သပြေညို
.
.
သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လမ်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
ဆရာ မင်းသုဝဏ်
ဒီကဗျာလေးကို ဇန်န၀ါရီလ (၄)ရက်၊ ၁၉၃၈ ခုနှစ်တွင် အင်္ဂလန်ပြည်မှာ ဆရာမင်းသုဝဏ် ရေးခဲ့ပါ တယ်။ အောင်နိမိတ်တွေ ဆောင်ခဲ့တယ် ထင်ပါတယ်။ ဒီကဗျာရေးပြီး နောင်(၁၀)နှစ်အကြာမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒီကဗျာဟာ နိမိတ်ကောင်းတဲ့ ကဗျာဖြစ်ကြောင်း ဆရာ တင်မိုးက ပြောဖူးတယ်။
ဒီကဗျာကို ရေးသားချိန်မှာ ဆရာမင်းသုဝဏ်ရဲ့စိတ်ထဲမှာ အောင်နိမိတ်တွေ ထင်နေတယ်လို့ ဆိုပါ တယ်။ တက္ကသိုလ်ကျောင်းကြီး ပိတ်ချိန်မှာ ငယ်ဆရာဖြစ်သူက သူတို့ရွာလေးရဲ့ ဘုန်းကြီးကျောင်း(Church)မှာပဲ အေးအေးဆေးဆေးလေး လာနေပြီး စာကျက်ရန် တိုက်တွန်းလာပါတယ်။ ဆရာရဲ့ တိုက်တွန်းအားပေးမှုကို လက်ခံပြီးတော့ အင်္ဂလန်ပြည်၊ တောနယ်က ရွာကလေးတရွာရဲ့ စာကြည့် တိုက်မှာ ကျောင်းစာတွေ ကျက်ဖတ်ရင်း ဆရာမင်းသုဝဏ်က မြန်မာပြည်ကို သတိရပါသတဲ့။
သြော် . . . အခုလောက်ဆို ငါတို့ပြည်မှာ ငါ့ညီတော်၊ နောင်တော် သူငယ်ချင်းတွေ တို့ပြည်ရဲ့ လွတ်လပ်ရေးအတွက် အားကြိုးမာန်တက် ကြိုးစားနေလောက်ပြီ။ ပြည်သူလူထုအားလုံးရဲ့ဦး ခေါင်းမှာ သပြေညိုပန်းတွေ ကိုယ်စီပန်ဆင်လို့ အမိမြန်မာပြည် လွတ်လပ်ရေးအောင်ပွဲကို မကြာ ခင်ကျင်းပနိုင်တော့မှာပါလားလို့ အတွေးရောက်ခဲ့ရာက သပြေညိုကဗျာကို စပ်ဆိုခဲ့ကြောင်း မှတ် သားခဲ့ဖူးပါတယ်။
ကဲ . . . နိမိတ်ကောင်းတဲ့ သပြေညိုရေ . . . တို့မြန်မာပြည်ရဲ့ဒုတိယအကြိမ် လွတ်လပ်ရေးအတွက် အားမာန်တွေအပြည့်၊ ယုံကြည်ချက်တွေအပြည့်နဲ့ ဥဒါန်းသစ်တွင်အောင် နိမိတ်ကောင်းတွေယူလို့ ဆုတောင်းလိုက်ကြစို့လားဗျာ။

0 comments:
Post a Comment