Wednesday, September 30, 2009

တို့ဘ၀တွေ

.
Gtalk မှာ မိတ်ဆွေတချို့နဲ့ဆုံဖြစ်တယ်။ ပြည်တွင်းကထက် ပြည်ပက မိတ်ဆွေနေနဲ့ စကား ပြောဖြစ်တာက များပါတယ်။
.
“ကိုဝင်းမြင့်ဦးရေ - ၀ံကြီးရှုပ်နဲ့ နိုင်ခြံကားရေး ၀ံကြီးတော့ ဖိနပ်တဲ့ အတီးခံရတယ် ကြား တယ်ဗျ”
.
“နဲတောင် နဲသေးတယ်ဗျာ၊ ဒီထက်မက ဖြစ်ရမှာ”တဲ့။
.
အတော်လေး မေတ္တာသက်ဝင်နေပုံပေါ်တယ်။ ဖိနပ်အစား သေနတ်နဲ့များ တီးချင်နေသလား မသိ။ ခံစားနေရတဲ့ ပြည်သူလူထုကြီးက သူတို့ကို ဘယ်သူမှ မကြည်ဖြူကြဘူးလေ။ ခံစား ချက်တွေ ကိုယ်စီနဲ့မို့ စစ်အာဏာရှင်တွေနဲ့ ပတ်သက်လာရင် ရှူးရှူးရှဲရှဲဖြစ်သွားကြတယ်။
.
ကိုဝင်းမြင့်ဦးက တောင်ကိုရီးယားကပါ။ မြန်မာအသင်းကို စတင်တည်ထောင်ကြပြီး ကိုရီး ယားရောက်လာတဲ့ မြန်မာတွေကို အတတ်နိုင်ဆုံး ကူညီပေးနေတဲ့ အသင်းက လူကြီးတ ယောက်ဖြစ်ပါတယ်။ သူ့ရင်ထဲမှာလဲ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့အပြိုင် မြန်မာတွေရဲ့ အ ဖြစ်သနစ်ပေါင်းစုံက ရင်ထဲမှာ ရစ်ဝဲနေကြတယ်။ အလုပ်နဲ့ ကိုရီးယားထွက်လာသူတွေ တခု ခု အကြပ်အတည်းတွေ့ရင် သူတို့အဖွဲ့က ကူညီနေကြမို့ ကိုရီးယားရောက် မြန်မာဇာတ်လမ်း တွဲတွေက များစွာပါ။
.
အခုလဲ မကြာသေးခင်က စက်ရုံထဲမှာ အလုပ် လုပ်ရင်း ထိခိုက်ဒဏ်ရာရကာ ဆုံးသွားတဲ့ မြန်မာလူငယ်တဦးအတွက် ကူညီရေးတွေကို သူက ဆောင်ရွက်ပေးနေတယ်။
.
ကွယ်လွန်သွားသူရဲ့ နာမည်က ကိုအောင်သိန်း၊ သူက အမ်ဆောင်းမြို့လေးမှာ ရှိနေတဲ့ မြွေခွံ စက်ရုံမှာ ၂၀၀၄-ခုနှစ်ကတည်းက စတင်လုပ်နေခဲ့တာပါ။ ကိုအောင်သိန်း ကိုရီးယားကို ရောက်တာက ၁၉၉၉ ခုနှစ်ပါ။ အလုပ်တခုမှ တခုပြောင်းရင်း နောက်ဆုံးကွယ်လွန်ချိန်မှာ တော့ ဒီစက်ရုံမှာ လုပ်ရင်း မတော်တဆ ထိခိုက်မှုဖြစ်ကာ ကွယ်လွန်သွားရှာတယ်။ သြဂုတ် လ (၁) ရက်နေ့က ကွယ်လွန်သွားတာဖြစ်ပါတယ်။
.
သူ့မှာ ဇနီးသည်နဲ့ ကလေးငယ်တယောက် ကျန်ရစ်ခဲ့တယ်။ ဈာပနပွဲစီစဉ်သူတွေက သူ့ဇနီး ကိုရီးယားသို့ ရောက်သည်အထိ သူ့အလောင်းကို ထိန်းသိမ်းထားကြတယ်။ သူ့ဇနီးရောက် တဲ့အခါ ဈာပနအခမ်းအနား အစီအစဉ်လေးကို ကိုရီးယားအသင်းနဲ့ မြန်မာအသင်းက လူ ငယ်တွေ စုဝေးကာ ဆောင်ရွက်ပေးလိုက်ကြတယ်။
.
နောက်ပိုင်းမှာ ရော်ကြေးရဖို့ ကိစ္စကို မြန်မာအသင်းကပဲ ကူညီဆောင်ရွက်ပေးပါတယ်။ စက် ရုံပိုင်ရှင်သူဌေးနဲ့ ဇနီးကို တွေ့ဆုံပေးကာ စကားပြောကြပါတယ်။ လူသားချင်း စာနာတတ် ကြင်နာတတ်နဲ့ သူဌေးက ထိုက်ထိုက်တန်တန်ပဲ ရော်ကြေးပေးကာ တောင်းပန်ပါတယ်။
.
ဘာပဲဖြစ်ဖြစ် ဒီငွေကြေးဟာ ကျန်ရစ်သူ မိသားစုအတွက် အနာဂတ်ခရီးမှာ အသက်ဆက်ဖို့ ဖြစ်ပါတယ်။ တို့တတွေရဲ့ဘ၀က နိုင်ငံခြားမှာ အခြေအနေအမျိုးမျိုးနဲ့ အလုပ် လုပ်ကြရပြီး အ သက်မွေးဝမ်းကြောင်းရတဲ့ ရေမျောကမ်းတင် ဘ၀မျိုးတွေပါ။ ကိုယ့်တိုင်းပြည်မှာ နေချင်ပေ မဲ့ စားဝတ်နေရေးက မပြေလည်တော့ တပြေတရွာမှာ နေရာရှာရတယ်။ နောက်ဆုံးမှာ သင်း ချိုင်းကိုပါ ပြောင်းလိုက်ရတယ်။ ကိုယ့်ပြေမှာ ခေါင်းမချနိုင်တော့ဘူး။
.
အဆိုးတွေကြားမှာ ဆိုးတာတခုက ရတဲ့ရော်ကြေးငွေကို အခွန်ကောက်ဖို့ မြန်မာသံရုံးက ကျန်ရစ်သူ မိသားစုနောက်ကို တကောက်ကောက် လိုက်နေလို့ အခက်ဖြစ်နေတယ်။ ကိုယ့် ပြည်သူတွေ နိုင်ငံခြားမှာ ဒုက္ခရောက်နေတာကို ကူညီဖေးမရမည့်အစား အခွန်ကောက်ဖို့ပဲ စဉ်းစားနေတဲ့ သံရုံးရယ် လူစိတ်လေးလဲ မွေးပါအုံးလို့ တိုက်တွန်းပါရစေ။
.
ဒါကြောင့် ခင်ပွန်းဆုံးလို့ ရော်ကြေးရတဲ့ငွေလေးကို မြန်မာနိုင်ငံသို့ မယူရဲတော့ဘဲ ကိုရီးယား အသင်းနဲ့ မြန်မာအသင်း (ကိုရီးယား)တို့ရဲ့ စောင့်ရှောက်မှု ကူညီမှုဖြင့် ကိုရီးယားမှာပဲ ထား ခဲ့ရတယ်။ “နောင်ကို လိုတော့မှပဲ လှမ်းမှာပါရစေရှင်”တဲ့။ ကမ္ဘာမှာ မြန်မာဆိုတာ ကြင်နာ တတ်သူ၊ ဖော်ရွေခင်မင်တတ်သူ၊ ကူညီဖေးမတတ်သူလို့ အများကလေးစားခဲ့တွေ အခု တော့ လုံးဝကို ဆန့်ကျင်ဖက်ကြီး ဖြစ်နေပါပကော။
.
ဒါတွေကို ကိုယ်တိုင်ကူညီပေးနေတဲ့ မြန်မာအသင်းလူကြီးက သူတို့တွေ ဖိနပ်နဲ့အပေါက်ခံရ တာတောင် နည်းသေးတယ်ဆိုတော့ သေနတ်နဲ့ပစ်ချင်ပုံရတယ်။ အင်းလေ --- ပစ်မယ်ဆို လဲ ပစ်ချင်စရာကြီး။ သူတို့က ကိုယ့်အတွက်တာ ကိုယ်ကောင်းကြတာ။ လူထုအတွက်ကြ တော့ ရက်စက်လိုက်ကြတာ .....
.
.
ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP