Sunday, May 10, 2009

သန်းခေါင်စာရင်း ကောက်တော့မယ်

.

.
လမည့်နှစ်မှာ အမေရိကန်အစိုးရက အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေထိုင်ကြပြီးဖြစ်တဲ့ မြန်မာများ ရဲ့ အရေအတွက် စာရင်းကို ကောက်တော့မယ်လို့ ကြားသိရပါတယ်။ ဒါက သူတို့တွေ လုပ်နေကြအလုပ်တခုဖြစ် လို့ အဆန်းတော့မဟုတ်ပါ။ မြန်မာနိုင်ငံက ရောက်လာသူတွေ ဘယ်သူက ဘာ၊ ဘယ်မှာနေတယ်ဆိုတာ သူတို့ သိထားရင် ပြည်တွင်းပြည်ပ မြန်မာနဲ့ပတ်သက်နေသူတို့ အရေးပေါ်ကိစ္စတိုင်းမှာ ကူညီဖြေရှင်းပေးနိုင်တယ်။ သူ တို့ကိုယ်တိုင်လည်း အကူအညီလိုတဲ့အခါ မြန်မာများထံက အကူအညီတောင်းခံခွင့်ရဖို့ လွယ်တယ်လေ။
.
ဥပမာအားဖြင့် မနှစ်ကလို အဖြစ်ဆိုးနဲ့ မြန်မာပြည်သူလူထု ကြုံဆုံရတဲ့အခါ အမေရိကန်အပါအ၀င် နိုင်ငံတွေက ကူညီချင်သော်လည်း မြန်မာလိုပြန်တတ်တဲ့ စကားပြန်ကောင်းကောင်းကို တွေ့ဖို့ သိပ်ခက်ခဲပါတယ်။ သို့အတွက် စားရင်း အင်းအတိအကျ သိရတဲ့အခါ အလွယ်ကူဆုံးအကူအညီတောင်းဖို့ အခွင့်အလမ်းပေါ်လာပါတယ်။ နာဂစ် နဲ့ဆုံတုန်းက အမေရိကန်အစိုးရက သူတို့ စစ်တပ်ထဲ ၀င်ခဲ့ဖူးတဲ့ မြန်မာပြည်ဖွားတွေကို ပြန်ခေါ်တယ်။ လိုအပ် ရင် မြန်မာပြည်ဝင်တဲ့အခါ စစ်မှုပြန်ထမ်းဖို့ ဖြစ်ပါတယ်။
.
လောလောဆယ်ဆယ်မှာ အရေးကြီးတာက မြန်မာတွေများတဲ့ ပတ်ဝန်းကျင်မှာ မြန်မာတွေနဲ့ပတ်သက်လို့ ယဉ် ကျေးမှု၊ အနုပညာ၊ ဘာသာရေး၊ လူမှုရေး စတာတွေကို တစုတဝေးတည်း လုပ်နိုင်ဖို့အတွက် ကူညီချင်တာလဲ ပါတယ်။ ဥပမာဗျာ - တရုတ်လူမျိုးတွေအတွက် china town, ဂျပန်လူမျိုးတွေအတွက် little tokyo, ကိုရီးယား တွေအတွက် korean town, အိန္ဒိယက လူတွေအတွက် indian town, ယိုးဒယားတွေအတွက် little bangkok
ဗီယက်နန်များအတွက် little saigon စတဲ့ မြို့ကလေးတွေ၊ သူတို့အသိုင်းအ၀န်းတွေ ထည်ထည်ဝါ၀ါ သိပ်သိပ် သည်းသည်း ရှိပေမဲ့ မြန်မာတွေမှာ မရှိပါဘူး။ တကယ်ရှိသင့်တဲ့ကိစ္စဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့မြန်မာ တွေ အမေရိကမှာ သိပ်များလာပါပြီ။ သို့သော် ပြန့်ကျဲနေကြတယ်။ တနေရာရာမှာ မစုစည်းနိုင်ကြသေးဘူး။
.
အကယ်၍သာ စုစည်းနိုင်မယ်ဆိုရင် သင်္ကြန်လိုပွဲမျိုးတွေမှာ မေယာ၊ ဂါဘနာ၊ သမ္မတ စသူတွေကို ဖိတ်ခေါ်လို့ရ တယ်။ သူတို့ကိုယ်တိုင် တက်ရောက်လာပြီး အမေရိကမှာရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အဆင်ပြေစေဖို့ အခွင့်အလမ်းတွေ အများကြီးရနိုင်တယ်။ ဥပမာဆိုပါစို့ - ကားအမောင်းသင်တဲ့အခါ စာဖြေရတယ်။ တရုတ်လူ မျိုး၊ ဗိယက်နမ်လူမျိုးတွေအတွက် အင်္ဂလိပ်လိုမဖြေဘဲ သူတို့ဘာသာနဲ့ ဖြေခွင့်ရှိတယ်။ အကယ်၍ မြန်မာတွေ ညီကြမယ်။ စုစည်းနိုင်ကြမယ်ဆိုရင် ဒါမျိုးအလားတူ အခွင့်အရေးတွေ ကိုယ့်လူမျိုးတွေအတွက် ရလာနိုင်တယ်။
အပြန်အလှန်ပေါ့လေ။ မြန်မာတွေရဲ့ မဲကို ရယူချင်တော့ မေယာ၊ ဂါဘနာ၊ သမ္မတလုပ်ချင်သူတွေက မြန်မာတွေ ကို စည်းရုံးပြီး သူတို့လူကြီးဖြစ်လာရင် မင်းတို့လူမျိုးတွေအတွက် အဆင်ပြေလာအောင် ဘာတွေကို ငါလုပ်ပေး နိုင်တယ်ဆိုတာမျိုးတွေက အမြဲရှိနေတာမို့ အပြန်အလှန်အပေးအယူတွေ ဖြစ်လာနိုင်တာပေါ့။
.
သို့အတွက် လာမည့်နှစ်မှာ မြန်မာတွေကို သန်းခေါင်စာရင်း ကောက်တဲ့အခါ ကိုယ့်အမျိုးသားရေးအတွက် အား ပေးတဲ့အနေနဲ့ ငါ “မြန်မာ”ဆိုတာကို ဖော်ပြပေးဖို့လိုပါတယ်။ ကိုယ်ဟာ ဘယ်တိုင်းပြည်က မွေးတယ်ဆိုတာက ညာလို့မရတဲ့ကိစ္စပါ။ မွေးခဲ့တဲ့တိုင်းပြည်ကို ငါက မြန်မာပြည်ကပါ။ မြန်မာပြည်မှာ မွေးခဲ့တာပါလို့ ပြောလိုက်လို့
ဂုဏ်သိက္ခာကျမသွားပါဘူး။ တနည်းအားဖြင့်လည်း မမေ့ကောင်းလေတဲ့ ကိုယ့်မွေးရပ်မြေကို ဂုဏ်ပြုရာရောက် ပါတယ်။ ကျော်ကြားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်အတော်များများက ကိုယ့်မွေးရပ်မြေကို လွမ်းတစွာ တန်ဖိုးရှိစွာ ဖော် ပြလေ့ရှိပါတယ်။ မွေးကျေးဇူးကို ပြန်ဆပ်တဲ့သဘောပါ။
.
Cal State University, Pomona မှာ စာရေးသူက မြန်မလိုရေးထားတဲ့ စာအုပ်တအုပ်ကို ဖတ်နေစဉ် လူငယ် တဦးက လာနှုတ်ဆက်တယ်။ မြန်မာပြည်ကလာတဲ့ မြန်မာလားတဲ့။ ဟုတ်ပါတယ်ဖြေတော့ မေးသူကျောင်းသား က “ငါလဲ ဗမာပဲ”တဲ့ ပြောလာတယ်။ ဒီတော့ စာရေးသူက ဗမာလိုပြောတာပေါ့။ ဒီတော့ သူက ပြောလာတယ်၊ “၀မ်းနည်းပါတယ်ဗျာ၊ အဖေဗမာ၊ အမေဗမာ ဖြစ်ပေမဲ့ ကျနော် ဒီမှာမွေးတော့ ဗမာစကား မတတ်ပါဘူး”တဲ့။ အ င်္ဂလိပ်လိုပဲပြောကြတယ်။ ဒါလည်း အဆင်ပြေတာပဲ။ သူ့ကို အပြင်အနေအထားကြည့်ရင် တရုတ်ပြည်ကြီးကလာ တဲ့ တရုတ်လေးတဦးလို့ ထင်ရတယ်။ စကားလာပြောတော့မှ မြန်မာပြည်ကလာတဲ့ မြန်မာမိသားစုကပေါက်ဖွား တဲ့ မြန်မာတယောက်ဖြစ်နေမှန်းသိရတယ်။ ဒါ အခုရက်ပိုင်းအတွင်းမှာပဲ ကြုံခဲ့တာဖြစ်ပါတယ်။ အဆင်ပြေတဲ့အ ခါ မြန်မာစကား ပြန်သင်မယ်လို့ သူက ပြောလာသေးတယ်။ ဂုဏ်ယူစရာကိစ္စပါ။
.
အမေရိကအတွင်းက တချို့တက္ကသိုလ်တွေမှာ မြန်မာဒေးဆိုတာ ကျင်းပကြတယ်။ မြန်မာကျောင်းသူကျောင်း သားတွေက စုလုပ်တာပါ။ အဲဒီနေ့မှာ မြန်မာ့ယဉ်ကျေးမှု၊ အစားအစာ၊ အနုပညာ စတာတွေကို သူတို့နိုင်သ လောက်ဖော်ပြကြတယ်။ ဂုဏ်ယူစရာကိစ္စတွေဖြစ်ပါတယ်။
.
ကြားနေရတာတွေ ရှိသေးတယ်။ တချို့ဆိုရင် မြန်မာပြည်က လာတာ၊ မွေးတာကို မဖော်ပြချင်တော့ဘူး။ သူတို့ ရဲ့မွန်မြတ်တဲ့ မွေးရပ်မြေဇာတိကို ဖုံးကွယ်လိုက်ကြတယ်။ ဒါကို သူတို့က ကောင်းတယ်လို့ ထင်ကြတယ်။ တက ယ်တော့ မကောင်းပါ။ ကိုယ့်ကို မွေးခဲ့တဲ့တိုင်းပြည်ကိုတောင် အမှန်အတိုင်း မပြောချင်တော့ဘူးဆိုရင် ဘယ်အ ရေပဲခြုံခြုံ လုံမှာတော့ မဟုတ်ဘူး။ ခြုံတဲ့အရေအတိုင်းလည်း ကိုယ်ကဖြစ်လာမှာ မဟုတ်ဘူး။ ဒေါင်းကဒေါင်းဖြစ် ပြီး ကျီးက ကျီးပေါ့။ တွေးကြည့်ရင် ရှက်စရာတောင် ကောင်းသေးတော့တယ်။
.
မိသားစုတခုအတွင်းမှာ ဒီကိစ္စနဲ့စကားများကြတာ မှတ်ခဲ့ဖူးတယ်။ လူကြီးလုပ်သူက ကလေးတွေကို သင်တယ်။ မင်းတို့ကို လူတွေက (အမေရိကန်တွေက) ဘယ်တိုင်းပြည်က လာတာလဲလို့ မေးရင် မြန်မာပြည်ကလို့ မပြောပါ နဲ့တဲ့။ မြန်မာပြည်ဟာ ဆင်းရဲမွဲတေနေတာ၊ မြန်မာဆို ဟိုက ဟင်၊ ဒီက ဟင်နဲ့ ဘယ်သူမှ လက်မခံချင်ဘူး၊ သိ က္ခာမရှိဘူး၊ မြန်မာပြည်က လာတာလို့ ပြောရင် မင်းတို့မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာထိတယ်ကွာ။ ဟောင် ကောင်က (သို့မဟုတ်) တိုင်ဝမ်က လာတယ်လို့ ပြောပါတဲ့။ ဒါပေမဲ့ တကယ်တမ်း ဧည့်သည်တချို့က ကလေး တွေကို မေးလာတဲ့အခါ ကလေးတွေက မြန်မာပြည်က၊ ရန်ကုန်ကလို့ပဲ အမှန်အတိုင်းပြောတယ်။ ဂုဏ်ယူစွာပဲ ပြောကြတဲ့အခါ လူကြီးနဲ့ ကလေးတွေကြား အမျက်ဒေါသပွားပြီး အိုးအိမ်ခွဲနေလိုက်ကြရတယ်။ ဒီအဖြစ်ကိုကြည့် ပါ။ ကလေး မှားသလား၊ လူကြီး မှားသလားဆိုတာ ထင်ရှားနေပါတယ်။
.
ဒါမျိုးတွေ မဖြစ်ကောင်းပါဘူးဗျာ။ ကိုယ့်နိုင်ငံနဲ့ မွေးရပ်မြေကို ဖုံးကွယ်လိုက်တာဟာ ကိုယ့်အမျိုးသားရေးကိုပါ ထိပါး စော်ကားလိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ မြတ်ဗုဒ္ဓတောင်မှ သူ့အနွယ်ကို မကွယ်ဝှက်ဘဲ “ဂေါတမ”လို့ ဖော်ပြခဲ့တယ်။ လောကတ္ထစရိယ - လူသားအားလုံးအတွက် ဘုရားဖြစ်အောင်ကျင့်ခဲ့ကြိုးစားခဲ့တယ်။ ဥာတတ္ထစ ရိယ - ကိုယ့်အမျိုးသားရေးအတွက်၊ နိုင်ငံအတွက် လုပ်ခဲ့တယ်။ ဒီနှစ်ခုကို ဆောင်ရွက်နိုင်ဖို့ ဗုဒ္ဓတ္ထစရိယ-ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ သာမာန်ဆို ဒီလောက်ဆောင်ရွက်နိုင်မှာ မဟုတ်လို့ အများအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည်အတွက် လုပ်နိုင်အောင် ဘုရားအဖြစ် ကြိုးစားခဲ့တာပါ။ ဂေါတမဆိုတာ အိန္ဒိယက သူ့အမျိုးအနွ ယ်ကို အလေးအမြတ်ပြုလိုက် ဂုဏ်ပြုလိုက်သလို ကျနော်တို့တွေလည်း ငါမြန်မာပါ၊ မြန်မာပြည်က လာတာပါလို့ ပြောလိုက်ခြင်းဟာ အမိမြေကို ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။
.
ကျနော်တို့တွေ အမေရိကမှာ ကြာကြာနေရင် အမေရိကန် နိုင်ငံသားဖြစ်လာမယ်။ အင်္ဂလန်မှာ ကြာကြာနေလဲ အင်္ဂလန်နိုင်ငံသားဖြစ်မှာပဲ။ ဒီနိုင်ငံသားတွေအဖြစ် ပြောင်းလဲသွားသော်လည်း ကျနော်တို့မျက်နှာက ဗိုလ်ရုပ်ဖြ စ်သွားမှာမှ မဟုတ်ဘဲ။ ကျနော်တို့ ရင်တွင်းမှာက ဗိုလ်အယူအဆတွေ ပြောင်းလဲသွားတာမှ မဟုတ်ဘဲ။ ငါးပိကြို က်တာကို တားဆီးလို့ မရနိုင်သလို ထမင်းစားတဲ့ဓလေ့ကိုလည်း ဖျောက်လို့ မရနိုင်ပါဘူးဗျာ။ ဘယ်မှာပဲဖြစ်ဖြစ် ကောင်းတာရှိသလို မကောင်းတာတွေလဲ ဒွန်တွဲရှိနေတတ်ကြတာ သဘာဝပါ။ ကောင်းတာတွေ ယူတတ်ဖို့ပဲလို ပါတယ်။ အယောင်ဆောင်တဲ့ လောကထဲက ထွက်ပြီး သဘာဝကျတဲ့ အမှန်တရားကို ဖော်ညွှန်းနေတဲ့ အစစ်အ မှန်လောကထဲမှာ ရိုးရိုးသားသားလေးနေတဲ့ဘ၀က တကယ် စိတ်ချမ်းသာစရာပါ။
.
ဒီလောက်မြန်မာကို ချစ်နေရင် မြန်မာပြည်ပြန်နေပါလားဆိုသူတွေလည်း ရှိသေးတယ်။ ဒါက ဦးဏှောက်မှာအ တွေးအမြင်နည်းသူတို့ ပြောလေ့ရှိတဲ့စကားပါ။ ဥပမာလေးတခုပြောရဦးမယ်။ I am thinking, therefore I am ငါးစဉ်းစားနေတယ်၊ ဒါကြောင့်ငါရှိတယ်ဆိုတဲ့ အတွေးအမြင်တခုကို ဖော်ထုတ်လိုက်တဲ့ ဖီလိုဆိုဖာကြီး Rene Descartes ဟာ သူ့အယူအဆကို ဖော်ပြနိုင်ဖို့အတွက် သူ့မွေးရပ်မြေကနေ ထွက်ခွာလိုက်ရတယ်။ သို့မဟုတ်ရင် သူ့ရှေ့က ပညာရှင်တချို့လိုပဲ သူလဲပဲ တဖက်စွန်းရောက်သမားတွေကြောင့် အသတ်ခံရနိုင်တယ်လေ။ သူ့အ တွေအမြင်တွေကို ဖော်ပြနိုင်ဖို့၊ သူ့အတွက် အောင်မြင်တိုးတက်စေဖို့အတွက် မွေးရပ်မြေ ပြင်သစ်နိုင်ကို စွန့်ခွာ သွားခဲ့တယ်။ အနောက်တိုင်းဖီလိုဆိုဖာဖခင်ကြီးအဖြစ် ကျော်ကြားခဲ့တယ်။ ဒါပေမဲ့ သူ့မွေးရပ်မြေနဲ့ သူ့ငယ်ဘ၀ များကို ဖော်ပြတဲ့အခါ အမှန်အတိုင်း လှလှပပဖော်ပြထားတာ လွမ်းမောစရာလေးပါ။ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် ပတိရူပဒေသ၀ါသ - သင့်တော်လျှောက်ပတ်တဲ့အရပ်မှာ နေခြင်းသည် မင်္ဂလာတရားလို့ ဆိုထားလေ တော့ မင်္ဂလာဖြစ်နေပါတယ်။ ဒီလောက်မြန်မာကို ချစ်နေသူတွေ မြန်မာပြည်ပြန်နေပါလားလို့ ပြောသူတွေ ဒီမင်္ဂလာတရားတော်ကို နားမလည်လို့ နေမှာပါ။ တိုင်းပြည်ချစ်တာနဲ့ အခြေအနေအရ ရေကြည်ရာ မျက်နုရာ အသက်မွေးဝမ်းကြောင်းရတာလေးတွေကို မှန်မှန်ကန်ကန်မမြင်နိုင်တော့ဘူး။ အားလုံးကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ရောပြစ်လိုက်တာ မမှန်တော့ဘူး။
.
အချုပ်အားဖြင့် လာမည့်နှစ်မှာ မြန်မာတွေ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်တဲ့အခါ ကိုယ့်မွေးရပ် မြေကို ဂုဏ်ပြုကျေးဇူးဆပ်သောအားဖြင့် စာရင်းပေးကြပါလို့ တိုက်တွန်းချင်တာပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကို တကယ်ဂုဏ်ရှိစေချင်ရင် တကယ့်ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတွေ လျှောက်လှမ်းတဲ့လမ်းကို လိုက်ပြီး ဆက်လက် ကြိုးစားသွားဖို့သာဖြစ်ပါတယ်။ တနေ့သောအခါ မြန်မာနိုင်ငံဆိုတဲ့ တို့တွေရဲ့မွေးရပ်မြေဟာ ပြောင်းလဲတိုးတက် လာမှာ အမှန်ဖြစ်ပါတယ်။
.
ကိုသက်
.
.

1 comments:

ဦးဂင်ကြီး May 11, 2009 at 6:10 PM  

စာရင်းပေးတာကောင်းပါတယ်ဗျ မပေးလဲသူတို့ကသိနေတာပါလေ အထူးသဖြင့်တော့ဒုက္ခသည်အဖြစ်လာတဲ့သူတွေကိုပြောတာပါ တချို့ စစ်အစိုးရနဲ့ပတ်သက်နေသူတချို့ကတော့ စာရင်းပေးမယ်မထင်ပါဘူး။ အခုလိုမျှဝေပေးတာကျေးဇူးပါခင်ဗျာ။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP