Tuesday, March 24, 2009

နှင်းပျောက်တဲ့နွေနဲ့ အနုပညာရေစီးကြောင်း

..

.
“နှင်းပျောက်တဲ့နွေ”

၁၉၆၂-ခုနှစ် ဟိုဘက်မှာ ထွက်ပေါ်လာခဲ့တဲ့သီချင်းတပုဒ်ပါ။ ရုပ်ရှင်နောက်ခံတေးတပုဒ်အဖြစ် လူထုပရိသတ်ကြား မှာ ကျော်ကြားတဲ့သီချင်းပါ။ မူရင်းအဆိုကျော် အန်တီမာမာအေး ပြောပြလို့ နှင်းပျောက်တဲ့နွေအကြောင်းကို အခု လို ပြန်လည် တင်ပြခွင့်ရတာပါ။

ရုပ်ရှင်ကားနာမည်က နှင်းပျောက်တဲ့နွေပါ။ ဒါရိုက်တာ သက်လယ်ရဲ့ ရုပ်ရှင်ကားပါ။ စောင်းဆရာအဖြစ် ဗိုလ်ဘကို က သရုပ်ဆောင်တယ်။ စန္ဒယားဆရာ၊ သီချင်းရေးဆရာ ကိုသက်နှင်းအဖြစ် ကိုဝင်ဦး သရုပ်ဆောင်ခဲ့တယ်။ ညီ အစ်မနှစ်ယောက် အစ်မကြီးအဖြစ် တင်တင်မူ၊ ညီမအဖြစ် တင်တင်အေးတို့ သရုပ်ဆောင်ခဲ့တယ်။

စောင်းသမားလေးနဲ့ သဌေးသမီးတဦး ချစ်ခဲ့ကြတယ်။ မိဘ သဘောတူတဲ့သူနဲ့ သဌေးသမီးလေးက လက်ထပ် သွားတယ်။ စောင်းသမားလေးလည်း နီးစပ်ရာတဦးနဲ့ အိမ်ထောင်ကျခဲ့တယ်။ သမီးလေးနှစ်ယောက်ကို ရရှိခဲ့တ တယ်။ ဒီအချိန်မှာ စောင်းသမားလေးက နှင်းပျောက်တဲ့နွေ သီချင်းကို စပ်ဆိုခဲ့တယ်။ ဇနီးသည်က ငယ်ရည်းစား ကို သတိရနေတုန်းမို့ ဒီသီချင်းကို ရေးတာ၊ ဆိုတာလားလို့ စွပ်စွဲရာက မိသားစုလေး ပြိုကွဲသွားရတယ်။

ကလေးငယ်များသာဖြစ်တဲ့ သမီးငယ်က ဖခင်ဖြစ်သူ စောင်းဆရာနဲ့ ကျန်ရစ်တယ်။ သမီးကြီးက မိခင်ဖြစ်သူနဲ့လို က်ပါသွားခဲ့တယ်။ နောင်အခါမှာ မိခင်က ဓာတ်ပြားကုမ္ပဏီထောင်လို့ သမီးကြီးက ဦးစီးခဲ့တယ်။ ကိုသက်နှင်းက ဒီဓာတ်ပြားကုမ္ပဏီမှာ အလုပ် လုပ်တဲ့ စန္ဒယားဆရာ၊ သီချင်းရေးဆရာပါ။ အဆိုတော်ဖြစ်တဲ့ ညီမဖြစ်သူကလည်း ဒီကုမ္ပဏီမှာ သီချင်းလာသွင်းတယ်။ အစ်မဖြစ်သူ အပျိုကြီးက သူ့ညီမဖြစ်နေမှန်း သိသွားတဲ့အခါ စန္ဒယားဆရာ ဂီတမှူးလေးနဲ့မေတ္တာမျှနေတဲ့ သူ့ညီမအဆိုတော်လေးကို ကိုယ်တိုင်လက်ထပ်ပေးလိုက်တယ်။ အစ်မကြီးက အန စ်နာခံလိုက်တဲ့ သဘောပေါ့လေ။

ညီမဖြစ်သူရဲ့ကိုယ်စား ရုပ်ရှင်နောက်ခံတေးကို အန်တီမာမာအေး ဆိုခဲ့ပါတယ်။ နှင်းပျောက်တဲ့နွေအတွက် ဂီတ တီးကွက်ထွင်သူက စောင်းဦးဘသန်းဖြစ်ပါတယ်။ မြန်မာ့စောင်းနဲ့ စတင်တီးမှုတ်ခဲ့တဲ့တေး၊ မြန်မာသံစဉ်တေးစစ် စစ်ဖြစ်ပါတယ်။ ဒီသီချင်းကို ဖန်တီးရေးသားခဲ့သူဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကိုယ်သက်ဦးပါ။ ရုပ်ရှင်တေးတ ပုဒ်အဖြစ် စောင်းသမားနေရာမှာ ဗိုလ်ဘကိုလည်းဆိုပါသေးတယ်။ မူရင်းအဆိုကျော် အန်တီမာမာအေးကိုယ်တိုင် အပျော်တမ်း ပြန်လည်သီဆိုထားတာလေးကို နားဆင်ကြည့်ပါဦး။
.
http://video.google.com/videoplay?docid=-5306717819443748323
.
“ချစ်သော မောင်မောင်”

ဒီသီချင်းလည်း ရုပ်ရှင်တေးတပုဒ်ဖြစ်ပါတယ်။ ၀င်းဦးရဲ့ ချစ်သောမောင်မောင် ရုပ်ရှင်ကားဝယ် ပဏာမတေးတပုဒ် ဖြစ်ပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် သွက်သွက်လက်လက် ဖျော်ဖြေထားတဲ့ တေးသွားတွေက သာယာနာပျော်ဖွယ် ကောင်းပါတယ်။ မြန်မာသံစဉ်မဟုတ်တဲ့ တေးတပုဒ်ပါ။

လက်တင်အမေရိကမှ လာတဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။ အလင်္ကာကျော်စွာ ရွှေပြည်အေးက မြန်မာမှုဖန်တီးပြီး စာ သားများကို ကိုယ်တိုင်ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဆိုသူက အန်တီမာမာအေးပင်ဖြစ်ပါတယ်။ နားဆင်ကြည့်ပါ။

http://video.google.com/videoplay?docid=-5575070474274761013
.
“သက်တန့်ပေါ်မှာ ကစားမယ်”

သက်တန့်ပေါ်မှာ ကစားမယ်သီချင်း ထွက်ပေါ်ချိန်က ၁၉၅၅-နှစ်ဝန်းကျင်က ဖြစ်ပါတယ်။ ဒီသီချင်းကို အန်တီမာ မာအေးရဲ့ ပထမဆုံးသီချင်းလို့ ထင်ခဲ့မိတယ်။ ဒီအရင်က သီချင်းတွေ ရှိသေးကြောင်းနဲ့ ၁၉၅၁-ခုနှစ်ကတည်းက စ တင်သီချင်းဆိုခဲ့တာဖြစ်ကြောင်း သိခွင့်ရလို့ အမှန်ကို ဖော်ပြနိုင်ပါတယ်။

သီချင်းရေးဆရာ မောင်ဥက္ကာဖြစ်ပြီး တေးသွားဖန်တီးရှင်က လင်းခေးလုလင်ဖြစ်ပါတယ်။ အဲသည်ခေတ်က ကဗျာ ဆရာတွေ သီချင်းရေး လက်တည့်စမ်းပြီး အသံကို ဂီတပညာရှင်များက ရှာဖွေဖန်တီးပေးပါတယ်။ သူတို့တွေကျေး ဇူးကြောင့် ဒီသီချင်းတွေ လူထုကြားထဲ ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ဆရာလင်းခေးလုလင်ကို အားလုံးသိပြီးသားနေမှာပါ။ လင်းခေးနာမည်ယူထားလို့ ရှမ်းပြည်သားလို့ ထင်ရပါတယ်။ အမှန်က ဆရာလင်းခေးဟာ မြေပြန့်သား ဗမာတဦးဖြစ်ပါတယ်။ ပြောစမှတ်ဖြစ်နေတဲ့ ထမင်းစားရင်း ခြံထဲငရုတ် သီး ဆင်းခူးတာ သုံးနှစ်ကြာသွားတယ်ဆိုတာ ဆရာပဲဖြစ်ပါတယ်။

တကယ်ပဲ ထမင်းစားနေရင်း ခြံထဲငရုတ်သီး ဆင်းခူးစဉ် လမ်းမှာဖြတ်လျှောက်တာတဲ့ သူငယ်ချင်းက ဘူတာကြီး လိုက်ပို့ပေးပါဗျာဆိုလို့ လိုက်ပို့ပေးခဲ့တယ်။ ဘူကြီးရောက်တော့ ရှမ်းပြည်အထိသာ လိုက်ခဲ့ပါတော့ဗျာလို့ အတင်း ဆွဲခေါ်ရာက ရှမ်းပြည်၊ လင်းခေးမြို့သို့ ရောက်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ လင်းခေးမှာ နေထိုင်စဉ် ရပ်ရွာအကျိုးများကို သည်ပိုးဆောင်ရွက်ရင်း ၀ါသနာပါသော လူငယ်လေးများကို စုစည်းကာ ဂီတပညာကို သင်ပေးခဲ့သူပါ။ ဒီတုန်းက စိုင်းထီးဆိုင်ဟာ ဆရာလင်းခေးအဖွဲ့က လူငယ်ဝါသနာရှင်တဦးပါ။ သုံးနှစ်ကြာလို့ မြေပြန့်ကိုပြန်တော့ လင်းခေး လုလင်အမည်နဲ့ အန်တီမာမာအေး မိဘများနဲ့အတူ ဇာတ်ပွဲတွေမှာ ပါဝင်တီးမှုတ်ခဲ့တဲ့ ဆရာကြီးပါ။

ဒါကြောင့်မို့ ဆရာလင်းခေးလုလင် အသက်ကြီးလို့ ရှားပါးတဲ့အချိန်မှာ စိုင်းထီးဆိုင်က ဆရာ့ကျေးဇူးကို ကျနော် ပြန်ဆပ်တာပါ ဆရာလို့ ဂါရ၀ပြုပြီး သီချင်းအယ်လ်ဘမ်တခု ထုတ်ခဲ့ပါတယ်။ ရောင်းရသမျှအားလုံးကို သူ့ဆရာ ဖြစ်သူ ဆရာလင်းခေးလုလင်အား ကန်တော့ခဲ့ပါတယ်။ ဆရာ့လက်ရာ ဂီတသံစဉ်များကို ပြန်လည်တီးခတ်ပြီး အန်တီမာမာအေး သီဆိုထားပါတယ်။ နားဆင်ကြည့်ပါဦးဗျာ။
.
http://video.google.com/videoplay?docid=-8222330214139411159
.
.
.
အနုပညာရှင်အချို့၏ ကန့်ကွက်လာမှုကြောင့် ယခင်ဖော်ပြထားသော ဓာတ်ပုံ၊ စာသား၊ အသံဖိုင်များကို ဖြုတ် လိုက်ပါကြောင်း စာဖတ်ပရိသတ်အား လေးစားစွာ အသိပေးအပ်ပါတယ်။ ဒီအတွက် ဥဒါန်းသစ်စာဖတ်ပရိသတ် အား အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ။
.
.
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုသက်

.

1 comments:

kyaw kyaw naing March 29, 2009 at 9:02 AM  

အဆိုတော် သိန်းတန်တို့ ၊ ဒေါက်တာမင်းဆွေတို့ ရဲ့ အနုပညာကိုတော့ လေးစားပါတယ်ဗျာ၊ ဗွီဒီယိုဖိုင်လေးတင်ထာတောင် စစ်အစိုးရကို ကြောက်လို့ ကန့်ကွက်တယ်ဆိုတော့ မလွန်လွန်ဘူးလား၊ ဒေါ်မာမာအေးလို အမျိုးသမီးတောင်မှ ရဲဝံ့မူရှိတယ် ခင်ဗျားတို့ ထမိန်ဝတ်ထားဘို့ကောင်းတယ်၊

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP