Sunday, January 25, 2009

ဆရာကြီးဦးတင်မိုး (၂) နှစ်ပြည့်ပွဲ

သသသ
ကကက

ကကက
ဆရာကွယ်လွန်တာ (၂)နှစ် ပြည့်ခဲ့ပြီ။ ယနေ့တိုင် မမေ့နိုင်ကြသေးပါ။ ယခု ဇန်န၀ါရီ (၂၄) ရက်၊ စနေနေ့မှာ ဆ ရာ့သမီး မိုးချိုသင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်ဝဏ္ဏတို့က လောစ့်အိန်ဂျလိစ်မြို့ရှိ မိတ်ဆွေများကို ဖိတ်ကာ ဆရာ့ အထိမ်းအမှတ်ပွဲကို နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကကက
ထိုပွဲသို့ ကျောင်းသုံးကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်သုံးပါး ကြွရောက်ချီးမြောက်ခဲ့ပါတယ်။ ဆရာ တော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းတော်များ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မလှူဒါန်းခြင်းများ ကို ဆရာကြီး ဦးတင်မိုးအား ရည်စူး၍ ပြုလုပ်ခဲ့ကြပါတယ်။ သီလပေး၊ တရားဟော၊ ရေစက်သွန်းချခြင်းကိစ္စများ ကို Grand View ကျောင်းဆရာတော် ဘဒ္ဒ န္တသုန္ဒရ မထေရ်ကြီးက ဆောင်ရွက်ပေးပါတယ်။
ကကက
ဆရာတော်ကြီး ဟောကြားတဲ့တရားတော်ဟာ ရိုးရိုးလေးပါ။ ဆရာကြီး ဦးတင်မိုးလို စိတ်ကောင်း စေတနာကော င်းရှိပြီး အများအပေါ်မှာ ကောင်းတဲ့သူဟာ ကောင်းရာသုဂတိရောက်မှာ အမှန်ဖြစ်ကြောင်းကို ပုံသာဓကများနဲ့ ရှင်းပြ ဟောကြားသွားပါတယ်။ ရှင်လူရဟန်းများနဲ့ ပြည်သူလူထုက ချစ်ခင်လေးစားတဲ့ ပြည်သူချစ်သောစာပေ အနုပညာရှင်ကြီးရဲ့ နောင်ဘ၀ခရီးဟာ ပူစရာမလိုတာအမှန်ပါ။
ကကက
ဧည့်သည်တော် ပရိသတ်အတော်များများ တက်ရောက်ပါတယ်။ ရောက်လာသော ဧည့်သည်တော်များအား ကို ဇော်ဝင်းမောင်+မဖြူ မိသားစုလက်ရာ ဒဏ်ပေါက်များနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ နံနက် (၉)နာရီမှ ည (၈) နာ ရီခန့်အထိ ဧည့်ပရိသတ်က ၀င်လာမစဲ တဖွဲဖွဲနဲ့ပါ။ တချို့က နံနက်ပိုင်း အလုပ်သွားရသည်မို့ ညနေနဲ့ညပိုင်းမှာ မဖြစ်မနေ အရောက်လာကြပါတယ်။ ဆရာ့ကို ချစ်တာလဲပါတယ်။ ဒံပေါက်ကို ချစ်တာလဲပါ ပါတယ်။
ကကက
နောင်နှစ်တွေမှာလည်း ဆရာကြီးဦးတင်မိုးရဲ့ အထိမ်းအမှတ်ပွဲကို မပြတ်လုပ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ် ရှိ နိုင်ငံအတော်များများမှာလည်း ဆရာကြီးရဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ကျင်းပပြုလုပ်ကြပါတယ်။ မြန်မာ ပြည်တွင်းမှာလည်း သမီးဖြစ်သူ မိုးမိုးစံက ဦးစီး၍ ကျင်းပပြုလုပ်ပါတယ်။ မိုးမိုးနှင်းကလည်း ဘယ်လ်ဂျီယံကနေ ဆရာ့အတွက် ကောင်းမှုပြုလုပ်အမျှပေးဝေပါတယ်။
ကကက
ပြည်သူချစ်သော စာပေအနုပညာရှင်ကြီးကို အားလုံးက သတိရနေဆဲ လွမ်းနေဆဲပါ။
ကကက


0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP