Thursday, January 29, 2009

လေးစားရပါသော အန်တီဒေါ်မြင့်မြင့်စိန် မွေးနေ့

.....
.....

....
မွေးနေ့တွေထဲမှာ ကျနော်ရောက်ခဲ့တဲ့ ဒီမွေးနေ့ပွဲလေးဟာ စိတ်ဝင်စားစရာကောင်းတယ်။ မွေးနေ့ရှင်အမည်က ဒေါ်မြင့်မြင့်စိန်၊ ကျင်းပတဲ့နေရာက LA ကနေ 45- မိနစ်လောက် ကားမောင်းရတဲ့ Corona ဆိုတဲ့မြို့ကလေးမှာ တည်ရှိတဲ့ တောင်ပေါ်က နေအိမ်မှာဖြစ်တယ်။
...
အခုကျင်းပတဲ့ မွေးနေ့ပွဲက အသက် ၇၄-နှစ်မြောက်ဖြစ်ပါတယ်။ အသက် ၇၀-ပြည့်စဉ်က ဆရာတော်ကြီးဦးသီ လာနန္ဒာဘိဝံသကို ပင့်ဖိတ်တရားစခန်းကျင်းပပြီး အရက် ၇၀-ပြည့်အောင် တရားထိုင်ခဲ့ပါတယ်။ မွေးနေ့တွေကို ကျင်းပပြုလုပ်သူတွေထဲမှာ ၀ိပဿနာနဲ့မွေးနေ့ပွဲကျင်းပတာ အလွန်ရှားပါတယ်။ ရှင်တဲ့အသက်၊ ရှည်နေတဲ့ အ သက်ဆိုတဲ့ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတတွေထဲမှာ တန်ဖိုးထွက်လာအောင် ၀ိပဿနာတရားတော် ထည့်ထားခြင်းပဲဖြ စ်ပါတယ်။ အလကားမဲ့ သက်သက် အချည်းနှီး အသက်ရှင်ခြင်းမျိုးမဟုတ်ပါ။
...
မွေးနေ့ပွဲမှာ ဆရာတော် သံဃာတော်များ ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းတယ်။ ကျောင်းရန်ပုံငွေအတွက်ကို တကျောင်းလျှင် ဒေါ်လာ ၁၀၀၀.၀၀ ကျော်နဲ့ ပစ္စည်းလေးပါးအတွက် န၀ကမ္မများ ပေးလှူပါတယ်။ ပရိတ်တရား တော်၊ အနုမောဒနာတရားတော်များကို နာကြားတယ်။ ရေစက်သွန်းချ အမျှပေးဝယ်တယ်။
...
အတုယူစရာကောင်းတဲ့ ငြိမ်းချမ်းသော ဘ၀နေနည်းပင်ဖြစ်ပါတယ်။ ဟိုစဉ်က အန်တီဒေါ်မြင့်မြင့်စိန်ဟာ ဘဏ် တွေထောင်တယ်။ အိမ်နဲ့ပတ်သက်တဲ့ စီးပွားရေးတွေအတွက် ကိုယ်ပိုင်ကုမ္မဏီကို လုပ်တယ်။ အလုပ်တွေဘယ် လောက်များများ၊ လူက ဘယ်လောက်မအားသည်ဖြစ်စေ ၀ိပဿနာတရားကို အပြတ်မခံဘူး။ မအားတဲ့ကြားက တရားကို အလွတ်မပေးဘူး။ ဘ၀ထဲက ရတနာတွေကို ထုတ်ယူခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့်သာပဲ လူတိုင်းပင် ကြုံတွေ့တတ်တဲ့ ဘ၀အနိမ့်အမြင့်တွေကို ဖြတ်ကျော်ရတဲ့အခါ တည်ငြိမ်စွာပဲ ဖြတ်ကျော်နိုင်ခဲ့တယ်။
...
အခက်အခဲကြုံတဲ့အခါ ကျနော်တို့မြန်မာအများစုဟာ ယတြာချေကြတယ်။ ဒါက မိရိုးဖလာလိုဖြစ်နေပြီ။ အန်တီ ဒေါ်မြင့်မြင့်စိန်က အခက်အခဲဖြစ်တဲ့အခါ ဆရာတော်သံဃာတော်တွေ ပင့်ဖိတ်တယ်။ ပရိတ်တရားကိုလေးလေး စားစား နာကြားတယ်။ အခါတိုင်းထက် ပို၍တရားအားထုတ်ပြီး ရတနာသုံးပါးရဲ့ အကူအညီကို အမြဲယူလေ့ရှိတဲ့ အကြောင်း သိရပါတယ်။ မှန်ကန်သော ငြိမ်းချမ်းသော လမ်းစဉ်မို့ အတုယူစရာပါ။ အမှန်က ဘုရားတရားအလုပ် လုပ်တာလည်း ကောင်းတဲ့အလုပ်တွေမို့ ကံကမြင့်သွားတာပဲ။ ယတြာချေတယ်ဆိုတာလဲ ကံမြင့်ချင်လို့ပါ။
...
မွေးနေ့ရှင် အန်တီမြင့်မြင့်စိန်ဟာ ကျနော်တို့ LA ရဲ့ မြို့မိမြို့ဖ စာရင်းထဲမှာ ပါပါတယ်။ သူပါရင် သို့မဟုတ် လာ ရင် ပွဲက စည်သလိုဖြစ်တယ်။ အကယ်၍ သူနဲ့အန်ဝင်ဂွင်ကျမဖြစ်လို့ မလာဖြစ်တဲ့ပွဲဆိုရင်တောင် လူမရောက် ပေမဲ့ ကူညီထောင်ပံ့ငွေ၊ အလှူငွေ Check ကတော့ လူကြုံမှတဆင့် ရောက်တတ်မြဲပင်ဖြစ်ပါတယ်။ ဥပမာဆိုပါ တော့ ဇန်န၀ါရီ ၄ ရက်က ကျင်းပခဲ့တဲ့ သီးလေးသီးပွဲဆိုရင် ဒေါ်မြင့်မြင့်စိန်မလာပါဘူး။ ဒါပေမဲ့ စင်ပေါ်မှာ စပွန် စာလုပ်သူ စာရင်းထဲမှာ သူ့နာမည်ပါနေကြောင်း သတိပြုမိလိုက်တယ်။
...
၂၀၀၇-ခုနှစ်၊ LA မှာကျင်းပတဲ့ ပျံလွန်တော်မူသွားရှာသော ရွှေဝါရောင်သံဃာတော်များအတွက် ဆုတောင်းပွဲ မှာ ရောက်အောင်လာတယ်။ အများဆုံးပဲ ထောင်ပံ့လှူဒါန်းသွားတယ်။ ဟိုမှသည်မှ ကောက်ခံလာတဲ့ ရန်ပုံငွေ ရှာပွဲများသို့လည်း အလှူငွေ ထည့်ဝင်လှူဒါန်းလေ့ရှိတယ်။ လောကုတ္တရာရေး လုပ်နေသော်လည်း မြန်မာ့အရေး နဲ့ပတ်သက်လို့ တခုခု လုပ်ဖြစ်တဲ့အခါ အားပေးတဲ့အနေနဲ့ ငွေအားတင်မက လူကိုယ်တိုင်ပါ ရောက်လာတတ်ပါ တယ်။ မြန်မာပြည်မှာ ကျောင်းဆရာမ လုပ်ခဲ့သူမို့ အကြောင်းကြောင်းကြောင့် မလာဖြစ်ရင်လည်း တပည့်တွေ က သူတို့ဆရာမကြီးကို သွားခေါ်လာတတ်တယ်။
...
ကျနော်တို့ လူ့အသိုင်းအ၀န်းအတွက် မရှိမဖြစ် လူ၊ တိုင်းပြည်အတွက်၊ အမျိုးဘာသာ သာသနာအတွက် ကူညီ
စောင့်ရှောက်ပေးဖို့ မရှိမဖြစ်ပုဂ္ဂိုလ်တွေထဲမှာ အန်တီဒေါ်မြင့်မြင့်စိန်ပါတယ်။ အများနဲ့ပတ်သက်တဲ့ အလုပ်ဆိုရင် အန်တီက ရှေ့ ကနေ မားမားမတ်မတ် ရပ်တည်လုပ်ဆောင်တတ်တယ်။ အမေရိကမှာ ပထမဦးဆုံးတည်ခဲ့တဲ့ LA မြန်မာ ကျောင်းကို ဆရာတော်သံဃာတော်များနဲ့အတူ အန်တီဒေါ်မြင့်မြင့်စိန် အကူအညီနဲ့ စတင်ကာ တည် ထောင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ ဒီအကြောင်းကို စတင်သိကတည်းက လေးစားပြီး အန်တီဒေါ်မြင့်မြင့်စိန်အား အမှတ်ပေးနေမိပါတယ်။
...
မွေးနေ့ရှင် အန်တီဒေါ်မြင့်မြင့်စိန် အသက်ရာကျော်ရှည်ပါစေ၊ အများအကျိုးတွေ ဆောင်ရွက်နိုင်ပါစေလို့ အား လုံးက ဆုတောင်းမေတ္တာပေးပို့ကြပါတယ်။
...
...
ကိုသက်

Read more...

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP