Thursday, January 22, 2009

လမ်းဆုံမှာရောက်နေတဲ့ အစိုးရအဖွဲ့အသစ်

ကကက
ကကက ကကက

အိုဘားမား သမ္မတဖြစ်လာပြီ။

အမေရိကန်ပြည်သူပြည်သားတွေ မျှော်လင့်ချက်များစွာနဲ့ပါ။ အဖက်ဖက်က ဆုတ်ယုတ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်လာအောင် အိုဘားမားဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြတယ်။ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေးအခက်အခဲဖြစ်ချိန်မှာ ဖြစ်လာတဲ့ သမ္မတမို့ လွယ်တော့မလွယ်ဘူးပေါ့လေ။

တိုင်းပြည်ကြီး မူလပုံစံအတိုင်းပြန်ဖြစ်လာအောင် အချိန်ယူလုပ်ဆောင်မှ ဖြစ်မှာပါ။ အနည်းဆုံး သုံးနှစ်တော့ ကြာ လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ လဲပြိုနေတဲ့ တဲအိုကို တရက်တည်းပြန်ဆောက်လို့တော့ မဖြစ်နိုင်ဘူး။

ပြည်တွင်းမှာရှိတဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည်တွေက တမျိုး၊ ပြည်ပမှာရှိနေတဲ့စစ်ရေးက တသွယ်ဖြစ် လို့ တော်တော်တော့ ရုန်းကန်ရလိမ့်မယ်။ စစ်ရေးနဲ့ပတ်သက်လို့ သူ့သဘောထားက ရှင်းတယ်။ အာဖဂန်နစ္စတန် မှာဖြစ်နေတဲ့ စစ်ပွဲကို ပထမဆုံး အပြတ်ဖြတ်မယ်။ သို့အတွက် စစ်အင်အားတွေဖြည့်စွက်မယ်။ သေနတ်နဲ့ ပစ်ပြီး ပါကစ္စတန်နိုင်ငံထဲ ပြေးဝင်ပုန်းခိုပြီး မထိတထိလုပ်နေသူတွေကို ပြတ်အောင်ဖြတ်မယ်။ ပြီးတော့ အီရတ်ကိစ္စကို အပြတ်ကိုင်မယ်။ တခုပြီးတခု လုပ်သွားမယ်လို့ သိရပါတယ်။ ပြတ်သားသူတဦးဟာ အလုပ်ကို ပြတ်သားစွာလုပ် တတ်ကြတာ သူတို့သဘာဝဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကြောင့်ပဲ သူ့ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အလွန်စစ်စစ်ပေါက် ပေါက်နိုင်တဲ့ အမေရိကန်တွေအနေနဲ့ လူမဲတဦးကို သမ္မတအဖြစ် လက်ခံသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ လက်ခံလိုက်တယ်ဆိုကတည်းက သူဟာ တော်တော်ပင် တော်လို့ဖြစ်ပါတယ်။ အထူးသဖြင့် အိုဘားမားဟာ လူမဲ ဖြစ်သော်လည်း သူ့ရဲ့စရိုက်အမူအယာ အနေအထိုင် အတွေးအမြင်အားလုံးဟာ လူမဲစရိုက်လုံးဝမရှိပါ။ လူမဲဆိုရင် တေလေဂျပိုး ကလေကချေလို့ အများက ယူဆထားကြတာပါ။ သို့သော် အိုဘားမားဟာ အသားအရောင် မဲမှောင် တာကလွဲလို့ ပညာ၊ စရိုက်၊ အတွေးအမြင် စသည်တွေဟာ လူဖြူနဲ့ အခြားအမဲမဟုတ်သော လူများကဲ့သို့ အဆင့် အတန်းမြင့်ကြောင်း အမေရိကန် လူဖြူများက ဆွေးနွေးပြောဆိုထောက်ခံကြပါတယ်။ ဒီနေ့မနက်မှာတင် လူဖြူအ မေရိကန်များနဲ့ ဒီအကြောင်းကို ကျနော် စကားစပ်မိပါသေးတယ်။

တနည်းအားဖြင့် အိုဘားမား အခုလိုမြန်မြန်ဆန်ဆန် သမ္မတဖြစ်လာတဲ့အကြောင်းတွေထဲမှာ ရီပတ်ပလီကန်ပါတီ ရဲ့ ကျေးဇူးလို့ ပြောလို့ရပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဇနီးဖြစ်သူ ဟလာရီနဲ့ သမ္မတပြိုင်ပွဲမှာ ပြိုင် ဆိုင်ရမယ်ဆိုရင် ရီပတ်ပလီကန်ပါတီအနေနဲ့ နိုင်ဖို့လမ်းမမြင်ဘူးတဲ့။ အိုဘားမားနဲ့သာ ပြိုင်ဆိုင်ရမယ်ဆိုရင် နိုင်ငံ ရေးအတွေ့အကြုံ မရင့်ကျက်သေးတာရယ်၊ လူမဲဖြစ်တာရယ်ကြောင့် သူတို့ပါတီနိုင်ဖို့သေချာတယ်လို့ ရီပတ်ပလီ ကန်တွေက တွက်ကိန်းထုတ်ထားပါတယ်။ သို့အတွက် ဒီမိုကရက်ပါတီရဲ့ ပါတီအတွင်း မဲပြိုင်ပွဲတွေမှာ အိုဘားမား မဲနိုင်ရေးကို ရီပတ်ပလီကန်ပါတီ ဘက်တော်သားတွေက ၀ိုင်းဝန်းထောက်ခံ အားပေးကြပါတယ်။ အထူးသဖြင့် အိုင်အိုဝါပြည်နယ်က ဒီကိစ္စကို စတင်ဖန်တီးလိုက်တာဖြစ်ပါတယ်။

တကယ်တန်းမှာ အိုဘားမား သမ္မတလောင်းအဖြစ် ဂျွန်မက်ခိမ်းနဲ့ ပြိုင်တော့လဲ ရီပတ်ပလီကန်က မနိုင်ပါဘူး။ ရှစ် နှစ်လုံးလုံး တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်ခဲ့တာမို့ သပွတ်အူလိုက်နေတဲ့ပါတီအဖြစ် အမေရိကန်ပြည်သူတွေ က နားလည်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ ၉၀ ခုနှစ်ရွေးကောက်ပွဲလို စစ်အာဏာရှင်တွေကို လူထုက သိပ်မုန်း နေတော့ သူနဲ့ပြိုက်ဖက်ဟာ ဘယ်သူပဲဖြစ်ဖြစ် နိုင်မှာပဲ။ အခုလဲ ဒီလိုပါပဲ။

ကျနော်တို့လူမျိုး ဗမာတချို့က အိုဘားမားကို မကြိုက်ဘူး။ မူဆလင်ဖြစ်နေလို့တဲ့။ လူမဲမို့လည်း မကြိုက်တာပါ။

ကကက
ဒီမိုကရေစီဆိုတာ လူမဲပဲဖြစ်ဖြစ်၊ လူဖြူပဲဖြစ်ဖြစ်၊ လူဝါပဲဖြစ်ဖြစ် လူထုက တင်မြှောက်သူဟာ သမ္မတဖြစ်နိုင်ပါ တယ်။ သို့မဟုတ်ရင် အာဏာရှင်ဖြစ်သွားမှာပေါ့။ မူဆလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ် အမေရိ ကန်နိုင်ငံမှာ မွေးသူအားလုံးဟာ သမ္မတဖြစ်နိုင်တယ်။ ဘာသာမခွဲခြား၊ အရောင်မခွဲခြားပဲ လူထုတင်မြောင်သူဖြစ် မှ ဒီမိုကရေစီနည်းကျမှာမို့ ကျနော့်အနေနဲ့ အိုဘားမား မူဆလင်ဖြစ်တာ၊ မဖြစ်တာကို စဉ်းစားစရာမလိုတော့ဘူး။ ဒီမိုကရေစီဆိုတာ လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေး ကိုယ်စီရှိပါတယ်။ ကျနော်တို့မြန်မာနိုင်ငံဖွားတွေသာ ကျနော် တို့အခွင့်အရေးတွေကို မွေးကတည်းက စစ်အာဏာရှင်တွေက အတင်းလုယူသွားလို့ မရှိတာပါ။

တချို့လူတွေကတော့ ချမ်းသာလို့ ရီပတ်ပလီကန်ပါတီကို ကြိုက်တာ။ တချို့က ရီပတ်ပလီကန်နိုင်စေချင်တာက မြန်မာနိုင်ငံအရေးကို မျှော်ကိုးလို့တဲ့။ ရီပတ်ပလီကန်ပါတီက ဂျွန်မက်ခိမ်းသာ သမ္မတဖြစ်လာရင် မြန်မာနိုင်ငံဒီမို ကရေစီအတွက် ဆောင်ရွက်ပေးလိမ့်မယ်။ အမေရိကန်စစ်တပ်ကြီးနဲ့ မြန်မာပြည်ဝင်ပြီး စစ်ဝင်တိုက်ပေးလိမ့်မယ် လို့ အထူးပင်မျှော်လင့်ကြပါတယ်။ အမေရိကန်တွေ သူတို့တောင် ချွတ်ခြုံကျနေတာ ကျနော်တို့တိုင်းပြည်အတွက် တကယ်ပဲ ၀င်တိုက်ပေးမှာလား။ မထင်ပါ။

ကျနော်တို့တွေဟာ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တိုင်ပဲလုပ်ရမှာဖြစ်ကြောင်း ကျနော်နားလည်ထားပါတယ်။ ကု လသမဂ္ဂနဲ့ အခြားသောတိုင်းပြည်တွေကလည်း မြန်မာပြည်အရေးကို ၀င်ရောက်ဖြေရှင်းပေးမှာ မဟုတ်ဘူး။ ကိုယ့် အရေးကို ကိုယ်ကိုယ်တိုင်ပဲ လုပ်ကြရမှာဖြစ်ကြောင်း ကျနော်တို့တွေ နားလည်သဘောပေါက်သင့်ပါတယ်။ ဒါကို သဘောမပေါက်ရင်တော့ ကျောပေါက်နေအုံးမှာပဲ။

အမေရိကန်သမ္မတ တဦးဟာ ကမ္ဘာ့အရေးကို ပြောင်းလဲနိုင်တာ မှန်ပါတယ်။ လက်ရှိအခြေအနေမှာ သူ့တိုင်းပြည် အရေးကို ကျန်တဲ့အရေးတွေထက် ဦးစားပေးရမှာဖြစ်ပါတယ်။ သူ့မှာ စတင်ကိုင်တွယ်ဖြေရှင်းရမဲ့ကိစ္စတွေက ဒုနဲ့ ဒေးပါ။ မြန်မာပြည်အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာလည်း သူတို့တိုင်းပြည်အတွက် သိပ်အရေးပါတယ်လို့ မ ယူဆသရွေ့လုပ်မယ်လို့ မထင်ပါဘူး။ လူ့အခွင့်အရေးအရမို့ ပြောဆိုဝေဖန်ရုံလောက်ပဲဖြစ်နိုင်မယ်။ လက်နက်ကို င်ဝင်တိုက်ဖို့ဆိုတာ လက်ရှိအမေရိကန်ရင်ဆိုင်နေရတဲ့ အနေအထားတွေနဲ့ ယှဉ်ကြည့်ရင် မဖြစ်နိုင်သေးပါဘူး။

အဖြစ်နိုင်ဆုံးကို စဉ်းစားမယ်ဆိုရင် အမေရိကန်သမ္မတဟာ အမေရိကန်အတွက် ပထမဦးဆုံးအလုပ် လုပ်မှာပဲဖြစ် ပါတယ်။ ပြီးတော့မှ နိုင်ငံတကာအတွက် လိုအပ်တဲ့အခါ၊ မဖြစ်မနေလုပ်ရမဲ့အခါများမှာ လုပ်မှာပေါ့ဗျာ။ အခုသမ္မ တသစ် တက်လာပြီဆိုတော့ ၀ါဒဖြန့်ချီဖို့ နိုင်ငံတကာသို့ လှည့်ရအုံးမယ်လေ။

သမ္မတအိုဘားမားရဲ့ လက်ရှိအခြေအနေဟာ နွံကြားက ပွင့်တဲ့ကြာလိုဖြစ်နေပါတယ်။ အခက်အခဲတွေနဲ့ သပွတ်အူ လိုက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ကိစ္စအ၀၀ကို အဆင်ပြေသာယာလာအောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်။ အားလုံး ကလည်း ဒီအခြေအနေကောင်းတွေရောက်စေဖို့ သူ့ကို မျှော်လင့်နေကြတယ်။

တိုးတက်သာယာသော အခြေအနေတခုဆီရောက်ဖို့ သူနဲ့ သူ့အစိုးရအဖွဲ့ဟာ မျှော်လင့်ချက်ရောင်ခြည်သဖွယ်ဖြစ် နေပါတယ်။ လမ်းဆုံမှာရောက်နေတဲ့ အမေရိကန်အစိုးရအဖွဲ့သစ်ဟာ မှန်ကန်သောလမ်းကို ရွေးဖို့လိုအပ်ပါတယ်။ ကျနော်တို့တတွေ ဆက်လက်အားပေး ရှုစားဖို့သာပဲဖြစ်ပါတယ်။

ကိုသက်









0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP