Tuesday, February 5, 2008

သာသနာ့ဥသျှောင် သုံးလပတ် အစည်းအဝေး

ကကက

သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ သုံးလပတ် အစည်းအဝေးကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ -ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လူထုအများက စိတ်ဝင်စားနေတဲ့သံဃာ့ အဖွဲ့အစည်းတခုဖြစ်သလို အာဏာရှင်များရဲ့ သြဇာသက်ရောက်မှု လုံးဝမရှိတဲ့ အဖွဲ့အစည်းပါ။
ကကက
နိုင်ငံခြားမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတခုပီပီ အစည်းအဝေးကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေါင်းစု၍ ပြု လုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ သံဃာတော်ပေါင်း ၉ -ပါးဖြစ်ပါတယ်။ ပီနန်ဆရာတော် ကြီးကမှတပါး ကျန်သံဃာတော်များဟာ အမေရိကန်နိုင်ငံတွင်းက အစည်းအဝေးတက်ကြတာပါ။ အစည်းအဝေး ကို ကာလီဖိုးနီးယားစံတော်ချိန် ၆ - နာရီ ၁၀ - မိနစ်၊ နယူးယောက်စံတော်ချိန် ၉ - နာရီ ၁၀ - မိနစ်မှာ စတင် ၍ စည်းဝေးကြပါတယ်။
ကကက
အစည်းအဝေး အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်ပါတယ်။ အစည်းအဝေးတွင် သဘာပတိဆ ရာတော်အဖြစ် ပဓာနာစေရ မစိုးရိမ်ဆရာတော်ကြီးက တာဝန်ယူပြီး အခမ်းနားမှူးဆရာတော်အဖြစ် ယူတိကာ မြို့က ဆရာတော် ဦးပညာနန္ဒက ဆောင်ရွက်ပေးပါတယ်။ အခမ်းအနားမှူးက ဆွေးနွေးလိုသော အကြောင်းအ ရာများကို ကြေညာ၍ သံဃာတော်များက ၀ိုင်းဝန်းဆွေးနွေးပေးပါတယ်။
ကကက
စည်းဝေးတဲ့ အကြောင်းအရာများဟာ အကြမ်းအားဖြင့် ဘဏ္ဍာရေးကိစ္စ၊ ထောက်ပံ့ရေးကိစ္စ၊ ဥပဒေရေးရာကိစ္စ၊ ပြည်တွင်းကိစ္စနှင့် အသင်းရဲ့ရှေ့ရေးကိစ္စများကို ဆွေးနွေးတိုင်ပင်ကြကာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကာလီ ဖိုးနီးယားအချိန် ည ၈ နာရီဝန်းကျင်မှာ အစည်းအဝေးပြီး ပါတယ်။ အစည်းအဝေးပြီးဆုံးတဲ့အခါ သံဃာတော်များ က ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကြပါတယ်။ ။
ကကက
ကကက
သာဓု သာဓု သာဓု
ကကက

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP