တ၀မ်းတခါး လှုပ်ရှားနေတဲ့ မြန်မာများ
.
မကြာသေးမီက ကျနော့်မိတ်ဆွေတွေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ အလည်တခေါက် ရောက်ခဲ့တယ်။ သူတို့နဲ့အ တူ ခံစားချက်တွေ၊ အတွေ့အကြုံသစ်တွေ၊ မှတ်တမ်းတွေ များစွာ ပါခဲ့တယ်။
.
မြန်မာနိုင်ငံနယ်စပ်နားကမြို့လေးတမြို့မှာ မြန်မာများစွာနဲ့တွေ့ခွင့်ရခဲ့တယ်။ ဘ၀မျိုးစုံတဲ့ ကိုယ့်လူမျိုးတွေရဲ့ဘ၀ အခြေအနေတွေကို သိရတော့ သူတို့ စိတ်မကောင်းကြဘူးလေ။ ခရီးအမှတ်တရအဖြစ် ဓာတ်ပုံလေးတွေထဲက ဖော်ပြထားတဲ့ဓာတ်ပုံလေး တွေကို ရွေးထုတ်လိုက်တယ်။ သူတို့အကြောင်းက စိတ်ဝင်စားစရာပါ။
.
မြန်မာနိုင်ငံ၊ မြ၀တီကနေ တဖက်နိုင်ငံ၊ မဲဆောက်မြို့သို့ ကျနော်တို့လူမျိုးတွေ နေ့စဉ်အလုပ် လာလုပ်ကြတယ်။ ကမ်းကို ကျော်ဖြတ်တဲ့အခါ တရားဝင်လမ်းနဲ့ တရားမ၀င်တဲ့လမ်းရယ်လို့ အများသုံးနေကြလမ်းက နှစ်ခုရှိနေပါ တယ်။ တရားဝင်လမ်းကနေ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်ဝင်လုပ်သူဟာ တနေ့တာဖြတ်ကူးခွင့်ကို ၀ယ်ယူရပါ တယ်။ ညနေမှာ ပြန်ထွက်ပေးရပါတယ်။ နေခွင့်ရတဲ့အချိန်က တိုတိုလေးပေါ့။
.
တရားမ၀င်တဲ့လမ်းက လာတဲ့သူတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ကြိုက်သလောက် နေလို့ရတယ်။ ထိုင်းရဲဖမ်းတဲ့ အခါမှာ ဖြေရှင်းရတာပေါ့လေ။ ဒါလေးပဲကွာတယ်။ အခြေအနေက ပိုကောင်းပါတယ်။ ကူးတဲ့ကုန်ကျစားရိတ် ကာမိတယ်လို့ ဆိုလိုတာပါ။ နေ့စဉ် ကမ်းကိုဖြတ်ကူးခ သက်သာတာပေါ့။
.
ဘယ်လမ်းကပဲဖြတ်ဖြတ် မြန်မာငွေ ၃၀၀ ကျပ်ကို စစ်တပ်ကို ပေးရပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံသား တွေဖြတ်တဲ့လမ်းက တရားမ၀င်တဲ့လမ်းဖြစ်ပါတယ်။ ဓာတ်ပုံထဲက လေထိုးထားတဲ့ဘောကြီးတွေစီးပြီး တဖက် နိုင်ငံအတွင်းသို့ ဖြတ်ဝင်ကာ အလုပ် လုပ်ရပါတယ်။ မြ၀တီနဲ့ မဲဆောက်၊ နှစ်မြို့ကို ခြားထားတဲ့ သောင်ရင်းမြစ် ကလေးကို အခုလိုပဲ ရေပေါ်ဘောတွေနဲ့ ဖြတ်ကူးရပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ မအိပ်ချင်သူများကတော့ မနက် သွား ညနေပြန်ပေါ့။ ဒါက နယ်စပ်မှာနေတဲ့ ကျနော်တို့မြန်မာတွေရဲ့ နေ့စဉ်ဘ၀ဖြစ်ပါတယ်။
.
ဟိုဘက်ကမ်းမှာ ပန်းရံလုပ်၊ စက်ချုပ်၊ ပစ္စည်းသယ် စတဲ့အလုပ်တွေက အသက်ရှင်ရေးအတွက် ရပ်တည်လုပ်ကို င်နေရတဲ့အလုပ်တွေပါ။ တရက်လုပ်အားခက တထောင်ကျပ် (တဒေါ်လာ)ပဲဆိုတော့ သိပ်တော့ အဆင်မပြေပါ ဘူး။ ဒါကိုမျှ မလုပ်ဘူးဆိုရင်လည်း ရွေးစရာအလုပ်က မရှိပြန်ဘူးလေ။ ဒီအပူတွေကို ဘယ်သူတွေ မျှဝေယူနိုင် မလဲ။ တာဝန်ယူမဲ့သူ မရှိပါဘူး။ အမျိုးသားရေးမို့ ကျနော်တို့တွေ အားလုံးပဲ ၀ိုင်းလုပ်မှ ရမှာဖြစ်ပါတယ်။
.
..
တဖက်နိုင်ငံမှာ ၀မ်းစာရေးအတွက် စက်ချုပ်နေတဲ့မြန်မာတွေပါ။ တဖက်နိုင်ငံအတွင်းသို့ နံနက်စောစော လာရ ပါတယ်။ အလုပ်က နံနက် ၈-နာရီမှာ စတင်ဖွင့်တယ်။ ညနေ ၅-နာရီမှာ အလုပ်သိမ်းတယ်။ ဒီတော့မှ တဒေါ်လါ နဲ့ညီမျှတဲ့ တရက်လုပ်အားခလေးနဲ့ အိမ်ပြန်ရတယ်လေ။ တချို့ကတော့ မပြန်တော့ဘဲ အလုပ်နားမှာ စုပေါင်းငှါး ရမ်းပြီး အဆင်ပြေအောင် နေလိုက်ကြတယ်။ တချို့ကို အလုပ်ရှင်က နေစရာပါ ငှါးပေးထားတယ်။
.
ဒီမိုကရေစီရလို့ တိုင်းပြည်လွတ်လပ်လာရင် ပြည်သူလူထုတွေအတွက် စားဝတ်နေရေးမျှော်မှန်းချက်တွေကို အ ရေးတကြီး ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒီအပူတွေကို လူထုကိုယ်စား တက်လာတဲ့ ဒီမိုကရေစီအစိုးရက တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကျနော်တို့လူထုဟာ စားဖို့ နေဖို့ ရှင်သန်ဖို့အဆင်ပြေရင် လုံလောံပါ ပြီဗျာ။ ဘယ်နိုင်ငံရေးကိုမှ သူတို့တွေ စိတ်မ၀င်စားပါဘူး။
.
မြန်မာပြည်သူပြည်သားအပေါင်း စားဝတ်နေရေး အသက်ရှင်သန်ရပ်တည်ရေး စတာတွေ အဆင်ပြေပါစေလို့ ကျနော် ဆုတောင်းလျက်ပါ။
.
.
ကိုသက်
0 comments:
Post a Comment