Saturday, February 28, 2009

အနုပညာစင်ပေါ်က ရင်သွေးငယ် ငယ်ဦးမွန်

.
.

အမည် ငယ်ဦးမွန်ဖြစ်ပြီး မိသားစုဝင်များမှာ အဖ ကိုသူရ (မျိုးချစ် အနုပညာရှင် ကိုဇာဂနာ)၊ အမိ မလွင်မာဦး (အနုပညာရှင်)၊ အစ်ကို မောင်ကောင်းမြတ် (ဒါရိုက်တာကျောင်း၊ နယူးယောက်) တို့ဖြစ်ပါတယ်။ ငယ်ဦးမွန်ဟာ အသက် (၁၈) ရှိပါပြီ။ ငယ်ဦးမွန်ကို မွေးဖွားချိန်မှာ သူ့ဖခင် ကိုဇာဂနာဟာ ထောင်ကျနေပါတယ်။ အခုလည်းပဲ ထောင်ထဲမှာပင်ဖြစ်ပါတယ်။ လူထုဖက်က အမြဲရပ်တည်တဲ့ ပြည်သူချစ်သော အနုပညာရှင်တဦးပါ။
.
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “ကမ္ဘာကုန်ကျယ်သရွေ့ဝယ်” ဆိုတဲ့ နာမည်ကြီး ၀တ္ထုဇာတ်လမ်းထဲက ဇာ တ်လိုက်မင်းသမီး ရေနံချောင်းသူ မမနွယ်ကို တင်စားထားတဲ့ “နွယ်ဦးမွန်”ဆိုတဲ့ စာလုံးကို ကြိုက်နှစ်သက်ပြီး သ မီးဖြစ်သူကို “ငယ်ဦးမွန်”ရယ်လို့ အနုပညာဆန်သော လှပသော နာမည်လေးကို ထောင်ထဲကနေ ပေးထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုထဲက စာသားများဟာ သီချင်းဖြစ်လာပြီး ကမ္ဘာကုန်ကျယ်သရွေ့ဝယ် အမည်နဲ့ပင် ရေနံ့ သာစိုးလှိုင်က သီဆိုထားတဲ့ နာမည်ကြီးသီချင်းတပုဒ်ပါ။
.
အမေရိကသို့ ရောက်ချိန်မှာ သူတို့မိသားစုလေးဟာ West Covina မြို့မှာ နေထိုင်ကြပါတယ်။ လောစ့်အိန်ဂျ လိစ့်ဧရိယာထဲက မြန်မာတွေ စုစုဝေးဝေးနေထိုင်ကြတဲ့ မြို့လေးတမြို့ဖြစ်ပါတယ်။ အထူးသဖြင့် အထက်တန်း ကျောင်း ကောင်းတဲ့အတွက် အဲသည်မြို့မှာ နေခြင်းဖြစ်ပါတယ်။ ငယ်ဦးမွန်တက်နေတဲ့ အထက်တန်းကျောင်း က Nogales High School ဖြစ်ပါတယ်။ အခု ငယ်ဦးမွန်က အသက် (၁၈) နှစ်၊ အတန်းအားဖြင့် (၁၂) တန်း တက်နေပါပြီ၊ မကြာမီ အထက်တန်းပြီးလို့ တက္ကသိုလ်သို့ သွားတော့မည့် ကျောင်းသူတဦးဖြစ်ပါတယ်။
.
မိဘများက အနုပညာရှင်များဖြစ်လို့ ငယ်ဦးမွန်တို့ မောင်နှမမှာ အနုပညာသွေးအပြည့်ပါပါတယ်။ အနုပညာ ဗီဇက တိုက်တွန်းလာသည်မို့ ကျောင်းကပွဲတိုင်းမှာ ဆို၊ က၊ စတဲ့ အခန်းတွေမှာ အမြဲလိုလိုပါခဲ့ပါတယ်။ မြန် မာပြည်၊ အင်တာနေရှင်နယ်ကျောင်းမှာ တက်စဉ်ကတည်းက အနုပညာနဲ့ပတ်သက်လို့ လူရွေးတဲ့အခါ အမြဲ လိုလိုပင် ငယ်ဦးမွန် အရွေးခံရပါတယ်။ အမေရိကသို့ ရောက်ပြန်တော့လည်း ဒီဗီဇက တားလို့မရပါ။ တနည်း အားဖြင့်လည်း တတ်သည့်ပညာ မနေသာသည်မို့ ကျောင်းရဲ့အနုပညာစင်မြင့်ပေါ်သို့ ရောက်ခဲ့ပြန်ပါတယ်။
.


.
ဒီပုံတွေက မကြာသေးမီ ဖေဖော်ဝါရီလ (၂၆) ရက်ညက အရွေးခံရတဲ့ အထက်တန်းကျောင်းသူ ကျောင်းသား (၁၄) ဦးထဲက တဦးအပါအ၀င်ဖြစ်တဲ့ ငယ်ဦးမွန် စန္ဒယားဆရာအကူအညီနဲ့ ကိုယ်တိုင် သီဆိုနေတာဖြစ်ပါတယ်။ တဦးချင်းသီဆိုတဲ့ Solo Concert ဖြစ်လို့ တကယ်ဆိုတတ်မှ သတ္တိရှိမှ စင်ပေါ်တက်ရဲတဲ့ပွဲပါ။ သူဆိုတဲ့ သီချင်း လေးနာမည်က The Show တဲ့။ မူရင်းဒီသီချင်းကို သီဆိုသူဟာ Australia က Lenka ဖြစ်ပါတယ်။ မကြားဖူးတဲ့ သူတွေရှိသလို ကြားဖူးသူတွေလည်း များစွာရှိနေပါတယ်။ အထူးသဖြင့် ငယ်ဦးမွန်တို့အရွယ် လူငယ်တွေ ကြိုက် တဲ့ သီချင်းပင်ဖြစ်ပါတယ်။
.
ပွဲကြည့်ပရိသတ်က ရာကျော်ပါတယ်။ ကျောင်းကပွဲရုံတခုလုံး ပြည့်လို့ အပြင်ကနေ မမြင်မကန်းနဲ့ လှမ်းကြည့်ရ သူတွေလည်းရှိပါတယ်။ ငယ်ဦးမွန်ရဲ့ မိခင် မလွင်မာဦးနဲ့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ မိုးချိုသင်းတို့လည်း ဒီပွဲမှာ ကြည့်ရှုအားပေးသူများအဖြစ် တက်ရောက်ကြပါတယ်။ လူမျိုးခြားတွေကြားမှာ လူမျိုးခြားတွေရဲ့ အားပေးမှုကို ရ ရှိခဲ့တဲ့ မြန်မာသမီးငယ်ဖြစ်ပါတယ်။ ထို့အတူ ထိုပွဲသို့ အနုပညာကျောင်းတွေက အကဲဖြတ်သူ၊ လေ့လာသူ၊ တ က်သစ်စ ရင်သွေးငယ်တွေကို ပွဲထုတ်ချင်သူတို့ လာရောက် အားပေးကြပါတယ်။
.
ကျနော်တို့မြန်မာကလေးတွေ တော်ကြပါတယ်။ တိုင်းပြည်အခြေအနေအရ ပြည်တွင်းမှာ ကလေးတွေရဲ့ဘ၀ဟာ အညွန့်ချိုးခံထားရသော်လည်း လွတ်လပ်တဲ့ကမ္ဘာသို့ သူတို့တွေရောက်တဲ့အခါ သူတို့ကိုယ်ပိုင်အစွမ်းအစတွေနဲ့ အညွန့်တလူလူ တက်နေကြ၊ အောင်မြင်မှုတွေ ရနေကြပါတယ်။ ဘယ်ကမ္ဘာ ဘယ်နေရာပဲရောက်ရောက်ပါ ထင်ပေါ်တဲ့သူ တော်တဲ့သူတွေဟာ စင်ပေါ်ရောက်မှာ အမှန်ပါ။
.
လူထုစိတ်ဝင်စားသော ပြည်သူချစ်သော အနုပညာရှင် ကိုဇာဂနာရဲ့ ရင်သွေးငယ်မို့ ပြည်သူလူထုကလည်း သူ တို့မိသားစုအကြောင်း တစေ့တစောင်းကို သိချင်ပေလိမ့်မယ်။ သိထားသမျှကို မျှဝေလိုက်ပါတယ်။
.
အဖေက သီချင်းရေး၊ သမီးက သီချင်းဆိုလို့ တေးစီရီ အသစ်ထုတ်လုပ်ပြီး အဆိုကျော်လုပ်မည့်ဆဲဆဲ အချိန်မှာ တပြေတရွာကို ထွက်ခွာခဲ့ရလို့ မလုပ်ဆောင်ဖြစ်ခဲ့သော်လည်း ကမ္ဘာ့အနုပညာ စင်မြင့်ပေါ်မှာ အောင်မြင်ပါ စေလို့ အားလုံးက ဆန္ဒပြုနေလျက်ပါ ...
.
ကိုသက်

Read more...

Tuesday, February 24, 2009

ဝန်ကြီးချုပ်ဦးနု ကွယ်လွန်ခြင်း (၁၄)နှစ်မြောက် အထိမ်းအမှတ်

.
.

(၁) ဗိုလ်ချုပ်မိန့်ခွန်းပြောစဉ်က ဗိုလ်ချုပ်နှင့်အတူ
.
(၂) အမေရိကတခွင် စည်းရုံးရေးဆင်းစဉ်က
.
(၃) ဇနီးနှင့်အတူ
.
(၄) ဘ၀တလျှောက်ခရီးဖော်
.
(၅) အမေရိကတွင် ဆရာတော်ဦးသီလာနန္ဒ၊
ဒေါက်တာရန်နိုင်လွင်မိသားစု၊ မြန်မာမိသားစုများနဲ့အတူ
.
(၆) ရောက်တဲ့အရပ်မှာ ရတနာသုံးပါးကို မမေ့
.
(၇) ၀န်ကြီးချုပ်ဦးနု ကွယ်လွန်ခြင်း (၁၄) နှစ် အထိမ်းအမှတ်
.
ပုံများက သမိုင်းကို ပြောနေတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပုံ (၁) မှာ မိန့်ခွန်းပြောနေသော ဗိုလ်ချုပ်ဦး အောင်ဆန်းအနီးတွင် သခင်နု ထိုင်နေတယ်။ ဗိုလ်ချုပ်ပြောသော မိန့်ခွန်းတွေမှာ မြန်မာနိုင်ငံသမိုင်းနဲ့ပတ်သက် လို့ အရေးကြီးတဲ့ကိစ္စတွေ ပြောဖြစ်တဲ့အခါ သခင်နုကို အကိုးအကားသက်သေပြု၍ ဗိုလ်ချုပ်က ပြောလေ့ရှိပါတ ယ်။ သခင်နုသည် မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့်အတူ ကျောင်းသားဘ၀၊ သခင်ဘ၀၊ နိုင်ငံရေးသမားဘ၀တို့တွင် အနေအထားအမျိုးမျိုးဖြင့် အတူရှိနေခဲ့ပါတယ်။
.
ပုံ (၂) က အမေရိကမှာပါ။ ၀န်ကြီးချုပ်ဖြစ်၊ စစ်အာဏာရှင်ရဲ့ အဖမ်းခံရ၊ ထောင်ထွက်ပြီးတဲ့နောက်မှာ ကျန်းမာ ရေးကုသရန် အင်္ဂလန်သို့ ထွက်ခွာခဲ့ပါတယ်။ ထိုမှတဆင့် အမေရိကသို့ ဆက်လက်ခရီးထွက်ခွာခဲ့ပါတယ်။ အ မေရိကတွင် အမေရိကန်အစိုးရ၊ အမေရိကန်လူထုရဲ့ အားပေးမှုဖြင့် အမေရိကန်ပြည်တခွင် လှည့်လည်၍ စည်း ရုံးရေးတရားကို အောင်မြင်စွာ ဟောကြားခဲ့ပါတယ်။ အချိန်အားဖြင့် ၁၉၆၉-ခုနှစ် ဗီယက်နမ်စစ်ပွဲကာလဖြစ်ပါ တယ်။ ဤပုံတွင် မြို့တော်ဝန်တဦး၊ ပါမောက္ခချုပ်တဦး၊ ပါမောက္ခဒေါက်တာရန်နိုင်လွင်တို့နဲ့အတူ ၀န်ကြီးချုပ် ဦးနုဖြစ်ပါတယ်။
.
နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရရှိကာ ဗိုလ်နေ၀င်းဦးစီးသော စစ်အာဏာရှင်များကို ပြန်လည်တိုက်ခိုက်ရန်အ တွက် ထိုင်းနိုင်ငံသို့ ပြန်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို ပြန်လည်တိုက်ခိုက်၍ လူထုအာဏာကို ပြန်လည်ရယူ ရန် မြန်မာတိုင်းရင်းသားများနှင့် ထိုင်းနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့တယ်။ တိုင်းရင်းသားများဆန္ဒက တိုင်း ပြည်ကို သက်ဆိုင်ရာတိုင်းရင်းသားများအား အသီးအသီးခွဲပေးရန် အဓိကထား ဆွေးနွေးတယ်။ ဦးနုရဲ့ဆန္ဒက တိုင်းပြည်လက်ထဲ အရင်ရောက်အောင် တိုက်စေချင်တယ်။ လက်ထဲမှာ ဘာတခုမှ လက်ဆုပ်လက်ကိုင်မရှိဘဲ မရှိတာ မသေချာတာကို ခွဲနေရင် အဓိပ္ပါယ်မရှိတဲ့အကြောင်း၊ တိုင်းပြည်လူထုလက်ထဲပြန်ရောက်တဲ့အခါမှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားအတိုင်း ပြည်နယ်တွေ ခွဲသင့်၊ မခွင့်သင့်ဆိုတာ လုပ်သင့်တဲ့အကြောင်း၊ သို့အတွက် အရင်စစ်တိုက်ရန်က အဓိကဖြစ်တဲ့အကြောင်း တင်ပြလာတယ်။ သဘောထားများ ကွဲလွဲသွားတယ်။ သို့အတွက် အောင်မြင်နေပြီဖြစ်တဲ့ စစ်ပွဲတွေကို ရပ်တန့်လိုက်ပြီး စစ်မတိုက်တော့ဘဲ ၀န်ကြီးချုပ်ဦးနုဟာ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ စာရေးသူအမြင်မှာ အဲသည်တုန်းကသာ အားလုံးညီညီညွတ်ညွတ်နဲ့ အာဏာရှင်စစ်အစိုးရကို ဆက်တိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ အခုလိုအခြေအနေမျိုးကို ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့လူမျိုးတွေ ကြမ္မာငင်တော့လဲ မီးရောင်ကို ရွှေတောင်မှတ်ပြီး ၀င်တိုး မိတဲ့ ပိုးဖလံများလိုဖြစ်ခဲ့သကိုး။ တိုင်းပြည်အရေးထက် ကိုယ့်လူမျိုးရေးအတ္တတွေကို ရှေ့တန်းတင်မိခဲ့ကြ တော့လည်း နှစ်များစွာတိုင်တိုင် သူ့အုပ်စု ကိုယ့်အုပ်စု သီးသန့်အင်အားလေးတွေနဲ့ တော်လှန်ရေးခရီး နှင်နေပါ သော်လည်း အကျိုးသက်ရောက်မှုက သိပ်မရှိ၊ အဖြေက ထွက်မလာ၊ စိတ်ဓာတ်အင်အားတွေ ချည့်နဲ့လာခဲ့ရပါ တယ်။ နောက်လူတွေ သင်ခန်းစာယူသင့်တဲ့ ၀မ်းနည်းစရာ ဖြစ်ရပ်တွေပါ။
.
အိန္ဒိယ၀န်ကြီးချုပ် နေရူးဟာ ဦးနုရဲ့ သူငယ်ချင်းတဦးပါ။ အိန္ဒိယနိုင်ငံ ဒုက္ခရောက်နေချိန်မှာ ၀န်ကြီးချုပ်နေရူးရဲ့ အခက်အခဲအကြပ်အတည်းအချို့ကို ၀န်ကြီးချုပ်ဦးနုက ကူညီဖြေရှင်းပေးခဲ့ဖူးတယ်။ ဒီကျေးဇူးတွေကို မမေ့နိုင် တဲ့အတွက် သမီးဖြစ်သူ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီတို့ နိုင်တော် ၀န်ကြီးချုပ်ဖြစ်သည့်ကာလတိုင် မြန်မာ့လွတ်လပ်ရေးဗိသုကာများတွင် ပါဝင်သူတဦးဖြစ်သူ ၀န်ကြီးချုပ်ဦးနုအား စောင့်ရှောက်မှုပေးခဲ့ပါတယ်။ လူလွှတ်၍ တမျိုး၊ စာပို့၍ တဖန်၊ လေယာ ဉ်ပျံ စေလွှတ်၍ တဖုံ ပြန်လာပါရန် စစ်အာဏာရှင် ဗိုလ်နေ၀င်းက အမျိုးမျိုး ကြိုးစားခေါ်သော်လည်း ၀န်ကြီးချုပ် ဦးနုကား မြန်မာနိုင်ငံသို့ ပြန်မလာဘဲ အိန္ဒိယနိုင်ငံမှာသာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ပါတယ်။
.
ပုံ (၃) က ဇနီးဖြစ်သူ ဒေါ်မြရီနှင့် အတူ ငယ်စဉ်က ရိုက်ထားတဲ့ပုံပါ။ ပုံ (၄) က နောက်ဆုံးအချိန်များတွင် ဇနီး သည်နှင့်အတူပင် ရန်ကုန်အိမ်မှာ အမှတ်တရရိုက်ကူးထားတာပါ။ ဘ၀တလျှောက်လုံး လက်တွဲအတူရှိနေတဲ့ ခရီးဖော်ပါ။ နိမ့်တခါ မြင့်တလှည့် ဘ၀စုံဆန် အနိမ့်အမြင့်အချိန်များမှာ မငြီးငြူစတမ်း လျှောက်လှမ်းဖြတ်သန်းခဲ့ ကြတဲ့ အနားလည်ဆုံးအတွဲဖြစ်လို့ အတုယူသင့် လေးစားသင့်တဲ့ မြန်မာ့ခေါင်းဆောင်တဦးပါ။
.
ပုံ (၅) က အပေါ်မှာ အကျဉ်းဖော်ပြထားတဲ့အတိုင်းပါပဲ။ ပြည်သူချစ်သော ခေါင်းဆောင်တဦးဖြစ်လို့ ဦးနုရောက် တဲ့နေရာတိုင်းမှာ အမေရိကန်တွေသာမက မြန်မာတွေကလဲ ရောက်လာမစဲပါ။
.
ပုံ (၆) က ဆရာတော်ကြီး ဦးသီလာနန္ဒာဘိဝံသနဲ့အတူ အမှတ်တရ ရိုက်ထားတာပါ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ မရှင်းတာများကို ဆရာတော်အား အိမ်သို့ ပင့်ဖိတ်၍ တရားစာများကို မေးလေ့ရှိပါတယ်။ ဆရာတော် မိန့်တော် မူချက်အရ နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်လို့ နားမလည်သည်များကို မေးကြောင်း သိရပါတယ်။ ဤပုံကို အီလီ နွိုက်ပြည်နယ်၊ မက်ခုံးမြို့ရှိ ဒေါက်တာရန်နိုင်လွင့်အိမ်တွင် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
.
ဒါ့အပြင် ၀န်ကြီးချုပ်ဦးနုသည် ရဟန်းသံဃာကို မဖူးမျှော်ရသော် မနေနိုင်သော သာသနာ့ဒါယကာကြီးတဦးပင် ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်ခဲ့၍ ကမ္ဘာ့ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်ပါတယ်။ တိုင်းပြည်နဲ့ဝေးရာသို့ ရောက်နေတဲ့အချိန်များမှာပင် သံဃာတော်များအား မပြတ်ဖူးမျှော်နေတတ်ပါတယ်။ ထို အတွက်လည်း သူနေသောအရပ်သို့ သံဃာတော်များက အကြောင်းတခုခုနဲ့ ကြွလာချီးမြှောက်ပေးတတ်ကြပါ တယ်။ ထူးခြားသော ပါရမီရှင် သူတော်စင်ကြီးပင်ဖြစ်ပါတယ်။
.
ပုံ (၇) မှာ မကြာသေးမီက ဦးနုကွယ်လွန်ခြင်း (၁၄)နှစ်မြောက် အထိမ်းအမှတ်အဖြစ် လောစ့်အိန်ဂျလိစ်ခရိုင်၊ ဘော်လ်ဒွင်ပါ့ခ်မြို့ရှိ ဓမ္မဇောတိကျောင်းတွင် ပြုလုပ်ကြတဲ့ အမှတ်တရပုံပါ။ ကွယ်လွန်သူ နှစ်ဖက်မိဖများ၊ ဆွေ မျိုးများအတွက်လည်း ရည်ရွယ်၍ ကုသိုလ်ပြုလုပ်ကြတာဖြစ်ပါတယ်။
.
ပွဲကို နံနက် (၁၀)နာရီတွင် စတင်ပါတယ်။ လောစ့်အိန်ဂျလိစ်ရှိ ဘုန်းတော်ကြီးကျောင်းများအနက် ကျောင်းသုံး ကျောင်းမှ ဆရာတော်များ ကြွရောက်ချီးမြှောက်ပေးပါတယ်။ ဆရာတော်ဦးသဇ္ဇန မထေရ်က အနုမောဒနာတ ရား ဟောကြားပေးပါတယ်။ ညနေ (၃) နာရီမှာ ပွဲသိမ်းပါတယ်။
.
ဖိတ်ကြားထားသော ဧည့်သည်တော်များ အတော်လာကြပါတယ်။ လူဦးရေ နှစ်ရာကျော် လာရောက်ကြမယ်လို့ ခန့်မှန်းပါတယ်။ အားလုံးကို နန်းကြီးသုတ်စသော မြန်မာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးပါတယ်။ ဒီပွဲအတွ က် အဓိက တာဝန်ယူလှူဒါန်းတဲ့ အလှူရှင်ဟာ ၀န်ကြီးချုပ်ဦးနုရဲ့ သားကြီးဖြစ်သူ ဦးသောင်းထိုက်+ဒေါက်တာ မေထိုက် မိသားစုပင် ဖြစ်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းတဲ့အလှူဖြစ်လို့ အားလုံးပင်ပန်းကြပါတယ်။ ဝေယျာဝစ္စကုသိုလ်လည်း ရ၊ ၀မ်းလည်းဝတဲ့ အမှတ်တရ ကောင်းမှုအလှူတခုပါ။
.
တနည်းအားဖြင့်လည်း မိဘဖြစ်သူကို သားသမီးများက ကျေးဇူးဆပ်တဲ့ပွဲပါ။ ပြည်ထောင်စုမြန်မာနိုင်ငံကို ဒီမို ကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပထမဦးဆုံးစတင် လမ်းပြခဲ့သူ၊ ဗိုလ်ချုပ်ဦးအောင်ဆန်းနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ပြည်သူချစ်သော တိုင်းပြည်ခေါင်းဆောင်တဦးရဲ့ ကျေးဇူးကို ယနေ့ထက်တိုင် မမေ့နိုင်လို့ ဂုဏ်ပြု ကျေးဇူးဆပ်တဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲမှာ မဖိတ်ဘဲလည်း လာရောက်သူတွေ များစွာပါပဲ။ အားလုံးဟာ ၀န် ကြီးချုပ်ဦးနုကို ချစ်ခင်လေးစား၍ လာကြသူများသာဖြစ်ပါတယ်။
.
တိုင်းပြည်ကို ငြိမ်းချမ်းသောနည်းနဲ့ အုပ်ချုပ်သော အခုလို ပြည်သူချစ်သော ခေါင်းဆောင်တွေ များများပေါ်ပါ စေလို့ ဖြစ်စေချင်သောဆန္ဒကို ရှေ့တန်းတင်ပြီး ရင်ထဲက တောင်းဆိုမိပါတယ်။
.
ကိုသက်
.
.
မှတ်တမ်းဓာတ်ပုံများ ပေးပို့သော ပါမောက္ခ ဒေါက်တာရန်နိုင်လွင်အား ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါ တယ်။

Read more...

Monday, February 23, 2009

အလိုအပ်ဆုံးတရား

.
.

အလိုအပ်ဆုံးတရား

ဘာသာရေးမှာ
မှန်တာမှားတာ ငြင်းစရာမဟုတ်
ကောင်းတာလုပ်ဖို့ပဲ လိုတယ်။

မကောင်းတဲ့ လူစား
ဘာသာတရား ကောင်းပေမဲ့
သူတော်ကောင်း မဖြစ်
လူညစ်က လူညစ်ပါပဲ။

လူမျိုးရေးစိတ်ဓာတ်မှာလဲ
သူမြတ် ကိုယ်မြတ်သည်ထက်
အစွန်းမထွက်ဖို့ လိုတယ်။

အစွန်းရောက် စိတ်ကင်းလို့
လူသားချင်း စာနာ
လူသားဆန်စွာသော စိတ်ဓာတ်
တကယ် မြင့်မြတ်ပါတယ်။

အရာရာမှာ
တရားမျှတမှုကို အခြေခံ
လူသားဆန်တဲ့ နှလုံးသား
အလိုအပ်ဆုံး တရားပါ။

ကိုသက်
Feb 23, 2009

.
ကဗျာအတွက်မှတ်ချက်။ ။ “ဘာသာရေးမှာ မှန်တာမှားတာ ငြင်းစရာမဟုတ် ကောင်းတာလုပ်ဖို့ပဲလိုတယ်” ဆိုထားတာ ရှင်းနေပါတယ်ဗျာ။ သူ့ဘာသာမှန်တယ်။ ကိုယ့်ဘာသာမှန်တယ်နဲ့ မှန်တာမှားတာတွေ သိပ်သိပ် ငြင်းနေကြသူတွေအတွက် သင့်တင့်ကောင်းမြတ်တာကို လုပ်ဖို့သာ တကယ်လိုအပ်ကြောင်းဆိုလိုထားတာပါ။ တချို့တွေ ဘာသာရေးနဲ့ပတ်သက်ပြီး ဘုရားတည်ကျောင်းဆောက်တာတွေ တယ်လီဗေးရှင်းမှာ ခဏခဏ မြင်ရပြီး အခြားတဖက်မှာ အပြစ်မဲ့သူတွေကို နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်နေပြန်တော့ ဒီလူ တွေ ဘယ်ဘာသာပဲကိုးကွယ်သည်ဖြစ်ပါစေ လူညစ်က လူညစ်ပဲ။ သူတော်ကောင်းတော့ မဖြစ်ဘူး။ မလေးစား သင့်ဘူးလို့ ဆိုလိုတာပါဗျာ။ ဘာသာထက် ကောင်းတာလုပ်ဖို့လူကောင်းဖို့ပဲလိုပါတယ် ဆိုလိုတာပါ။
.
လူပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ကျနော်တို့တိုင်းပြည်မှာလဲ သူ့လူမျိုးက ကောင်းတယ်၊ မြတ်တယ်။ ကိုယ့်လူမျိုး က ဘာဖြစ်တယ် စတာတွေ ပြောနေမယ့်အစား နှလုံးသားဖြူဖို့ လူသားဆန်ဖို့ကိုလည်း ရည်ညွန်းထားပါသေးတ ယ်။ ရှင်းနေပြီးသားကို ကိုယ်လိုတဲ့ပုံစံအနေအထား အယူအဆတခုဆီ ဆွဲယူဝေဖန်ရင် မရှင်းမရှင်းဖြစ်တတ်လို့ ကဗျာဆရာကိုယ်တိုင် ထပ်ရှင်းရခြင်းဖြစ်ပါတယ်ဗျား ....
.
ကျေးဇူးတင်ပါတယ်။
.
နောင်မှာလဲ ဝေဖန်ချက်တွေ ရေးပါအုံးဟူ၍ ...

Read more...

Friday, February 20, 2009

နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ

.
.
.
.

“ဒီတပတ်ဟာ နောက်ဆုံးပဲ၊ နောင်ကို ဒီဆိုင်မှာ လာမစားနိုင်တော့ဘူး”

ဆိုင်ထဲမှာ စားနေကျ ဖောက်သည် လူဖြူ အမေရိကန်တဦးက ဆိုင်ရှင်လူငယ်ကို ပြောပြနေတယ်။

“ဘာဖြစ်လို့လဲဗျာ။ ကျနော် ဘာများ ကူညီရမလဲ”

ဆိုင်ရှင်မြန်မာလူငယ်က ပြာပြာသလဲ မေးရှာတယ်။

“ဒီနှစ်ပိုင်း ကျနော့်အလုပ်တွေ ပါးတယ်ဗျာ။ မလုပ်ရသလောက်ပါဘဲ။ တပတ်ကို နှစ်ကြိမ်အနည်းဆုံး ဒီဆိုင်မှာ အားပေး နေကြဖြစ်ပေမဲ့ ၀င်ငွေမရှိတော့ ကျနော် စားနိုင်တော့မယ် မထင်ဘူးဗျာ”

“ခင်ဗျား ဆိုင်က ဂျပန်အစားအစာတွေ ကျနော် နှစ်သက်ပါတယ်။ နှစ်သက်ပေမဲ့ ၀မ်းရေးထက် နေရေးက ခက်သမို့ ကျ နော် လာစားနိုင်ဖို့ အခြေအနေ မပေးတော့ဘူးဗျာ”

ပြောသူနားထိုင်သူ နှစ်ဦးစလုံး ခေတ္တမျှ စကားသံ တိတ်သွားတယ်။ အမူအရာတွေက စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်း အဖြစ်ကို ဖော်ပြနေတယ်။ သူတို့တွေ ကြည့်ရတာ အတော်လေး ရင်းနှီးပုံရတယ်။ နောက်ထပ် ဘာများတုန့်ပြန်ကြဦးမ လဲလို့ စိတ်ဝင်စားမိတယ်။ စကားသံက ဆိတ်သုဉ်းနေဆဲပါ။ ခဏမှာ ...

“ကျနော်နဲ့ ခင်ဗျားကြားမှာ အစားအသောက်ကိစ္စနဲ့ စကားပြောစရာ မရှိပါဘူး။ ခင်ဗျားဟာ ကျနော့်ရဲ့ မိတ်ဆွေပါ။ ဒီဆိုင် မှာ စားနေကြအတိုင်း အပတ်စဉ် အလကား လာစားပါဗျာ။ ကျနော် ဖိတ်ခေါ်ပါတယ်။”

မြန်မာလူငယ်က ယဉ်ကျေးသိမ်မွေ့စွာ ဖိတ်ခေါ်လိုက်တယ်။ နိမ့်ပါးနေတဲ့ မိတ်ဆွေကို အားပေးတဲ့အနေလည်းရောက်၊ မိတ်ဆွေဝတ္တရား သိတဲ့အနေလည်းရောက်တဲ့ ဖိတ်ခေါ်မှုက သူတို့နှစ်ဦးသားရင်ကို ကြည်နူးစေတယ်။ ကြားရတဲ့ ကျ နော့်ရင်သို့တိုင် ကူးစက်ခဲ့ပါတယ်။

“အလကားတော့လဲ ကျနော် မစားပါရစေနဲ့ဗျာ။ ခင်ဗျားဆိုင်မှာ လိုအပ်တာလေးတွေ တခုခုကို လုပ်အားခအနေနဲ့ ကျ နော် လုပ်ပေးပါရစေလားဗျာ” လို့ အမေရိကန်လူငယ်က ဆိုလာတော့ “မလိုပါဘူးဗျာ။ ရပါတယ်” လို့ မြန်မာလူငယ်က ပြောနေတယ်။ သို့ပေမဲ့ အမေရိကန်လူငယ်က ခေါင်းယမ်းနေတယ်။

နောက်ဆုံးတော့လည်း လာစားဖြစ်တဲ့အကြိမ်တိုင်း ဆိုင်မှာ လိုအပ်တာလေးတွေကို ကူညီဆောင်ရွက်ပေးပါရစေဆိုတဲ့ ညှိနှိုင်းမှုက သူတို့နှစ်ဦးကို အဆင်ပြေသွားစေတယ်။ ဥပမာ မီးလုံးလေးတွေ ပျက်နေတာ၊ ဓာတ်ကြိုးလေးတွေ လွတ် နေတာ၊ ဘုံဘိုင် ရေခေါင်းလေးတွေ ပျက်နေတာ စတဲ့ တိုလီမိုလီလေးတွေကို ပြင်ပေးရင်း သူလာစားတဲ့ အစားအစာဖိုး အတွက် တန်ရာတန်ကြေးကို ပေးဖို့ အစီအစဉ်ဖြစ်ပါတယ်။

လာစားတဲ့ အမေရိကန် လူငယ်ကို မြန်မာလို ရာဖြတ်လို့ ခေါ်ရမယ်ထင်တယ်။ သူ့အလုပ်က ဟောလိဝုဒ်အပါအ၀င် အ နုပညာနဲ့ သက်ဆိုင်တဲ့နေရာတွေက ရှေးဟောင်းအနုပညာပစ္စည်းတွေကို တန်ဖိုးဖြတ်ပေးရတဲ့သူပါ။ ဒီပစ္စည်းဟာ ဘယ် လောက်တန်တယ်ဆိုတာ သူဆုံးဖြတ်ရင် ပြီးပါတယ်။ သူကိုယ်တိုင်လည်းပဲ ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပွဲစားတဦးလို လုပ်ပါသေးတယ်။ ပျက်နေတာ ပြုပြင်တာတွေလည်း လုပ်ပေးပါတယ်။

အမေရိကနဲ့ တကမ္ဘာလုံး စီးပွားပျက်ကိန်းကြုံချိန်မှာ ဘ၀တွေက ကစဥ့်ကလျားပဲလေ။ အားလုံးလိုလို စားဝတ်နေရေး အတွက် စိတ်ပူနေရတဲ့ အချိန်ပါ။ တချို့ဆို အလုပ်က ခပ်လှုပ်လှုပ်၊ တချို့ခမျာတွေမှာ အလုပ်ပြုတ်သွားရရှာတယ်။ စီပွားရေးခေတ်ပျက်လို့ ပြောလို့ရတဲ့ သည်ကာလမှာ အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားများ အခြေအနေတွေ ဟာ တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ ဘ၀တူတွေပါ။

ဆိုင်ရှင်လူငယ်က ကျနော် စားနေတဲ့ စားပွဲဖက် လျှောက်လာတယ်။ ပျူဌါစွာ နှုတ်ဆက်ရင်း ခုံလွတ်တခုမှာ ထိုင်လာပါ တယ်။ ဘာလိုသေးလဲ အကြည့်နဲ့ စားပွဲပေါ်ကို ခြုံကြည့်နေတယ်။
.
“အခုန ... ခင်ဗျား လုပ်လိုက်တဲ့ မြင်ကွင်းက သိပ်လှတယ်ဗျာ”

ကျနော်က လေးစားတဲ့အကြည့်နဲ့ သူ့ကို ကြည့်ရင်း စကား စလိုက်ပါတယ်။

“ဒီလိုပါပဲဗျာ။ ကိုယ့်မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်နေချိန်မှာ တတ်နိုင်တဲ့ဖက်က ကူညီတာပါ။ ဒီလူက ဒီဆိုင်စတင်ပြီး ဖွင့်ကတည်းက အပတ်စဉ် လာစားနေကြပါ။ စီးပွားရေးက မကောင်း၊ အလုပ်က အဆင်မပြေချိန်မှာ မစားနိုင်တော့တဲ့ အကြောင်း ရင်ဖွင့်တော့ ကျနော်အနေနဲ့ မိတ်ဆွေကောင်း ပီသသင့်တယ်။ သူ့ကို ကိုယ်နိုင်တဲ့ဖက်က ကူညီသင့်တယ်။ ဒါကြောင့်မို့ ပိုက်ဆံမပေးနဲ့၊ ပုံမှန်စားနေကြအတိုင်း အလကားလာစားပါလို့ ဖိတ်ခေါ်ရတာပါဗျာ”

ဆိုင်ရှင်မြန်မာလူငယ်ဟာ စီးပွားရေးသမားတဦးဖြစ်သော်လည်း ငွေတခုတည်းကိုသာ ကြည့်နေသူ မဟုတ်ပါ။ အခုလို လုပ်လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ လူသားဆန်သော၊ လူပီသသော စာနာမှု၊ ကြင်နာမှုတွေ အခိုင်အမာရှိနေကြောင်း အ လုပ်နဲ့ သက်သေပြုလိုက်တာဖြစ်ပါတယ်။

“ခင်ဗျားကို ကျုပ်လေးစားတယ်ဗျာ” လို့ စကားဖြင့် ကျနော် ဂုဏ်ပြုလိုက်ပါတယ်။

ဒီဆိုင်လေးနာမည်က Yamakawa တဲ့။ လော့စ်အိန်ဂျလိစ် ဧရိယာမှာ လူချမ်းသာတွေနေတဲ့ရပ်ကွက်လို့ လူပြောများတဲ့ Arcadia မြို့ကမှာ ဖွင့်ထားတာဖြစ်ပါတယ်။ ဆိုင်မှာ စားပွဲထိုးတွေက ကျောင်းလာတက်နေတဲ့ ဂျပန်လူငယ်တွေပါ။ ဆိုင် ရှင်များကိုယ်တိုင်လည်း ဂျပန်စကားကို ကျွမ်းကျင်လှပစွာ ပြောဆိုတတ်သူတွေပါ။

လူသားချင်း စာနာတတ်သူ၊ စိတ်စေတနာကောင်းသူတွေဟာ တနေ့သောအခါမှာ အောင်မြင်မှုကို ဧကန်မုချ ရမှာဖြစ် ကြောင်း ယုံကြည်ပါတယ်။ စီးပွားရေးတွေ တိုးတက်ပါစေ။ လူသားအားလုံးလည်း ဒီအခက်အခဲတောင်ကို အမြန်ကျော် လွှားနိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်။

လူသားအာလုံး သောက ကင်းပျောက်၍ နှင်းရည်ပေါက်သို့ ငြိမ်းချမ်းပါစေ

ကိုသက်

Read more...

Monday, February 16, 2009

Queen Mary ၀န်းကျင်က ဓာတ်ပုံများ

.















Read more...

Long Beach ကမ်းခြေက Queen Mary

..................................................................................................................

.
ဒီရက်ပိုင်းအတွင်း Queen Mary သင်္ဘောကြီးဆီ အလည်ရောက်ခဲ့တယ်။ သင်္ဘောကြီးက ခန့်ခန့်ငြားငြား ပင်လ ယ်ကမ်းခြေမှာ တည်ရှိတယ်။ တောင်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ လောစ့်အိန်ဂျလိစ်မှာ ရှိပါတယ်။ အတိအ ကျ ပြောရရင်တော့ City of Long Beach မှာဖြစ်ပါတယ်။ သင်္ဘောကြီးပေါ်တက်ကြည့်ဖို့ ၀င်ကြေးက တယော က်ကို $ 25 ဒေါ်လာ ပေးရတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့နေရာတခုပါ။

သဘောင်္ကြီးဘေးနားမှာ ရုရှားက ရေးငုပ်သင်္ဘောတစီး ရပ်ထားတယ်။ ပြတိုက်တခုအနေနဲ့ ပြထားတာပါ။ သူလဲ ပဲ ၀င်ကြေးပေးရတယ်။ အထဲမှာတော့ ကျဉ်းကျဉ်းကြပ်ကြပ်၊ လူများရင် တိုးတိုးခွေ့ခွေ့ ၀င်ရမယ့်သဘောရှိပါတ ယ်။ ရေငုပ်သင်္ဘောဆိုတော့ အထဲမှာ ဘယ်ကျယ်လိမ့်မလဲ။ ဒီရေငုပ်သင်္ဘောက ကြာပါပြီ။ မျက်မှောက်ကာလရှိ ရေငုပ်သင်္ဘောတွေဆို ဒီထက်ကောင်းမှာပေါ့လေ။ လူပေါင်းရာနဲ့ချီပြီး နေလို့ရအောင် အထဲမှာကျယ်တယ်လို့ ကြားခဲ့ဖူးတယ်။ သင်္ဘောမှာ Russian Scorpion 540 လို့ စာတန်းလေးထိုးထားတယ်။
.
ရေငုပ်သင်္ဘောနားမှာ ခရီးသည်တင် မော်တော်ဘုတ်တွေ ရပ်ထားတယ်။ မေးကြည့်တော့ အဲဒီမော်တော်ဘုတ် လေးတွေနဲ့ Catalina Island ကို တနေ့ခရီးအလည်သွားကြတာတဲ့။ မနက်သွား ညနေပြန်။ ဟိုရောက်ရင် ကျွန်း ပေါ်မှာ လိုက်လည်ကြ၊ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြ၊ ပျော်ကြပါးကြနဲ့ ညနေ နေစောင်းတော့ ပြန်လာလို့ရတဲ့ စိတ်ဝင်စားစရာခရီးဖြစ်ပါတယ်။ ကျနော်တော့ မရောက်ဖူးသေးဘူး။ ရောက်ဖူးတဲ့သူတွေ ပြန်လည်ဖောက်သည် ချလို့ တဆင့်ပြန်ပြီး ဖောက်သည်ချတာပါ။ တနေ့နေ့တော့ ရောက်အောင်သွားရမယ့် ခရီးပါ။

Queen Mary သင်္ဘောကြီးပေါ်မှာ အထပ်တွေ အတော်များသလို အထပ်တိုင်းမှာလည်း အခန်းတွေက များစွာဖြ စ်ပါတယ်။ တချိန်က အမေရိကနဲ့ ဥရောပ အသွားအပြန်ပြေးဆွဲတဲ့ ခရီးသည်တင်သင်္ဘောကြီးပင်ဖြစ်ပါတယ်။ ဒု တိယကမ္ဘာစစ်ကြီး စစ်မီးတောက်နေချိန်မှာ Queen Mary ကတော့ ပုံမှန်ပြေးဆွဲနေပါတယ်။ စစ်ကိုလည်းကြုံခဲ့ ဖူးသလို မုန်တိုင်းဒဏ်ကိုလည်း ခံခဲ့ဖူးတဲ့ သမိုင်းဝင်သင်္ဘောကြီးပါ။ အခုတော့ ဟိုတယ်နဲ့ ပြတိုက်ဖြစ်နေပါပြီ။ တ ခါတရံ ရုပ်ရှင်ရိုက်ကွင်းတချို့အတွက် သင်္ဘောကြီးကို အသုံးပြုနေတာ တွေ့ရပါတယ်။

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ နာမည်ကြီး ၀တ္ထုတပုဒ်ဖြစ်တဲ့ “လွမ်းတေးမဆုံးစေနှင့် စောသခင်” ဇာတ်လမ်းရဲ့ အဓိကအခန်းအတော်များများဟာ ဒီသင်္ဘောကြီးပေါ်မှာဖြစ်ပါတယ်။ တကယ်ပဲ လွမ်းတေးမဆုံးနိုင်အောင် လွမ်း စရာကောင်းတဲ့ သင်္ဘောကြီးဖြစ်ပါတယ်။ သူရဲ့ခြောက်တယ်လို့လည်း လူပြောများတယ်။ သူရဲအခြောက်ခံသူတွေ ဒီမှာ တကူးတက လာတည်းခိုကြပါတယ်။ စာဖတ်သူလဲ သူရဲအခြောက်ခံချင်ရင် အဲဒီမှာ တည်းခိုကြည့်ပါ။ တက ယ်ဟုတ်၊ မဟုတ် သိရမှာပါ။

သူငယ်ချင်းကို လိုက်ပို့ရင်း ရေလှိုင်းပြာပြာတွေထဲ တရွေ့ရွေ့မျောပါနေတဲ့ ရွက်လှေငယ်လေးတစင်းကို လှပစွာ သော ပန်းချီကားလေးတချပ်ပမာ ဓာတ်ပုံရိုက်ယူခဲ့တယ်။ သင်္ဘောပေါ်က မြင်ရတဲ့ မြင်ကွင်းအားလုံးဟာ ပန်းချီ ကားပမာ သာယာလှပနေတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇာတ်ကောင်များဖြစ်တဲ့ ကိုစောနောင်၊ စောစန္ဒာနဲ့ စပ်ခွ န်ဖတို့ရဲ့ လွမ်းမောဖွယ်ရာ အရိပ်တွေက ထင်နေတုန်းပါပဲ။ စာရေးဆရာက စိတ်ကူးယဉ်ဖန်တီးခဲ့မှန်းသိသော်လဲ သူ့ရဲ့စာပေအတတ်ပညာက ဒီနေရာသို့ရောက်တိုင်း လွမ်းနေရဆဲ ဖမ်းစားနေဆဲပဲလေ။

ကျနော်နဲ့အတူ ဒီနေရာလေးသို့ အလည်ရောက်ခဲ့ဖူးသူတွေ စားရင်းကို ပြောပါဆိုရင်လည်း အတော်များနေပါပြီ။ ဆရာကြီးဦးတင်မိုး၊ တိပိဋကဆရာတော်နဲ့ သံဃာတော်များ၊ နုနုရည်(အင်းဝ)နဲ့ အခြား အခြား မိတ်ဆွေများစွာရှိပါ သေးတယ်။ ဒီနေရာသို့ ပို့ရခြင်းရဲ့ ရည်ရွယ်ချက်က ပင်လယ်ရေကို တ၀ရှူနိုင်တယ်။ လှပတဲ့ရှုခင်းတွေကို လော စရာမလိုဘဲ ကြည့်ခွင့်ရှိတယ်။ သင်္ဘောပေါ်မှာ ပင်လယ်ပြင်ရှုခင်းနဲ့ ထမင်းစားလို့ရသေးတယ်။ ၀င်ကြေးအနေနဲ့ သက်သာတယ်စတဲ့ အကြောင်းတွေက အဆင်ပြေလို့ပါ။

စာဖတ်သူ အဆင်ပြေရင် သွားလည်လိုက်ပါအုံး။ မဖြစ်မနေ ကင်မရာလေးတလုံးလည်း ယူသွားပေါ့။ တိုင်တန်း နစ်ရုပ်ရှင်ထဲကလို သင်္ဘောဦးမှာ လက်နှစ်ဖက်ဆန့်တန်းပြီး ဓာတ်ပုံရိုက်လို့လည်း ရပါတယ်။ အတုယူရိုက်နေသူ စုံတွဲတွေလည်း မြင်နေရတယ်။ အလည်တခေါက် သွားသင့်တဲ့နေရာတခုပါ။

ကိုသက်

Read more...

Saturday, February 7, 2009

တ၀မ်းတခါး လှုပ်ရှားနေတဲ့ မြန်မာများ

.
.

.
.
မကြာသေးမီက ကျနော့်မိတ်ဆွေတွေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ အလည်တခေါက် ရောက်ခဲ့တယ်။ သူတို့နဲ့အ တူ ခံစားချက်တွေ၊ အတွေ့အကြုံသစ်တွေ၊ မှတ်တမ်းတွေ များစွာ ပါခဲ့တယ်။
.
မြန်မာနိုင်ငံနယ်စပ်နားကမြို့လေးတမြို့မှာ မြန်မာများစွာနဲ့တွေ့ခွင့်ရခဲ့တယ်။ ဘ၀မျိုးစုံတဲ့ ကိုယ့်လူမျိုးတွေရဲ့ဘ၀ အခြေအနေတွေကို သိရတော့ သူတို့ စိတ်မကောင်းကြဘူးလေ။ ခရီးအမှတ်တရအဖြစ် ဓာတ်ပုံလေးတွေထဲက ဖော်ပြထားတဲ့ဓာတ်ပုံလေး တွေကို ရွေးထုတ်လိုက်တယ်။ သူတို့အကြောင်းက စိတ်ဝင်စားစရာပါ။
.
မြန်မာနိုင်ငံ၊ မြ၀တီကနေ တဖက်နိုင်ငံ၊ မဲဆောက်မြို့သို့ ကျနော်တို့လူမျိုးတွေ နေ့စဉ်အလုပ် လာလုပ်ကြတယ်။ ကမ်းကို ကျော်ဖြတ်တဲ့အခါ တရားဝင်လမ်းနဲ့ တရားမ၀င်တဲ့လမ်းရယ်လို့ အများသုံးနေကြလမ်းက နှစ်ခုရှိနေပါ တယ်။ တရားဝင်လမ်းကနေ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်ဝင်လုပ်သူဟာ တနေ့တာဖြတ်ကူးခွင့်ကို ၀ယ်ယူရပါ တယ်။ ညနေမှာ ပြန်ထွက်ပေးရပါတယ်။ နေခွင့်ရတဲ့အချိန်က တိုတိုလေးပေါ့။
.
တရားမ၀င်တဲ့လမ်းက လာတဲ့သူတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ကြိုက်သလောက် နေလို့ရတယ်။ ထိုင်းရဲဖမ်းတဲ့ အခါမှာ ဖြေရှင်းရတာပေါ့လေ။ ဒါလေးပဲကွာတယ်။ အခြေအနေက ပိုကောင်းပါတယ်။ ကူးတဲ့ကုန်ကျစားရိတ် ကာမိတယ်လို့ ဆိုလိုတာပါ။ နေ့စဉ် ကမ်းကိုဖြတ်ကူးခ သက်သာတာပေါ့။
.
ဘယ်လမ်းကပဲဖြတ်ဖြတ် မြန်မာငွေ ၃၀၀ ကျပ်ကို စစ်တပ်ကို ပေးရပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံသား တွေဖြတ်တဲ့လမ်းက တရားမ၀င်တဲ့လမ်းဖြစ်ပါတယ်။ ဓာတ်ပုံထဲက လေထိုးထားတဲ့ဘောကြီးတွေစီးပြီး တဖက် နိုင်ငံအတွင်းသို့ ဖြတ်ဝင်ကာ အလုပ် လုပ်ရပါတယ်။ မြ၀တီနဲ့ မဲဆောက်၊ နှစ်မြို့ကို ခြားထားတဲ့ သောင်ရင်းမြစ် ကလေးကို အခုလိုပဲ ရေပေါ်ဘောတွေနဲ့ ဖြတ်ကူးရပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ မအိပ်ချင်သူများကတော့ မနက် သွား ညနေပြန်ပေါ့။ ဒါက နယ်စပ်မှာနေတဲ့ ကျနော်တို့မြန်မာတွေရဲ့ နေ့စဉ်ဘ၀ဖြစ်ပါတယ်။
.
ဟိုဘက်ကမ်းမှာ ပန်းရံလုပ်၊ စက်ချုပ်၊ ပစ္စည်းသယ် စတဲ့အလုပ်တွေက အသက်ရှင်ရေးအတွက် ရပ်တည်လုပ်ကို င်နေရတဲ့အလုပ်တွေပါ။ တရက်လုပ်အားခက တထောင်ကျပ် (တဒေါ်လာ)ပဲဆိုတော့ သိပ်တော့ အဆင်မပြေပါ ဘူး။ ဒါကိုမျှ မလုပ်ဘူးဆိုရင်လည်း ရွေးစရာအလုပ်က မရှိပြန်ဘူးလေ။ ဒီအပူတွေကို ဘယ်သူတွေ မျှဝေယူနိုင် မလဲ။ တာဝန်ယူမဲ့သူ မရှိပါဘူး။ အမျိုးသားရေးမို့ ကျနော်တို့တွေ အားလုံးပဲ ၀ိုင်းလုပ်မှ ရမှာဖြစ်ပါတယ်။
.
.
တဖက်နိုင်ငံမှာ ၀မ်းစာရေးအတွက် စက်ချုပ်နေတဲ့မြန်မာတွေပါ။ တဖက်နိုင်ငံအတွင်းသို့ နံနက်စောစော လာရ ပါတယ်။ အလုပ်က နံနက် ၈-နာရီမှာ စတင်ဖွင့်တယ်။ ညနေ ၅-နာရီမှာ အလုပ်သိမ်းတယ်။ ဒီတော့မှ တဒေါ်လါ နဲ့ညီမျှတဲ့ တရက်လုပ်အားခလေးနဲ့ အိမ်ပြန်ရတယ်လေ။ တချို့ကတော့ မပြန်တော့ဘဲ အလုပ်နားမှာ စုပေါင်းငှါး ရမ်းပြီး အဆင်ပြေအောင် နေလိုက်ကြတယ်။ တချို့ကို အလုပ်ရှင်က နေစရာပါ ငှါးပေးထားတယ်။
.
ဒီမိုကရေစီရလို့ တိုင်းပြည်လွတ်လပ်လာရင် ပြည်သူလူထုတွေအတွက် စားဝတ်နေရေးမျှော်မှန်းချက်တွေကို အ ရေးတကြီး ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒီအပူတွေကို လူထုကိုယ်စား တက်လာတဲ့ ဒီမိုကရေစီအစိုးရက တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကျနော်တို့လူထုဟာ စားဖို့ နေဖို့ ရှင်သန်ဖို့အဆင်ပြေရင် လုံလောံပါ ပြီဗျာ။ ဘယ်နိုင်ငံရေးကိုမှ သူတို့တွေ စိတ်မ၀င်စားပါဘူး။
.
မြန်မာပြည်သူပြည်သားအပေါင်း စားဝတ်နေရေး အသက်ရှင်သန်ရပ်တည်ရေး စတာတွေ အဆင်ပြေပါစေလို့ ကျနော် ဆုတောင်းလျက်ပါ။
.
.
ကိုသက်

Read more...

Wednesday, February 4, 2009

ကျနော်သိသော ပါမောက္ခ ဒေါက်တာဦးကျော်ဝင်း

.

.
အန်ကယ်လ်ချိုလို့ ရင်းရင်းနှီးနှီးခေါ်နေကြဖြစ်တဲ့ ဒေါက်တာဦးကျော်ဝင်းကို ခင်မင်သိကျွမ်းခဲ့တာ ကြာပါပြီ။ လွန် ခဲ့သော ဆယ်နှစ်ရဲ့ ဟိုမှာဘက်မှာကတည်းက စတင်သိခဲ့ကြတာပါ။ သဘောကောင်းတဲ့ ကျောင်းဆရာတဦးဆို တာ အပေါ်ယံ သိနှင့်ထားတဲ့အချက်ပါ။
.
နောက်ပိုင်းမှာ သိခွင့်ရလို့ သိလာရတဲ့အချိန်မှာ သူသည် ကျနော်တို့တိုင်းပြည်အတွက် လေးစားအပ်တဲ့ပုဂ္ဂိုလ်တ ဦးဖြစ်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖန် ဖေဖော်ဝါရီလ (၅) ရက်နေ့ဟာ ဒေါက်တာဦးကျော်ဝင်းရဲ့ ၇၅- နှစ်မြောက်မွေးနေ့မို့ ဆရာ့အကြောင်း သောင်းပြောင်ထွေလာ မှတ်သားစရာလေးတွေကို မွေးနေ့အမှတ်တရအ ဖြစ် အကျဉ်းမျှ တင်ပြလိုက်ပါတယ်။
.
ဒေါက်တာဦးကျော်ဝင်းကို ရန်ကုန်တိုင်း သုံးခွမြို့မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ငယ်စဉ်က စိန်ပေါလ်ကျောင်းမှာ ပညာသင်ယူခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်ဆိုသော်လည်း သူသည် တရားထိုင်းခြင်း ကိစ္စ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးကိစ္စတွေကို အခြားမြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ နဲ့ အေးတူပူအမျှ ဆောင်ရွက်ကြတဲ့အထဲမှာ ပါဝင်သူတဦးပါ။ ထိုမှတဆင့် အိန္ဒိယနိုင်ငံမှာ ပညာဆက်လက်သင် ကြားခဲ့ပါတယ်။ ၁၉၅၂-ခုနှစ်မှာ ရန်ကုန်နဲ့ ဘန်ကောက်တို့မှတဆင့် ဟောင်ကောင်နိုင်ငံသို့ လေယာဉ်နဲ့ ထွက် ခွာခဲ့ပြီး ဟောင်ကောင်မှတဆင့် အမေရိကန်နိုင်ငံ၊ ဟိုနိုနိုလူလူသို့ သင်္ဘောဖြင့် ပညာသင်ကြားရန် ထွက်ခွာခဲ့ပါ တယ်။ လေယာဉ်ထက်စာရင် သင်္ဘောက အဆင်ပြေသည်မို့ သင်္ဘောစီးရတဲ့ခေတ်ပါ။
.
၁၉၅၅-တွင် အာရီဇိုးနားပြည်နယ်၊ ပြည်နယ်တက္ကသိုလ်က သိပ္ပံဘွဲ့ကို စတင်ရရှိပြီး ၁၉၅၉-တွင် MA ဘွဲ့ကို ၀ါ ရှင်တန်၊ အမေရိကန်တက္ကသိုလ်မှ ရရှိခဲ့ပါတယ်။ MED ဘွဲ့နဲ့ PhD ဘွဲ့တို့ကို ကာလီဖိုးနီးယားပြည်နယ်၊ USC တက္ကသိုလ်တွင် အောင်မြင်ရရှိခဲ့ပါတယ်။ ကျောင်းဆရာ၊ ပါမောက္ခအဖြစ်နဲ့ တက္ကသိုလ်များတွင် လှည့်လည်တာ ၀န်ထမ်းဆောင်ခဲ့ပါတယ်။ အမေရိကမှတဆင့် မြန်မာပြည်ပြန်၍ ကျောင်းဆရာ လုပ်ခဲ့ပါသေးတယ်။
.
၁၉၆၉၊ ၇၀၊ ၇၁ ခုနှစ်များတွင် ပြည်ပတွင် ရောက်ရှိနေသော ဦးနုအဖွဲ့၏ မြန်မာပြည်ရေးလှုပ်ရှားမှုများတွင် သူ တတ်နိုင်သည့်တာဝန် ယူကာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၅-တွင် အမေရိကန်အစိုးရက Bell 208 အမျိုးအစား ဟယ်ရီကော်ပတာ ၁၈-စီးကို ဘိန်းနှိမ်နင်းရန်အတွက် ရည်ရွယ်၍ ဦးနေ၀င်းအစိုးရထံ ပေးကမ်းခဲ့ပါတယ်။ စစ် တိုက်ရန်အတွက် လုံးဝမဟုတ်ပါ။ သို့သော်လည်း ဦးနေ၀င်းအစိုးရသည် အဆိုပါ ဟယ်ရီကော်ပတာများကို အ သုံးပြုပြီး တိုင်းရင်းသားသူပုန်များကို နှိမ်နင်းခဲ့ပါတယ်။ ထိုအကြောင်းကို တာဝန်သိတဲ့မြန်မာတဦးဖြစ်တဲ့ ဒေါက် တာ ဦးကျော်ဝင်းဟာ အိမ်ဖြူတော်နဲ့ လွှတ်တော်ရှေ့သို့ ကိုယ်တိုင်သွားရောက်ကာ သူငယ်ချင်းများနဲ့အတူ အာ ဏာရှင် မဆလအစိုးရအား ကန့်ကွက်ကြောင်း၊ မြန်မာအစိုးရအား ထောက်ပံ့မှုမှန်သမျှကို ရပ်ဆိုင်းထားပါရန်အ ကြောင်းများပြကာ ဆန္ဒပြခဲ့ကြပါတယ်။
.
ထိုထိုသို့သော အကြောင်းများကြောင့် မိဘကွယ်လွန်တဲ့ နာရေးကိစ္စများနဲ့ မြန်မာနိုင်ငံသို့ ပြန်ဖို့ကြိုးစားတဲ့ ဆရာ ဦးကျော်ဝင်းအား မြန်မာအာဏာရှင်ကြီး ဦးနေ၀င်းက ဗီဇာထုတ်မပေးခဲ့ပါ။ နိုင်ငံခြားသူဖြစ်တဲ့ မိန်းမနဲ့ ကလေးက သူ့ကိုယ်စား မြန်မာပြည်ပြန်တာကိုလည်း ရန်ကုန်လေဆိပ် လေယာဉ်ပျံပေါ်က ဆင်းခွင့်မပေးဘဲ ပိတ်ထားပါတယ်။ နိုင်ငံခြားသားများကို လေယာဉ်ပေါ်မှာ ပိတ်ထားမှုနဲ့ သံရုံးအချင်းချင်း သံတမန်ဆိုင်ရာနဲ့ ပြောကြတော့မှ ဆင်းခွင့်ရကာ အသုဘအခမ်းအနားသို့ ဆရာဦးကျော်ဝင်းမိသားစု သွားနိုင်ခဲ့ပါတယ်။ အခက်အ ခဲကြားမှာ မိသားစုက ဓားစာခံဖြစ်ရတာ အကြိမ်ပေါင်းမနည်းတော့ပါ။
.
တက္ကသိုလ်မှာ ကျောင်းဆရာလုပ်ရင်းနဲ့ ၁၉၇၃-ခုနှစ်တွင် Burma Association, LA ကို မြန်မာများစုစည်းကာ စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအသင်းမှတဆင့် The Burma Bulletin ကို သုံးလတကြိမ် အင်္ဂလိပ်ဘာသာဖြ င့် ထုတ်ဝေခဲ့ပါတယ်။ ၀န်ကြီးချုပ်ဦးနုရေးတဲ့ တာတေ စနေသား စာအုပ်ကို ဦးလောယုံက ဘာသာပြန်ပြီး ဆရာ ဦးကျော်ဝင်းက အယ်ဒီတာ လုပ်ပေးခဲ့ပါတယ် (၁၉၇၄)။
.
မြန်မာပြည်အရေးကို စိတ်ဝင်စားသူမို့ ၁၉၈၃-ခုနှစ်၊ သြဂုတ်လတွင် မြန်မာထိုင်းနယ်စပ်သို့ သွားရောက်ခဲ့ပါတ ယ်။ ကေအင်ယူအဖွဲ့နဲ့ စတင်တွေ့ဆုံဖို့ ကြိုးစားရာ အဆက်အသွယ်မရလို့ အခက်အခဲ့ဖြစ်ခဲ့ရတယ်။ အဆက်အ သွယ်ဆိုတာ ယုံကြည်လောက်တဲ့ အထောက်အထား၊ ထောက်ခံပေးမည့်သူ မရှိတဲ့အတွက်ဖြစ်ပါတယ်။ သို့အ တွက် ရင်းနှီးတဲ့မိတ်ဆွေများဖြစ်တဲ့ စောဘဦးကြီးသမီးများနဲ့ဆက်သွယ်ကာ ကေအင်ယူနဲ့ အဆက်အသွယ်ရခဲ့ ပါတယ်။ ဗိုလ်မှူးစိုးစိုးအိမ်မှာ ပထမဦးဆုံး ကေအင်ယူနဲ့ စဆင်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
.
ဗိုလ်မြနဲ့ ပထမဆုံးတွေ့ချိန်မှာ ဘာသာပြန်နဲ့စကားပြောရပါတယ်။ ဒီတုန်းက ဗိုလ်မြဟာ ဦးကျော်ဝင်းနဲ့ စကား ပြောတဲ့အခါ မြန်မာလိုမတတ်လို့ ဘာသာပြန်နဲ့ပြောခဲ့တာလို့ ထင်ခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်မြ မြန်စကားကို ကောင်းတတ်ကြောင်း သိလာရတယ်။ “ဗမာလက်အောက်မှာ ကျွန်မခံချင်ဘူး”လို့ ပြောလာတဲ့ ဗိုလ်မြရဲ့ခံစားချ က်များကိုလည်း အမှတ်တရပြောပြပါတယ်။ ရင်းနှီးသွားတဲ့အခါ ဗိုလ်မြကိုယ်တိုင် မဲသဝေါက လာစောင့်ကြိုပြီး မာနပလောသို့ အလည်ခေါ်ခဲ့ပါတယ်။ နှစ်စဉ်လိုလို ဆရာဦးကျော်ဝင်းနဲ့ မိသားစုဟာ နယ်စပ်ဒေသသို့ အလည် ရောက်တယ်။ ဆေးပစ္စည်းများပေးကမ်းခြင်းဖြင့် အကူအညီပေးခဲ့ပါတယ်။
.
ကရင်နဲ့ပတ်သက်လို့ ဆရာဦးကျော်ဝင်းကိုယ်တိုင် အဖေဗမာ၊ အမေကရင်ဖြစ်ပါတယ်။ အင်္ဂလိပ်စစ်မှုထမ်းဖြစ် တဲ့ စောကြာဒိုးဟာ ဆရာနဲ့သိပ်ရင်းနှီးပြီး စမစ်ဒွန်းဟာ ဆရာ့မိခင်ဖက်က အမျိုးတော်သူဖြစ်ပါတယ်။ စမစ်ဒွန်းနဲ့ တွေ့တဲ့အခါ “မင်းနာမည်ကရင်လိုခေါ်ရင် မန်းကျော်ဝင်း၊ စောကျော်ဝင်း မဟုတ်ဘူး။ တို့အမျိုးက မန်းအမျိုးကွ” တဲ့ ပြောကြောင်း ရှင်းပြပါတယ်။
.
၁၉၇၀ မှာ Amnesty International မှာ စာရေးခြင်းဖြင့် မြန်မာ့အရေးကို ကူညီပံ့ပိုးခဲ့ပါတယ်။ အထူးသဖြင့် မ တရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူများကို အမြန်လွှတ်ပေးဖို့ပင်ဖြစ်ပါတယ်။
.
၁၉၈၅-တွင် CRDB ကို စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်စဉ်က ဆရာဦးကျော်ဝင်း၊ ဦးရဲကျော်သူ၊ ဦးတင်မောင်ဝင်း တို့သုံးယောက်မျှသာ ရှိပါတယ်။ မြန်မာ့အရေးကို တတ်နိုင်သလောက်ဆောင်ရွက်ခဲ့တဲ့အဖွဲ့ ပင်ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါက်တာအောင်ခင်နဲ့ မိတ်ဆွေများက ဆက်လက်ဆောင်ရွက်နေပါတယ်။
.
၁၉၉၁-ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပပြုလုပ်တဲ့ နိုဘယ်လ်ဆုပေးပွဲမှာ ဆရာဦးကျောင်ဝင်းနဲ့အတူ မိသားစုဝင်များ၊ မိတ်ဆွေများဟာ တက်ရောက်အားပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။
.
၁၉၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂-ရက်မှာ Beyond Rangoon ရုပ်ရှင်ကားကို စတင်ရိုက်ကူးရေးမှာ လက်ထောံ ဒါရိုက်တာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇာတ်ကားအတွက် ရိုက်ကွင်းစက်တင်များကို ပြုလုပ်ချိန်မှာ စေတီပုထိုးများကို ပြုလုပ်ရတဲ့အတွက် မလေးနိုင်ငံကို မူဆလင်ပျက်အောင် လုပ်နေတာဖြစ်ကြောင်း သတင်းစာ က ရေးသားမှုများကိုလည်း ပြန်လည်ရှင်းပြပါတယ်။ ဒီဇာတ်ကားထဲမှာ ဗုဒ္ဓဘာသာရဟန်းတော်တပါးအဖြစ် ပါဝင်သရုပ်ဆောင်ပေးသော မလေးသား မူဆလင်လူငယ်တဦးကို တရပ်တည်းသားမူဆလင်များက ၀ိုင်းဝန်းရိုက်နှ က်ကြကြောင်း စတဲ့ ဘာသာရေးတဖက်စွန်းသူတို့အဖြစ်အပျက်များနဲ့လည်း တွေ့ကြုံခဲ့ရပါတယ်။
.
ယနေ့တိုင်လည်း မြန်မာနိုင်ငံအရေးအတွက် ဆက်လက်ဆောင်ရွက် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
.
ကျနော်ရေးတဲ့ ဆရာဦးကျော်ဝင်း အကြောင်းဟာ အကြမ်းမျှ၊ အကျဉ်းမျှပုံဖော်ပြခြင်းဖြစ်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအချက်တွေ အများကြီးကျန်နေပါသေးတယ်။ မွေးနေ့အမှတ်တရအဖြစ် တက်သုတ်ရိုက်ပြီး အကျဉ်း လေးကိုပဲ ဖော်ပြလိုက်တာဖြစ်ပါတယ်။
.
.
ဆရာ့မွေးနေ့ပွဲမှာ တက်ရောက်လာသူအချို့ကို ဖော်ပြလိုက်ပါတယ်။ မွေးနေ့ရှင်နှင့် ကြွရောက်လာကြတဲ့မိတ်သ င်္ဂဟအားလုံး အသက်ရာကျော်ရှည်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အများအကျိုး တိုင်းပြည်အကျိုးများ ကို ပိုမိုဆောင်ရွက်အားထုတ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
.
.
ကိုသက်

Read more...

Sunday, February 1, 2009

ကာလီဖိုးနီးယားသို့ အလည်လာဖြစ်ခဲ့ရင်

...

....... ......
......
................
....
.................
....
.............
.
.
ဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၀၉) အနားမှာရှိတဲ့ မိတ်ဆွေတဦးရဲ့အိမ်သို့ အလည်ရောက်တယ်။ သူ့အိမ်ခြံဝင်း ထဲမှာ ရာသီပင်လေးတွေ စိုက်ပျိုးထားတယ်။ လိုအပ်တဲ့အခါ ချဉ်ပေါင်၊ သံပုရာ၊ ငရုတ်သီး စတာတွေကို ခြံထဲ က ခူးယူ စားသုံးနိုင်တယ်။ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ထားတာ။
.
ချဉ်ပေါင်က အေးတဲ့အခုလို ရာသီဆို တုန်းသွားပြီ။ ဒန့်သလွန်လည်း အတူတူပဲ အသီးတုန်းပြီး အပင်ကချောက် သွားတယ်။ ပွင့်လင်းရာသီရောက်မှ အပင်တွေက အတက်ပြန်ထွက်လာတယ်။ ချဉ်ပေါင်ကိုတော့ အစေ့ချ၊ ရေ လောင်းပြီး အသစ်ပြန်စိုက်ရပါတယ်။ ဒီလိုနဲ့ပဲ သူတို့အိမ်နောက်မှာ ရာသီပင်တွေက လန်းဆန်းလာပြန်တယ်။
.
ဒီမိတ်ဆွေတွေက တောင်ကြီးရှမ်းပြည်ကမို့ ရှမ်းခေါက်ဆွဲချက် အတော်ကောင်းတယ်။ သူတို့ရှမ်းခေါက်ဆွဲအ တွက် မုန်ညှင်းချဉ်က အိမ်ခြံထဲမှာပေါက်တဲ့ မုန်ညှင်းပင်ကို အချဉ်ဖောက်ထားတာ ပြောတယ်။ အိမ်မှာဖြစ်တဲ့ မုန်ညှင်းမို့ ဆိုင်ကရောင်းတာထက် ပိုအရသာရှိတယ် ထင်ရတယ်။ ရှမ်းခေါက်ဆွဲကို ကျနော်စားဖူးတာအသုတ် တမျိုးတည်းပဲ။ အခုဒီမှာ ရှမ်းခေါက်ဆွဲကို အရည်နဲ့ပါ စားလို့ရအောင် လုပ်ပေးထားတယ်။ ကျန်းမာရေးလိုက် သူတွေအတွက် အဆင်ပြေတယ်။ အရသာက အတူတူပါပဲ။ အိမ်လုပ်ရှမ်းခေါက်ဆွဲမှာ သုံးတဲ့ပစ္စည်းတွေထဲမှာ အတော်များများဟာ ခြံထွက် အသီးအရွက်တွေများတယ်။
.
သူတို့ခြံထဲမှာ ထူးခြားတာရှိတယ်။ အဲဒါက သစ်ခွမျိုးပေါင်း ရာကျော်အောင် စိုက်ထားခြင်းပဲဖြစ်ပါတယ်။ တချို့ က စင်ပေါ် စင်အောက်မှာ ပန်းအိုးလေးတွေနဲ့၊ တချို့ကို ခြင်းတောင်းအသေးလေးတွေနဲ့ တွဲလောင်းကျနေတာ မြင်နေရတယ်။ ခြံစည်းရိုးကာထားတဲ့ သစ်သားပြားတွေပေါ်မှာလည်း အပြည့်ပါပဲ။ ပန်းပင်တွေအပေါ်မှာ အဖြူ နဲ့အနက်ရောင် ရေပိုက်လေးတွေ မြင်နေရတယ်။ Redondo Beach က အိမ်မှာလည်း စိုက်ထားတာ ဒီအိမ်မှာ ထက်များတယ်လို့ သိရတယ်။ သစ်ခွတောလို့ ပြောလို့ရတယ်။
.
တချိ့သစ်ခွပန်းက မကြားဖူးတဲ့ နာမည်တွေနဲ့။ မျိုးစပ်ထားတာ မျိုးပွားထားတာတွေနဲ့ မျိုးဆက်သစ်၊ မျိုးဆက် ဟောင်းတွေရှိသေးကြောင်း သိရသေးတယ်။ နှစ်မျိုးပေါင်းပြီးဖြစ်လာတဲ့ သစ်ခွပန်းမျိုးအမည်သစ်ကို အသစ်ထွင် ထားတဲ့ နာမည်သစ်တွေနဲ့ တွေ့ရတယ်။ သမိုင်းကြောင်းကို ဖတ်ကြည့်တော့ မိဘနာမည်တွေ ထိုးထားတာမြင်ရ ပါတယ်။ ဒီသစ်ခွပန်း ဆင်းသက်လာတာ မိဘတွေက ဘယ်သူဖြစ်ကြောင်း ဖော်ပြထားပြီး Last Name ကို နှစ် မျိုးပေါင်းယူထားတယ်။ သမိုင်းနောက်ခံနဲ့ သစ်ခွတွေ စနစ်တကျ လန်းဆန်းနေကြတယ်။
.
ခြံထဲက သစ်ခွပန်းပင်တွေကို အနားမှာရှိတဲ့ စိုက်ပျိုးရေးဥယျာဉ်ထဲ သွားရောင်းတာတွေ့ရတယ်။ သူတို့ကလည်း လိုချင်သူ မှာလာရင် အကြောင်းကြားတယ်တဲ့။ ရင်းထားသူအနေနဲ့လဲ ရေဖိုး၊ မြေဆွေးဖိုး၊ ပစ္စည်းကိရိယာဖိုး၊ အပင်ဖိုး စတာတွေ ဈေးမသေးလှဘူး။ ရင်းနှီးထားတာ ဒေါ်လာသိန်းကျော်နေပြီတဲ့။
.
ရောက်တုန်းမှာ အပင်လေးတွေကို ကျနော်က ဓာတ်ပုံရိုက်တယ်။ ပိုင်ရှင်က ဒီဓာတ်ပုံလေးတွေ ကြည့်ပြီးတော့ အင်တာနက်မှာ ကြော်ငြာတင်မယ်ပြောတယ်။ အမြင်လှလှလေးတွေနဲ့ ဈေးကွက်ဝင်မှ မြင်သူတွေ စိတ်ဝင်စား မယ်။ လာကြည့်ချင်မယ်။ ၀ယ်ချင်လာလိမ့်မယ်လို့ တာဝန်ခံစိုက်နေတဲ့ အိမ်ရှင် Ray က ပြောလာပါတယ်။ သူ့ ရှမ်းနာမည်ကိုတော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ အင်္ဂလိပ်လိုပဲ အလွယ်ခေါ်တာများပါတယ်။
.
ရိုက်ပြီး အဆင်ပြေပြေ ထွက်လာတဲ့ သစ်ခွပန်းတချို့ရဲ့ဓာတ်ပုံကို တင်ပြလိုက်ပါတယ်။ ထို့အတူ ခြံထဲမှာ ပွင့်နေ တဲ့ အမည်မသိ ပန်းလှလှလေးတွေ၊ အသီးအနှံပင်တွေ စသည်များကိုလည်း ဓာတ်ပုံရိုက်တာမို့ စာရှုသူများ ကြ ည့်လို့ရအောင် တင်ပြလိုက်ပါတယ်။ ပင်လုံးကျွတ်မျှပွင့်နေတဲ့ ပန်းပင်ကြီးကတော့ လမ်းဘေးက ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ခြံထဲက မဟုတ်ပါဘူး။ အခုလိုဆောင်းဆို တချို့သစ်ပင်တွေက ပင်လုံးပြည့် ပွင့်နေတတ်တယ်။ ဒီအခါသမျှမှာ မြင်ရတဲ့ရှုခင်းကလဲ လှပသာမော လွမ်းမောစရာလေးပါ။
.
မပူလွန်း မအေးလွန်းတဲ့ ဒီရာသီဟာ ကာလီဖိုးနီးယားသို့ အလည်လာချင်သူတွေအတွက် အကောင်းဆုံးဖြစ်ပါ တယ်။ ပန်းမျိုးစုံပွင့်ဖူးလို့ ပတ်ဝန်းကျင်းက သာယာတယ်။ ဓာတ်ပုံတွေရိုက် မှတ်တမ်းတင်လို့လည်း ကောင်းပါ တယ်။ တခါတရံ မိုးရွာတတ်တယ်။ ဒါက အမြဲမဟုတ်လို့ သိပ်ကြောက်စရာ မလိုပါဘူး။
.
ဖော်ပြထားတဲ့ သစ်ခွနဲ့ ပန်းတွေကို ကြည့်ချင်တဲ့ဆန္ဒရှိရင် ကာလီဖိုးနီးယားသို့ ဒီရာသီမျိုးမှာ ရွေးပြီးလာပါလို့ အ ကြံပြုချင်ပါတယ်။ အားလုံးပျော်ပျော်ရွှင်ရွှင်ပေါ့ဗျာ ...။
.
ကိုသက်
.

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP