Monday, January 26, 2009

ဆောင်းမှာ မိုးရွာတဲ့ည

.

.
မနေ့က ၂၀၀၉၊ ဇန်န၀ါရီ (၂၅) ရက်၊ တနင်္ဂနွေည၊ ဆောင်းတွင်းမှာ မိုးရွာတဲ့ညပေါ့။ အယ်လ်အေရဲ့ဆောင်းဟာ နှင်းကျသလို မိုးလည်း တမ နှစ်မ မကြာခဏ ရွာတတ်တယ်။
.
ရာသီက ဆောင်းကို ကူးဖြတ်ချိန်မှာ ရွာတဲ့မိုးသည်လည်း မန္တလေးမှာ ရွာတဲ့မိုးနှယ် အအေးက လွန်ကဲလွန်းပါတ ယ်။ လေပါတယ်။ ရေပါတယ်။ လျှပ်ရောင်ပါ ဖြာလိုက်သေးတယ်။ နှစ်သစ်ကို ကြိုတဲ့မိုးလို့ ဆိုနိုင်ပါတယ်။ သဘာ ၀ရာသီကို သည်မိုးက တမျိုး အေးမြစေတယ်။
.
လျှပ်ဖြာလို့ မိုးရွာပြီဆိုတော့ သည်ဆောင်းက ဆောင်းနဲ့မတူချင်ပြန်။ တဖြောင်းဖြောင်းနဲ့ မိုးရေစက်တွေ ခေါင်မိုး ကို ထိကျသံက သံစဉ်မညီတဲ့ ဂီတသံများနှယ် ကြားနေရပြန်တယ်။ အအေးလွန်ကဲလာလို့ အပူပေးစက်ကို ဖွင့်ရ တယ်။ သို့မဟုတ် အိပ်လို့ရတော့မည်မဟုတ်။ အခုလိုမိုးများတဲ့ရက်တွေမှာ ဓာတ်တိုင်မှာ ဓာတ်ကြိုးပြတ်လို့ ခဏ တဖြုတ် မီးက ပြတ်တတ်သေးသည်မို့ ဓာတ်မီးကို အနားယူထားရတယ်။
.
နံနက်မိုးလင်းတော့ လမ်းမတွေပေါ် အိမ်ခေါင်မိုးတွေပေါ်မှာ ရေခဲပြင်သဖွယ် ခပ်ပါးပါး ခဲနေတဲ့ရေတွေ မြင်နေရ တယ်။ မြက်ခင်းပြင်ပေါ်မှာတော့ ညကကြွေတဲ့ မိုးသီးတွေက မြကမ္ဗလာပေါ်က ပုလဲသွယ်များသဖွယ် လှပနေပါ တယ်။ အအေးကို ကြောက်သူတွေက ဒါကို မုန်းချင်မုန်းမယ်။ ကျနော့်အနေနဲ့က သဘာဝရာသီဟာ တန်ဖိုးဖြတ် မရတဲ့ အလှပန်းချီမို့ စာရှုသူများအတွက် ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ အပေါ်က ပုံပါ။
.
ကျနော်ရေးခဲ့တဲ့ ကဗျာထဲကလိုပဲ လောကကို ကျေးဇူးတင်တဲ့ မျက်လုံးနဲ့ ကြည့်ဖို့ကြိုးစားရင် အရာရာတိုင်းမှာ အလှဆိုတာ ရှိနေစမြဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သဘာဝအလှတွေက တဆင့် icy rains ဆိုတဲ့ အထက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေး မွေးဖွားလာခြင်းဖြစ်ပါတယ်။
.
ကိုသက်




0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP