Sunday, April 26, 2009

တပြေတရွာက မြန်မာဒိုးအဖွဲ့

.
.
နိုင်ငံတကာရောက် မြန်မာအသိုင်းအ၀ိုင်းမှာ အနုပညာတီးဝိုင်းတွေ သူ့နေရာနဲ့သူ ရှိနေတယ်။ အာရီဇိုးနားပြည် နယ်၊ ဖီးနစ်မြို့က နာမည်ကြီးလာတဲ့ တီးဝိုင်းဟာ ဖီးနစ်မောင် ဒိုးပတ်ဝိုင်းဖြစ်ပါတယ်။
.
ဖီးနစ်မောင် ဒိုးဝိုင်းကို မနှစ်က စတင်တည်ထောင်ခဲ့တာပါ။ ဖီးနစ်မှာ အခြေချနေထိုင်ကြတဲ့ မြန်မာလူငယ်တွေ စုစည်း တည်ထောင်ထားတာဖြစ်ပြီး ဒိုးဝိုင်းကို ခေါင်းဆောင်သူက ဗုံပျောက် ကိုအောင်သက်ဖြစ်ပါတယ်။ ဗုံတွေ ကောင်းသည်ထက်ကောင်းအောင် သူ့အိမ်ရှေ့လမ်းဘေးမှာ နေလှမ်းထားရာက တရေးနိုးလို့ ထကြည့်တော့ ဗုံ တွေ လှမ်းထားတဲ့နေရာမှာ မရှိတော့ဘူး။ ပျောက်ဆုံးသွားတယ်။ မြင်သူက မြန်မာ့ဒိုးတွေကို မြတ်နိုးလို့ ယူသွား တာဖြစ်မှာပေါ့။ ဗုံတွေ ပျောက်သွားလို့ တီးဝိုင်းခေါင်းဆောင် ကိုအောင်သက်ကို ချစ်စနိုးနဲ့ ၀ိုင်းနောက်ကြတာ ဗုံပျောက် ကိုအောင်သက်တဲ့ဗျာ။ ခင်မင်စရာ ကောင်းသူတဦးပင်ဖြစ်ပါတယ်။
.
လိုက်ဒိုးတီးသူ ကိုယဉ်ကြည်နဲ့ ကိုမိုးမောင်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦး အလျဉ်းသင့်သလို အလှည့်ကြတီးကြပါတ ယ်။ ခေါ်ဒိုးတီးသူအနေနဲ့ ၀ိုးခေါင်းဆောင် ကိုအောင်သက်က ဆောင်ရွက်ပေးတယ်။ လင်းကွင်း ကိုထိန်လင်း၊ နှဲ က ကိုဘိုလွင်၊ ကီးဘုတ်ဆရာ ကိုစောထူးဖြစ်ပါတယ်။ ကိုစောထူးဟာ ပန်းချီအရာမှာလည်း လက်ရာကောင်းလို့ ပြောင်မြောက်သူတဦးမို့ အာရီဇိုးနားနဲ့ ကာလီဖိုးနီးယားကပွဲအချို့အတွက် ဆိုင်းဘုတ်များကို သူကိုယ်တိုင်ပဲ ရေး ဆွဲခြင်းဖြင့် ကူညီခဲ့တာ အကြိမ်အတော်များများ မြင်ရဖူးပါတယ်။
.
ဝါးလက်ခုပ် တီးဆရာများအဖြစ် မဥမ္မာဘို၊ ကိုညိုကြီး၊ ကိုယဉ်ကြည်နဲ့ ကိုဂျော်နီတို့က အဆင်ပြေသလို တီးပေး ကြပါတယ်။ သက်တမ်းအနေနဲ့တွက်ရင် ဖီးနစ်မောင် ဒိုးအဖွဲ့ တနှစ်သားမျှသာ ရှိသော်လည်း သူတို့ရဲ့စွမ်းအား က မြန်မာအသိုင်းအ၀ိုင်းကို ကြည်နူးနှစ်သက် လှပစေပါတယ်။ ကိုယ့်ယဉ်ကျေးမှု အနုပညာကို တဖက်တလမ်း စွမ်းနိုင်သမျှ တင်ပြနေသူများမို့ လေးစားစရာ ကောင်းပါတယ်။
.
မနှစ်က အာရီဇိုးနားသင်္ကြန်မှာ ပထမဦးဆုံးပွဲအဖြစ် စတင်တီးခဲ့တာပါ။ ဒိုးအဖွဲ့ကို စတင်တည်ထောင်တဲ့အခါ လိုအပ်တဲ့ အနုပညာပစ္စည်းများကို ၀ါသနာရှင် ကိုဖီးလစ်ထွန်းက သူ့မှာရှိတဲ့ ဒိုးများကို ပေးအပ်ခြင်းဖြင့် ကူညီပံ့ ပိုးခဲ့တာဖြစ်ပါတယ်။ အခုတခါ ဒိုးတွေ ပျောက်ဆုံးသွားတော့လည်း မှာယူ၍ ကူညီပေးဖို့ ဆောင်ရွက်နေတဲ့အ ကြောင်း သိရပါတယ်။ သို့အတွက် ဒီနှစ်အယ်လ်အေ သင်္ကြန်ပွဲမှာ လာတီးတော့ သူတို့မှာ ဒိုးမရှိတော့လို့ ၀ါသ နာရှင် ကိုလေး (မီးရထား) က သူ့ပိုင်ဒိုးများကို ငှါးပေးခြင်းဖြင့် ကူညီခဲ့ပါတယ်။ အယ်လ်အေပွဲမှာ ကိုအေးမြင့်က အစစ အဆင်ပြေအောင် ကူညီပေးပါတယ်။
.
မကြာသေးမီက အမေရိကန်နိုင်ငံရှိ မြန်မာအများနေထိုင်တဲ့ ပြည်နယ်များရှိ မြို့များတွင် လာရောက်ကပြဖျော် ဖြေသွားတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့နဲ့လည်း အတူတီးလိုက်ပါသေးတယ်။ သီးလေးသီးအဖွဲ့ အာရီဇိုး နားပွဲ ကရန်အရောက်မှာ ဖီးနစ်မောင်ဒိုးအဖွဲ့က ကူညီပံ့ပိုး တီးမှုတ်ပေးခဲ့တာပါ။
.
နီးစပ်ရာပွဲလမ်းသဘင်များမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ဆင်နွဲနေကြပါတယ်။ မကြာမီ ကျင်းပကြမှာဖြစ်တဲ့ ဖီးနစ်မြို့သင်္ကြန်ပွဲမှာလဲ ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဖော်ပြထားတဲ့ဓာတ်ပုံဟာ သူတို့အဖွဲ့အယ်လ်အေ သင်္ကြန်ပွဲမတီးမီးမှာ အမှတ်တရ ရိုက်ကူးထားတာဖြစ်ပါတယ်။
.
သူတို့အစွမ်းနဲ့ အမျိုးဂုဏ် အနုပညာဂုဏ်ကို ဆောင်နေသူများဖြစ်ပါတယ်။ သူတို့နဲ့အတူ နိုင်ငံတကာရောက်အနု ပညာအဖွဲ့များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါတယ်ဗျား . . .
.
.
ကိုသက်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP