Monday, April 6, 2009

မြစ်ကြီးနားထောင်က လူလိမ်

မြစ်ကြီးနားထောင်က လူလိမ်

မကြာသေးမီ ရက်ပိုင်းက နိုင်ငံကျော်လူရွှင်တော် ကိုဇာဂနာအိမ်သို့ လူတယောက် ရောက်လာတယ်။ လူကျဲစ ည ပိုင်းအချိန်မှာပါ။ တံခါးလာပိတ်တဲ့ အိမ်က မိန်းကလေးတဦးကို ညီမက မငြိမ်းလားလို့ မေးလာတယ်။ ကိုဇာဂနာရဲ့ အခြေအနေကို ပြောပြချင်လို့ပါဆိုလာတော့ မငြိမ်း (ကိုဇာဂနာ့ ခယ်မ) နဲ့တွေ့ရန် အိမ်ပေါ်ခေါ်လာခဲ့တယ်။

အိမ်ပေါ်မှာ ထိုင်နေတဲ့ မငြိမ်းအမေ၊ မိခင်ကြီးနဲ့ စတင်တွေ့တယ်။

“မြစ်ကြီးနားထောင်က ဒုတိယထောင်ပိုင် ခင်မောင်ဦးပါ”လို့ စတင်မိတ်ဆက်လာတယ်။

မငြိမ်း ရေချိုးနေဆဲဖြစ်လို့ ထွက်မလာသေးဘူး။ သမက်ဖြစ်သူ ကိုဇာဂနာရဲ့အရေးမို့ မိခင်ကြီးက စိတ်ဝင်စားတ ယ်။ အမြန်လွတ်မြောက်ဖို့ကိုပဲ နေ့စဉ်စိတ်စောနေတတ်တဲ့ မိခင်ပါ။ အခုလို ဒုတိယထောင်ပိုင် ကိုယ်တိုင်လာပြော တယ်ဆိုတော့ အတိုင်းထက်အလွန် ၀မ်းသာနေတယ်။ ကျေးဇူးတင်နေတယ်။

“ဧပြီလ ၁၁-ရက်မှာ မြစ်ကြီးနားကနေ အင်းစိန်ထောင်ကို ရွှေ့ရမှာဖြစ်လို့ ညွှန်ချုပ်ကို ပေးဖို့ကမ်းဖို့ လိုကြောင်း” ဒုတိယ ထောင်ပိုင်ဆိုသူက ပြောလာတယ်။ ဒီအချိန်မှာ မငြိမ်းက ရေချိုးပြီးလို့ အခန်းထဲက ထွက်လာပြီ။ သူ့မိ ခင်နဲ့ ဒုတိယထောင်ပိုင်ဆိုသူတို့ ပြောနေတဲ့စကားဝိုင်းထဲ သူပါဝင်လိုက်တယ်။

“ဆောင်ရွက်ပေးကမ်းခတွေ ငါးသောင်းလောက် ပေးရမယ်ထင်တယ်”လို့ မိခင်ကြီးက ဆိုတော့...

“ငါးသောင်းလောက်နဲ့ မဖြစ်ဘူး။ ရှစ်သောင်းခွဲပေးမှ ဖြစ်မယ်”လို့ ဒုထောင်ပိုင်ကြီး ပြောလာတယ်။

သူတို့တွေလဲ ကိုဇာဂနာ လွတ်မြောက်ရေးကို ဆောင်ရွက်နေသူတွေမို့ ရှစ်သောင်းခွဲငွေကို ကြည့်မနေတော့ဘူး။ ယုံကြည်စိတ်ချစွာနဲ့ ပေးလိုက်တယ်။ ဘုမသိ ဘမသိ ဒုထောင်ပိုင်ကြီး ဆိုလာသူကိုလည်း ယုံစရာအကြောင်းတွေ က ရှိတာကိုးဗျ။ ထောင်ထဲမှာ ကိုဇာဂနာနဲ့တွေ့တုန်းမှာ ကိုဇာဂနာပြောလေ့ရှိတဲ့ စကားတွေကို ဒီလူက သုံးစွဲပြော ဆိုနိုင်လေတော့ မိသားစုက ယုံတာပေါ့။ ဒီစကားမျိုးဆိုတာ နီးစပ်သူတွေသာ သိလေ့ရှိတာပါ။ သူကပါ သိနေတာ မို့ တကယ်ပဲ မြစ်ကြီးနားထောင်နဲ့ ပတ်သက်နေသူလို့ ယုံကြတာပေါ့။

ဒီအချိန်မှာ နိုင်ငံခြားမှာနေတဲ့ အစ်မဖြစ်သူ (ကိုဇာဂနာ့ဇနီး) က မငြိမ်းထံ ဖုန်းဆက်တော့ ဒီအကြောင်းတွေ သိရ တယ်။ “ညီမတို့တော့ အညာခံရပြီ ထင်တယ်”လို့ ပြောတော့မှ မငြိမ်းက သံသယ၀င်လာတယ်။ နိုင်ငံရေးသမားကို ငွေပေး ငွေထိုးလုပ်ပြီး နေရာအရွှေ့အပြောင်း၊ နှစ်အတိုးအလျှော့လုပ်လို့ရတယ်ဆိုတာ မရှိသလောက်ကြပ်တည်း နေတဲ့ကာလမှာ ဒီအတွက် လုပ်ပေးမယ်၊ ငွေလာတောင်းတယ်ဆိုတော့ လူညာပဲဖြစ်နိုင်တယ်လေ။

ရန်ကုန်က နီးစပ်ရာတွေနဲ့ မြစ်ကြီးနားထောင်ကို စုံစမ်းတဲ့အခါ မြစ်ကြီးနားထောင်ရဲ့ ဒုတိယထောင်ပိုင်ဟာ ထိုသူ ပြောသွားတဲ့ ခင်မောင်ဦး မဟုတ်ကြောင်း၊ ထိုနာမည်နဲ့မြစ်ကြီးနားထောင်မှာ တဦးတယောက်မျှ မရှိတဲ့အကြောင်း သိလိုက်ရတယ်။ ရှင်းပါတယ်၊ မငြိမ်း အလိမ်ခံရပြီပေါ့။

မြစ်ကြီးနားထောင်မှာ နိုင်ငံရေးနဲ့ပတ်သက်သူ လေးမျိုးရှိတယ်။ ကိုဇာဂနာတို့လို အနုပညာသမား၊ ၈၈ ကျောင်းသူ ကျောင်းသားများ၊ ရွှေဝါရောင်ရဟန်းတော်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးသမားများပင်ဖြစ်ပါတ ယ်။ နိုင်ငံရေးသမားချင်းတူသော်လည်း အခွင့်အရေးက ကွဲနေတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး သမားတွေကို ထောင်ဝင်စာနဲ့ လူတွေ့ခွင့်ကို တလမှာ နှစ်ကြိမ်ပေးပြီး ကျန်သူများကိုတော့ တလမှာ တကြိမ်သာပဲ တွေ့ခွင့်ပေးတယ်တဲ့။ မတရားသဖြင့် ထောင်ချထားတာတောင် ထပ်ပြီး မတရားလိုက်ပုံများတော့ ကမ်းကုန်ပဲ။
.
မတရားမှုကို တွန်းလှန်နေတဲ့ ကိုဇာဂနာက ဒီအကြောင်းကို ပြည်သူလူထုအား သိစေချင်တယ်လေ။ သိဖို့တလမ်း ပဲရှိတယ်။ ပြည်ပမီဒီယာတွေက ကူညီပေးဖို့ဖြစ်ပါတယ်။ ပြည်ပမီဒီယာတွေက ထုတ်လွှင့်မှ မြန်မာလူထုကြီးက သိ မှာ၊ ပြီးတော့ သူတို့ဆရာကြီး အထက်အောက်တွေကလည်း သိမှာ၊ အဲသလိုသိသွားရင် ထောင်သားချင်းအတူတူ မတူညီသော အခွင့်အရေးပေးမှုတွေ မတရားမှုတွေ ရပ်သွားနိုင်ပါတယ်။

တလ တကြိမ်ပဲ တွေ့ခွင့်ရတယ်။ ရန်ကုန်မှာနေတဲ့ မိသားစုဝင်တွေက လေယာဉ်ပျံ၊ မီးရထားတွေနဲ့ မြစ်ကြီးနား ထောင်ကို သွားရတယ်။ ကိုယ့်မိသားစုဝင်က ထောင်ကျနေတာမို့ မသွားလို့ကလည်း မဖြစ်။ သင်္ကြန်ရက်လည်းနီး ပြီ။ သင်္ကြန်မတိုင်မီ သွားတွေ့ထားမယ်လို့ စီစဉ်ပြီး မငြိမ်းမြစ်ကြီးနားတက်သွားတယ်။ ဟိုရောက်တော့တလမပြည့် လို့တဲ့ လုံးဝကို တွေ့ခွင့်မပေးဘူးလေ။ သဲထဲရေသွန်သလို အလကားဖြစ်သွားရတယ်။ ဘယ်လောက်များ စိတ်တို စိတ်ညစ်စရာ ကောင်းသလဲဗျာ စဉ်းစားသာကြည့်ပါ။

ညစ်လိုက်တာ တခြားမဟုတ်ဘူး။ မြစ်ကြီးနားထောင်မှာ ဒုထောင်ပိုင် ခင်မောင်ဦးဆိုတာ ရှိ၊ မရှိ စုံစမ်းမှုပဲဖြစ်ပါတ ယ်။ ဘယ်လောက်များ အငြှိုး အတေး အမြင်တွေ ကျဉ်းလိုက်သလဲဆိုတာဗျာ။ အဝေးက လာသူကို ရင်ဝပိတ် ကန်လိုက်သလိုမျိုးလုပ်ပြီး ရတဲ့ဖက်က လှည့်ညစ်တာသာကြည့်။ အခါတိုင်းလို ထောင်ပိုင်ကို အရက်ပုလင်းလည်း ပေးပါ လျက်နဲ့။ လုပ်ရက်တယ်နော်။

ကိုဇာဂနာနဲ့ တွေ့ခွင့်မရပေမဲ့ လူလိမ်နဲ့တော့ တွေ့လိုက်ရတယ်။ မြစ်ကြီးနားထောင်မှာ မငြိမ်း ရောက်စဉ်မှာ မထင် မှတ်ပဲ လူတယောက်နဲ့တွေ့လိုက်တယ်။ ကြယ်သုံးပွင့်နဲ့ အရာရှိတဦး ထောင်အဆောက်အအုံထဲက ထွက်လာလို့ မငြိမ်းက လှမ်းကြည့်လိုက်ရာ တညက ရန်ကုန်အိမ်မှာ ငွေလာတောင်းသွားတဲ့ ဒုတိယထောင်ပိုင်၊ ဦးခင်မောင်ဦး ဆိုသူ ဖြစ်နေတယ်။ ဂွကျလိုက်တာများနော်။

“တလောဆီက ကျမတို့အိမ်ကိုလာတဲ့ ဒုထောင်ပိုင်ကြီး ဦးခင်မောင်ဦး မဟုတ်လားရှင်” လို့ မငြိမ်းက မေးတော့ မဟုတ်တဲ့အကြောင်း၊ မငြိမ်းကိုလည်း မသိတဲ့အကြောင်း၊ မငြိမ်းအိမ်ကိုလည်း တခါဖူးမျှ မရောက်ဖူးတဲ့အကြောင်း ဗြောင်လိမ်နေတော့တယ်။ ရက်ပိုင်းအတွင်းမှာပဲ အတိအကျ မြင်တွေ့ခဲ့ရတာမို့ လိမ်လို့ရရိုးလား။

ဦးခင်မောင်ဦး၊ ဒုထောင်ပိုင်လို့ ပြောပြီးငွေတောင်းသွားတာ သူကတော့ သေချာပြီ။ ဒုထောင်ပိုင်အနေနဲ့ ခင်မောင် ဦး မရှိတာလည်း သိရပြီ။ ဒါဆိုရင် သူဘယ်သူလဲ။ မြင်တွေ့နေကြ နီးစပ်ရာ မြစ်ကြီးနားမိတ်ဆွေတွေကို မေးမြန်းစုံ စမ်းလိုက်တော့ သူ့နာမည်က “ခင်မောင်ရွှေ”တဲ့။

နာမည်ရဲ့နောက်ဆုံးတလုံးမျှသာ ပြောင်းပြီး လိမ်သွားတဲ့ ဒုထောင်ပိုင်ကြီး ခင်မောင်ရွှေဆိုတာ ပေါ်သွားတယ်ဗျာ။ အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ အတွင်းလူတွေကိုယ်တိုင် အတည်ပေါက်နဲ့ ထွက်လိမ်တာကို မခံရလေ အောင်လို့ ဒီဖြစ်ရပ်မှန်ကို မျှဝေလိုက်တာပါ။

မြန်မာပြည်သူလူထုအပေါင်း လူလိမ်လူညာဘေးနဲ့ ဝေးပါစေ

ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP