Sunday, August 31, 2008

မုန်တိုင်းချင်းတော့ မတူပါလေ

.
ဒီကနေ့မနက် (သြဂုတ် -၃၁၊ ၂၀၀၈) သတင်းက လေမုန်တိုင်းအကြောင်းကို ပြောနေတယ်။ တနာရီကို မိုင်နှုန်း ဘယ်လောက်နဲ့တိုက်မယ်။ ဘယ်အချိန်၊ ဘယ်နေ့မှာ မုန်တိုင်း စတင်မယ်။ ဘယ်နေရာကို မုန်တိုင်းဝင်မယ်ဆို တာတွေ အရေးတကြီး ထုတ်လွှင့်ပေးနေတယ်။ မုန်တိုင်းဝင်မဲ့သီတင်းကို ကြိုသိနေတယ်။ သိတဲ့အတိုင်းပဲ ပြည် သူလူထုထံမှောက်သို့ ပြင်ဆင်ခွင့် ရှောင်ရှားခွင့်တွေ ရအောင် ကြေငြာပေးနေတယ်။
.
မကြာသေးမီ ရက်ပိုင်းအတွင်းက ဟာရီကိန်းခေါ်တဲ့ ဒီမုန်တိုင်းဟာ ကျူဘားနိုင်ငံအတွင်းကို ၀င်သွားခဲ့တယ်။ လူ ပေါင်း (၈၀) အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးမဲ့အိမ်မဲ့တွေ အတော်များခဲ့တယ်။ ထိခိုက်ဒဏ်ရာရမှုတွေ များစွာရှိခဲ့ပါ တယ်။ ကယ်ဆယ်ရေးတွေ အချိန်မီ ရောက်သွားတယ်။ ဒုက္ခရောက်သူတွေကို ထိထိရောက်ရောက် ကူညီပေး နိုင်ခဲ့တယ်။ ကျူဘားနိုင်ငံတွင်း ၀င်ရောက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ အမေရိကန်နိုင်ငံတောင်ပိုင်း ပြည်နယ်များဆီသို့ ဦးလှည့်လာပြီဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောပြထားတယ်။
.
တောင်ပိုင်းပြည်နယ်တွေထဲက ဖလော်ရီဒါနဲ့ လူဝီစီယားနားပြည်နယ် တခုခုသို့ မုန်တိုင်းဝင်မှာဖြစ်ကြောင်း သိရ ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အမှတ်မထင် ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူဝီစီယားနားပြည်နယ်ထဲက နယူးအော်လန်ဆိုတဲ့ ရှေးဟောင်းမြို့လေး ရေအလွှမ်းခံခဲ့ရဖူးတယ်။ များစွာပျက်စီးခဲ့ဖူးတယ်။ သမ္မတရဲ့ပေါ့ရော့မှု အဖြစ် အပြစ်တင်ခံခဲ့ရတယ်။ အခုတဖန် ဒီမုန်တိုင်းပြန်လာပြန်တော့ ဒီနယ်မြေက ပြည်သူလူထုအားလုံး ပြောင်း ဖို့ကိုပဲ သမ္မတ ဘုရှ်က ကြိုတင်အကြံပြုခဲ့တယ်။ ဒေသအစွဲ နေရာအစွဲတွေကြောင့် မပြောင်းဘဲ အသေခံချင်သူ တွေကိုတောင် လက်မခံဘူး။ ပြောင်းဖို့ကိုပဲ အတင်းအကြပ် တိုက်တွန်းပြီး ဘေးလွတ်ရာကို ရွှေ့ပေးခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့အိမ်ကလေးတွေကို လွမ်းဆွတ်စွာနဲ့ သော့ခတ်၊ တံခါးပိတ်ပြီး ထွက်ခွာခဲ့ကြတယ်။
.
မနက်ဖန်က အမေရိကမှာ အလုပ်သမားနေ့၊ ပိတ်ရက်မှာ ပျော်ကြရမဲ့အစား အသက်ဘေးမို့ အားလုံးအပြေးအ လွှား ရှောင်ရှားခဲ့ကြတယ်။ ဒီနေ့တနေ့လုံး ကားတွေနဲ့ရွှေ့ပြောင်းနေတာ မပြီးသေးဘူးလေ။ မနက်ဖန်နံနက်စော စောမှာ အငိုက်ဖမ်းဝင်ရောက်လာမဲ့ မုန်တိုင်းကို အမီရှောင်ဖို့ လိုတယ် မဟုတ်လား။ မုန်တိုင်းတိုက်ခတ်နှုန်းက တနာရီကို မိုင် ၁၂၀ မှ ၁၈၀ အတွင်းတဲ့ဗျား။ နာဂစ်နဲ့တောင် သာသွားပြီ။ သဘာဝဘေးဒဏ်ဆိုတာ တော်လှန် လို့ မရစကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့လည်း အခုလိုကြိုတင်သိသူက ပြောထားရင် ကြိုတင်ရှောင်ခွင့်ရတာပေါ့။ အ သက်အန္တရာယ် ကင်းလွတ်ခွင့်ရတာပေါ့။ ဘယ်လောက်ကောင်းသလဲဗျာ။
.
အမေရိကန်ပြည်မှာ အစိုးရကိုယ်တိုင်က လူထုရဲ့ပြဿနာကို ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းပေးတယ်။ ကျန်းမာ ရေး၊ လူမှုရေး၊ အသက်ကယ်တင်ရေးတွေအတွက် အခုကတည်းက ပြင်ဆင်ထားကြပြီ။ လူထုတင်ထားတဲ့ပြည် နယ် အစိုးရ၊ လူထုတင်ထားတဲ့ နိုင်ငံတော်အစိုးရတွေဟာ လူထုဘက်က ထာဝရရပ်တည်ပေးဖို့အဆင်သင့်ပါပဲ။ လူအခွင့်အရေး အပြည့်ရှိတဲ့ တိုင်းပြည်ကလူတွေရဲ့ သာရေးနာရေးဟာ လူ့အခွင့်အရေးလုံးဝမရှိတဲ့ တိုင်းပြည်က လူတွေရဲ့ သာရေးနာရေးနဲ့ အလွန်ကွားခြားနေတယ်။ ဒီကွာခြားမှုတွေကို ဘယ်သူက ဖန်တီးတာလဲ။ ပြည်သူ တွေကပဲ ဖန်တီးထားတာဖြစ်ပါတယ်။ တိုင်းပြည်တိုင်းမှာ ပြည်သူလူထုဟာ သူ့တိုင်းပြည်ရဲ့ အရေးကိစ္စအားလုံး ကို သူတို့ကိုယ်တိုင်ပဲ ရင်ဆိုင်ဖန်တီးကြရပါတယ်။ ဒါက သဘာဝပါ။
.
မြန်မာပြည်က နာဂစ်၊ ဒါဟာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခုပါ။ မုန်တိုင်းရဲ့နောက်ကွယ်မှာ အသက်ပေါင်း များစွာ စတေးခံခဲ့ရတယ်။ လူပေါင်းများစွာ တိရိစ္ဆာန်တွေလို ရေပေါ်မှာ ပေါလောမျောပါပြီး ရင်နင့်ဖွယ် သေဆုံး ခဲ့ရတယ်။ ဒီမုန်တိုင်းဒဏ်တွေကြောင့် ဘ၀ပျောက်သွားကြတယ်။ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့မဲ့တွေ ဒုနဲ့ဒေးပေါ့။ စစ် အာဏာရှင်တွေက ဒါကို ဥပေက္ခာပြုခဲ့ကြတယ်။ ရေနစ်သူကို ပိုနစ်အောင် ၀ါးကူထိုးခဲ့ကြတယ်။ မြေနိမ့်ရာ လှံစို က်သဘောနဲ့ အားငယ်နိမ့်ကျသူတွေကို ပစ်ထားခြင်းဖြင့် အနိုင်ကျင့် အသေသတ်ရက်ခဲ့ကြတယ်။ နူရာဝဲစွဲတဲ့သ ဘောနဲ့ ဒုက္ခရောက်သူတွေရဲ့ ထမင်းလုတ်ကို လူ့ယူစားသုံးရက်ခဲ့ကြတယ်။ တားဆီးပိတ်ပင်ခြင်းတွေနဲ့ ပိုပြီးလို့ ဒုက္ခရောက်အောင် ဒုက္ခအမျိုးမျိုးပေးနိုင်ရက်ခဲ့ကြတယ်။
.
လွန်ခဲ့တဲ့ သုံနှစ်က ပေါ်ခဲ့တဲ့ ဟာရီကိန်းကတော့ ထိုနဲ့ဆန့်ကျင်ဘက်ပါ။ မနက်ဖန်ဖြစ်ပေါ်လာမည့် အလားတူ မုန်တိုင်းတခုဖြစ်တဲ့ ဟာရီကိန်းသည်လဲ နာဂစ်နဲ့ မုန်တိုင်းချင်း တူမည်ဖြစ်သော်လည်း မုန်တိုင်းနောက်ကွယ်က လူသားတွေရဲ့ အခြေအနေချင်း လုံးဝကွားခြားမှာပါ။ မုန်တိုင်းချင်းတော့ မတူပါလေလို့ စာရေးဆရာလေသံနဲ့ ကျ နော် ဟစ်လိုက်ချင်ပါ့ဗျာ ...
.

Read more...

Friday, August 8, 2008

အင်အားကြီးတွေရဲ့ တောင်ပံခတ်သံများကြားဝယ်

.
မထင်မှတ်တဲ့ အကြောင်းအရာတွေ မတူညီတဲ့နေရာဒေသတွေမှာ တချိန်တည်းမှာလိုလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတတ်ကြတယ်။ တမင်သက်သက် တိုက်ဆိုင်အောင် လုပ်ထားတာ မဟုတ်ဘူး။ မထင်မှတ်ဘဲ တိုက်ဆိုင် ပြီး ဖြစ်ခဲ့တာမျိုးပါ။ ဒီလိုဖြစ်ကြတဲ့အရာများမှာ တဖက်က ကြိုတင်ပြင်ဆင် ထားပေမဲ့ အခြားကမ္ဘာတဖက်မှာက အစီအစဉ်မရှိဘဲ ပေါက်ကွဲခဲ့လို့ ဖြစ်ရတာမျိုးပါ။
.
အင်အားကြီးနိုင်ငံကြီးတခုဖြစ်တဲ့ တရုတ်ပြည်မှာ ကမ္ဘာ့အိုလံပစ်ပွဲတော် ကျင်းပနေတယ်။ တရုတ်ပြည်ဟာ ဒီပွဲ ကို ကျင်းပနိုင်ခွင့်ရဖို့ တာစူခဲ့တာ ကြာပြီ။ ပြင်ဆင်ခဲ့တာ ကြာပြီ။ အနှောက်အယှက်တွေ များစွာ ကြားထဲကနေ မဖြစ် ဖြစ်အောင် အပျက်မခံနိုင်ဘဲ ကြိုးစားခဲ့ရတာပါ။ အကယ်၍ ပျက်သွားခဲ့သော် အရင်းနှီးပေါင်း မြောက်များ စွာ သဲထဲရေသွန်သလို ဖြစ်ပြီပေါ့။ အမြတ်အစွန်းများများရအောင်၊ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းတွေ ပိုပြီးရ လာအောင် အားကစားပွဲတော်က သူ့တိုင်းပြည်ကို တနည်းတဖုံ အထောက်အကူပေးမယ်လို့ ယူဆထားတယ်။
.
၁၉၆၀-ခုနှစ်များ ၀န်းကျင်က တကမ္ဘာလုံးမှာ ဂျပန်ကထုတ်တဲ့ ပစ္စည်းတွေ လွှမ်းမိုးခဲ့တယ်။ အမေရိကမှာလည်း ဂျပန်ပစ္စည်းတွေ သုံးစွဲကြတယ်။ မျက်မှောက်ကာလမှာ တရုတ်ပစ္စည်းတွေ ကမ္ဘာအနှံ့ ရောက်ရှိနေသလိုအခြေ အနေပါ။ စီးပွားရေးအတက်အကျ သဘာဝတွေမို့ ဂျပန်ပစ္စည်းအသေးစားတွေ ထုတ်လုပ်မှုနည်းသွားတယ်။ အဲ သည်နောက်မှာ အခြားတိုင်းပြည်တွေနဲ့ တရုတ်ပြည်က အစားဝင်ရောက်လာတယ်။ ဒါကို တရုတ်ပြည်က ဂုဏ် ယူလို့ မဆုံးပါဘူး။ ယနေ့ဆိုရင် တကမ္ဘာလုံးမှာ တရုတ်ပစ္စည်းတွေ လွှမ်းမိုးသလောက်ဖြစ်သွားတယ်။ အရေးကြီး တဲ့အချက်က တရုတ်လူထုကြီး အလုပ်အဆင်ပြေပြီး စားဝတ်နေရေးချောင်လည်သွားတာဟာ ၀မ်းသာစရာ အ လွန်ကောင်းပါတယ်။ အစိုးရတွေ မတူညီသော်လည်းဘဲ လူထုဆိုတာတော့ ဘာလူမျိုးရဲ့ လူထုပဲဖြစ်ဖြစ်အတူတူ ပါပဲ။ အစိုးရကောင်းရင် လူထုအတွက် ကောင်းတယ်။ မကောင်းရင်တော့ လူထု အထောင်းခံရပြီပေါ့ဗျာ။
.
ကုန်ထုတ်လုပ်နိုင်မှု ထိပ်ဆုံးရောက်နေတဲ့အခြေအနေမှာ ကမ္ဘာ့အားကစားပွဲတော်ကိုပါ ကျင်းပခွင့်ရသွားတဲ့ တ ရုတ်ပြည်ဟာ အနာဂတ်အတွက် တိုးတက်မှုရောင်ခြည်တွေ တဖြည်းဖြည်းနဲ့ ထွန်းသစ်လာခဲ့ပါပြီ။ စီးပွားရေးအ တွက် မျှော်လင့်ချက်နဲ့လက်ခံသည်ဖြစ်စေ၊ ကျော်ကြားမှုအတွက် ကျင်းပသည်ပဲဖြစ်စေ တရုတ်ပြည်အတွက်မှာ အလွန်ကောင်းကျိုးမင်္ဂလာရှိတဲ့ပွဲလို့ ခံစားမိပါတယ်။ အိုလံပစ်ပွဲတော် ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင် ငံအချင်းချင်း ရင်းနှီးစေဖို့ သာတူညီမျှတဲ့ လူ့အခွင့်အရေးတွေ ရရှိစေဖို့အချက်များ ပါဝင်နေတဲ့အတွက် လူ့အခွင့် အရေး အလွန်နည်းပါးတဲ့ တရုတ်ပြည်မှာ တနည်းအားဖြင့် ဒီမိုကရေစီလမ်းစတွေ ပေါ်လာဖို့အကြောင်းပါ။
.
အိုလံပစ်ပွဲ ကျင်းပပြီး တရုတ်ပြည်ကြီးမှာ မင်္ဂလာယူနေတဲ့အချိန်မှာ အခြားကမ္ဘာမှာတော့ ကမ္ဘာမီးလောင်နေတဲ့ အခြေအနေတခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ်။ တချိန်က ဆိုဗီယက်ယူနီယံထဲမှာပါတဲ့ ဂျော်ဂျီယာဟာ သီး ခြားခွဲထွက်တဲ့ နိုင်ငံတခုဖြစ်လာပြီး ယနေ့တော့ ထချကုန်ကြပြီ။ ရုရှားနဲ့ ဂျော်ဂျီယာ စစ်ပွဲဖြစ်နေပြီ။ ဂျော်ဂျီယာ က ရေနံတွင်းတွေ ပိုင်ဆိုင်ထားလေတော့ အဝေမမျှတော့ဘူးထင်ပါတယ်။ ကိုယ့်အရေးထက် ဘယ်သူ့အရေး ကိုမျှ မရုမစိုက်နိုင်အားတော့လို့ စစ်ပွဲဖြစ်သည်အထိ ဆိုးရွားသွားတယ်။ အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ် ပြည်က အိုလံပစ်ကျင်းပပြီး မင်္ဂလာယူနေချိန်မှာ အခြားအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှားတို့ကတော့ ခပ်မိုက် မိုက်ပဲ။ ထချပလိုက်တယ်။ အင်အားကြီးနိုင်ငံတွေရဲ့ တောင်ပံခတ်သံတွေက အရှိန်ပြင်းတယ်။ ကြောက်စရာလဲ ကောင်းပါတယ်။ တခါတရံ အမေရိကလည်း ဒီလိုလုပ်တတ်တယ်။ ဒါပေမဲ့ အမေရိကမှာက လွတ်လပ်မှုတွေ လူ့အခွင့်အရေးတွေ ဆွေးနွေးမှုတွေ အားလုံးကို ဖြတ်ကျော်ပြီးကာမှ လုပ်တာဆိုတော့ တော်သေးတယ်။
.
တရုတ်နဲ့ ရုရှား၊ အင်အားကြီးတိုင်းပြည်နှစ်ခုဟာ မြန်မာနအဖစစ်အစိုးရရဲ့ ဆရာကြီးတွေပါ။ ဆရာကြီးဖြစ်တဲ့ မ ဟာ အင်အားကြီးနှစ်နိုင်ငံရဲ့ သာရေး၊ နာရေးပြဿနာတွေ ကြည့်ပြီး တပည့်ကြီး နအဖတော့ ပျာယာခတ်နေပြီ လား မပြောတတ်ဘူးနော်။ စဉ်းစားကြည့်ပါ။ မဆလစနစ်ကို ဖြုတ်ချသွားတဲ့ ရှစ်လေးလုံးကို နအဖက အသေ မုန်းတီးပေမဲ့ ဆရာကြီး မဟာအင်အားကြီး တရုတ်က ရှစ်ဂဏန်းတွေနဲ့ မင်္ဂလာယူနေလိုက်တာ။ အခြားတဖက် မှာ အင်အားကြီးတဲ့ ရုရှားက ဂျော်ဂျီယာကို စစ်တိုက်နေတာဟာ ကလေးကို အနိုင်ကျင့်နေသလိုပဲလေ။ နိုင်ငံ ကြီးပီသတဲ့ အင်းအားကြီးတွေကို ဆရာတင်ထားတော့လည်း ခုလိုအခြေအနေမျိုးမှာ နအဖစစ်အစိုးရတော့ တ ကယ့်ကို ပျာယာခတ်နေလောက်ပါပြီ။
.
“ကုန်ရှံးလျှင် တခေါက်၊ လင်ကုန်ရှုံးလျှင် တသက်လုံးမှောက်၊ ဆရာကုန်ရှုံးတော့ တသံသရာလုံးမှောက်”
.
အင်အားကြီးတွေရဲ့ တောင်ပံခတ်သံတွေကြားမှာ ဆရာအတင်မှားလို့ ကြားညပ်ပြီး နအဖစစ်အစိုးရခမျာ တသံ သရာလုံးမှောက်ရမဲ့ ကိန်းတော့ ဆိုက်နေပြီထင်တယ်။ လူထုကလည်း ဒါကိုပဲ စောင့်နေတာဆိုတော့ မြန်မြန်ပဲ မှောက်လိုက်စမ်းပါလို့ ပြောကြမှာပဲ။ လာမယ်၊ ကြာမယ်ဆိုတာ ဒါမျိုးပဲဖြစ်မှာပါ။ သူတို့ပြုထားတဲ့ကံက သူတို့ထံ သို့ ဧကန်မုချရောက်လာမှာ အမှန်ပါပဲ ...
.

Read more...

Thursday, August 7, 2008

မရှောင်သာတဲ့ ဇရာနဲ့အတူ

.
ပြီးခဲ့တဲ့အင်္ဂါနေ့ (၂၀၀၈၊ သြဂုတ်လ - ၅) က မတွေ့တာကြာပြီဖြစ်တဲ့ ဦးလေးကြီး ဦးတင်မောင်မြင့်ထံ ကျနော် ဖုံး ဆက်ဖြစ်တယ်။ တခါတရံ တွေ့ဖြစ်တာကလွဲလို့ ဦးလေးကြီးကို မတွေ့တာ ကြာခဲ့ပြီမဟုတ်လား။ အခါတိုင်းဆိုရင် ဆရာတင်မိုးနဲ့ ဦးလေးကြီးတို့က တတွဲ တွဲဆိုတော့ ဘာပဲဖြစ်ဖြစ် အပတ်စဉ်တိုင်း တွေ့ဖြစ်ကြတယ်။ နောက်ပိုင်း မှာ ကိုယ်ကလည်း အလုပ်များ၊ ဦးလေးကြီးကလည်း နွေရဲ့နေပူပူအောက်မှာ အပူကိုရှောင်ရင်း အိမ်တွင်းမှာ နေ တာများတော့ မဆုံဖြစ်ကြဘူး။
.
ဖုံးဆက်ရင်း “ဦးလေးကြီး အားလား”လို့ မေးတော့ “အားပါတယ်”တဲ့။ “ခဏနေ လာခေါ်မယ်”ပြောပြီး ဖုံးချလိုက် တယ်။ အတော်ပဲ ကျောင်းကအပြန်မှာ ဦးလေးကြီးကို ကျနော် ၀င်ခေါ်ခဲ့တယ်။ ကိုယ့်ဆီရောက်တော့ မတောက် တခေါက်နဲ့ ကြာဇံသုတ်လေး ထလုပ်ပေးလိုက်တယ်။ ပဲမှုန့်၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ သံပုရာသီး စတာတွေက အဆင်သင့်ပဲဆိုတော့ ပြုတ်ပြီးသားပဲကြာဇံနဲ့ သုတ်ကျွေးဖို့ အဆင်ပြေသွားတယ်။ ဒါ့အပြင် လဖက်ရည်တခွက် ဖျော်ပေးလိုက်သေးတယ်။ ဒီနောက်မှာ အဖန်အကြမ်း တခွက်လည်း ပါတာပေါ့လေ။
.
စားရင်းနဲ့ စကားပြောဖြစ်တယ်။ ကျနော့်ကို ကြည့်ရင်း “ဆရာကြီး ဆုံးသွားတာ စောတယ်ဗျာ”တဲ့ ဆရာတင်မိုး အကြောင်းကို ပြောသေးတယ်။ သွားလေသူက ဘယ်ဘ၀ရောက်မယ်ဆိုတာ မသိနိုင်ပေမဲ့လည်း ကျန်ရစ်သူတို့ ကတော့ လွမ်းနေဆဲပါလားဗျာ။ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားသူက သွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရစ်သူများအနေနဲ့ အထီးကျန်တဲ့ဝေဒနာကို ခံစားနေဆဲဆိုတာမျိုးဖြစ်မှာပါ။ ဒါကို ဦးလေးကြီးက ထုတ်ပြောဖြစ်တယ်။ ကျနော်က သူ့ လို ထုတ်မပြောဖြစ်ဘူး။ လောစ့်အိန်ဂျလိစ် ၀န်းကျင်မှာ အကြောင်းကိစ္စရှိလို့ သွားရတိုင်း ဆရာတင်မိုးကို သတိ ရဖြစ်ပါတယ်။ ကျနော်သွားတဲ့နေရာ အများစုမှာ ဆရာလည်း ပါတတ်စမြဲဖြစ်လို့ပါ။ တလောဆီက ၂၂ ဖရီးဝေး က အပြန်မှာ ဆရာနဲ့အတူ သွားတတ်တဲ့ Long Beach ကမ်းခြေကို သတိရနေသေးတယ်။
.
ကျနော်ကလည်း ကျနော်ပါပဲ။ Orange County ဆိုတာ ပထမဦးဆုံးနေခဲ့တဲ့ ကျနော့်ရဲ့ နေရာဟောင်းပါ။ အမေ ရိက ရောက်စက အဲဒီမှာ သုံးနှစ်တောင် နေခဲ့တာ မဟုတ်လား။ အဲဒီကို ရောက်တိုင်း ပထမဦးဆုံး ကျနော်နေခဲ့ တဲ့ အိမ်ကလေးကို ကျနော် ရောက်အောင်သွားတယ်။ အိမ်လေးကို ကြည့်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။ ပစ္စုပ္ပန်နဲ့ နှိုင်းယှဉ်မိတယ်။ ဟိုစဉ်က ဘ၀ကို ခဏပြန်ခေါ်တယ်။ စဉ်းစားတယ်။ အားလုံးက ပြောင်းလဲကုန်ကြပါ ပြီ။ မပြောင်းလဲသေးတာက ဒီအိမ်လေးပဲ။ ဒီအိမ်လေးမှာ လူတွေ၊ မိသားစုတွေ အဆက်မပြတ် နေခဲ့ကြတယ်။ လူတွေ ဘ၀တွေသာ ပြောင်းသွားတယ်။ အိမ်လေးကတော့ ဒီအတိုင်းပဲလေ။ အဲဒီနေရာဟောင်းကို ရောက်ဖြစ် တဲ့အခါ လွမ်းသလိုလို တခုခုကို ခံစားမိတယ်။ ကျေးဇူးတင်တဲ့ မျက်လုံးနဲ့ ကြည့်ရင်း နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့ပါ တယ်။ ကြာကြာနေခဲ့တဲ့ နေရာဟောင်းတိုင်းဟာ ကျနော့်အတွက် ဒီလိုမျိုးဖြစ်တတ်ပါတယ်။
.
ပါမောက္ခတဦးက Cal Tech ကို လိုက်ပြစဉ် အသက် နှစ်ဆယ်နဲ့ သုံးဆယ်ဝန်းကျင်က ပါမောက္ခပေါက်စ သူ့ဘ၀ကို ကျနော့်ကို အမှတ်တရ ပြောပြတယ်။ တကယ်ပဲ လွမ်းစရာလေးပါ။ နောက်တဦး၊ သူက သူဒေါက်တာဘွဲ့ရခဲ့ တဲ့ယူအက်စီကို လိုက်ပြတယ်။ အနှစ်သုံးဆယ်ကြာပြီးနောက်မှာ ဒါပထမဦးဆုံး ဒီမြေပေါ်ကို ခြေပြန်ချမိတာပဲတဲ့ ပြောလာသေးတယ်။ ငယ်ဘ၀က အဆောက်အဦတွေ ယူအက်စီထဲမှာ ပြောင်းလဲကုန်ပြီ။ ငယ်ငယ်တုန်းက ယူ အက်စီနဲ့ ယူစီအယ်လ်အေ ဘောပွဲပြိုင်ကြတဲ့အခါ တဖက်အသင်းက သူတို့ကျောင်းအတွင်းက အရုပ်ကြီးကို လာ ပြီး ဆေးသုတ်ဖျက်ဆီးမှာ စိုးရိမ်လို့ ညဖက်မှာ ကျောင်းသူ၊ ကျောင်းသားတွေ အရုပ်ကြီး ပတ်ပတ်လည်မျက်ခင်း ပေါ်မှာ အိပ်ကြရကြောင်း ပြောပြသေးတယ်။ သူတို့လည်း ဒါတွေကို အမှတ်ရနေဆဲပါလား။
.
ခံစားချက်ရှိတဲ့ လူသားတိုင်း ခံစားမှုကို ပြန်လည်ခံစားတတ်တာ အောက်မေ့သတိရနေသေးတာ အဆန်းတော့ မဟုတ်ဘူး။ ဦးလေးကြီးနဲ့ ကျနော်တို့တွေလည်း ဆရာတင်မိုးကို သတိရနေတာ မဆန်းပါဘူးဗျာ။ ကျနော်တို့နဲ့ အတူတူ ရှိခဲ့တဲ့အချိန်တွေက အလွန်များတယ်ဗျ။ ဆရာက အိမ်မှာနေတဲ့အချိန် နည်းတယ်။ အသက်ကြီးသူတို့ အမေရိကရောက်တဲ့အခါ တယောက်တည်းအိမ်မှာနေရင် အထီးကျန်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ဆရာ့ အနေနဲ့က မိတ်ဆွေသင်္ဂဟ အလွန်များတာဆိုတော့ ဒီဝေဒနာက သူများထက်ပိုတာပေါ့။ ဒါကြောင့်ပဲ နားလည် သိတတ်တဲ့ တပည့်တွေက အားရင်အားသလို ဆရာ့ကို ခေါ်ပြီး လဖက်ရည်ဆိုင် သွားကြတာပါ။
.
စကားပြန်ဆက်ရရင် ကျနော်လည်း အရင်နဲ့မတူဘူးဗျာ။ လေးလာတယ်တဲ့ - ဦးလေးကြီး ပြောလာတယ်။ သနား ပါတယ်။ သူမပြောမီကတည်းက ဦးလေးကြီး အရင်တုန်းကနဲ့ မတူတော့မှန်း ရိပ်မိပြီးသားပါ။ ပျဉ်းမနားဦးသန်း မောင် (ဗေဒင်ဆရာ) က ဟောထားတယ်၊ လူတွေဟာ စနေဂြိုဟ် သုံးခါ မကျော်ကြဘူး။ သေတာပဲလို့ ဗေဒင် ဟောထားတယ်ဗျာ။ အဲဒါ မမှန်ဘူးဗျ။ မဟာစည်ဆရာတော်လည်း သုံးခါကျော်တယ်၊ ကျနော်လည်းပဲ သုံးခါကို ကျော်သွားပါပြီ။ ခုထိ ဘာမျှမဖြစ်သေးဘူးဆိုတော့ ဦးသန်းမောင် အယူအဆ ဟောကိန်း မှားသွားပြီတဲ့။ အခု အ သက် (၈၀)ရောက်ပြီဆိုတော့ ဗေဒင်အရ နောက်ထပ်လေးနှစ်တော့ နေနိုင်ပါသေးတယ်လို့ ကြေကွဲစွာ ဦးလေး ကြီးပြောလာတယ်။ ကျနော်လည်း စိတ်မကောင်းလို့ ဘာမျှမပြောဖြစ်တော့ဘူး။
.
မရှောင်သာတဲ့ ဇရာကြားမှာ လူသား၊ သက်ရှိအားလုံးဟာ သွားကြရမယ့်သတ္တ၀ါများသာ ဖြစ်ပါတယ်။ စိတ်ပြေ လက်ပျောက်ဖြစ်အောင် “ကဲ ဦးလေးကြီး၊ ချဉ်ပေါင်ရွက်တွေ သွားခူးရအောင်”လို့ ခေါ်ပြီး အာရုံလွဲလိုက်ဖြစ်ပါတ ယ်။ “အလွမ်း”။ ကမ္ဘာဤမြေ မဆုံးလေသရွေ့တော့ ဇရာဓလေ့ကို ဆုံတွေ့နေရဦးမှာပဲလေ။ နိဗ္ဗာန်ဆိုတာလည်း မသေချာ၊ နတ်ပြေဆိုတာလည်း မရေရာ။ ဝေဒနာတွေပြည့်နေတဲ့ ဒီလောကထဲမှာ ယောင်ချာချာ မလွယ်ပါလား နော်။
.
“သည်တကွေ့ ရေစုန်မျောပါရ၊ အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ”တဲ့
.
လူဖြစ်လာတုန်း သာသနာနဲ့ကြုံတုန်းမှာလဲ နိဗ္ဗာန်နဲ့ လွဲပြန်ပြီမို့ သည်တကွေ့မှာလည်း ရေစုန်မျောရပါပကော။ ဒီ လိုနဲ့ မွေးလိုက် သေလိုက် ဘ၀ကွန်ချာဟာ သံသရာမှာ အတောမသတ်နိုင်တဲ့ ရဟတ်ဗွေပမာ ချာချာလည်နေ ပါပေါ့လားဗျာ။ လယ်တီဆရာတော်ရဲ့ အထက်က အဆုံးအမလေးကို ရပါလျက် ကျနော်တို့တွေ မိုက်တွင်းနက် နေတုန်းပါ။ ခွင့်သာဆဲမှာ မခဲချင်တော့လည်း မရှောင်သာတဲ့ ဇရာက အမြဲထာဝရ အနိုင်ယူနေမှာပါပဲလားဗျာ။
.

Read more...

Friday, July 25, 2008

“လည်ဆွဲရတနာ မောင့်ကဗျာ (၄)”

-

“မေ့စတမ်း”
-
ပျိုစဉ်ကာလက
ကိုရင်ဘ၀ကို
လိုချင်လှချေ့ရဲ့လို့
မိဖကို မရမက
ခဏခဏ ပူဆာမိတယ်။
-
ဝါလကင်းလွတ်၊ သီတင်းကျွတ်တော့
လူဝတ်လဲ ရှင်လိန်ပြန်မယ်လို့
အတန်တန် ပူဆာပြန်ပါရော။
-
အရွယ်ကလေးရောက်
လူပျိုပေါက်ဖြစ်လာတော့
ရည်းစားစာ ရေးလိုရေး
ကဗျာတေးတွေ စီလိုစီ
ဂီတာ ခေါက်လိုခေါက်နဲ့
ရွက်ခြောက်ကို လေပွေဝှေ့သလို
တနေ့ရွှေ တနေ့ငွေ။
-
သူသူကိုယ်ကိုယ်
အတူတူ လိုလိုပါပဲ
ပျိုရွယ် အိုရွယ်၊ အရွယ်အလိုက်
အကြိုက်တွေပြောင်း
လမ်းကြောင်းတွေချိုး
ခုတမျိုး တော်ကြာတမျိုး။
-
အင်း ... ဘ၀ဆိုတာလဲ
မမြဲခြင်း အနိစ္စမို့
ခဏခဏပြောင်းလဲတာလဲ
ဖြစ်မြဲဓမ္မတာ
ပျော်စရာလို့ မှတ်ပါတယ်။
-
နောင်တနေ့
သောင်တကွေ့မှာလဲ
အတွေ့သစ် တွေ့ပြန်တော့
ယနေ့အဖြစ်ကို မေ့ပစ်ဦးမှာပဲ မဟုတ်လား။
-
တင်မိုး (၃-၅-၂၀၀၅၊ အင်္ဂါညခင်း)
(သမီးချစ်ကလေး မိုးမိုးအေးရဲ့ နှစ်လေးဆယ်ပြည့်မွေးနေ့)
-

Read more...

Wednesday, July 23, 2008

ဂျပန်တွင်ပြုလုပ်မည့် လေဘေးအကူအညီ ဂီတဖျော်ဖြေပွဲ

.
ပြီးခဲ့တဲ့ မေလက မြန်မာပြည်အတွင်း ၀င်ရောက်တိုက်ခတ် သွားတဲ့နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧ၇ာဝတီတိုင်းအတွင်း ဒုက္ခရောက်ခဲ့ရ တဲ့ လေဘေးဒုက္ခသည်တွေအတွက် ရည်ရွယ်ပြုလုပ်မယ့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတခုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလှိုင် ၂၇ ရက်နေ့မှာ ဖျော်ဖြေကျင်းပသွားမှာဖြစ်ပါတယ်။
.
အဲဒီရန်ပုံငွေဂီတဖျော်ဖြေပွဲကို မြန်မာပြည်တွင်းက နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အဆိုတော် ခင်မောင်တိုး၊ အာဇာနည်၊ မေခလာ၊ ရတနာနဲ့မေစပယ်ညိုတို့က ဖျော်ဖြေတင်ဆက်သွားမယ်လို့သိရှိရပြီး တေးဂီတမှူးအဖြစ် စန္ဒယားလှထွဠ်ရဲ့သား ကိုမြတ်မင်းက တာဝန်ယူ တီးခတ်ပေးမှာဖြစ်ပြီး ဂီတဖျော်ဖြေပွဲက ရရှိလာမယ့် အကျိုးအမြတ်ငွေတွေကို မြန်မာပြည်အတွင်း လေဘေးဒုက္ခသည်တွေဆီကို အဆိုတော်တွေက တဆင့် လှုဒါန်းသွားမယ်လို့သိရှိရပါတယ်။
.
ဂီတဖျော်ဖြေပွဲ ကျင်းပမယ့်နေရာကတော့ တိုကျိုက မြန်မာတွေအားလုံးသိတဲ့ အိခဲဘုကုရို kokaido ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ဖျော်ဖြေမှုကိုတော့ ၆နာရီခွဲတိတိမှာစတင်ဖြစ်မှာဖြစ်တယ်လို့သိရှိရသလို ယခုပြုလုပ်တဲ့ ပွဲဟာ မြန်မာပြည်ကိုချစ်တဲ့ အဝေးရောက် မြန်မာ လူငယ်တချို့က လေဘေးဒုက္ခသည်တွေကို ကူညီလိုတဲ့ စိတ်သက်သက်နဲ့သာရန်ပုံငွေပွဲကို စီစဉ်ကျင်းပ ပြုလုပ်တာ ဖြစ်ကြောင်းကိုလည်း လူထုအသံကို ဆက်သွယ် ပြောကြားလာပါတယ်။ အဆိုတော်တွေရဲ့ ဖျော်ဖြေမူတွေကိုခံစားရင်း ဒုက္ခသည်တွေကို လှူဒါန်းရာလည်း ရောက်တာမို့ ဂျပန်ရောက် ရွှေမြန်မာတွေအနေနဲ့ အားပေးသင့်တဲ့ ပွဲတပွဲဖြစ်သလို ကြိုတင်လက်မှတ်တွေကို မြန်မာစတိုးဆိုင်တွေမှာ ယန်း၆၀၀၀ တန်လက်မှတ်ကို ၅၀၀၀ယန်းနဲ့ ၀ယ်ယူအားပေး ကြည့်ရှူနိုင်ကြပါတယ်။
.
.
.
.
သားကျော် (လူထုအသံ)
.

Read more...

Tuesday, July 22, 2008

“လည်ဆွဲရတနာ မောင့်ကဗျာ (၃)”

.
.

“နိဗ္ဗာန်ဈေးက အပြန်”
.
နိဗ္ဗာန်ဈေးက အပြန်
မြကန်သာ ရေစပ်
ဂပ်ဂပ် ဘဲမြည်သံမှာ
ကာရန်ဟပ် ကြည့်နေမိတယ်။
.
အိမ်ပတ်ဝန်းကျင်မှာ
မိုးမခပင်ကလေးတွေ စီတန်း
နေရိပ်ကျတဲ့ မြေလမ်းကလေးမှာ
ပဌာန်းရွတ်လိုက် ပရိတ်ရွတ်လိုက်နဲ့
အမြိုက်ချမ်းသာ ရှာရင်း
သီရိဂေဟာကို ၀င်မိတယ်။
.
မြဂနိုင်တောအခြေမှာ
ခဏထိုင်ပြီး အမောဖြေခဲ့ရ
ဒေါတွေ လောတွေ မောတွေ သတ်
လောကေအရပ်မှာ စိမ်းလန်းလှလှ
ငြိမ်းချမ်းမြမြ စေတနာပွားချင်ရဲ့
တရားရှိတဲ့ လူတို့ပြည်ကို
ငါတို့တည်ပြီး စိတ်ကြံသလောက်
အဓိဌာန်မြောက်အောင်
ဗိမာန် ဆောက်ကြပါစို့ကွယ်။
.
တင်မိုး (၁-၅-၂၀၀၅)
(တနင်္ဂနွေညနေခင်း)
.
(ချို၊ ကျော်ဝဏ္ဏနဲ့အတူ အဇူဇာကျောင်း နိဗ္ဗာန်ဈေးက အပြန်)
.

လောစ့်အိန်ဂျလိစ်မြို့ရှိ.စိုးမြတ်သူဇာ ဖွင့်ထားသော ပီနန်မလေးရှားထမင်းဆိုင်တွင် သံဃာတော်များကို ဆွမ်း ဆက်ကပ်လှူဒါန်းနေသော ဒေါက်တာရန်နိုင်လွင်၊ ဆရာတင်မိုးတို့ အမှတ်တရ (၂၀၀၇)။
.
.

Read more...

Monday, July 21, 2008

လောစ့်အိန်ဂျလိစ်က ရွှေမင်းသမီးစတိုး

.
.

လောစ့်အိန်ဂျလိစ်မှာ မြန်မာစတိုးဆိုင်၊ မြန်မာထမင်းဆိုင်တွေ ရှိတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ရေ လို့ရလောက်အောင်ကို နည်းပါတယ်။ မြန်မာလူဦးရေ များတဲ့မြို့ကြီးဖြစ်လို့ မြန်မာပစ္စည်းလေးတွေ ရောင်းချပေး တဲ့ ဆိုင်လေးတွေရှိနေတာ အဆင်ပြေပါတယ်။ မြန်မာပြည်နဲ့အလှမ်းဝေးတဲ့နေရာဖြစ်လို့ မြန်မာနဲ့ပတ်သက်လာ တဲ့အခါ ဒီဆိုင်တွေက အထောက်အကူပြု ကူညီပေးပါတယ်။
.
ရွှေမင်းသမီးစတိုးဟာ Monterey Park မြို့မှာ တည်ရှိပါတယ်။ ဒီမြို့နဲ့ အနီးဝန်းကျင်က မြို့တွေမှာ မြန်မာပြည် ဖွားတွေ အများဆုံးနေကြတယ်။ ဒီဆိုင်ကိုလည်း မကြာခဏလာကြတယ်။ ဒီဆိုင်နဲ့မျက်စောင်းထိုး လမ်းမကြီးပေါ် မှာ ရိုးမမြန်မာထမင်းဆိုင် ရှိပါတယ်။ မြန်မာအစားအစာ စားချင်သူတွေက အဲသည်ဆိုင်မှာ သွားရောက်စားသုံး နိုင်ပြီး အတိုအထွာပစ္စည်းလေးတွေ ၀ယ်လိုသူက လမ်းတဖက်ဆီကူးပြီး ရွှေမင်းသမီးစတိုးသို့ သွားလိုက်ရုံပဲ။
.
အဲသည်မှ Garvey လမ်းမကြီးအတိုင်း အနောက်ဖက်သို့ ဆက်လက်လျှောက်သွားရင် နောက်ထပ်မြန်မာစတိုး ဆိုင်တဆိုင်ဖြစ်တဲ့ ရွှေမန်းသူဆိုင်သို့ ရောက်ပါတယ်။ မြန်မာစတိုးဆိုင်များမှာ ဘာသာရေးပစ္စည်းများဖြစ်တဲ့ ဘု ရားပလ္လင်၊ ဆင်းတုတော်၊ မယ်တော်၊ သင်္ကန်းပရိက္ခရာ၊ အစားအစာများဖြစ်တဲ့ ပြည်တွင်းထွက်အခြောက်အခြမ်း များ၊ ကာလီဖိုးနီးယားထွက် ပဲကြော်၊ ပဲပြုတ်၊ အ၀တ်အထည်များ၊ အမျိုးသမီး၊ အမျိုးသားသုံးပစ္စည်းများ၊ မြန်မာ ဘယဆေးများ၊ ရုပ်ရှင်ဂီတဆိုင်ရာပစ္စည်းများ၊ စာပေအနုပညာဆိုင်ရာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များ ရနိုင်ပါ တယ်။ စာရေးသူရောက်ချိန်မှာ လူအ၀င်အထွက်တွေများပြီး စည်ကားနေတယ်။
.
အထူးသဖြင့် အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေရက်များမှာ လာတဲ့လူ ပိုများမယ်ထင်တယ်။ ပစ္စည်းတွေကို ရောင်းချပေးတဲ့ဈေးနှုန်းက သူ့နေရာနဲ့သူဖြစ်လို့ ချိုသာတယ် ပြောရမှာပါ။ မြန်မာပြည်က ဈေးနဲ့တွက်လို့တော့ မရဘူးပေါ့လေ။ မြန်မာပြည်ထွက် ပစ္စည်းအတော်များများ ရနိုင်ပါတယ်။ စာအုပ်တွေကြားမှာ စတိုင်သစ်မဂ္ဂင်း တွေ့လို့ စာရေးသူတောင် ယူခဲ့လိုက်သေးတယ်။ လိုချင်တာကို ဒီဆိုင်က တဆင့် မှာယူနိုင်ပုံရတယ်။
.
ဒီဆိုင်လေးတွေရှိတာ တနည်းအားဖြင့် မြန်မာပြည်အလွမ်းပြေဖြစ်ပါတယ်။ ဘာသာစကားကို မြန်မာလိုပြောလို့ရ တယ်။ မြန်မာတွေ လိုအပ်ရာရာတွေ ရနိုင်အောင်လည်း ဒီဆိုင်လေးက ပါရမီဖြည့်ဆည်းပေးနေတယ်။ အကယ် ၍ လောစ့်အိန်ဂျလိစ်သို့ အလည်ရောက်ရင် ရွှေမင်းသမီးစတိုးသို့ အလည်တခေါက်လောက် လာရောက်အား ပေးနိုင်အောင် အသိပေးတာပါ။ ဆိုင်ရှင်တွေကလည်း အလွန်ဖော်ရွေ သဘောကောင်းပါတယ်။
.

Read more...

လည်ဆွဲရတနာ မောင့်ကဗျာ (၂)

=
“လှိုင်းနဲ့ တောင်တန်း”
=
ရိုင်းတုန်း စိုင်းတုန်း
လှိုင်းလုံး မိုင်းဗုန်းတွေက
ဒိုင်းဒိုင်း ဒုန်းဒုန်းနဲ့။
=
တောင်တွေ လက်ဆန့်တန်း
ပစိဖိတ်ကမ်းမှာ ရပ်
မားမားမတ်မတ် ၀ိုင်းပြီး
လှိုင်းတွေကို ဟန့်တားထားခဲ့။
=
သူ့စည်းကိုယ့်စည်း ရှိရမှာပဲ
မိမိသာ စိတ်ထင်တိုင်း
လှိုင်းကြီးတွေ ထကြွမဟဲ့ဆိုတဲ့
မာနကို ဟန့်တားဖို့
တောင်လှေကားကြီး ပေါ်လာတယ်။
=
ဘာလဲဟဲ့ လှိုင်း
ရိုင်းချင်တိုင်း မရိုင်းနဲ့
တောင်တံတိုင်းကြီး ကာထားတယ်။
=
တင်မိုး (၁-၅-၂၀၀၅)
တနင်္ဂနွေ နံနက်ခင်း
=

Read more...

Thursday, July 17, 2008

ကျန်ရစ်ခဲ့သော ကဗျာစာအုပ်

===

===
စာအုပ်အမည်က “လည်ဆွဲရတနာ မောင့်ကဗျာ”တဲ့။ အားလုံး ကွန်ပြူတာစာစီထားပြီးသား ကဗျာစာမူတခုပါ။ ကွန်ပြူတာ စာရိုက်ပေးသူက ကိုဝင်းညွန့်နဲ့ မနုနုခိုင် ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့က ဆရာတင်မိုးနဲ့ သားသ မီးလို နေကြသူတွေပါ။ အဲသည်အိမ်မှာ နေ့ခင်းနေ့လည် ဆရာ တရေးအိပ်တတ်တယ်။ ကော်ဖီ လဘက်ရည် ကိုလည်း တခွက် တဖလား သောက်တတ်တယ်။ ထမင်းပါ စားသောက်ပြီး ဆေးလိပ်တိုလို့ နေညိုတဲ့အချိန်သို့ ရောက်တော့မှ ကိုဝင်းညွန့် သို့မဟုတ် ကိုကျော်ဝဏ္ဏ တဦးဦးက ဆရာ့ကို ကြိုလာတတ်တယ်။
===
ကျနော့်ထံမှာ ကော်ပီတခုပေးထားတယ်။ ကဗျာစာရွက်တွေ ထည့်ထားတဲ့ စာအိတ်ပေါ်မှာ အထက်မှာဖော်ပြ ထားတဲ့ ကဗျာစာအုပ်အမည် စာတန်းလေးကို ဆရာကိုယ်တိုင် ရေးထားပါတယ်။ ကျနော့်ထံ ပေးထားရခြင်းရဲ့ ရည်ရွယ်ချက်က ဟိုမှသည်မှ စာအုပ်ထုတ်ချင်သူတွေ အလွယ်တကူရအောင် ဆိုတဲ့သဘောပါ။ ဥပမာ-အညာ လမ်းက တမာတန်း ကဗျာစာအုပ်ကို တောင်ကိုရီးယားနိုင်ငံက ထုတ်ဝေခဲ့တာပါ။ ကမ္မကထပြုထုတ်ဝေခဲ့သူများ ကတော့ မြန်မာလူငယ်များနဲ့ ကိုဝင်းပေါ်မောင်၊ ကိုဝင်းမြင့်ဦးတို့ပဲ ဖြစ်ပါတယ်။ သူတို့တတွေဟာ ခင်မင်ရင်းနှီး သူတွေဖြစ်လို့ အကယ်၍ တောင်ကိုရီးယား ဟောပြောပွဲမှာ ဆရာတင်မိုး ရောက်လာရင် မီအောင် တက်သုတ် ရိုက် ထုတ်ဝေခဲ့တဲ့ ဆရာသက်ရှိထင်ရှားချိန်မှာ နောက်ဆုံးထွက်ခဲ့တဲ့ ကဗျာစာအုပ်ပါ။ အဲသလိုမျိုး အခြေအနေ နောက်ထပ်ဖန်လာတဲ့အခါ အစောတလျင် ထုတ်နိုင်အောင် ပေးထားတဲ့သဘောပါ။
===
ကဗျာပုဒ်ရေပေါင်း (၇၄)ပုဒ်ပါ ပါတယ်။ ဒီကဗျာ (၇၄)ပုဒ်ကို ၂၀၀၅-ခုနှစ်၊ ဧပြီလ (၃၀)ရက်၊ စနေ ညနေခင်းမှာ စတင်ရေးသား၍ ၂၀၀၆-ခုနှစ်၊ ဇူလိုင်လ (၃)ရက်၊ အင်္ဂါနေ့နံနက်ခင်းမှာ အဆုံးသတ်ထားတာ တွေ့ရပါတယ်။ ဒီ ကြားထဲမှာ မရေးဖြစ်ဘဲ ပြတ်ကျော်သွားတဲ့ ရက်စွဲလွတ်တွေ ခြားနေတာလည်း ရှိပါတယ်။ ကျနော့်အထင်ပေါ့ဗျာ ဆရာ ကဗျာမရေးဖြစ်တာတော့ မဟုတ်ဘူးဗျ။ နောက်ထပ်အဆင်သင့်တဲ့ စာအုပ်တအုပ်ထဲမှာ ရေးတာဖြစ်လိမ့် မယ်။ ပြီးတော့လည်း တချို့ရက်တွေမှာ နှစ်ပုဒ်ဆက်၍ ရေးထားတာမျိုးတွေ ရှိပါသေးတယ်။
===
ဆရာက ဒီစာအုပ်လေးကို ထုတ်ချင်တဲ့ဆန္ဒရှိတယ်။ စီးပွားရေးအတွက် မဟုတ်ပါဘူး။ ဖတ်ချင်သူတွေအတွက် ကဗျာပန်းလက်ဆောင်ဖြစ်ပါတယ်။ အနုပညာပါတဲ့ တန်ဖိုးရှိသောကဗျာတွေကို ဆရာက အခမဲ့ လက်ဆောင် ပေးတာပါ။ ဆရာ့ကဗျာတွေကို ဘယ်သူကပဲ ယူသုံးသုံးပါ။ ဆရာက ကြည်ဖြူတယ်။ မွေးနေ့ပွဲ၊ မင်္ဂလာပွဲစသည် တွေအတွက် ကဗျာတောင်းလာရင်လည်း လက်မနှေးဘဲ ရေးစပ်ပေးလေ့ရှိတဲ့ဆရာပါ။ တခုတော့ရှိတယ်။ စစ် အစိုးရကို ဖားနေတယ် ထင်တဲ့အဖွဲ့အစည်းတွေကိုတော့ ဆရာက ကန်တော့ဆွမ်းပဲဗျို့။ ကဗျာပေးဖို့နေနေသာ ဒီလူတွေနဲ့ သိပ်ပတ်သက်လေ့ မရှိပါဘူး။
===
ဆရာ့အိမ်မှာ ပုံနှိပ်ထုတ်ဝေမှု မပြုရသေးတဲ့ ကဗျာတွေ များစွာရှိနေပါသေးတယ်။ လည်ဆွဲရတနာ မောင့်ကဗျာ စာအုပ်အဖြစ်သို့ မရောက်သလို စာအုပ်အဖြစ်သို့ မရောက်သေးတဲ့ ဆရာ့ကဗျာ အကောင်းစားလေးတွေ ဆရာ့ မိသားစုတွေက သိမ်းထားပေးပါတယ်။ ဒါလည်းပဲ မထုတ်ဖြစ်ဘဲ ကျန်ရစ်ခဲ့သော ကဗျာစာအုပ်တွေပါ။ ကဗျာကို ချစ်မြတ်နိုးသူများ၊ ဆရာ့စာပေကို တန်ဖိုးထားသူများက ထုတ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ဆရာ့သားသမီးတွေက သူတို့ထံမှာရှိတဲ့ ကဗျာစာမူတွေကို ခွင့်ပြုပေးမှာဖြစ်ကြောင်း ကျနော် ယုံကြည်ပါတယ်။ သူတို့တွေလည်းပဲ ဖခင် ကို ချစ်သလို ဖခင်ရဲ့စာပေအနုပညာကို မြတ်နိုးတန်ဖိုး ထားတတ်သူတွေပါ။
===
စာမြည်းအဖြစ် လည်ဆွဲရတနာ မောင့်ကဗျာ စာမူကြီးထဲက ပထမဦးဆုံးဖြစ်တဲ့ကဗျာကို ဖော်ပြလိုက်ပါတယ်။
===
၁။ လမ်းသစ်ပွင့်နေပြီ
=
တောအုပ်ကလေးထဲက
ရွှေအိမ်ကလေး တလုံး
ချိုပြုံးနေတဲ့ မိသားစု
ဘုစု ခရု တပြုံတမနဲ့
ဥုံဖွ မန်းမှုတ်နေရှာတယ်။
=
စံကြီးက ဦးဆောင်
ပျိုးထောင်တဲ့ အမကြီးပါ။
=
အဖေက ပြည်ပြေး
အမေက ရေဝေးမှာ
သားကလေးနဲ့ အတူတူနေပါတယ်။
=
အိမ်ထောင်ဦးစီး စံစံကြီးက
သမီးတယောက် အားထားလောက်အောင်
မြေမြှောက်ပျိုးထောင်
တိုက်ပွဲတွေ အောင်ခဲ့ပါရဲ့။
=
လူ့ဘ၀ဆိုတာ
အနုအလှချည်း မဟုတ်
ကြမ်းကြုတ်ခက်ထန်
ရေဆန် လေဆန် လှော်ခတ်ရစမြဲ။
=
အရေးကြီး တခုကတော့
သွေးစည်းမှုပါ။
=
မပြိုမကွဲ ဖရိုဖရဲ မဖြစ်အောင်
အားသစ်ကြိုးပမ်း၊ ပျော်ပျော်ထမ်းစို့
လမ်းသစ်တွေလဲ ပွင့်နေပြီ။
=
=တင်မိုး
၃၀-၄-၂၀၀၅
(စနေ ညနေခင်း)
===
လည်ဆွဲရတနာ မောင့်ကဗျာများကို အမှတ်စဉ်ဖြင့် ဆက်လက်၍ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆရာတင်မိုး ကွယ် လွန်ခဲ့ပေမဲ့ ဆရာ့ကဗျာတွေ နေရာအတော်များများမှာ ဝေနေဆဲမို့ ဆရာအသက်ရှင်နေဆဲလို့ မှတ်ယူထားပါတ ယ်။ ကလေးကဗျာတွေအဖြစ် မြန်မာကျောင်းသုံးဖတ်စာမှာလည်း ပြဌာန်းထားဆဲဖြစ်ပါတယ်။ သို့အတွက် အနိစ္စ ဒုက္ခနဲ့ အနတ္တ ဘေးဘယာတွေ ပြေးမလွတ်သာပေမဲ့ မြန်မာစာပေနဲ့ ကဗျာတွေရှိနေသရွေ့ဆရာဘယ်တော့မှ သေမှာ မဟုတ်ကြောင်း ဖော်ပြအပ်ပါတယ်ဗျား။
=

Read more...

Monday, July 14, 2008

============= လှပတဲ့ရသ =============

ကကက
ကကက

အပြစ်ရှိရင်လဲ
အချစ်နဲ့ကြည့်ရမယ်။
ကကက
အခက်အခဲဆိုတဲ့ချောက်ကို
လက်တွဲလို့လျှောက်တော့
သစ်ခြောက်ပင်က ရွက်နုဝေ
ဖုန်းဆိုးမြေက အိုအေစစ်
အချစ်ဆိုတဲ့တေးဂီတ
လှပတဲ့ရသတပါး
ခံစားကြည့်ကွယ်။
ကကက
အကြင်နာပန်း
ညင်သာတဲ့အနမ်းတွေနဲ့
စခန်းက ချစ်စဖွယ်
မောင်မယ်တို့ရဲ့ပျိုရွယ်တေး။
သသသ
မျိုးဆက်သစ် တည်ထောင်
ဤလူ့ဘောင် ပွင့်သစ်ဖြိုးစေတော့
အမျိုး၏ ဂုဏ်ကိုစောင့်
မောင့်ဂုဏ်မယ့်ဂုဏ်မြင့်
အတင့်အတယ်နဲ့
အပွင့်တွေ ကြွယ်ကြွယ်လျှမ်းအောင်
လှမ်းကြတော့လေး။
သသသ
တင်မိုး (၁၆-၁-၉၁)
ကကက
ပြီးခဲ့တဲ့ ဇူလိုင် (၅) ရက်၊ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့အပြီး နောက်တနေ့မှာ သူတို့နှစ်ယောက် လက်ထပ် ခဲ့ကြတယ်။ လက်ထပ်ပွဲသို့ တက်ရောက်လို့ရတဲ့ မြန်မာပြည်က မိဘများ ရောက်လာကြတယ်။ ဗီဇာရယူဖို့အဆ င်မပြေတဲ့ မိဘများကတော့ ရောက်မလာနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ရောက်လာတဲ့မိဘနဲ့ ရပ်မိရပ်ဖတွေက နှစ်ဖက် သော မိဘများကိုယ်စားပြုပြီး မင်္ဂလာပွဲကို ကျင်းပပေးပါတယ်။
ကက
မင်္ဂလာပွဲသို့ ကြွရောက်လာသူတွေက မြန်မာတွေထက် လူမျိုးခြားတွေများတယ်။ မြန်မာတွေ မင်္ဂလာဆောင်တာ သူတို့တွေ မမြင်ဖူးကြလို့ အဆန်းပေါ့။ အခမ်းအနားအတွက် အင်္ဂလိပ်မြန်မာ၊ ကြေငြာပေးသူများအတွက် မသိန်း သိန်းဌေးနဲ့ ဆရာဦးရစ်ချတ်တို့က ဆောင်ရွက်ပေးပါတယ်။ ဗီဇာမရလို့ မတက်ရောက်နိုင်တဲ့ မိဘများကိုယ်စား ဦးကျော်စိုးနဲ့ဇနီးဒေါ်အေးအေးသန်းက ဆောင်ရွက်ပေးပါတယ်။ မင်္ဂလာပန်းကုံးကို ပြည်မြို့က ရောက်လာ တဲ့မိဘများက စွပ်ပေးပြီး မင်္ဂလာလက်ထပ် လက်စွပ်ကိုတော့ ဒေါက်တာတင်ဝင်း (စက်မှုတက္ကသိုလ်)နဲ့ ဇနီးဖြစ် သူ ဒေါ်လီလီတို့ အလဲအလှယ်ပြု စွပ်ပေးကြပါတယ်။ ဖော်ပြရန် ချန်လှပ်ထားလို့မဖြစ်တဲ့ ပင်းပင်းနဲ့ ငယ်ငယ်၊ စိုင်းမိုးအောင်၊ စိုင်းခမ်းလူ၊ ကျော်သူမောင်မောင်ကြီး၊ ဖြူဖြူတို့ သူငယ်ချင်းတစုကလည်း ချွေးတလုံးလုံးနဲ့ သူငယ်ချင်းမင်္ဂလာပွဲမို့ အစွမ်းကုန်ကူညီနေကြပါတယ်။
ကကက
ပန်းကုံးနဲ့ လက်စွပ် စွပ်ခြင်းစတဲ့ မင်္ဂလာကိစ္စလေးတွေအပြီးမှာ သတိုးသားဖြစ်သူ မောင်ဇေယျာစိုးနဲ့ သတိုးသမီး ဖြစ်သူ မအိသိဂီမောင်တို့က ရတနာသုံးပါးနဲ့ လူကြီးမိဘများကို ဂါရ၀ပြု ကန်တော့ကြပါတယ်။ ဒါက ထူးဆန်းမှု ဖြစ်တဲ့ မြင်ကွင်းပါ။ ကျနော်တို့ ဘာသာ သာသနာ ယဉ်ကျေးမှုက ဆင်းသက်လာတဲ့အမွေတခုပေမို့ အခြားလူ မျိုးတွေ မမြင်ဖူးတဲ့ သိမ်မွေ့လှပသော မြင်ကွင်းပါ။ ဒီမင်္ဂလာပွဲမှာ ဆရာတော်သံဃာတော်များကိုလည်း မင်္ဂလာ ဆွမ်းကျွေးတဲ့ဒါနပြုကြသေးတယ်။ မင်္ဂလာတရားတော်များကိုနာကြား၍ ရေစက်သွန်းချ အမျှဝေကြသေးတယ်။
ကကက
မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ပထမဦးဆုံးပြုလုပ်တဲ့ မင်္ဂလာပွဲဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေက မင်္ဂလာပွဲကို Church ကျောင်းမှာ ပြုလုပ်ကြသလိုပါပဲ။ တချို့က ဟိုတယ်တွေ ခန်းမတွေမှာ ပြုလုပ်ကြ တယ်။ ဒီမင်္ဂလာမောင်မယ် စုံတွဲက အခြားနေရာတွေထက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ လုပ်တာကိုပို ၍ သဘောကျတယ်။ မင်္ဂလာအမှုပြုကြတဲ့ ဘ၀တာထွက်ချိန်မှာ အန န္တငါးပါး ဦးထိပ်ထား၍ တာထွက်ကောင်း အောင် ပြုလုပ်တာရယ်၊ ကုန်ကျစားရိတ်များကို မြန်မာပြည်တွင်းမှာ ရေဘေးလေးဘေး စသည်တွေအတွက် အ ကျိုးရှိရှိ ပေးပို့လှူဒါန်းလိုတာရယ် စတဲ့ မြင့်မြတ်သော ရည်ရွယ်ချက်များနဲ့ ပြုလုပ်တာပါ။
ကကက
California State University, Long Beach တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ယူခဲ့ကြသူ နှစ်ဦးဖြစ်ပါတယ်။ သူ တို့ကျောင်းတက်နေစဉ်မှာလဲ မိဘထံမှ ငွေကြေးကို တချပ်တပြားမျှ တောင်းမယူဘဲ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်တိုင်ရပ်တည်၊ အလုပ် လုပ်၍ ကျောင်းတက်ခဲ့ကြသော လူငယ်လေးများဖြစ်၍ လေးစားဂုဏ်ယူစရာဖြစ်ပါ တယ်။ ထို့အတူ ဘာသာရေး၊ သာရေး၊ နာရေးစတဲ့ အရေးကိစ္စပေါင်းစုံမှာ မတိုက်တွန်းရဘဲ အသိစိတ်ဓာတ်အ ပြည့်နဲ့ ၀င်ရောက်ကူညီ ပါဝင်ဆောင်ရွက်ပေးတတ်သူများဖြစ်လို့လည်း အများက သူတို့ကို ခင်မင်ကြပါတယ်။
ကကက
ဆရာကြီးဦးတင်မိုးက လူငယ်တွေဆို သိပ်အားပေးတယ်။ မင်္ဂလာဆောင်ရင် ကဗျာလေးတွေ ရေးပေးတယ်။ ဆ ရာသာ ရှိနေဦးမယ်ဆိုရင် သူနဲ့ခင်မင်တဲ့ မောင်ဇေယျာစိုးနဲ့ မအိသိင်္ဂီမောင်တို့ မင်္ဂလာမောင်မယ်များအတွက် မ င်္ဂလာကဗျာလေးတပုဒ်ကို ရေးပေးမှာ အမှန်ပဲ။ ဆရာလဲ ကွယ်လွန်ခဲ့ပြီမို့ ဆရာနဲ့ရင်းနှီးတဲ့ ဒီလူငယ်လေးတွေကို တခါက ဆရာရေးခဲ့တဲ့ ကဗျာလေးတပုဒ်နဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။
ကကက
ကဗျာအမည်က “လှပတဲ့ရသ”တဲ့။ ရွှေလက်တွဲ၍ ဘ၀ထဲကို ၀င်ပြီဆိုရင် အပြစ်ရှိရင်တောင် အချစ်နဲ့ကြည့် ခွင့် လွှတ်ပြီး ခရီးဆက်ဖို့ပါ။ ရှည်လျား နက်စောက်တဲ့ ချောက်ကမ်းကြီးတွေနဲ့တူတဲ့ ဘ၀အခက်အခဲတွေကို လက် တွဲအတူ ကျော်ကြတဲ့အခါ ပျော်စရာလည်းကောင်းလို့ သစ်ခြောက်တောက ရွက်နုဝေပြီး အထီးကျန်သွေ့ခြောက် တဲ့ ဖုန်းဆိုးမြေက အိုအေစစ်ဖြစ်သွားပြီး နှစ်ဦးရဲ့မေတ္တာသံယောဇဉ်ဟာ သာယာငြိမ့်ညောင်းတဲ့ဂီတ သံစဉ်တို့အ လားမို့ အလွန်လှပတဲ့ ရသတပါးအဖြစ် ခံစားဖို့ကို ဆရာတင်မိုးက ညွှန်းဆိုသွားတယ်။
ကကက
ဆရာတင်မိုးကဗျာက နားလည်လွယ်သလို လှပတဲ့ လောကအမြင်တွေနဲ့ ဖွဲ့ဆိုထားသည်မို့ စာဖတ်သူ ကိုယ်တိုင် ပဲ နားလည်သလို နက်ရှိုင်းစွာနဲ့ ဆက်လက်ခံစားကြည့်စေချင်ပါတယ်။ မင်္ဂလာမောင်မယ်တို့ လှပတဲ့ရသတွေနဲ့ ဘ၀တလျှောက် ပျော်ရွှင်ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းဖြင့် ...
ကကက

Read more...

Sunday, July 13, 2008

ဝါဆိုသင်္ကန်း ကပ်လှူပွဲ

ကကက

ကကက
ကျနော်တို့ လောစ်အိန်ဂျလိစ်မြို့မှာ ဒီနေ့ ဇူလိုင်လ (၁၃) ရက်၊ တနင်္ဂနွေနေ့မှာ ဘုန်းတော်ကြီးကျောင်းများမှာ ၀ါ ဆိုသင်္ကန်းကပ်လှူပွဲတွေ ပြုလုပ်ကြပါတယ်။ ဖြစ်ချင်တော့ ဘုန်းကြီးကျောင်း နှစ်ကျောင်းရဲ့ ၀ါဆိုသင်္ကန်းကပ်တဲ့ ပွဲတွေက တိုက်ဆိုင်နေတယ်။ လူဦးရေလည်းများ ဘုန်းတော်ကြီးကျောင်းတွေလည်း များတဲ့မြို့ဖြစ်လို့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များဆိုရင် အလှူတွေက မရည်ရွယ်ဘဲ တိုက်ဆိုင်နေတတ်တယ်။
ကကက
ဒီနေ့ကျင်းပတဲ့နှစ်ကျောင်းအနက်က လပွန်းတေးမြို့မှာ တည်ရှိတဲ့ မြန်မာကျောင်းသို့ ကျနော်ရောက်ခဲ့တယ်။ ဆရာတော် ဦးသုန္ဒရကျောင်းလို့ ဆရာတော်ဘွဲ့နာမည်ကို တပ်၍ခေါ်သလို ဂရမ်းဗြူးကျောင်းလို့ လမ်းနာမည်ကို တပ်၍လည်း ခေါ်တတ်ပြန်ပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံး စ တင်တည်ထောင်တဲ့ မြန်မာဗုဒ္ဓဘာသာကျောင်းဖြစ်ပါတယ်။ ဘာသာရေးပွဲတွေ ဘာပွဲပဲလုပ်လုပ် လူစည်ကား လေ့ရှိတဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။ ကျနော်ရောက်တော့ လူတွေ အတော်လေးများနေပါပြီ။ အလှူရှင် က မိသားစုတွေ စုပေါင်းလှူတာပါ။ အများကောင်းမှုတော့ မဟုတ်ပါဘူး။ မိသားစုဆိုသော်လည်း ဆွေမျိုးတွေစု ပြီး လှူကြတဲ့ပွဲလို့ ထင်ပါတယ်။
ကကက
အခုကျင်းပတဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲဟာ (၂၉) ကြိမ်မြောက်လို့ သိရပါတယ်။ ဆရာတော်ဘုရားက ပရိသတ်ကို ၀ါဆိုနဲ့ပတ်သက်တဲ့ ဗုဒ္ဓလက်ထက်တော်က ဇာတ်ကြောင်းကို ရှင်းပြတော်မူပါတယ်။ နံနက် (၁၁) နာရီအတိမှာ သီလပေး၊ ပရိတ်ရွတ်၊ တရားဒေသနာဟောကြား၊ ရေစက်သွန်းချတဲ့ကိစ္စတွေ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
ကကက
တရားပွဲအပြီးမှာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပါတ ယ်။ ရပ်ဝေးရပ်နီးမှ ဧည့်သည်များ၊ မြို့မိမြို့ဖများ ကြွရောက် လှူဒါန်း တရားနာ ရေစက်သွန်းချခြင်းများ ပြုလုပ်ကြ ပါတယ်။ နိုင်ငံခြားရောက် မြန်မာတွေ ပြည်တွင်းမှာထက်တောင် ဘာသာ သာသနာအရေးကို ပိုလုပ်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့်သာပဲ လောစ်အိန်ဂျလိစ်တမြို့တည်းမှာပဲ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်း၊ သီလ ရှင်ကျောင်း (၁) ကျောင်း၊ ပေါင်းလျင် (၉)ကျောင်း တည်ထားကိုးကွယ်ကြပါတယ်။
ကကက
အခုဆိုရင် ထိုင်းနိုင်ငံက မြန်မာတွေ ရဖြူဂျီအနေနဲ့ ကာလီဖိုးနီးယားပြည်နယ်သို့ ရောက်လာကြတာ ထောင်နဲ့ ကို ချီ၍ များနေပါပြီ။ ကိုယ့်မြန်မာပြည်သားတွေ များလာသည်နဲ့အမျှ ဘုန်းတော်ကြီးကျောင်းတွေ တိုးတက်လာ ဦးမှာဖြစ်ကြောင်း နိမိတ်ကောင်းတခုဖြစ်ပါတယ်။ ဒါကြောင့်သာပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါ နာမည်ကြီး လေးချိုးလတ်ကို ရေးသွားဟန်တူပါတယ်။
ကကက
သာသနာ တ၀က်သီသီနင်းခါမှ
ကမ္ဘာမှာ စက်ချီလင်းစေဖို့
သည်အသင်း အချိန်ကျပြီလို့ နှလုံးဝယ်ရည်
“ပဏ္ဍိတရယ်” မြည်သနင်း မဟိန္ဒလိုပ ဖုန်းလယ်တီ။ ...

Read more...

ရှစ်လေးလုံး နှစ်ပတ်လည်

ကကက
ဘာလိုလိုနဲ့ ရှစ်လေးလုံးအရေးအခင်းဟာ အခုဆို အနှစ် (၂၀) တွင်းသို့ ရောက်ခဲ့ပြီ။ ဒီတုန်းက ကွယ်လွန်ခဲ့သူ များပင် လူပြန်ဖြစ်ခဲ့ရင် အသက်နှစ်ဆယ် အရွယ်ရောက်ပြီပေါ့။ ဒီတုန်းက အသက်ရှင်ကျန်ခဲ့သူတို့ပင် အသက် (၄၀) ၀န်းကျင် ရောက်ခဲ့ပြီပဲ။ ဒီတုန်းက အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူအချို့ပင် ဒီလမ်းစဉ်ကို စွန့်ပစ်စ ပြု လာကြပြီ။ ဒီတုန်းက ရဲရဲတောက် တိုက်ပွဲဝင်ခဲ့သူတွေလဲ ခွပ်ဒေါင်းအလံအောက်မှာ ရည်ရွယ်ချက် မပျောက်ကြ သေးဘဲ ဆက်လက်ချီတက်နေဆဲလည်း ဒုနဲ့ဒေးပေါ့။ ရှစ်လေးလုံးနှစ်ပတ်လည် တကျော့ပြန်တိုင်း နောက်ကြော င်းပြန်သမိုင်းက အရိပ်ပမာပဲလေ။
ကကက
အနှစ် (၂၀) ပြည့်မြောက်မှာ ပေါက်ပေါက်မြောက်မြောက်လေးဖြစ်အောင် ကျင်းပမယ်လို့ အားခဲထားသူတွေလဲ ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေက ပေါ်ပေါက်လွှမ်းမိုးသွားလို့ ၀ိုးတ၀ါးဖြစ်သွားရပြီ။ ရှစ်လေးလုံးနောက်မှာ ဒီပဲ ရင်း လူသတ်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ မုန်တိုင်းနာဂစ်တွေက ကြမ္မာအသစ်တွေမို့ ကမ္ဘာတုန်အောင် ထွင်း ဖောက်ပြန့်နှံ့သွားစေခဲ့တယ်။ ကြာသွားတဲ့ အကြောင်းတွေက အဟောင်းတွေအဖြစ် သမိုင်းမှာကျန်ရစ်ခဲ့သလိုပဲ ဖြစ်သွားမှာလားေ၀၀ါးစရာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အရေးပါတဲ့ နိုင်ငံရေးသမားတွေ အခု ထိ ထောင်ထဲမှာ။ မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ ထောင်တွေထဲမှာ ကမ္ဘာပျက်တဲ့နေ့က အနှိပ်စက်ခံရတဲ့ မြို့လေးပမာ မလှုပ်မရှက်သာဘဲ ခေါင်းငုံ့ခံနေရဆဲလေ။
ကကက
ရှစ်ဆယ့်ရှစ်မျိုးဆက်တွေထဲက ကိုကျော်ကျော်ဝင်း၊ သူက ရှိသမျှငွေလေးနဲ့ အညတြရဲဘော်ရဲဘက်တွေအတွက် မပျက်မကွက် ဆက်လက်ထောက်ပံ့နေတယ်။ ကိုကျော်ဌေးဦး၊ ကျန်းမာရေး၊ သာရေး၊ နာရေးတွေအတွက် သူ လဲပဲ ထိရောက်စွာ ထောက်ပံ့နေရှာသူတဦးပါ။ အမည်မဖော်လိုတဲ့ အခြားမိတ်ဆွေတွေ ရှစ်ဆယ့်ရှစ်ကို မျက် ခြေအပြတ်မခံဘဲ အညတြအာဇာနည်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ ဟိုမှသည်မှတဆင့် ပေးပို့နေတယ်။ ကျနော့် ၀န်းကျင်က သူတို့တွေကို ရင်ထဲက လေးစားမိတယ်။ ကိုယ်တနိုင်၊ တပိုင်လေး နိုင်ငံရေးလုပ်နေတာပါ။ ဘယ်သူ နဲ့မှ သူတို့တွေ အတိုက်အခံ မလုပ်ဘူး။ ဘယ်သူနဲ့မှ သဘောထားမကွဲလွဲဘူး။ သူတို့ယုံကြည်ရာ သူတို့လုပ်နိုင် တာလေးကိုပဲ အကျိုးသက်ရောက်မှုရှိရှိ လုပ်နေတာ နှစ်တွေတောင် ကြာခဲ့ပြီ။
ကကက
ပြည်တွင်းမှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ပုံမှန်ထောက်ပံ့ပေးနေတာဟာ ဒီမိုကရေစီအရေး ငြိမ်း ချမ်းရေးအတွက် လုပ်နေတာပဲဖြစ်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ထောင်ဝင်စာ ပေးမဲ့သူ မရှိဘူး။ ဆေးဝါးကုသဖို့ စားရိတ်ပေးမဲ့သူ မရှိဘူး။ တရားခွင်မှာ အမှန်တရားအတွက် ရပ်တည်ပြောဆိုဖို့ ရှေ့နေ ရှေ့ရပ်တွေ ငှါးဖို့ ငွေအဆင်မပြေဘူးဆိုရင် ကျနော်တို့ရဲ့ရှစ်ဆယ့်ရှစ်မျိုးဆက် လူငယ်တွေ ခါးဆက်ပြတ်သွားမှာ အမှန်ဖြစ်ပါတယ်။ ဆက်လက်လှုပ်ရှားနိုင်ဖို့ သူတို့တွေကို မဖြစ်မနေ ကျားကန်ပေးထားနိုင်မှ ရေရှည်မှာအောင် မြင်မှာဖြစ်တယ်။ ဒီလမ်းကြောင်းကို ကျနော်တို့တွေ စဉ်းစားဖို့ လိုအပ်လာပါပြီ။
ကကက
အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ကွဲပြားမှုကို ကျနော်တို့တွေ သဘောပေါက်ဖို့ လိုအပ်ပြီ။ ဥပမာဆိုကြပါစို့။ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ နိုင်ငံတကာက ရှစ်လေးလုံးအထိမ်းအမှတ်ပွဲတော် ကျင်းပတာကောင်းပါတယ်။ အသွင်သဏ္ဍာန် အားဖြင့် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ရက်ကို မမေ့ကြဖို့၊ ကျဆုံးသူများကို မမေ့ဖို့၊ ရေရှည်အမှတ်ရစေဖို့ စတဲ့ ရည်ရွယ်ချက်များအတွက် လှုပ်ရှားမှုတခုပါ။ ဒီအတွက် ပိုက်ဆံတွေက ချဲ့ရင် ချဲ့သလောက် အကုန်အကျများပါ တယ်။ အသွင်သဏ္ဍာန်အားဖြင့် ကောင်းသယောင်ဖြစ်သော်လည်း အနှစ်သာရအားဖြင့်တော့ ပေါ့ရွှတ်ရွှတ်နဲ့ဖြစ် နေကြောင်း အားလုံးရိပ်စားမိမှာပါ။ ကျင်းပတယ်၊ ငွေနဲ့အချိန်ကုန်သွားတယ်။ နောင်နှစ်မှာလည်း ဒီလိုပဲ။ ဒီလိုနဲ့ အနှစ် (၂၀) တိုင်တိုင် ရောက်ခဲ့ပြီ။ ပန်းတိုင်အတွက် ရောင်ခြည်က မသန်းနိုင်သေးဘူး။
ကကက
အကယ်၍ ကိုကျော်ကျော်ဝင်း၊ ကိုကျော်ဌေးဦး စသူတို့ လုပ်သလို အတွင်းမှာ အင်တိုက်အားတိုက်နဲ့ ရန်သူကို အနီးကပ်ရင်ဆိုင် လှုပ်ရှားနေသူ ကျနော်တို့ရဲ့ ညီတော် နောင်တော် မျိုးဆက်အသစ် အဟောင်းတွေကို လစဉ်ပုံ မှန် ထောက်ပံ့ပေးနေမယ်ဆိုရင် သိပ်ကို အကျိုးရှိပါတယ်။ စိတ်ဓာတ်ရေးရာ အားပေးမှုတခုဖြစ်သလို အခြား တဖက်မှာလည်း ရှေ့ဆက်ရမဲ့ လမ်းကြောင်းကို အားကောင်းကောင်းနဲ့ ပံ့ပိုးနေတာမျိုးဖြစ်ပါတယ်။ အနှစ်သာရ ပိုင်းအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အာဏာရှင်ကို ခရီးဆုံးရောက်တော်လှန်ဖို့အတွက် တကယ် ထိရောက်ပါတယ်။ ကုန်ရကျိုးနပ်ပြီး အလဟဿ ဘာမျှဖြစ်မသွားဘူး။ ပြီးတော့ အတွင်းမှာက ဆိုးရွားနေပြီ တ ကယ်လိုအပ်တဲ့အချိန်လည်းဖြစ်ပါတယ်။
ကကက
ကျနော့်အမြင်တော့ ရှစ်ဆယ့်ရှစ်နှစ်ပတ်လည် ရောက်တိုင်းမှာ သိုက်သိုက်မြိုက်မြိုက်တွေ အကုန်အကျခံနေမဲ့ အစား စိတ်ဓာတ်ရှိသူတွေ ထောက်ပံ့ငွေတွေ စုပေါင်းပြီး ထိရောက်အကျိုးရှိတဲ့နေရာကို သုံးမယ်ဆိုရင် တကယ့် လက်တွေ့ဆန်တဲ့ အနှစ်ပြည့်တဲ့အလုပ်ပါ။ ဒါကြောင့် ကိုကျော်ကျော်ဝင်း၊ ကိုကျော်ဌေးဦး စတဲ့မိတ်ဆွေတွေလုပ် နေတဲ့ လမ်းစဉ်လေးကို ကျနော်လေးစားတယ်။ ကျနော်လည်း ဒီလမ်းကြောင်းကို ကြိုက်တယ်ဗျာ။ ဘယ်သူ့ကိုမျှ မထိခိုက်သလို ဘယ်သူ့နဲ့မှလဲ စိတ်ဝမ်းကွဲစရာ မရှိတော့ဘူး။
ကကက
ဒီလမ်းစဉ်ကို ကြိုက်လို့ပဲ စိတ်ထဲမှာ ဟိုလူ သည်လူ၊ ဟိုကတမျိုး သည်က တဖုံ လုပ်တာတွေကို ကိုယ့်အမြင်နဲ့ မ တိုက်ဆိုင်သော်လည်း မဝေဖန်ချင်တော့ဘူး။ ဝေဖန်ရင်လည်း ဆုံးမှာမဟုတ်သလို ဘာအကျိုးမှလည်း မရှိပါဘူး လေ။ မညီညွတ်တာ ခွဲထွက်တာ မဟုတ်ဘဲ ကိုယ်ယုံကြည်ရာ လမ်းကြောင်းဆီပဲ ဦးတည်လိုက်တော့တယ်။ လု ပ်တဲ့ သူတွေလဲ လုပ်ကြပါ။ ကျနော့်အနေနဲ့တော့ လုပ်ဖြစ်ရင်တောင် အထိမ်းအမှတ်မျှ စတိလောက်သာပဲ လုပ် ချင်တော့တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိရောက်မှုတွေဖြစ်အောင် ဆရာတင်မိုး၊ ဆရာဦးသောင်း၊ ဆရာဦးဝင်း ဖေတို့ကို ဖိတ်ပြီး ရှစ်ဆယ့်ရှစ်အမှတ်တရ လုပ်တာက အဓိပ္ပါယ်အပြည့်ရှိသလို အနှစ်သာရပိုင်းကလဲ တန်ဖိုးဖြ တ်လို့ မရပါဘူး။ ဟိုစဉ်က လုပ်ခဲ့တာတွေကို ပြန်လည်ဖော်ပြတာပါ။ ဒါမျိုးက ပြည်တွင်းမှာ လုပ်ရှားသူတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး အနှစ်သာရပိုင်းအရ အပြည့် ဖြစ်လို့မို့ ကိုယ်တိုင်အပင်ပန်းခံ လုပ်မှာပါ။ သို့မဟုတ်ဘဲ အပေါ်ယံ အမြင်ကောင်းအောင် သဘောဆိုရင် တော် ပြီ။ ဒီနှစ်က စပြီး မိတ်ဆွေတဦးပြောသလို လုပ်နေသူတွေကို ကြည့်ပြီး အားပေးတဲ့အဆင့်လောက်မှာပဲ ကျနော် နေလိုက်တော့တယ်။ လွတ်လပ်စွာနဲ့ ယုံကြည်ရာလမ်းဆီ လျှောက်လှမ်းဖို့ကိုပဲ ဦးတည်တော့မယ်ဗျာ။ ကိုယ်နဲ့စိ တ်သဘော တူသူတွေ အတူလုပ်နိုင်တယ်။ မတူသူတွေ သီးသန့်လုပ်နိုင်တယ်။ ပန်းတိုင်က အတူပဲ မဟုတ်လား ဘာလားနဲ့ ဟုတ်သလိုလို ယောင်ဝါးဝါးတွေ လာလုပ်မနေနဲ့တော့။ တော်ပါပြီဗျာ။
ကကက
ရှစ်လေးလုံး နှစ်ပတ်လည်မှာ ကျနော့်အတွေးအမြင်ဝယ် ပေါ်လာတဲ့အမြင်ကတော့ ဒါပါပဲ။ အမေရိကန်ကို အား ကိုးလို့ မရသလို ကုလသမဂ္ဂကိုလည်း မျှော်လင့်လို့ မဖြစ်တဲ့အခြေအနေမှာ အကောင်းဆုံးကတော့ ကျနော်တို့ တွေ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကိုယ်တိုင် ထွက်လုပ်ဖို့ပဲ လိုပါတယ်။ ဒီအတွက် ပြည်တွင်းက အဓိက ဆောင် ရွက်နေတာကို ပြည်ပက တတ်နိုင်သမျှ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ လိုအပ်လို့ အရေးကြီးလာရင် အရေးကြီးသလို အ တတ်နိုင်ဆုံး လုပ်ပေးနိုင်မယ်ဆိုရင် အလုပ်နဲ့ ထိရောက်စွာ သက်သေပြတာဖြစ်လို့ ရှစ်လေးလုံးသမိုင်းဟာ ဘယ် တော့မှ တိမ်ကောမှာ မဟုတ်ပါဘူးလို့ ကျနော် ယုံကြည်လျက်ပါ။
ကကက

Read more...

ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ် တီရှပ်

ကကက
၂၀၀၈-ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ရှစ်လေးလုံးအ ရေးတော်ပုံ အနှစ်(၂၀) ပြည့် အထိမ်းအမှတ် တီရှပ်အင်္ကျီကို တောင်ကိုရီးယားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအ ရေး လှုပ်ရှားနေသူများက ကိုရီးယားနိုင်ငံအတွင်း ရိုက်နှိပ်၍ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀)ပြည့် လှုပ်ရှားမှုများတွင် တူညီဝတ်စုံအနေဖြင့် ၀တ်ဆင်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကကက
သသသ
ဖော်ပြပါ တီရှပ်ဒီဇိုင်းကို အမေရိကန်ငံရှိ ကာတွန်းဆရာ မောင်မောင်အောင်က မေတ္တာဖြင့် ကူ ညီရေးဆွဲပေးခဲ့ ပြီး ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြ သော မြန်မာ့ဒီမိုကရေစီအရေး လှုပ် ရှားဆောင်ရွက်သူများအနေဖြင့်လည်း စည်းလုံးညီညွတ် မှု ကို ဖော်ဆောင်သည့် ပြယုဂ်အသွင်ဖြင့် မိမိတို့အစီအ စဉ်နှင့် ရောက်ရှိရာနိုင်ငံများတွင် ရိုက် နှိပ်ဝတ်ဆင်နိုင်ရန် တီရှပ်ဒီဇိုင်းကို ဖြန့်ချီနေကြောင်း ကိုရီးယားနိုင်က ကို ရန်နိုင်ထွန်း ပေးပို့ လာတဲ့သတင်းအရ သိရှိရပါသည်။
ကကက

Read more...

Saturday, July 12, 2008

သွားဆေးခန်းသို့

ကကက

မထင်မှတ်ဘဲ သွားဆေးခန်းသို့ ရောက်တယ်။ ညာဘက် အပေါ်သွားက အစာ စားတိုင်းမှာ နာနေတယ်။ ပေပြီး နေကြည့်သေးတယ်။ မရပါဘူး။ ဆက်တိုက်နာနေတာ သုံးရက်ရှိပြီဆိုတော့ ဒီနေ့လေးရက်မြောက် ဇူလိုင် (၁၂) ရက်မှာ သွားဆေးခန်းသို့ မဖြစ်မနေ သွားရတော့တယ်။ ရင်းနှီးသူတွေထဲမှာ သွားဆရာဝန် ဦးရေက ပိုများတော့ အချိန်ကုန်သက်သာအောင် အနီးဆုံးက ဆေးခန်းကိုပဲ သွားဖြစ်ပါတယ်။
ကကက
သွားကို ဂရုစိုက်ခြင်းမရှိဘဲ ငယ်ငယ်ကတည်းက အချိုတွေ အရမ်းကြိုက်၊ စားချင်ရာတွေလည်း အရမ်းစားတော့ သွားပြဿနာက ခဏခဏဖြစ်တယ်။ သွားနဲ့ပတ်သက်လို့ ပြဿနာက မန္တလေးမှာ နေစဉ်က စခဲ့တာ။ ဘယ်အ ပေါ်သွား တချောင်း ပဲ့သွားရာက ကြာတော့ မခံနိုင်အောင်ကို နာလာတယ်။ မစားနိုင် မသောက်နိုင်အောင်ဖြစ် လာတာမို့ အိမ်တော်ရာဘုရားနားမှာရှိတဲ့ သွားကုတဲ့ တရုတ်အဖိုးကြီးထံ ရောက်သွားတယ်။ နှုတ်ပစ်ရန်မလိုလို့ ဆိုင်မှာ ရေးထားသော်လည်း “နာတာက လွယ်ပါတယ်”ပြောပြီး နှုတ်ချလိုက်တာ သွားတချောင်း ထွက်သွားတ ယ်။ နာတာလည်း ပျောက်သွားတယ်။ လောလောဆယ်တော့ ကောင်းသွားပါတယ်။
ကကက
နောက်ပိုင်းမှာ ဒီသွားအစား သွားတုလေးတချောင်းကို ရန်ကုန်၊ ၃၇-လမ်းရှိ ဒေါက်တာဌေးဆောင်က လုပ်ပေးခဲ့ ပါတယ်။ ဒီတုန်းက သူကပြောတယ်။ ဒီသွားတု အရှင်လေးကို တပ်ထားရင် သွားတွေ ယိုင်တာ သက်သာတယ်၊ ထမင်းစားတဲ့အခါမှာလည်း အဆင်ပြေတယ်လို့ ရှင်းပြတယ်။ ဆရာပြောတာကို ဘယ်လောက် ဂရုစိုက်သလဲဆို အဲဒီသွားတုလေး ဘယ်ပျောက်နေမှန်း မသိတော့ဘူး။ အမေရိကသို့ လာတုန်းကအထိ ပါလာသေးတယ်။
ကကက
အဲသည်ကနောက်မှာ သွားပြဿနာ သိပ်မရှိဘူး။ အတော်လေး ကြာသွားတယ်။ တနေ့ လက်ပွန်းတေးမြို့မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်စဉ်မှာ သွားဆေးခန်းကြွချင်တဲ့ မြန်မာပြည်က ကြွလာတဲ့ ဧည့်သည် ဘုန်းဘုန်းတပါးကို သွားတွေ့တယ်။ အကူအညီပေးတဲ့အနေနဲ့ ဘုန်းဘုန်းကို လိုက်ပို့ပေးတာ ဒေါက်တာဇော်ထွန်း သွားဆေးခန်း ဖြစ်နေတယ်။ ကြုံတုန်းသွားတွေ စစ်သွားပါဦးဆိုလို့ စစ်ဖြစ်ပါတယ်။ အတွင်းမှာ ပိုထွက်နေတဲ့ သွားတချောင်းနဲ့ အနောက်ဆုံးက အံသွားနှစ်ချောင်း ပေါင်းသုံးချောင်းကို နှုတ်ပေးခဲ့တယ်။ ဆရာဇော်ထွန်းကို ယ်တိုင် နှုတ်ပေးတာဖြစ်ပါတယ်။ ကျေးဇူးတင်စရာလည်း ကောင်းပါတယ်။
ကကက
ဒေါက်တာမောင်မောင်သော် (ကိုဇာဂနာ့ သူငယ်ချင်း) ဆေးခန်းဖွင့်ပွဲလုပ်တယ်။ အဲသည်မှာ အနောက်ဖက်ဆုံး မှာ ကျန်နေတဲ့ အံသွားနှစ်ချောင်းကို ထပ်နှုတ်ပေးလိုက်တယ်။ စေတနာကောင်းသလို သွားနဲ့ပတ်သက်လာရင် အလွန်ကျွမ်းကျင်တဲ့ ဆရာမို့ သွားလောကမှာ နာမည်ကြီးတဲ့ဆရာဝန်ပါ။ သူက သွားကျောင်းမှာ ကိုဇာဂနာနဲ့ အတူ လူရွှင်တော် လုပ်ခဲ့သူမို့ ဟာသလုပ်တာ ပြောင်မြောက်သလို သီချင်းဆိုတာလည်း အလွန်ကောင်းတဲ့ ဆ ရာဖြစ်ပါတယ်။ သူက ရဟန်းသံဃာများတင် မဟုတ်ဘူး၊ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေသူ ကျောင်းသားလူ ငယ်များအတွက်ဆိုရင်လည်း အလကား ဆေးကုပေးတတ်ပါတယ်။ တနေ့ သူ့ဆေးခန်းကို ၈၈ မျိုးဆက်ကျောင်း သားတဦး သွားလာပြစဉ် “ခင်ဗျား ကျောင်းသားလား” လို့မေးရာ “ဟုတ်ပါတယ်”လို့ ကျောင်းသားက ပြန်ဖြေတ ယ်။ ဒီတော့ ဆရာမောင်မောင်သော်က သူ့အစီအစဉ်အတိုင်း “သွားတိုက်ချည်ဗျာ”လို့ပြောရာ ကျောင်းသားလူ ငယ်က “ကျနော် မတိုက်ချင်လို့ အမေရိက လာနေတာဗျ”တဲ့။ ဆရာသော်က “ခင်ဗျားအခုသွားတိုက်မှဖြစ်မယ်” လို့ ပြန်လည်ပြောပြန်ရာ လူငယ်ကလည်း “ဆရာကလည်း ကျနော် စစ်မတိုက်ချင်လို့ အမေရိကမှာ လာနေတာ ပါလို့ ပြောနေမှဗျာ”တဲ့။ ဆရာမောင်မောင်သော်က တဟားဟားနဲ့ရယ်ရင်း “မကြောက်ပါနဲ့ဗျာ၊ ခင်ဗျားကို ကျ နော် စစ်မတိုက်ခိုင်းပါဘူး၊ သွားကိုပဲ သန့်ရှင်းသွားအောင် တိုက်ခိုင်းတာပါ”ဆိုတော့မှ “ဆရာကလည်း စောစော က ဒီလိုပြောရောပေါ့ဗျာ”တဲ့ ကျောင်းသားလူငယ်ခမျာ နေသာထိုင်သာရှိသွားတယ်။ ဆရာမောင်မောင်သော် အခုလို ရယ်စရာဟာသ ပြောတတ်သူပါ။
ကကက
ကြုံလို့ အဆင်သင့်တဲ့အခါတွေမှာ ဒေါက်တာသန့်ဇင်နဲ့ပြတဲ့အကြိမ်တွေလည်း ရှိပါသေးတယ်။ အများဆုံးပြဖြစ် တာက ဒေါက်တာကျော်မင်းထံမှာ ဖြစ်ပါတယ်။ သူနဲ့က မလှမ်းမကမ်းဆိုတော့ သွားပြဿနာတက်တိုင်း ရောက် ဖြစ်ပါတယ်။ သွားထဲမှာရှိတဲ့ အကြောကို ထုတ်ပြီး ကရောင်းစွပ်ပေးခဲ့တဲ့ ပထမဦးဆုံး သွားဆရာဝန်ဖြစ်ပါတယ်။ ဆရာကျော်မင်းဆေးခန်းကို အကြိမ်ကြိမ်ပဲ ရောက်ဖြစ်ပါတယ်။ ရောက်တဲ့အခါတိုင်းမှာလည်း မငြိုမငြင်နဲ့ ကုသ ပေးတတ်သူပါ။ သူ့ဆေးခန်းသို့ သွားတဲ့အခါတွေမှာ ကိုယ်ဘက်က ချိန်းဆိုထားတဲ့အချိန်တွေထက် နောက်ကျလို့ အားနာရတဲ့အကြိမ်တွေလည်း မနည်းတော့ဘူး။ ဆရာကတော့ စိတ်ရှည်စွာနဲ့ ကုသပေးတတ်ပါတယ်။
ကကက
သွားရာဇ၀င်တွေ ခင်းနေလိုက်တာ အတော်ကြာသွားတယ်။ အစပိုင်းမှာ ပြောခဲ့တဲ့စကားကို ပြန်ဆက်ရရင် ဒီ နေ့ သွားပြခဲ့တဲ့ ဒေါက်တာကျော်ကျော်မောင် ဆေးခန်းအကြောင်းပဲဖြစ်ပါတယ်။ သွားနာလို့ အရင်လုပ်ထားတဲ့ သွားက တခုခု ချွတ်ယွင်းပြီအထင်နဲ့ ကုသထားတဲ့ သွားအဟောင်းရဲ့အကြောင်းကို ပြောဖြစ်တယ်။ ဆရာကျော် ကျော်မောင် တကယ်စစ်ကြည့်တော့ နာတာက နောက်သွားတချောင်းက ဖြစ်နေတယ်။ သူ့ခမျာ အလုပ်ရှုပ်လို့ သွားပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ ယာယီကရောင်း စွပ်ခြင်း၊ ပုံစံတိုင်းတာ၍ ကရောင်းအသစ်ကို မှာကြားရခြင်း တွေ လုပ်ရပါတယ်။ စေတနာလည်းကောင်း၊ ကုသမှုလည်းကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာကို ပျင်းရိမှုမဖြ စ်အောင်လည်း ဆေးကုသတတ်သူဖြစ်ပါတယ်။ ကိုယ်တိုင်အပါအ၀င် လူနာတွေနဲ့ ဒေါက်တာကျော်ကျော်မောင် ဆက်ဆံရေးကို အကဲခတ်ကြည့်မိတယ်။ ဝေဒနာရှင်တွေဟာ သူ့ရဲ့ဂရုစိုက်မှု၊ သက်သာရအောင် အားပေးမှုတွေ ကြောင့် စိတ်ဓာတ်ရေးရာ အားကောင်းပြီး မကုခင်က တ၀က်လောက် ပျောက်ကင်းသွားသလို ဖြစ်လာတယ်။
ကကက

ဒေါက်တာကျော်ကျော်မောင် သွားဆေးခန်းသို့ သွားချင်သူတွေ အလွယ်တကူ သွားနိုင်အောင် လိပ်စာကဒ်ပြား လေးတခု ထည့်ပေးလိုက်ပါတယ်။ သွားနဲ့ပတ်သက်လို့ ဆေးအာမခံလက်မှတ် ရှိသူတွေအတွက် အဆင်ပြေသ လို မရှိသူတွေအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးတတ်တဲ့ စေတနာဆေးခန်းဖြစ်ပါတယ်။ ဒေါက် တာကျော်ကျော်မောင်ရဲ့ ဇနီးဖြစ်သူ မျိုးမျိုးကလည်း ခင်ပွန်းသည်နဲ့မခြား ဝေဒနာရှင်များအပေါ်မှာ စေတနာအ လွန် ကောင်းပါတယ်။ ကဲဗျာ-ပြောတာမယုံရင် မိတ်တွေတို့ကိုယ်တိုင် သွားပြဿနာတက်တဲ့အခါ ဆရာကျော် ဆေးခန်းကို ကိုယ်တိုင်သွားကြည့်ပါ။ လက်တွေ့ သိရပါလိမ့်မယ်။ လူနာကို နှလုံးသားနဲ့ ကုသတယ်ဆိုတာ ဒီလို ဆရာဝန်မျိုးတွေပဲဖြစ်မှာပါ။ လက်တွေ့မို့ ကျုပ်ကတော့ ယုံတယ်ဗျာ။

ဒေါက်တာကျော်ကျော်မောင် ဆေးခန်းဟာ စာရေးသူနေတဲ့ နေရာနဲ့က ကားမောင်းရင် (၅)မိနစ်နဲ့ (၁၀)မိနစ် ကြားမျှသာပဲ ကြာပါတယ်။ Lower Azusa Road and Santa Anita ထောင့်မှာမို့ သွားရေးလာရေး အဆင်ပြေ လွယ်ကူတဲ့ ဆေးခန်းပါ။ Lower Azusa အတိုင်း အရှေ့ဖက်ကို ပြန်တက်ရင် 605 Freeway ရှိနေပြီး Santa Anita အတိုင်း တောင်ဖက်သို့ ဆင်းသွားရင် 10 Freeway နဲ့ ဆုံတွေ့နိုင်လို့ ဖရီးဝေးတွေနဲ့ အနီးဆုံးနေရာမှာ တ ည်ရှိနေ ပါတယ်။ အနားတ၀ိုက်မှာနေကြတဲ့ မြန်မာတွေအနေနဲ့ သွားပြလို့အဆင်အပြေဆုံး ဆေးခန်းဖြစ်ပါတယ်။

အယ်လ်အေမှာရှိကြတဲ့ မြန်မာဆရာဝန်တွေ အတော်များများဟာ နိုင်ငံခြားရောက် မြန်မာပြည်သားအချင်းချင်း ကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်နေသူတွေဖြစ်ပါတယ်။ စည်းရုံးမှုအပိုင်းမှာ ရိုးရိုးဆရာဝန်များထက် သွား ဆရာဝန်များအုပ်စုက ပို၍ စည်းရုံးမှုရှိပါတယ်။ အနည်းစုဖြစ်တာလည်းပါတယ်။ အရင်ရောက်နှင့်နေ တဲ့နောင်တော်ကြီးတွေက နောက်ရောက်လာသူတွေကို ဆရာဝန်စာမေးပွဲ ပြန်ဖြေဖို့ အဆင်ပြေအောင် ကူညီ လုပ်ဆောင်ပေးကြတာလည်းပါတယ်။ သို့အတွက် ပိုစည်းရုံးကြတာလို့ ထင်ပါတယ်။

အယ်လ်အေ၀န်းကျင်မှာရှိကြတဲ့ မြန်မာအသိုင်းအ၀န်းအတွက် အဆင်ပြေအောင် စေတနာနဲ့ စာရေးသူ ကိုယ် တွေ့ကို ပြန်လည်ဖြန့်ဝေ ပေးတာဖြစ်ပါတယ်။ အားလုံးပဲ သွားကျန်းမာရေးကောင်း၍ ချမ်းသာစွာ စားနိုင် ၀ါးနိုင် စကားပြောနိုင်ကြပါစေ ဟူ၍ ...

Read more...

Friday, July 11, 2008

နွေရာသီ ဗုဒ္ဓဘာသာ သင်ခန်းစာ

ကကက
ကျနော် ငယ်ငယ်က ကြားနေကြဖြစ်တဲ့ လူကြီးတွေစကားကို ပြန်လည်ကြားယောင်မိတယ်။ နိုင်ငံခြားဆိုတာ ဘု ရားမရှိ၊ တရားမရှိ၊ သံဃာမရှိတဲ့ ပစ္စ န္တရစ်အရပ်ပါကွာ မနေသင့်ဘူးတဲ့။ ဟိုတုန်းက ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ အခုတော့ နိုင်ငံခြားမှာ သာသနာရောက်နေပြီဆိုတော့ ဒီစကားက မမှန်တော့ပါဘူး။ ဟိုတုန်းကတောင်မှ သာ သနာမရှိပေမဲ့ သူတို့တွေရင်ထဲမှာ သူများရဲ့ အခွင့်အရေးကို လေးစားတာ၊ ဆင်းရဲသူကို သနားကြင်နာတတ်တာ၊ ဆေးရုံကြီးတွေ တက္ကသိုလ်ကြီးတွေကို တည်ထောင်လှူဒါန်းထားတာတွေဟာ မင်္ဂလာဖြစ်နေပါသေးတယ်။ အလွ ယ်တကူ မကောင်းဘူးလို့ ဝေဖန်ဖို့ မတော်ပါဘူး။
ကကက
ပြည်တွင်းမှာဆို သံဃာတော်တွေကို ပိတ်ပင်ခံရသေးတယ်။ ပြည်ပမှာ ဘယ်သူကမှ လာပြီး မပိတ်ပင်ပါဘူး။ လွ တ်လပ်စွာနဲ့ အချုပ်အချယ်မရှိ ဘာသာ သာသနာအရေးတွေကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါသေးတယ်။ ဘုန်းကြီး ကျောင်းမှာ ညအိပ်ညဥ့်နေဧည့်သည်ရောက်ရင် ရပ်ကွက်လူကြီးကို တိုင်ရတာမျိုးတွေ နိုင်ငံခြားမှာ မရှိပါဘူး။ အ စိုးရကို မကြိုက်လို့ သပိတ်မှောက်တာမျိုးတွေ နိုင်ငံခြားက ဆရာတော်သံဃာတော်တွေ လွတ်လွတ်လပ်လပ်နဲ့ပဲ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်နိုင်ပါတယ်။
ကကက
အခုဆိုရင် ပြည်ပနိုင်ငံတွေမှာ မြန်မာကျောင်းတွေ မြောက်များစွာ ရောက်ရှိနေပါပြီ။ နိုင်ငံတကာမှာ တည်ထား ကိုးကွယ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံခြားရောက် မြန်မာတွေရဲ့ အကျိုးဆောင်မှုကြောင့်ဖြစ်ပါ တယ်။ သူတို့တွေ အမြှော်အမြင်ကြီးမားလေတော့ ဘုန်းတော်ကြီးကျောင်းတွေ တဖြည်းဖြည်းနဲ့ တိုးပွားလာခဲ့ပါ တယ်။ ပြီးတော့ မြန်မာတွေ တနှစ်ထက်တနှစ် များလာပြီဖြစ်လို့ သံဃာတော်တွေလည်း များလာပါတယ်။ ပြည် တွင်းမှာ တရားဟော တရားပြ နာမည်ကြီးကြတဲ့ ဆရာတော်များပင် ပြည်ပသာသနာပြုခရီးကို အပင်ပန်းခံကာ ရောက်လာကြတယ်။ ၀မ်းသာစရာ အခြေအနေများပင်ဖြစ်ပါတယ်။
ကကက
နိုင်ငံတကာမှာရှိနေတဲ့ မြန်မာကျောင်းတွေ ရှိတဲ့အတွက် ကိုယ့်မြန်မာအသိုင်းအ၀န်းအတွက် အများကြီးကိုပဲ အ ဆင်ပြေကြောင်း သိရပါတယ်။ မြန်မာပြည်မှာအတိုင်း သာရေး နာရေးကိစ္စတွေကို ဘုန်းတော်ကြီးကျောင်းတွေ မှာ ကိုယ်တိုင်ကုသိုလ်ပြုလို့ရပြီ။ ရှင်ရဟန်းပြုပြီး သာသနာ့အမွေ ခံယူနေတဲ့သူတွေလဲ အမြောက်အများပါပဲဗျာ။ သူတို့တွေက ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်တွေအတွက်လည်း ရတက်မအေးစရာ မလိုဘူး။ ဘုန်းတော်ကြီးများ က ကျောင်းတိုင်းမှာလိုလို ကလေးများအတွက် အခြေခံဗုဒ္ဓဘာသာ သင်ခန်းစာများကို အလျဉ်းသင့်သလို သင် ပေးနေပါတယ်။ နောင်ရေးအတွက် ရင်အေးစရာ သတင်းတွေးပါ။
ကကက
ယနေ့ ၂၀၀၈-ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်မှာ ပြီးဆုံးသွားတဲ့ တောင်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျ လိစ်မြို့၊ ဓမ္မဇောတိကျောင်းက နွေရာသီကလေးများအတွက် ဗုဒ္ဓဘာသာ သင်ခန်းစာ သင်တန်းဟာ စိတ်ဝင်စား စရာ ကောင်းပါတယ်။ အစနှစ်ဖြစ်လို့ ကလေးတွေက သိပ်မများသော်လည်း တပတ်အတွင်းမှာ အားတက်စွာနဲ့ သင်ယူကြတဲ့ ကလေးတွေကို ကြည့်ပြီး ပီတိဖြစ်စရာပါ။ မိဘတွေက ကလေးတွေကို ကျောင်းမှာ လာရောက်ပို့ ဆောင်ခဲ့တယ်။ အချိန်တန်ရင် လာပြန်ခေါ်တယ်။ တချို့မိဘတွေက ကလေးတွေ စာသင်ချိန်မှာ ဘုန်းတော်ကြီး ကျောင်းရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးခြင်းဖြင့် ပါဝင်ကူညီတာတွေလည်း ရှိပါတယ်။
ကကက
တပတ်အတွင်း ပထမနေ့မှာ ကလေးတွေကို သြကာသဘုရားရှိခိုးနဲ့ မင်္ဂလသုတ်က မင်္ဂလာတရားတော်လေးများ ကို တွဲသင်တာတွေ့ရတယ်။ သြကာသကို ရှင်းပြတယ်။ မင်္ဂလာတရားတော်လေးတွေကို ပုံဝတ္ထုလေးများနဲ့ ခိုင်းနှို င်းပြပြီး သင်ပေးတယ်။ ကလေးတွေကတော့ မြန်မာပြည်ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးကျောင်းသားလေး တွေအတိုင်း သြကာသနဲ့ မင်္ဂလာတရားတော်လေးများကို သံပြိုင်ရွတ်ဆိုကြတယ်။
ကကက
ဒုတိယနေ့မှာ အန န္တငါးပါးနဲ့ မင်္ဂလာတရား၊ တတိယနေ့မှာ သရဏဂုံသုံးပါးနဲ့ မင်္ဂလာတရား၊ စတုတ္ထနေ့မှာ ဘု ရားဂုဏ်တော် ကိုးပါးနဲ့ မင်္ဂလာတရား၊ ပဉ္စမနေ့မှာ တရားဂုဏ်တော်ခြောက်ပါးနဲ့ မင်္ဂလာတရား၊ ဆဌမနေ့မှာ သံ ဃာဂုဏ်တော်နဲ့ မင်္ဂလာတရား၊ သတ္တမနေ့မှာ ဆုတောင်းမေတ္တာပို့အတိုနဲ့ မင်္ဂလာတရားတော်များကို သင်ကြား နေတာကို တွေ့ရပါတယ်။ မိဘတွေအနေနဲ့ ၀မ်းသာပီတိဖြစ်ကြပါတယ်။ ရင်သွေးငယ်များရဲ့နှလုံးသားမှာ ရတနာ သုံးပါး ခိုနားခွင့်ရသွားလို့ မိဘ၀တ္တရားကျေပွန်သည့်အလား ခံစားနေကြတယ်။
ကကက
ဒီသင်တန်းတွေ လုပ်ပေးနိုင်တာဟာ ပြည်ပရောက် ဆရာတော် သံဃာတော်များရဲ့ စွမ်းဆောင်မှုများသာဖြစ်ပါ တယ်။ အကယ်၍ သူတို့သာ မရှိဘူးဆိုရင် ကလေးတွေကို မိဘတွေကပဲ တာဝန်ယူ သင်ပေးရမှာပါ။ စားဝတ်နေ ရေးကို ရှာဖွေရသည်က တဖက်၊ ကလေးတွေကို ယဉ်ကျေးမှု ဘာသာ သာသနာအဆုံးအမတွေ တိမ်ကောမှုမ ရှိစေရအောင် ပျိုးထောင်ရသည်က တဖက်မို့ အဆင်ပြေမယ်တော့ မဟုတ်ပါ။ သို့အတွက် မြန်မာဘုန်းတော်ကြီး ကျောင်းမရှိတဲ့ မြို့တွေက ကလေးတွေ ကြီးတဲ့အခါ ဗုဒ္ဓဘာသာ အကြောင်းကို မိရိုးဖလာလောက်ပဲ သိပါတော့ တယ်။ ကြာတော့ ဘာသာ သာသနာရော လူမျိုးပါ ပျောက်သွားရတော့တယ်။
ကကက
နိုင်ငံခြားမှာ ဖွားတဲ့ မြန်မာကလေးတွေ ဘုန်းတော်ကြီးကျောင်းတွေက ဖွင့်တဲ့ ဒီသင်တန်းတွေကို တက်ခွင့်ရလို့ ကုသိုလ်နဲ့အကုသိုလ်၊ မင်္ဂလာတရား၊ ရတနာသုံးပါးအကြောင်းနဲ့ အနန္တောအန န္တငါးပါး စတာတွေကို သိခွင့်ရခဲ့ပါ တယ်။ ဒါကြောင့်သာပဲ မြန်မာပြည်တွင်းမှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေ များစွာဖွင့်လာတာကို တွေ့ရပါ တယ်။ ကလေးတွေအတွက် တန်ဖိုးဖြတ်လို့မရဘူးဆိုတာ သိလို့ပါ။ အထူးသဖြင့် ၀ိပဿနာကျောင်းတွေက က လေးသင်တန်းတွေကို အထူးဂရုစိုက်၍ ဖွင့်ပေးနေတာ တွေ့ရပါတယ်။ ပြည်တွင်းနဲ့ပြည်ပ ကွာခြားတာလေးတခု က မြန်မာလိုသင်တာနဲ့ အင်္ဂလိပ်ဘာသာနဲ့သင်တာ ဒါပဲကွာခြားပါတယ်။ ကျန်တာ အတူတူပါပဲ။
ကကက
ပျံလွန်တော်မူသွားတဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသက နိုင်ငံခြားမှာ နွေရာသီကလေးများသင်တန်း ဖွင့်ဖို့ကို အထူးပဲ တိုက်တွန်းတော်မူပါတယ်။ သူကိုယ်တိုင်လည်း ရန်ကုန်၊ တောင်ဥက္ကလာမှာ နွေရာသီကလေး သင်တန်းကို မန္တလေးကနေ တကူးတကလာ၍ ဖွင့်ပေးပါတယ်။ အချိန်တိုတိုအတွင်းမှာ အကျိုးများစွာဖြစ်ပေါ်စေ တဲ့ နွေရာသီကလေးများအတွက် ဗုဒ္ဓဘာသာ သင်ခန်းစာကို နေရာတိုင်းမှာသာ ဖွင့်နိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေ အနာဂတ်မှာ ယဉ်ကျေးလိမ္မာတဲ့ လူငယ်လေးတွေဖြစ်မှာ အမှန်ပါ။
ကကက

Read more...

Sunday, July 6, 2008

မျှော်လင့်နေဆဲ

ကကက
နာဂစ်မုန်တိုင်းဟာ မြန်မာပြည်အောက်ပိုင်း မြို့နယ်အချို့ဆီ ပထမဦးဆုံး ၀င်ရောက်လာခဲ့တယ်။ သူဝင်ရောက် လာလို့ လူများစွာ သေဆုံးခဲ့ရတယ်။ သိန်းကျော်တဲ့လူတွေ အသက်ပေးခဲ့ရတယ်။ သန်းကျော်တဲ့ ပြည်သူလူထု ခမျာ အိုးအိမ်မဲ့၊ ဘ၀ပျက်၊ မိသားစုပျက်၊ စီးပွားပျက် စတာတွေ မယုံနိုင်လောက်အောင်ဖြစ်ခဲ့တာ အားလုံးအသိ ပါ။ ပြည်တွင်းပြည်ပ အားလုံးကပဲ သူတို့တွေအတွက် ရတက်မအေးကြဘူး။ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေး ကြပါတယ်။ ယနေ့ထက်တိုင် သူတို့ထံ ရောက်နိုင်တဲ့အနေထားတဲ့ ပို့ပေးနေဆဲပါ။
ကကက
နိုင်ငံခြားအကူအညီတွေကို စစ်အစိုးရက ပိတ်ပင်တယ်။ နောက်ပိုင်းမှာ ပြည်တွင်းက ကူညီသူတွေကိုလည်း သူ တို့တွေ ပိတ်ပင်လိုက်ပြန်တယ်။ ဒီကြားထဲက အခက်အခဲများစွာကို ရင်ဆိုင်ရင်း သွေးချင်းညီအစ်ကို မောင်နှမ တြွေ့ဖစ်တဲ့ ကျနော်တို့မြန်မာပြည်သူ ပြည်သားအချင်းချင်း အတင်းအဓမ္မ၀င်ရောက်ပြီး ကူညီတယ်။ သိတဲအတို င်းပဲလေ။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကူညီရတာဆိုတော့ အဆင်ပြေသင့်သလောက် မပြေဘူးပေါ့ဗျာ။ အမှန်က စစ်အ စိုးရအနေနဲ့ မကူညီချင်အသာနေပါ။ ကူညီသူတွေကို မနှောက်ယှက်ရင် အဆင်ပြေပါတယ်။ သူတို့က မထင်ရင် မထင်သလို ၀င်ရောက်နှောက်ယှက်နေတော့ ကူညီသူတွေ ဒုက္ခရောက်သူတွေအတွက် သိပ်မထိရောက်ဘူး။
ကကက
ကျနော်တို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းက တောမြို့လေးတွေဆိုတာ လယ်ယာမြေတဲ့ အသက်မွေးရတာပါဗျာ။ ဒီလယ်တွေ ရေလွှမ်းသွားပြီဆိုတော့ ထမင်းငတ်တဲ့ဇာတ်လမ်းက စပြီ။ ဒါတင်မကဘဲ ရေက ၀မ်းစာထားလေတဲ့ စပါးကျီတွေကိုပါ လွှမ်းခဲ့ပြီဖြစ်လို့ ပိုဆိုးတာပေါ့ဗျာ။ ရေဘေးလေဘေးကြောင့် လူတွေကိုယ်တိုင် အသက်လုနေရ တဲ့အချိန်မှာ စပါးကျီထဲက နွေမိုးဆောင်းအတွက် ၀မ်းစာတွေကိုလည်း ဂရုမထားနိုင်တော့ဘူး။ အခုမှ တကယ် ကို ထမင်းငတ်တဲ့ကိန်း ဆိုက်တာပါ။
ကကက
ကျနော့်ဇာတိဟာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ထဲက ရွာလေးတရွာဖြစ်ပါတယ်။ ကျနော့်မွေးရပ်မြေဟာ မိုး ရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးဝေး လို့ ဆရာမင်းသုဝဏ် တင်စားဖွဲ့ဆိုခဲ့တဲ့ လယ်စောင့်တဲကဗျာထဲ ကအတိုင်း လယ်ကွင်းစိမ်းစိမ်းတွေ သဘာဝတွေနဲ့ သာယာလှပနေတဲ့အရပ်ပါ။ ကျွဲနွားအကူနဲ့ လယ်ကိုထွန်၊ စ ပါးကို စိုက်ပျိုးပြီး ရိုးသားသူတို့နေရာ ကျေးလက်တောရွာလေးတွေပါ။ ခုဆိုရင် နွေနှောင်းရာသီမို့ မိုးမကျမီ လယ်ယာမြေအတွက် သဘာဝမြေသြဇာ (နွားချေး) ချခြင်း၊ လယ်ကန်သင်းများကို ပြုပြင်ခြင်း၊ ရိုးပြတ်တောကို ရှင်းလင်းခြင်း စသည်အတိုအထွာ အခြေခံကိစ္စလေးများကို ဆောင်ရွက်ချိန်ရောက်ပါပြီ။ မကြာမီ ၀ါဆိုမိုးက ရွာ တော့မှာမို့ ၀မ်းစာရေးအတွက် ထွန်ရေးပြင်ရတော့မှာ မဟုတ်လား။
ကကက
စကားမစပ်၊ ကျနော့်ထံသို့ မကြာသေးမီ ရက်ပိုင်းအတွင်းက စာလေးတစောင် ရောက်လာခဲ့ပါတယ်။ ရွာက မောင်နှမတွေနဲ့ ဆွေးမျိုးသားချင်း၊ ရွာသူရွာသားတွေက ရွာအခြေအနေကို စာရေးလာတယ်။ စာထဲမှာ အဓိက အကြောင်းက သူတို့တွေ ဒီနှစ်မိုးမှာ ထွန်ချဖို့ လယ်ယာသုံးပစ္စည်းတွေ မုန်တိုင်းဒဏ်ဖြစ်တဲ့ ရေဘေးလေဘေးေ ကြာင့်ပျက်စီးသွားကြောင်း၊ ကျွဲနွားတွေလည်း ရေထဲမျောပါ ပျက်စီးကုန်ကြောင်း ပြောလာတယ်။ ကြားရတာ ရင်ထဲမှာ နင့်သွားတယ်။ စိတ်မကောင်းစရာ သူတို့အဖြစ်ပါ။
ကကက
စာထဲမှာ ဆက်ရေးထားတာက မိုးအမီ လယ်ထွန်ဖို့ ကျွဲနွားနဲ့ လယ်ယာသုံးပစ္စည်းကိရိယာများ ဘာတခုမျှမရှိ တော့လို့ စကားကျီလည်း ရေထဲမျောပါကုန်လို့ အငတ်ဘေးဆိုက်နေပြီတဲ့။ လက်ရှိသူတို့ဘ၀တွေဟာ သူများက ဝေငှလာတဲ့အစားအစာလေးတွေနဲ့ ရပ်တည်နေရကြောင်း ရင်ဖွင့်လာတယ်။ တတ်နိုင်ရင် ကူညီဖို့အကြောင်းနဲ့ နိုင်ငံခြားက ရောက်လာမယ်ဆိုတဲ့အကူအညီတွေကို မျှော်လင့်နေကြောင်း ရေးလာတယ်။ စာကိုဖတ်ပြီး ဖော်မ ပြတတ်တဲ့ဝေဒနာတွေ ပေါ်လာတယ်။
ကကက
တနယ်လုံးဖြစ်တာဆိုတော့ ကျနော် ဘာတတ်နိုင်ဦးမှာလဲ။ ငွေစုပြီး အများအတွက်ပို့ရင်း ရွာအတွက်ကိုပါ ကိုယ် တတ်နိုင်တဲ့ဘက်က ကူညီဖို့ ပြင်ဆင်ရပါတယ်။ စာထဲမှာပါတယ်၊ သူတို့တွေရင်ထဲမှာ ကျနော့်ကို ပြောစရာတွေ အများကြီးရှိတယ်တဲ့။ ထို့အတူ ကျနော့်ရင်ထဲမှာလည်း ပြောစရာတွေ တပုံတပင်နဲ့ပါ။ ရန်ကုန်မှာရှိတဲ့ ရွာကလူ တဦးနဲ့စကားပြောစဉ်မှာ သူတို့တွေဟာ နိုင်ငံခြားကရောက်လာမယ့် အကူအညီကို မျှော်လင့်နေတဲ့အကြောင်း သိရတယ်။ ဒီအကူအညီတွေအားလုံး စစ်အစိုးရဖျက်လို့ ပျက်ပြယ်ကုန်ပြီဆိုတာ သူတို့တွေ မသိရှာကြသေးဘူး ဗျာ။ အားလုံးက မျှော်လင့်နေဆဲပဲလေ ...။
ကကက
ဘိုးစဉ်ဘောင်ဆက်က သာယာခဲ့တဲ့ ကျနော့်ရွာဟာ အခုတော့ ထိုသို့မဟုတ်တော့ပါပြီ။ ဆရာမင်းသုဝဏ်ရေးဖွဲ့ ခဲ့တဲ့ မိုးကုတ်စက်ဝိုင်းကြီးအောက်က ခြေတန်ရှည်လယ်စောင့်တဲလေးသည်လည်း ထိုနေရာ၌ မရှိတော့ပါပြီ။ တိရိစ္ဆာန်အလောင်းများ၊ လူသေအလောင်းများက ရေကျသွားတဲ့လယ်ကွင်းပြင်မှာ မြင်လို့မကောင်းဘူးတဲ့။ အရေးကြီးတာက ရှင်သန်နေသူတို့ မျှော်လင့်ချက်နဲ့ သူတို့တွေ ဆက်လက်အသက်ရှင် ရပ်တည်မှုကို ကျနော် ဘယ်သို့ ကူညီနိုင်မလဲဆိုတဲ့အတွေးက စိတ်ထဲမှာ မကြာမကြာ ၀င်ရောက်လာတယ်။ ကံတရားရယ် အညတြ တွေအတွက် ငဲ့ကွက်ပါအုံးလို့ ဆုတောင်းနေမိတယ် ... ။
ကကက

Read more...

Wednesday, July 2, 2008

မန်းတက္ကသိုလ်က သမိုင်းဆရာ

ကကက
မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးဆုံးတာ ကြာခဲ့ ပါပြီ။ သူ့မိသားစုတွေ တပည့်တွေက ဆရာ့ကို မမေ့နိုင်ကြသေးဘူး။ ဆရာဆုံးသွားတာ အနှစ် (၂၀) ပြည့်တဲ့ ဒီ နေ့ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၂) ရက်မှာ ဆရာ့အတွက်အမှတ်တရ လုပ်ကြတယ်။ ကောင်းမှုပြုကြတယ်။ ဆရာ့ အမှတ်တရဆိုပေမဲ့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ မိသားစုပွဲ သဘောမျိုးပါ။
ကကက
ပြုလုပ်တဲ့နေရာက တောင်ပိုင်းကာလီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Whittier မြို့ Golden Trigle မြန်မာထိုင်းထ မင်း ဆိုင်မှာဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်တယ်။ မိသားစုဝင်တွေ အဲသည်မှာပဲ နေ့လည်စာ သုံး ဆောင်ကြတယ်။ ဆရာဒေါက်တာမောင်မောင်ကြီး မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟိုစဉ်က သမိုင်းကြောင်းများ၊ ဇေယျာမောင် ဦးကိုကိုလေး၊ ဒေါက်တာသန်းထွန်း စတဲ့ ပုဂ္ဂိုလ်များအကြောင်းကို ပြန်လည် ထုတ်ဖော် ပြောဖြစ်ကြတယ်။
ကကက
အဲသည်နောက်တော့ စကားဝိုင်းလေးက မြန်မာပြည်လက်ရှိအခြေအနေဆီ ရောက်သွားတယ်။ ရေဘေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေ တုန့်ပြန်မှုက သိပ်ရိုင်းတဲ့အကြောင်း ကမ္ဘာမှာ အဆိုးဆုံးစာရင်းမှာ ဘယ်လိုနာ မည်မျိုးနဲ့ စစ်အစိုးရကို သွင်းရမလဲဆိုတာတွေ စုံလို့ပဲ။ သမိုင်းပညာရှင်တဦးရဲ့ အနှစ် (၂၀) အထိမ်းအမှတ်ပွဲကို သွားစဉ်မှာ ဆရာရဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ သမိုင်းအကြောင်းတွေ ဂုဏ်ပြုပြောဆိုရင်း လက်ရှိသမိုင်းသစ်တွေ အ ကြောင်းကိုလည်း တော်တော်များများဆွေးနွေးဖြစ်တယ်။
ကကက
ဆုတောင်း ရေစက်ချပွဲကိုပါ ပြုလုပ်တဲ့အတွက် အဲသည်ထမင်းဆိုင်နဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ ဓမ္မသုခမြန်မာ ကျောင်းကို စားသောက်အပြီးမှာ သွားကြပါတယ်။ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဆရာတော်ဦးသဇ္ဖန အရှင်သူ မြတ်က သံဝေဂတရားတော်များ ဟောကြားချီးမြှင့်ပေးပါတယ်။
ကကက
တရားဟော ရေစက်သွန်းချအပြီးမှာ ပါမောက္ခဒေါက်တာမောင်မောင်ကြီး ရေးသားခဲ့တဲ့ စာအုပ်များကို စုစည်း သိမ်းဆည်းဖို့နဲ့ ပြန်လည်ထုတ်ဝေဖို့အကြောင်းတွေကို သမီးဖြစ်သူ၊ ဇနီးဖြစ်သူတို့နဲ့ပြောဖြစ်ပါတယ်။ မှတ်တမ်း တင်ထားကြောင်းနဲ့အဆင်သင့်တဲ့အခါ ပြန်လည်ထုတ်ဝေမည့်အကြောင်း ပြောပါတယ်။ အမေရိကန်ပြည်တွင်း ရှိ တက္ကသိုလ် ကြီးတွေမှာ ဒေါက်တာမောင်မောင်ကြီးရေးတဲ့ သမိုင်းစာအုပ်များကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် UCLA စာကြည့်တိုက်မှာ ဆရာ့စာအုပ်များ ရှိကြောင်း သမီးဖြစ်သူက ပြောလာ ပါတယ်။
ကကက
စာအုပ်ထုတ်ဝေရေးကို မူလထုတ်ဝေခဲ့တဲ့ တက္ကသိုလ်များ စာပုံနှိပ်တိုက်များနဲ့ ဆက်သွယ်၍ စုံစမ်းမေးမြန်းဦး မှာဖြစ်ကြောင်း သိရပါတယ်။ စာအုပ်ထုတ်မယ်ဆိုရင် စာပုံနှိပ်တိုက်နဲ့ စာရေးသူ (သို့မဟုတ်) စာမူပိုင်ရှင်တို့အ ကြားမှာ ချုပ်ဆိုတဲ့ စာချုပ်ကို အသေးစိတ်ဖတ်ဖို့ကို ကျနော်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာဆရာတော်ကြီး တပါးဖြစ်တဲ့ ဆရာ တော်ဦးသီလာနန္ဒာဘိဝံသ ရေးသားတဲ့ The Four Foundations of Mindfulness စာအုပ် ကို ထုတ်ဖို့ Wisdom Publication နဲ့ ချုပ်ဆိုခဲ့စဉ်က သာမန်စာလုံးနဲ့ ရေးသားထားတာ လေးတွေကိုပဲ ဆရာ တော်က အဓိကထားဖတ်ပြီး စာလုံးသေးသေးလေးတွေနဲ့ မှုန်မှုန်မွှားမွှားရေးထားတဲ့ စာချုပ်ပေါ်က အချို့စာ တွေကို ဆရာတော်က မဖတ်မိဘဲ လက်မှတ်ထိုးလိုက်တယ်။ နောင်သောအခါ ဒီစာအုပ်ကို စာရေးသူ ဆရာ တော်ကိုယ်တိုင် ပြန်ထုတ်ချင်လို့ ပုံနှိပ်တိုက်နဲ့ဆက်သွယ်တဲ့အခါမှာ ဒီစာအုပ်ကို သူတို့ပုံနှိပ်တိုက်က မထုတ် တော့မှသာ စာရေးသူက ထုတ်ဝေနိုင်ကြောင်း လက်မှတ်ထိုးထားကြောင်းပြောလာလို့ စာအုပ်ကို ကိုယ်တိုင် ရေးခဲ့တဲ့ ဆရာတော်ကြီး ဘာမျှမတတ်နိုင်ခဲ့ဘူး။ ပုံနှိပ်တိုက်နဲ့ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်ထဲမှာ ရိုးသား သူတို့ရဲ့ စွမ်းအားတွေ အချည်းနှီးမဖြစ်ရအောင် ဒီသင်ခန်းစာလေးကို ပြန်ပြောလိုက်ပါတယ်။ အမေရိကမှာ ဘာ ကိစ္စကို မဆို စာချုပ်ခဲ့ရင် ပုံမှန်မဟုတ်တဲ့ စာလုံးအသေးစားလေးတွေနဲ့ရေးထားတတ်တဲ့ စာကြောင်းတွေကို ခုန် ကျော်သွားပြီး မဖတ်ဖြစ်ခဲ့ရင် ဒုက္ခရောက်တတ်ပါတယ်။
ကကက
ကျနော်တို့တိုင်းပြည်က ဒေါက်တာမောင်မောင်ကြီးတို့လို ဒေါက်တာသန်းထွန်းတို့လို ကမ္ဘာကလေးစားလောက် တဲ့ သမိုင်းပညာရှင်တွေ၊ အခြားအခြားသော ပညာရှင်တွေ အများကြီးပါ။ လွတ်လပ်ရေးရပြီးနောက် မဆလခေ တ်၊ စစ်အစိုးရခေတ်တွေမှာ သူတို့ဘ၀တွေက ပြည်ပမှာ အခြေချခဲ့ရတယ်။ ပြည်တွင်းမှာက အာဏာရှင်တက် လာပြီဆိုတော့ အမှန်အတိုင်းရေး၊ အရှိအတိုင်းပြောတဲ့ ပညာရှင်တွေကို အာဏာရှင်တွေက မကြိုက်ဘူးမဟုတ် လား။ သမိုင်းဆိုတာလည်း အကောင်းအဆိုးတွေအကြောင်းကို အမှန်တရားပေါ်မှာ အခြေခံရတဲ့ ပညာရပ်မျိုးဆို တော့ တဦးတယောက်အကြိုက်ကို လိုက်ရေးလို့ရတဲ့ အရာမျိုးမဟုတ်ပါ။
ကကက
ဒါကြောင့်သာပဲ မန္တလေးတက္ကသိုလ်ရဲ့ သမိုင်းဌာနမှာ Political Science ဘာသာရပ်သင်တဲ့ ပါမောက္ခဒေါက်တာ မောင်မောင်ကြီး ပို့ချချက်တွေကို အမေရိကန်ဆန်တယ်လို့ စွပ်စွဲပြီး ဦးနေ၀င်းက ပယ်ချလိုက်တယ်။ နိုင်ငံရေးသိ ပ္ပံဘာသာရပ်ကို ဖြုတ်ပြစ်လိုက်တယ်။ ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး မြန်မာမှာဖြစ်နေတဲ့ နိုင်ငံရေးတွေကို ခေတ် မီမီ သင်ပေးနေတဲ့ အလွန်တော်တဲ့ ပါမောက္ခတဦးကို သူ့သဘောနဲ့မတိုက်ဆိုင်တော့လဲ ဖြုတ်ထုတ်သတ်လုပ်လို က်တာပဲ။ ဒီလိုနဲ့ အလွန်တော်တဲ့ မြန်မာ့ပညာရှင်တွေ မွေးရပ်မြေနဲ့ဝေးရာကို ပြေးခွာခဲ့ရပါပကော။ ပါမောက္ခဆ ရာ ဒေါက်တာမောင်မောင်ကြီး ကောင်းရာသုဂတိ ရောက်ပါစေ။ ဆရာကွယ်လွန်ခဲ့တာ နှစ်တွေ ကြာညောင်းခဲ့ သော်လည်း မြန်မာပြည်သူပြည်သားများက ဆရာ့ဂုဏ်ကျေးဇူးများကို ထာဝရလေးစားဂုဏ်ပြုလျက်ပါ ...
ကကက

Read more...

Tuesday, July 1, 2008

အမေရိကန်ရွေးကောက်ပွဲအကြောင်း

ကကက

အားလုံးသိကြတဲ့အတိုင်းပဲ အမေရိကန်ရွေးကောင်ပွဲက စိတ်ဝင်စားစရာပါ။ ဒီရွေးကောက်ပွဲကို စောင့်နေသူတွေ အများကြီး။ အထူးသဖြင့် ပြည်တွင်းပြည်ပက နိုင်ငံရေးသမားတွေ စောင့်နေကြတယ်။ အနာဂတ်မှာ သူတို့တွေနဲ့ ဆက်ဆံရမဲ့ အမေရိကန်ခေါင်းဆောင်ဟာ ဘယ်သူဖြစ်မလဲပေါ့။ ရွေးကောက်ပွဲဝင်တဲ့ပါတီကြီးတွေက နှစ်ခုပဲရှိလို့ ဘယ်ပါတီက သမ္မတအဖြစ်တက်လာရင် ဘာဖြစ်မယ်ဆိုတာလဲ ခန့်မှန်းထားကြတယ်။ ဒါကလည်း သူတို့ပါတီရဲ့ မူဝါဒကို အစကတည်းက ကြိုတင်သိနေလို့ပါ။
ကကက
စီးပွားရေးသမားတွေကလည်း ရွေးကောက်ပွဲကို စောင့်နေကြပါတယ်။ မိတ်ဆွေလူဖြူတဦးဆို သူစီပွားရေးအတွ က် ၀ယ်မယ့်ပစ္စည်းတွေကို မ၀ယ်သေးဘဲ စောင့်နေတယ်။ ထို့အတူ ရောင်းစရာပစ္စည်းတွေကိုလည်း မရောင်း သေးဘဲ ခေတ္တဆိုင်းငံ့ထားတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို နေ့စဉ်ထိုင်ကြည့်တယ်။ နံနက်တကြိမ် ညတကြိမ် နိုင်ငံရေးသတင်း အစည်းအဝေး လှုပ်ရှားမှု စတာတွေကို စောင့်ကြည့်တယ်။ ကိုယ်ကသာ အတိအ ကျနားမလည်တာ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ စီးပွားရေးက နိုင်ငံရေးနဲ့ပတ်သက်နေတယ်ကွလို့ မကြာမ ကြာ သူပြောနေတယ်။ ဒါကြောင့်ထင်တယ် သူရှုံးတယ်လို့ မကြားဘူးသေးဘူး။
ကကက
ပြိုင်ပွဲဝင်နေသူတွေက လူကြိုက်အလွန်များသူတွေတော့ မဟုတ်ဘူး။ ရီပတ်ပလီကန်ပါတီက ဂျွန်မက်ခိမ်း တက်လာ တယ်။ ဒီလူက စစ်ပြန်ဟောင်း လူကြီးလူကောင်းဖြစ်ပါတယ်။ သမ္မတကြီး ဘုရှ်လက်တဲ့အတိုင်း ဆက်လက်ဆောင် ရွက်မယ်လို့ ကြွေးကြော်ထားသူမို့ သူသမ္မတအဖြစ်တက်လာရင် သိပ်ဟန်ကျမယ်လို့ မထင်ကြဘူး။ အသက်က အရမ်းကြီးနေပြီ။ တိုင်းပြည်ကြီးတခုကို ဦးဆောင်ဖို့ဆိုတာ သူ့ဦးဏှောက်က ကြည်ကြည်လင်လင်ရှိပါဦးမလား။ သူ့ကျန်းမာရေးကကော အဆင်ပြေနိုင်ပါ့မလားတဲ့၊ လားပေါင်းများစွာနဲ့ ပြည်သူတွေ စဉ်းစားဝေဖန်ကုန်ကြပါပြီ။ စစ်အစိုးရကို ပယ်ပယ်နယ်နယ် တီးသူမို့ မြန်မာတွေကတော့ သူ့ကို ကြိုက်ပါတယ်။ ကျနော့်အမြင်မှာတော့ သူ တက်လာရင်လဲ မြန်မာနိုင်ငံအတွက်က မြန်မာတွေပဲ လုပ်ရမှာလို့ အတွေးရောက်တယ်။ စစ်ပြန်ဆိုတော့ စစ်ထဲ မှာနေတုန်းက စစ်ဥာဏ်တွေပါလာရင် ရန်မူတာတွေများလို့ ကမ္ဘာကြီး ပူနေပါဦးမယ်။ ပြောတော့ မပြောတတ် သေးပါဘူးလေ။ စောင့်ကြည့်ရဦးမှာပေါ့ဗျာ။ ဝေဖန်နိုင်ရုံမျှပဲ ကျနော်တို့တွေ လုပ်နိုင်သေးတာကိုးဗျ။
ကကက
ဒီမိုကရက်တစ်ပါတီက အိုဘားမားနဲ့ဟေလာရီတို့ ပြိုင်ပွဲဝင်လာတယ်။ ဟေလာရီနိုင်မယ်လို့ အများစုက ခန့်မှန်း တယ်။ တော်တယ်၊ အတွေ့အကြုံရှိတယ်၊ စီးပွားရေးကျနေတဲ့ တိုင်းပြည်ကို ခေါင်းထောင်လာအောင် လုပ်နိုင်လိ မ့်မယ်လို့ ယုံကြည်ကြတယ်။ ဒါတွေက တကယ်မှန်ပါတယ်။ တကယ်ဖြစ်လာနိုင်တဲ့ ကိစ္စတွေပါ။ အမေရိကန်အေ ရှန်တွေက သူ့ကို အတော်အားပေးကြတယ်။ ကြိုက်ကြတယ်။ နောက်ဆုံးမှာတော့ သူရှုံးသွားတယ်။ ဘယ်လောံ ပဲတော်တော် လူထုက ထောက်ခံမှုနည်းလေတော့ အခြေအနေ မပေးဘူးဖြစ်သွားတယ်။
ကကက
သူမမှာ သမ္မတလုပ်နိုင်တဲ့ အရည်အချင်း အပြည့်ရှိတယ်။ လုပ်လည်းလုပ်နိုင်တယ်။ သူမ သမ္မတဖြစ်ရင် သူမနဲ့ အတူပူပေါင်းဆောင်ရွက်ဖို့ အားကောင်းတဲ့နိုင်ငံရေးပညာရှင် အသိုင်းအ၀န်းက အကြီးကြီးရှိတယ်။ သူမခင်ပွန်း ကိုယ်တိုင် တချိန်က သမ္မတကြီးဖြစ်ခဲ့ဖူးတယ်။ ဒါတွေ ဘာပဲဖြစ်ဖြစ် လူထုက မထောက်ခံတော့ ရှံးနိမ့်သွားရပါ တယ်။ အကြောင်းတွေက အများကြီးပါပဲ။ သူတို့သမိုင်းမှာက မိန်းကလေးသမ္မတလုပ်တာ တခါဖူးမျှ မရှိဖူးလို့ဘဲ လား။ မိန်းကလေးကို သမ္မတအဖြစ် မတင်ချင်လို့လား။ ဒါပေမဲ့ သူတို့ ဥပဒေမှာက မိန်းမယောင်္ကျား ခွဲခြားမှုမရှိ စေရ၊ အားလုံးအခွင့်အရေးတူပေးထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ နောက်တချက်က အိမ်ဖြူတော်မှာ အဖေဘုရှ်၊ သားဘုရှ်တို့ သက်တမ်းက အရမ်းကြာသွားတယ်။ သမ္မတကြီး ကလင်တန်ရဲ့သက်တမ်းကလည်း ကြာသွားတယ်။ အကယ်၍သာ ဟေလာရီ သမ္မတအဖြစ်တက်လာရင် အိမ်ဖြူတော်မှာ ကလင်တန်မိသားစုက နောက်ထပ်ဘယ် လောက်ကြာကြာ ထပ်ပြီးကြီးစိုးဦးမှာလည်းလို့ လူထုက စိုးရိမ်ကြတယ်။ ဒါကြောင့် အပြောင်းအလဲလေးဖြစ်သွား အောင် အိုဘားမားကို ထောက်ခံကြတာလို့ ယူဆနေကြတယ်။ ဆန်ဒီယေဂိုမှာနေတဲ့ မိတ်ဆွေတဦးကဆို ဟေ လာရီကို အရမ်းအမြင်ကပ်တယ်။ သတင်းထိုင်ကြည့်နေရင်းနဲ့ “ဟာ ဒီမိန်းမကြီး ပေါ်လာပြန်ပြီ၊ ငါ ဒီမိန်းမကြီးကို ကြည့်လို့ကို မရဘူး”တဲ့။ ကြိုက်တဲ့လူတွေကြတော့လဲ သူမ နိုင်ပါစေလို့ တီးတိုးဆုတောင်းနေကြတယ်။
ကကက
သူမကို မထောက်ခံတဲ့ ဇာတ်လမ်းကို အိုင်အိုဝါက စလိုက်တာပဲ။ အိုင်အိုဝါမှာရှိတဲ့ လူမည်းတွေက ဟေလာရီကို မဲပေးဖို့ပြင်နေတုန်းမှာ အဲသည်က လူဖြူတွေက အိုဘားမားကို မဲပေးလိုက်ကြတယ်။ လူဖြူတွေက လူမဲခေါင်း ဆောင်တဦးကို အခုလို ထောက်ခံလိုက်ကြတော့ လူဖြူဖြစ်တဲ့ ဟေလာရီကို မဲပေးဖို့ စည်းရုံးစုဝေးနေတဲ့ လူမဲ တွေ အံ့သြသွားတယ်။ မင်းတို့လူဖြူတွေတောင် လူမဲခေါင်းဆောင်ကို မဲပေးသေးတာ၊ ငါတို့လူမဲတွေက ငါတို့လူ မဲခေါင်းဆောင်ကို ဘာလို့မပေးနိုင်ရမှာလဲဆိုပြီး အပြောင်းအလဲဖြစ်သွားလိုက်တာ ဟေလာရီကိုပေးဖို့ဖြစ်တဲ့ မဲ တွေ အိုဘားမားထံရောက်သွားတယ်။ လူဖြူလူမဲ မဲအများစုကို အိုင်အိုဝါက စပြီး အိုဘားမား ရခဲ့တာပါ။
ကကက
အမေရိကန်သမ္မတ သက်တမ်းမှာ လူမဲခေါင်းဆောင် မရှိဖူးသေးပါ။ သူတို့လူဖြူတွေကိုယ်တိုင်က ထောက်ခံနေမှ တော့ ကျနော်တို့ အာရှတိုက်ဖွားတွေ ဘာမျှပြောစရာ မလိုတော့ပါဘူး။ သမ္မတကြီး ဘုရှ်တုန်းကလည်း သူတို့ပဲ တခဲနက် ထောက်ခံခဲ့တာ။ နောက်ပိုင်းမှာ တိုင်းပြည်က ခွက်ခွက်လန်အောင် ဖြစ်လာတော့မှ ဒီလူကြီးကို မဲပေး မိတာ မှားပါတယ် ဖြစ်ကြတယ်။ ဟဲ ဟဲ ဘုရှ်ကတော့ စင်ပေါ်ကပဲ။ သိပ်နောက်ကျသွားပြီလေ။ အခုလည်းပဲ လူ မဲခေါင်းဆောင်ကို သူတို့တွေ မဲပေးကြပြန်ပြီ။ ကံကောင်းပါစေလို့ပဲ ဆုတောင်းပါတယ်။ လူမဲကို သူတို့တွေ အား ပေးထောက်ခံလိုက်တဲ့အတွက် ဒီမိုကရေစီရဲ့တန်ဖိုး ထွက်လာပါတယ်။ ဒီမိုကရေစီနည်းစနစ်အရ လူမဲလည်းပဲ သမ္မတဖြစ်ခွင့်ရှိတယ်ဆိုတာ ဖော်ပြလိုက်တာပါ။ လေးစားစရာကောင်းတဲ့ သူတို့တွေ သဘောထားပါ။ အမြင် ကျယ်တဲ့ သူတို့လုပ်ရပ်တွေက လေးစားစရာကောင်းနေပြန်ပါတယ်။
ကကက
အိုဘားမားက အပြောအလွန်ကောင်းတယ်။ အမေရိကန်လူငယ်တွေကလည်း အမြင်သစ်အတွေးသစ်တွေကို အ လွန်သဘောကျပါတယ်။ ရှေးရိုးကြီးဝါဒကို သူတို့တွေ သိပ်မကြိုက်ကြပါဘူး။ အတွေးသစ်အမြင်သစ်တွေနဲ့တိုင်း ပြည်ကို အုပ်ချုပ်သွားမယ်လို့ အပြောကောင်းတဲ့ အိုဘားမားကို ဒါကြောင့် သူတို့တွေ လက်ခံလိုက်ကြတာပါ။ ဒါ ပေမဲ့ အိုဘားမားတက်လာရင် သူ့မှာ ကိုယ်ပိုင်အစိုးအရဖွဲ့ဖို့ လူမရှိသလောက်ပါဘဲ။ သူ့အုပ်စုအနေနဲ့ အစိုးရဖွဲ့ဖို့ လူတော်တွေ မရှိပါဘူး။ ဒါသူ့အတွက် အခက်တွေ့နေတဲ့ကိစ္စပါ။ ပါတီတခုတည်းဖြစ်တဲ့ ဟေလာရီကလင်တန်နဲ့ တွဲဖက်ပြီး ဒီမိုကရက်အစိုးရဖွဲ့မှသာ အဆင်ပြေမှာဖြစ်ပါတယ်။ အိုဘားမားက သမ္မတ၊ ဟေလာရီက ဒုတိယသမ္မ တအဖြစ်ပေါ့ဗျာ။ ဒီအထိ သဘောတူညီမှုရ မရဆိုတာ စောင့်ကြည့်ရပါအုံးမယ်။ ရသည့်တိုင်အောင် တဖက်ပါ တီက ပြိုင်ဘက်ဖြစ်တဲ့ ဂျွန်မက်ခိမ်းကို နိုင်ဦးပါမှ လုပ်နိုင်မှာဖြစ်ပါတယ်။
ကကက
စောင့်ကြည့်ရုံသာပဲဖြစ်ပါတယ်။ ကျနော်တို့မှာ စောင့်ကြည့်ရမှာတွေ များလာပြီ။ မိန်မ ယောင်္ကျား အဖြူ အမဲ ကြိုက်တဲ့သူတက်ပါ။ တိုင်းပြည်အတွက် ကောင်းဖို့တော့ လိုအပ်ပါတယ်။ သို့မဟုတ်ရင် ဘယ်သူပဲ တက်တက် တက်လာသူဟာ သမိုင်းကွေးမှာပဲ။ တိုင်းပြည်ကြီး နလန်ထူအောင် လုပ်နိုင်သူဟာ သမိုင်းကောင်းမှာပဲ။ ဒီမိုက ရေစီလမ်းကြောင်းပေါ်မှာ တည်ငြိမ်နေပြီဖြစ်တဲ့ သူတို့တိုင်းပြည်ဟာ သိပ်တော့ ပူစရာမရှိပါဘူး။ အခုလိုတည်ငြိ မ်ပြီး အဆင့်အတန်းရှိတဲ့ ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာကော ဘယ်တော့များမှဖြစ်လာမှာလဲ။ ကိုယ့်မွေးရပ် မြေ အနာဂတ်ကို အကြောင်းအရာတွေ စပ်မိလာတိုင်း ကြုံ့လာတိုင်း စဉ်းစားဖြစ်တယ်။ လက်ရှိအနေအထားမှာ တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲပါ။ ဒါပေမဲ တနေ့တလန် ပုဂံဘယ်ပြေးဆိုတာလည်း ရှိသေးတယ်မဟု တ်လား။ လာမှာပေါ့ဗျာ။ ရွှေပြည်တော်ကြီးနဲ့ တနေ့မှာ နီးရမှာပေါ့ . . . ။
ကကက

Read more...

Saturday, June 28, 2008

နိုင်ငံတကာ မွေးနေ့ပွဲ

ကကက
လူမျိုးပေါင်းစုံက နိုင်ငံပေါင်းစုံမှာ ဒေါ်စုမွေးနေ့ပွဲကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြတယ်။ မမြင်ဖူးသော်လည်း စကားမ ပြောဖူးသော်လည်း မသိကျွမ်းသော်လည်း မွေးနေ့ပွဲကို လေးလေးနက်နက် ကျင်းပကြတယ်။ ဘာကြောင့်ကျင်းပ တာလဲ။ အဖြေက ရှင်းပါတယ်။ အင်အားကြီးမားတဲ့ အာဏာရှင်စစ်အစိုးရကို သတ္တိရှိရှိ ရဲရဲတင်းတင်း ရင်ဆိုင်၍ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်လို့ဖြစ်ပါတယ်။
ကကက
ရန်သူကို ဒေါသနဲ့မတုန့်ပြန်ဘဲ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲတဲ့သတ္တိ၊ ရန်သူ့လက်တွင်းမှာ ဇွဲတင်းပြီး ရည်မှန်းချ က်တွေအတွက် စိန်ခေါ်ရဲတဲ့သတ္တိ၊ ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများအတွက် စွန့်လွှတ်ရဲတဲ့သတ္တိတွေဟာ မြန်မာအသိုင်းအ၀ိုင်းတင်မက ကမ္ဘာ့လူထုအလယ်မှာလည်း လေးစားစရာကိစ္စရပ်ဖြစ်ပါတယ်။ လေးစားထိုက်သူ ကို ထိုက်ထိုက်တန်တန် လေးစားခြင်း ဂုဏ်ပြုခြင်းဟာ မင်္ဂလာတပါးဖြစ်ပါတယ်။ ကမ္ဘာလူဦးရေအနေနဲ့မြောက် များစွာ သန်းပေါင်းများစွာရှိသော်လည်း အခုလို စံပြအရာမှာ ထားပြီး လေးစားဂုဏ်ပြုထိုက်သူဟာ အတော်ကိုပဲ ရှားပါတယ်။ အဆိုးတွေကြားက ကျနော်တို့မြန်မာတွေ ဂုဏ်ယူရမည့်ကိစ္စပါ။
ကကက
ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေ နေရာအတော်များများမှာ လုပ်ကြပါတယ်။ အန္တရာယ် ပေးနေတဲ့ ဘီလူးသူရဲတွေ အနီးမှာ လုပ်ရတဲ့မွေးနေ့ပွဲတွေမို့ အခက်အခဲများစွာရှိနေကြောင်းကို အားလုံးအသိ ဖြစ်ပါတယ်။ အန္တရာယ်ရှိမှန်းသိလျက်နဲ့ ရဲရဲဝံ့ဝံ့လုပ်တာမို့ ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ ညီတော်နောင်တော် တို့ကိုလည်း လေးစားမိပါတယ်။
ကကက
ကျနော်တို့ လောစ်အိန်ဂျလိစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲလေးတွေ ဟိုမှာ သည်မှာ လုပ်ဖြစ်ပါ တယ်။ ကိုယ့်မူကိုယ့်ဟန်လေးနဲ့ နည်းစပ်ရာမှာ စုပေါင်းပြီး လုပ်ကြခြင်းဖြစ်ပါတယ်။ ပြောရရင် အမေရိကမှာရှိတဲ့ ပြည်နယ်တိုင်းမှာ လုပ်ဖြစ်ကြပါတယ်။ ကျနော့်ရဲ့မိတ်ဆွေတဦးဆို မြန်မာပြည်ပြန်ဖို့ ပြည်ဝင်ခွင့်ဗီဇာအပိတ်ခံရပါ တယ်။ သူ့ရဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်ကို ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးက ပြန်ပို့လာတယ်။ နိုင်ငံကူးလက် မှတ်ပေါ်မှာ မြန်မာပြည်ဝင်ခွင့်ဗီဇာတော့ ပါမလာဘူး။ ဘာကြောင့်များ မပေးတာလဲလို့ သိပ်သိချင်တာနဲ့ စုံစမ်းဖို့ မြန်မာသံရုံးနဲ့နီးစပ်သူကို လိုက်ရှာတာ ဒါလည်းမလွယ်ကူဘူး။
ကကက
နောက်ဆုံးမှာ ပြည်တွင်းက သူငယ်ချင်းတဦးက ဒီကိစ္စကို အကပ်တွေ အရပ်တွေနဲ့ စုံစမ်းတယ်။ အဖြေကို သိရ ပါပြီ။ အဲဒါက သူ့အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို နီးစပ်ရာသူငယ်ချင်းတွေစုပြီး လုပ်မိလို့ မြန်မာပြည် ၀င်ခွင့် ဗီဇာထုတ်မပေးတာတဲ့။ ဒါနဲ့ပဲ သူတို့ရဲ့ နာမည်ပျက်စာရင်းထဲမှာ ကျနော့်မိတ်ဆွေ ၀င်သွားပါတော့တယ်။ ဒေါ်စုမွေးနေ့ပွဲကျင်းပတာ ဘာအပြစ်ရှိလို့လဲကွ။ ဘယ်ပါတီနိုင်ငံရေးနဲ့မှ မပတ်သက်တာဘဲဗျာလို့ စောဒကတက် မိတော့ စုံစမ်းပေးတဲ့မိတ်ဆွေက ဒီလို ပြန်ပြောလာတယ်။ တို့တွေအနေနဲ့က အပြစ်မရှိဘူး မှန်တယ်။ သူတို့တွေ အနေနဲ့က ဒေါ်စုကို ရန်သူလို့သတ်မှတ်ထားလေတော့ ဒေါ်စုနဲ့ပတ်သက်သမျှဟာ အပြစ်ပဲ သူငယ်ချင်းတဲ့ဗျား။
ကကက
ကျနော့်မိတ်ဆွေတဦး လက်တွေ့ကြုံခဲ့တဲကိစ္စတခုကို တင်ပြလိုက်တာပါ။ နောက်ဆုံးမှာ မြန်မာပြည် ပြန်ချင်လို့ နိုင်ငံပြောင်း၊ သံရုံးပြောင်းပြီးဗီဇာလျှောက်တာ ရသွားတယ်။ မြန်မာနိုင်ငံတွင်းမှာ စိတ်ကြိုက်လည်ပတ်ခဲ့တယ်။ ဘာပြဿနာမှ မတက်ပါဘူး။ ဒါပေမဲ့ လေဆိပ်က အထွက်မှာတော့ “ဆရာ ပြန်တော့မှာလား၊ ဆရာလာတဲ့အခါ မြန်မာပြည်တွင်းကို ပေးမ၀င်ဖို့ ကျနော်တို့ဆီမှာ ဆရာ့နာမည်နဲ့ စာရင်းရှိနေတယ်။ အခုဆရာက ပြန်တော့မှာမို့ ကျနော်တို့ ဘာမျှမတတ်နိုင်တော့ဘူးဆရာ။ နောက်တခါဆိုရင်တော့ ဆရာ့ကို လုံးဝခွင့်မပြုနိုင်ဘူး။ ကျနော်တို့ ဘက်က စောင့်ကြည့်နေတာ တကွက်လွတ်သွားလို့ပါ”တဲ့။ ထောက်လှမ်းရေးတွေ အငိုက်မိသွားတယ် ထင်ပါ တယ်။ ကံကောင်းသွားတယ်ပဲ ဆိုပါတော့လေ။
ကကက
နအဖကျဉ်းမြောင်းတာကတော့ ကမ်းကုန်နေပြီ။ ဒေါ်စုမွေးနေ့ပွဲ လုပ်သူတွေကိုလည်း ဖမ်းလို့ဖမ်း၊ ပိတ်လို့ပိတ်နဲ့ လုပ်ချင်တာ လုပ်နေတာပဲ။ ကုန်ကုန်ပြောရရင် ရေနစ်မသေလို့ ကျန်ခဲ့သူ ဒုက္ခသည်တွေကို လှူဒါန်းပေးတာကို တောင် ပိတ်တယ်ဆိုတော့ အမည်တပ်လို့မရအောင်ကို မတရားနေပြီဗျ။
ကကက
လောစ့်အိန်ဂျလိစ်မှာ လုပ်တဲ့ပွဲတွေထဲက ဦးဘုန်းရောင်ဦးအိမ်မှာ ကျင်းပတဲ့ပွဲနဲ့ ဓမ္မဇောတိကျောင်းမှာ ကျင်းပ တဲ့ပွဲတွေကို ကျနော်ရောက်ပါတယ်။ ဦးဘုန်းရောင်ဦးအိမ်မှာ ကျင်းပတဲ့ပွဲက နှစ်စဉ်ကျင်းပနေကြဖြစ်ပါတယ်။ လူ ဦးရေအနေနဲ့ (၅၀)နဲ့ (၁၀၀)ကြားမှာ ရှိပါတယ်။ တနေ့လုံး ညအထိ လူတွေမစဲ တဖွဲဖွဲနဲ့ပါ။ ဓမ္မဇောတိကျောင်း မှာ ကျင်းပတဲ့ပွဲကလည်း နှစ်စဉ်လို့ ပြောလို့ရပါတယ်။ အခါတိုင်းက ကိုခင်မောင်ရွှေ မတော်မျိုးမြင့်တို့ အိမ်မှာ ကျင်းပတာဖြစ်တယ်။ အခုနှစ်မှာ အကျဉ်းပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာ ကျင်းပဖြစ်တယ်။ ဘယ်သူပဲ ကျင်းပပါ စေ ဒေါ်စုကို ဂါရ၀ပြု ဂုဏ်ပြုတာဖြစ်လို့ အားလုံးကောင်းပါတယ်။
ကကက
အခုဆိုရင် ဒေါ်စုဟာ (၆၃)နှစ် ပြည့်ခဲ့ပါပြီ။ မြန်မာပြည် ဒီမိုကရေစီရတဲ့အခါ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ဒီထက်စည်ကားအောင် ကျင်းပရမှာဖြစ်ပါတယ်။ ဂုဏ်ပြုထိုက်သူကို စံပြအနေနဲ့အား ပေးတာဟာ ကမ္ဘာမှာ အာဇာနည်တွေကို မွေးထုတ်ပေးတာနဲ့တူပါတယ်။ ကျနော်ကတော့ ဒီလိုပဲမြင်ပါတယ်။ အ လွန်ရှားပါးတဲ့ နိုင်ငံတကာက ကျင်းပတဲ့ နိုင်ငံတကာ မွေးနေ့ပွဲဟာ ကျနော်တို့ခေါင်းဆောင်ကို ကိုယ်စားပြုတာ ဖြစ်လို့ မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော မွေးနေ့ဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။
ကကက

Read more...

အသစ် အသစ်တွေ လာပြီ

ကကက
အတာရေ ဆောင်းပါးက မတက်လို့ ဥဒါန်းသစ်ကတော့ မေ၊ ဇွန် ရောက်တဲ့ထိ သင်္ကြန်ကျနေတုန်းပဲလို့ မာယာ က အစ်ကိုကြီးတယောက်က ကျနော်နဲ့ စကားပြောဖြစ်တိုင်း လှောင်တယ်။ နာမည်အမျိုးမျိုးနဲ့လည်း သရော်တဲ့ စာတွေ ၀င်ရေးသွားတတ်တယ်။ ဒီနေ့ရေးထားတဲ့ အတိုအထွာလေးတွေ ဖတ်ပြီး အသစ်အသစ် ဖတ်စရာတွေ ရောက်လာပြီဆိုတော့ ခဏခဏ နားပူရတဲ့ တင်းဝါးခြစ်သံနဲ့ ပုရစ်သံတော့ တိတ်သွားလောက်ပြီ။
ကကက
ကိုယ့်အရေး၊ သူ့အရေး၊ ဟိုအရေး၊ သည်အရေးတွေကြားမှာ ဗျာများနေတဲ့ကျနော်ကလည်း ကျနော်ပါပဲ။ သူများ တွေက မအားတဲ့ကြားက စာရေးတယ်။ ကျနော်က မအားတဲ့ကြားက တယ်လီဖုံးတလုံးနဲ့ ပြန်ကြားရေးလုပ်ပြီး လေပေးနေရတယ်။ ဒီတော့ဗျာ ပုံမှန်စာရေးတာလေး ပျက်ကွက်သွားတယ်။ ဆရာသိန်းဖေမြင့် ပြောသလို စာ ရေးဖြစ်အောင် နေ့စဉ်စာရေးနေကြစာပွဲမှာ ရေးချင်သည်ဖြစ်စေ မရေချင်သည်ဖြစ်စေ သွားထိုင်မှပဲဖြစ်တော့ မယ်ထင်တယ်။ စမ်းကြည့်ပါဦးမယ်။
ကကက
စာမရေးဖြစ်တဲ့အကြောင်းတွေထဲမှာ ကျောင်းစာတွေများနေတာလဲပါတယ်ဗျ။ ကျောင်းကမပြီးသေးတော့ မကြီး မငယ်နဲ့ စာတွေဖတ် ကျောင်းတွေတက်နေရသေးတယ်လေ။ ဒီကြားထဲက မဖြစ်မနေ ခရီးသွားစရာတွေ ပေါ်လာပြန်တော့ ခရီးထွက်ရသေးတယ်။ ခရီးသွားရင်းလဲ စာရေးမယ်လို့ အားခဲထားတာ တကယ်တော့ စိတ် ကူးယဉ်သက်သက်မျှသာပါ။ ဟိုမှာက လူစုံတက်စုံတွေ့တော့ စာရေးဖို့နေ နေသာ လေပေးတာနဲ့ အိပ်ချိန်ကို မ ဖြစ်မနေလုအိပ်ရတယ်။
ကကက
အခုတော့ နွေရာသီ ရောက်ပြီဖြစ်လို့ အတော်လေး အားလပ်လာပြီ။ ဒါတောင် ကလေးတွေ စာသင်ဖို့တာဝန်က အသစ်တိုးလာတယ်။ လုပ်ပေးရဦးမှာပဲလေ။ မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့ ကျနော်တို့တွေ လူတိုင်းမှာ တာ ၀န်ကိုယ်စီ ရှိကြတယ် မဟုတ်လားဗျာ။ အေးဗျာ . . . အားလပ်မှ အလုပ် လုပ်ကြမယ်ဆိုရင်လည်း ခရီးရောက် မှာကို မဟုတ်တော့ဘူး။ မအားတဲ့ကြားက လုပ်မှ လုပ်ဖြစ်မှာပါ။
ကကက
ကျနော့်မိတ်ဆွေ စာရေးဆရာတဦးကတော့ သူ့အလုပ်ကို လက်တော့ကွန်ပြူတာလေး ယူသွားတယ်။ အားတဲ့အ ခါ စာတွေ ဆောင်းပါးတွေ ရေးရအောင်လို့ပြောတယ်။ အဆင်ပြေတယ်ပြောတယ်။ စာတွေလည်း အတော်ရေး ဖြစ်တာတွေ့ရတယ်။ သူ့လို လက်တော့ကွန်ပြူတာလေး ဆောင်ထားရအောင်ကလည်း ကိုယ်က သူဌေးမဟုတ် တော့ အခက်သားလားဗျာ။ လက်တော့ပ် မတတ်နိုင်တော့လဲ စာအုပ်ကို အားကိုးလို့ရသားပဲ။ ကိုယ့်နေရာမှာက ကွန်ပြူတာနဲ့ အမြဲစာရေးနေကြဆိုတော့ ဇာတ်ပျက်နေပြီ။ စမ်းတော့ ကြည့်ရမှာပဲ။
ကကက
စာမရေးဘဲ ဥဒါန်းသစ်ကို ဒီအတိုင်းရပ်တန့်ထားလို့ စီဘောက်စ်ထဲမှာ လာ လာပြီး သရော်နေတဲ့ နွေးအေးတို့ အ ဖွေးလေးတို့ကို အသိပေးလိုက်ပါတယ်။ အသစ်အသစ်တွေ မကြာမီလာတော့မယ်လို့။ ဒါပေမဲ့ မပေါ်လာသေးလို့ ကြာနေရင်လည်း သည်းခံလက်စနဲ့ ဆက်လက်၍ သည်းခံ၍ စောင့်ပါဦးလို့ ကြိုတင်မှာချင်ပါသေးတယ်။ ကျနော့် ရဲ့ စာဖတ်ပရိသတ်တွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ . . .

Read more...

ဟန်းဂုရွာသို့ အလည်တခေါက်

ကကက

ကိုဝင်းပေါ်မောင်ဟာ ကျနော်ရဲ့မိတ်ဆွေဟောင်းတဦးပါ။ သူက ကိုရီးယားမှာနေတယ်။ ထောင် စုပြူတင်းဂျာ နယ်ကို နှစ်အတော်ကြာကြာ ထုတ်ခဲ့သူပါ။ ကိုရီးယားက မြန်မာတွေကြားမှာ သူ့ ဂျာနယ်လေးက လူဖတ်များပါ တယ်။ နောက်ပိုင်းမှာ မအားလို့ ထင်တာပဲ လုံးဝမထုတ်ဖြစ် တော့ဘူး။
ကကက
ဂျာနယ်လည်းပျောက်၊ လူလည်းပျောက်၊ ဘယ်ဆီများရောက်နေပါလိမ့်လို့ ကိုဝင်းမြင့်ဦး၊ ကိုသန့်ဇင်အောင်တို့နဲ့ တွေ့တဲ့အခါ မေးဖြစ်တယ်။ သူတို့နဲ့လည်း မတွေ့တာ ကြာပြီတဲ့။ ခြေရာလည်းပျောက် ရေလည်းနောက်ဆိုတော့ နို့ထဲပန်းများ ရောက်နေမလား မသိ။ လူငယ်တွေဆိုတော့ သူတို့တွေ ကျက်စားရာကို မှန်းကြည့်မိတာပါ။ ဘိုင် ကျလို့ နို့ထဲပန်းမပြောနဲ့ မြို့ထဲကလမ်းမှာတောင် လမ်းမလျှောက်နိုင်တဲ့ဘ၀ဆိုရင် အခက်၊ မ စ နေရဦးမယ်။
ကကက
ဂျပန်ကထုတ်ထဲ့ ဂျာနယ်မှာတော့ ဟိုကြည့်ဒီကြည့်ဆောင်းပါးတွေ ရေးနေတာတွေ့တယ်။ လူက ပျောက်နေတ တ်တယ်။ ဟောဗျာ . . . အခုတော့ ကိုပေါ်ကြီးပေါ်လာပြန်ပါပကော။ ကျနော့်ကို အီးမေးလ်နဲ့ဖိတ်လာတယ်ဗျ။ ဘာ တဲ့ . . . ဟန်းဂုရွာကို အလည်လာပါဦးတဲ့။ အလည်ရောက်သွားပါတယ်။ အဲသည်မှာ ဖတ်စရာတွေ မှတ်သားစရာ တွေ ရင်နာစရာ ဇာတ်နာစရာတွေ တပုံကြီးပဲ။ အတော်လေး ကြိုးစားထားတာ တွေ့ရတယ်။ သိတဲ့အတိုင်းပါပဲ။ ကိုကြီးပေါ်လက်ရာက စာနယ်ဇင်းနဲ့ပတ်သက်လာရင် အဆင့်အတန်းရှိပါတယ်။ ကျနော်တို့တွေက သူ့ကို အဲသ လို တန်ဖိုးထားပါတယ်။ သူ့ကိုယ်တိုင်တော့ ကိုယ့်အနေအထား ကိုယ်သိရဲ့လားတော့ မပြောတတ်ဘူး။
ကကက
စာပေ၀ါသနာရှင်တွေ ကိုယ်တိုင်အလည်သွားပြီးဖတ်နိုင်ဖို့အတွက် လိပ်စာလေး ရေးပေးလိုက်ပါတယ်။ လိပ်စာက http://burmainfokorea.blogspot.com ဖြစ်ပါတယ်။ ကိုရီးယားက လူငယ် တွေ သိပ်ကြိုးစားကြတယ်။ ကိုယ့်မိသားစုအရေးထက် တိုင်းရေးပြည်ရေးတွေ ကို ရှေ့တန်းတင် လုပ်ဆောင်နေတဲ့သူတွေပါ။ ငယ်ရွယ်သော်လည်း လေးစားစရာ အလွန်ကောင်းပါတယ်။ စာ ဖတ်သူကိုယ်တိုင် ဟန်းဂုရွာကို သွားလည်ရင် သူတို့ကြိုးစားထားတာလေးတွေ လက်တွေ့သိရမှာဖြစ်ပါတယ်။
ကကက
တကမ္ဘာလုံးကို ကိုယ့်အိမ်မှတ်ပါ ကိုယ့်ရာမှတ်ပါ ဆိုတဲ့ စကားက အစတုန်းကတော့ ကျနော်တို့မြန်မာနိုင်ငံဖွား တွေအတွက် မမှန်ဘူးဗျ။ ကျနော်တို့လူမျိုးတွေက ရွာကိုလွမ်းတတ်တယ်။ ရွာနဲ့မခွဲချင်ဘူး။ ကိုယ့်ပြေကိုယ့်ရွာမှာ ပဲ မွေးမယ်။ သေမယ်ဆိုတဲ့ လူမျိုးတွေ မဟုတ်လား။ အခုတော့လဲ အဲသည်စကားက အခြားလူမျိုးတွေအတွက် တင်မဟုတ်ဘူး။ ကျနော်တို့လူမျိုးတွေအတွက်ပါ မှန်လာပြီ။ တကမ္ဘာလုံးမှာ မြန်မာနိုင်ငံဖွားတွေ မရောက်တဲ့နေ ရာ မရှိတော့ဘူး။ အခုဆိုရင် ကိုရီးယားမှာ မြန်မာတွေ သိပ်များလာပြီ။ တနေ့သောအခါ တိုင်းပြည်ပြန်လည်ထူ ထောင်ရေးမှာ သူတို့တွေရဲ့ နိုင်ငံတကာအတွေ့အကြုံတွေက တန်ဖိုးရှိလာမယ်လို့ ယုံကြည်ထားပါတယ်။
ကကက
နိုင်ငံတကာအတွေ့အကြုံတွေများလို့ မျက်စိကြီး နားကြီးဖြစ်ကုန်ပြီ။ အတွေးအမြင်တွေ ပြောင်းလဲကုန်ပြီ။ ကိုယ့် ငါးချဉ် ကိုယ်ချဉ်တတ်တဲ့အလေ့က သူများငါးချဉ်ကိုပါ ချဉ်တတ်လေမှန်း လက်ကမ်းကြိုဆိုတတ်တဲ့ နားလည်မှု တွေ များစွာရလာပါပြီ။ ထိုမှတဆင့် ပြည်တွင်းမှာ အမြင်ကျဉ်းနေတဲ့ ငတိကြီးငယ်တွေ အမြင်များပြောင်လဲလာ ပြီး တိုင်းပြည်ရှေ့ရေးကို ပြည်သူပြည်သားအားလုံးနဲ့ လက်တွဲအတူ လုပ်ဆောင်တတ်တဲ့ ကျင့်သားတွေရလာပြီး မြန်မာပြည် ဒီမိုကရေစီ ရလာမယ်လို့လည်း ယုံကြည်ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျဉ်းတာက အ မြင် ကျယ်တာက ဖင်ခေါင်းဆိုတဲ့ ဆရာမောင်ထင် ပြောသလို အခြေအနေပဲ ငတိတွေမှာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်ချီတက်ရမှာက ကျနော်တို့အားလုံး တာဝန်ပါ။
ကကက
ဆက်လက်ကြိုးစားပါလို့ တိုက်တွန်းအားပေးလိုပါတယ်ဗျား။ ဟန်းဂုရွာသို့ မကြာမကြာ အလည်လာမှာပါ . . .

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP