ခွပ်ဒေါင်း ခင်းတဲ့လမ်း
.
တို့တိုင်းပြည်က ကမောက္ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန် ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံက မြည်ဟိန်း။
ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စ မသိမ်း။
.
ပန်းတိုင် ပျောက်ပါလို့
လှမ်းကိုင် ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။
.
သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ ကြည့်စမ်း။
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတည့်တည့်လှမ်း။
.
ဆရာတင်မိုး
(၀၃၊ ၁၆၊ ၂၀၀၂)
1 comments:
ဥဒါန်းသစ်ရေ
တွေးကြည့် ငေးကြည့် ၀မ်းနည်းမိပါသည်။ ဗိုလ်ချုပ်ပြောခဲ့သလို ကျုပ်တို့  စောက်ကျင့်တွေ မပြင်သရွေ့  ပန်းတိုင်နဲ့ ဝေးနေအုံးမယ်။ ကိုယ့်ကိုကိုယ်လဲ ဝေဖန်ရေးတွေ အခါခါလုပ်ရင်း၊ စိတ်ဓါတ်တွေ မချိနဲ့ မိအောင် ကျားကန်ရင်း၊ သူများ "ပေါင်" တွေကို အမုန်းခံ လှည့်ထောင်း မိတဲ့အခါ ကိုယ့်ပေါင်ကိုယ် စမ်းကြည့်ရင်း၊ "ကျောချင်းခွာ ဖျာချင်းလု၊ ဘယ်သူ့ကို တော်လှန်ရမလဲ" တဲ့
ကဗျာဆရာမေးခဲ့တဲ့ မေးခွန်း ချက်ချင်းမတွ ဖြေချင်ပါသည်။
"ကိုယ့်ကိုကိုယ် မညှာမတာ တော်လှန်ကြပါ" လို့ ။
Post a Comment