ကူးယူ၍ ပေးပို့လာသော လှမွန် (မုံရွာ)အား ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါတယ်။
Tuesday, March 18, 2008
ဆရာကြီး မင်းသုဝဏ်ရဲ့ တို့ရွာသမိုင်း

ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက
Monday, March 17, 2008
ဗုဒ္ဓဘာသာစစ်တဲ့ ဗိုလ်ချုပ်မှူးကြီးတဲ့ဗျား
ကကကကကSunday, March 16, 2008
ဖုန်းမော် အနှစ် (၂၀) အထိမ်းအမှတ်
ဖုန်းမော် အနှစ် (၂၀) အထိမ်းအမှတ်ပွဲကို လောစ့်အိန်ဂျလိစ်မြို့၊ ဓမ္မဇောတိကျောင်းမှာ ပြုလုပ်ပါတယ်။ ဒီပွဲကို တာဝန်ယူ စီစဉ်သူများကတော့ အယ်လ်အေ အော်ဂနိုက်ဇာ လူငယ်များအဖွဲ့ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ မတ်လရဲ့ နွေဦးရာသီဟာ မိုးအုံ့မှိုင်းလို့ အလွမ်းတိုင်းပြည်လို အအေးပိုနေတုန်းပါ။ ပွဲကိုလာရောက်သူ အားလုံးရဲ့ရင်ထဲမှာ အနှစ် (၂၀) ဆိုပေမဲ့ မနေ့တုန်းကမှဖြစ်သလို ခံစားနေကြတုန်းပါ။
ကကက
နောက်ဆုံးမှာ ဦးဘုန်းရောင်ဦးက ကျေးဇူးတင်စကားပြောပါတယ်။ တကယ်လည်း ကျေးဇူးတင်စရာ ကောင်းပါ တယ်။ ဒီပွဲအတွက် အပင်ပန်းခံ ငွေအကုန်အကျခံ၍ ဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုညီညီ၊ ကိုဖုန်းကျော်၊ ကိုစိုးဝေ၊ မနှင်း၊ မောင်မျိုးနဲ့ လူကြီးလူငယ်များ၊ အလှူငွေ ထည့်ဝင်သူများ၊ လာရောက်အားပေးသူများ အားလုံးဟာ ကျေး ဇူးတင်စရာကောင်းသလို တိုင်းပြည်အပေါ်မှာ စိတ်စေတနာနဲ့ တာဝန်သိသိ ဆောင်ရွက်ပေးတဲ့ သူတို့တတွေရဲ့ စိတ်ဓာတ်ဟာ အလွန်ပဲ လေးစားစရာကောင်းပါတယ်။
ကကက
သူတို့တွေ အင်အားမပါရင် ဒီပွဲဟာ ဒီလောက်အထိ အဆင်ပြေပြေ မဖြစ်နိုင်ပါဘူး။ ထို့အတူ နိုင်ငံခြားရောက်မြန် မာများရဲ့ လှုပ်ရှားမှုအရှိန်အဟုန်ဟာ ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားမှာပါ။ သူတို့လို တိုင်းပြည်အပေါ်ချစ် တတ်သူတွေ ယုံကြည်မှုခိုင်မာသူတွေ အစွမ်းနဲ့လုပ်ဖြစ်တော့ အတိုင်းထက်အလွန် အောင်မြင်မှုတွေရတဲ့ လှုပ် ရှားမှုပွဲလေးဖြစ်လာရပါတယ်။ ဒါကြောင့်သာပဲ တဦးဆောင်သော်မရ တသောင်းဆောင်သော်ရ၏ ဆိုတဲ့ပညာရှိ တွေစကားဟာ သူတို့လို အစွမ်းအစရှိသူတွေကို ရည်ညွှန်းလို့ ပေါ်လာတာဖြစ်မှာပါ။
ကကက
ကကက
ဒီပွဲမှာ ကျွေးမွေးတဲ့ ဒေါ်တင်ကြည် (အန်တီသန့်) မုန့်ဟင်းခါးကတော့ ရွှေပွဲလာပရိသတ်အပေါင်းတို့ရဲ့ သောင်း သောင်းဖျဖျ အားပေးတဲ့ အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ သူ့မုန့်ဟင်းခါးက ကျနော်တို့အယ်လ်အေဧရိယာ မှာ နာမည်ကြီး။ မုန့်ဟင်းခါးက အရမ်းကောင်းတော့ လူတွေက ဘာတွေထည့်ချက်သလဲ မေးယူရတယ်။ တက ယ်က ရိုးရိုးလေးပါ။ မုန့်ဟင်းခါးချက်တုန်းက အထဲမှာ စေတနာထည့်ချက်တော့ အရမ်းကောင်းသွားတယ်။ စေ တနာကောင်းတော့ မုန့်ဟင်းခါးက သိပ်ကောင်းတာပါလို့ ဆိုရမှာပါ။
ကကကကက
ရှစ်ဆယ့်ရှစ်ကို စတင်ခဲ့တဲ့ ကိုဖုန်းမော်အရေးအခင်းကို ကျနော်တို့တွေ မမေ့သင့်ဘူး။ ဒီကျေးဇူးကို သိလို့လည်း ကျနော်တို့တွေ အပါအ၀င် တကမ္ဘာလုံးက ကိုဖုန်းမော်ပွဲကို အမှတ်တရ ကျင်းပကြတာပါ။ နောင်ကိုလည်း ကျင်း ပကြဦးမှာပါ။ အမှန်တရားအတွက်၊ လူသားအခွင့်အရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီရေးအတွက် မနက်ဖန်ဆိုတာ ရှိနေသေးသရွေ့ ကျနော်တို့တွေဟာ ဆက်လက်ဆောင်ရွက် တောင်းဆို တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ဒါမှသာ အသက်ပေးစွန့်သွားတဲ့ အာဇာနည်များကို လက်တွေ့ ရိုသေဂါရ၀ပြုရာ ရောက်မှာပါ။
ကကက
အခုလို တန်ဖိုးရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ လှုပ်ရှားမှုတွေ မပြတ်ရှင်သန်နေသရွေ့ တနေ့သောအခါမှာ အာဏာရှင် စနစ် မုချကြေပျက်သွားမှာဖြစ်ကြောင်း ယုံကြည်လျက် ...
Wednesday, March 12, 2008
ညည်းရုံမျှနှင့် ပြီးမည်လော

ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက
ငါ့မှာ ဆီပြား၊ စိုစိုစားလျက်
ဝမ်းခါးလှလှ၊ နေပါရလည်း
ရွာက ရပ်က၊ ငါ့မိဖနှင့်
နှမသားချင်း၊ မိတ်ဆွေရင်းတို့
ထမင်း မ၀၊ ခါးမလှဟု
ကြားရ ချက်ချင်း၊ ငါ့ ထမင်းသည်
အပင်း အဆိပ် ဖြစ်ခဲ့သည်တကား ... ။
ကကက
ငါ့မှာ ဇနီး၊ သား သမီးနှင့်
မငြီးဖွယ်ပေ၊ အဖျော် ဖြေနှင့်
ဝင်ငွေ ပုံမှန်၊ အလုပ်မှန်နှင့်
တန်တန် ရာရာ၊ နေရပါလည်း
ရွာမှာ ရပ်မှာ၊ မိတ်ရင်းချာတို့
ဝမ်းစာ ခဲခက်၊ အလုပ် ခက်၍
စိတ်ပျက် လက်ကျ၊ ညည်းညူကြဟု
ကြားရ မမြိန်၊ ငါ့ စည်းစိမ်သည်
မိုးတိမ် မိုးသား ဖြစ်ခဲ့သည်တကား ... ။
ကကက
မမြိန်မရှက်၊ စိတ်ပျက်ရုံမျှ
ညည်းရုံမျှနှင့်၊ ဘ၀ တာဝန်
ကျေပွန်လိမ့်မည်၊ မဟုတ်သည်ကို
ငါသည် သတိ၊ အောက်မေ့မိမှ
ငါ၏ တာဝန်၊ နိုင်ရာဝန်ကို
အားသွန် စိုက်ထမ်း၊ သွားရာလမ်းဟု
ဖြောင့်တန်း ရေးရေး ပေါ်တော့သည် ... ။
ကကက
ကကက
တင်မိုး ( ပန်းဈေးခင်းကဗျာများမှ)
ကကက
ကကက
Tuesday, March 11, 2008
လောစ့်အိန်ဂျလိစ်က ဆုတောင်းပွဲ
ကကက
ဆရာတော်သံဃာတော်များက ဘာသာရေးအစီအစဉ်တွေကို လုပ်ပေးတယ်။ အောင်မင်္ဂလာဆရာတော်က တ ရားချီးမြင့်ပေးတယ်။ ဓမ္မဇောတိကျောင်းဆရာတော်က ဆုတောင်းပွဲနဲ့ပတ်သက်လို့ အနည်းငယ် ပြောပေးတယ်။ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက လက်ရှိမြန်မာနိုင်ငံအခြေအနေများကို ဟောပြောရင်း မေးခွန်းထုတ်လာသူများ ကို တခုစီ အဖြေပေးသွားတယ်။ အခမ်းအနားမှူးအဖြစ် ကျောင်းဆရာ ဆရာ ဦးဖုန်းရောင်ဦးက ဆောင်ရွက်ပေး ပါတယ်။ ပြောဖို့ တခုကျန်သွားတယ်။ ကျနော် အယ်လ်အေရဲ့ အယ်လ်အေ အော်ဂနိုက်ဇာ အဖွဲ့က ကိုသူရမော် က ရှေ့လုပ်ငန်းအစီအစဉ်များအကြောင်းကို တင်ပြပေးသွားပါတယ်။
ကကက
ပွဲစီစဉ်သူတွေကို ကျေးဇူးတင်စရာ ကောင်းပါတယ်။ ပင်ပန်းကြသော်လဲ အမျိုးဘာသာ သာသနာအတွက် မဖြစ် မနေ ဆောင်ရွက်ကြတာ ဂုဏ်ယူစရာပါ။ ဒီလိုသာ စဉ်ဆက်မပြတ် ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြ ည်ရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းရေး ဒီမိုကရေစီရေး ရောက်ခြည်တွေ လင်းလက်လာမယ်လို့ သေချာပေါက်ကို ပြောဆိုဝေဖန်လို့ ရပါတယ်။
ကကက
Friday, March 7, 2008
အရှင်ရရ အသေရရ
ဒီနေ့ ၂၀၀၈-ခုနှစ်၊ မတ်လ (၇)ရက်၊ သောကြာနေ့။
ခွပ်ဒေါင်းသွေး
ကကကက

ကကက
ယောင်တိယောင်ချာနဲ့
ယုံကြည်မှုဗလာ နိုင်ငံရေး
ဒို့အတွေးထဲမှာ မရှိဘူး။
ကကက
အတ္တစီပွားတွေ အစဉ်ငဲ့
သိက္ခာမဲ့တဲ့ နိုင်ငံရေး
ဒို့သွေးထဲမှာ မရှိဘူး။
ကကက
အခြေအနေ မကောင်းလို့
အသွင်ပြောင်းတဲ့ နိုင်ငံရေး
သမိုင်းကွေးသူတို့ အလုပ်ပါ။
ကကက
ရာထူး အာဏာ
ဒါတွေ မျှော်ကိုးပြီး
ကိုယ်ကျိုးရှာဖို့လဲ မဟုတ်ပါ။
ကကက
ရင်ထဲက ဝေဒနာ
နှလုံးသားမှာ စေတနာ
ဘ၀ပေးလာတဲ့ တာဝန်တရပ်
ဒါ ... ဒို့သတ်မှတ်တဲ့ နိုင်ငံရေး။
ကကက
ဓားတောင်ကို ကျော်
မီးပင်လယ်ပေါ် ကူးဖြတ်
ပေးဆပ်ဖို့လဲ ၀န်မလေးပါ။
ကကက
ကန္တာရ ခရီးကြမ်း
ခယောင်းလမ်းပေါ်လဲ
ရဲဝံ့စွာပဲ ကျော်ရဲတယ်။
ကကက
ဒို့ဘ၀တွေ ဖရိုဖရဲ
မိသားစုတွေ ငိုပွဲ
ပြိုကွဲသော်လဲ စွန့်ရဲတယ်။
ကကက
အသာစံခြင်းထက်
အနာခံရင်း အသက်ပေး
ငြိမ်းချမ်းရေးအတွက်ပါ။
ကကက
စွန့်လွှတ်၍ ပေးဆပ်
မြင့်မြတ်လို့ အနစ်နာခံတာ
နိုင်ငံချစ်သူတို့ ထုံးစံပါ။
ကကက
မကြောက်တရားကို မွေးဖွား
ကျောက်သားလို ဒို့စိတ်ဓာတ်
သတ်လို့ သေရိုးရှိမှာလား။
ကကက
အနိုင်မခံ အရှူံးမပေး
ခွပ်ဒေါင်းသွေးဟေ့ ရဲရဲနီ
တိုက်ပွဲဆီ ဦးတည်လေမြဲ
ဒို့တိုင်းပြေရဲ့ အောင်ပွဲ ... ။
uuuuuu
ကိုသက်
March 5, 2008
ညီတော် နောင်တော် တော်လှန်ရေးသမားများ၊ ၈၈မျိုးဆက်ကျောင်းသူ ကျောင်းသားများ၊ မျိုးဆက် သစ် ကျောင်းသူ ကျောင်းသားများ၊ အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် အားပေးနေသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူပြည်သား အားလုံးရဲ့ မြန်မာ့ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့် လှုပ်ရှားခဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို လေးစားစွာ ဂုဏ်ယူစွာ တန်ဖိုးထားစွာဖြင့် ရည်ညွှန်းလိုက်ပါ ကြောင်း ဖော်ပြအပ်ပါသည်။
Thursday, March 6, 2008
မြန်မာပြည်အတွက် စွမ်းဆောင်ချက်များ
ကကက
ကကက
ကကက