Saturday, February 28, 2009

အနုပညာစင်ပေါ်က ရင်သွေးငယ် ငယ်ဦးမွန်

.
.

အမည် ငယ်ဦးမွန်ဖြစ်ပြီး မိသားစုဝင်များမှာ အဖ ကိုသူရ (မျိုးချစ် အနုပညာရှင် ကိုဇာဂနာ)၊ အမိ မလွင်မာဦး (အနုပညာရှင်)၊ အစ်ကို မောင်ကောင်းမြတ် (ဒါရိုက်တာကျောင်း၊ နယူးယောက်) တို့ဖြစ်ပါတယ်။ ငယ်ဦးမွန်ဟာ အသက် (၁၈) ရှိပါပြီ။ ငယ်ဦးမွန်ကို မွေးဖွားချိန်မှာ သူ့ဖခင် ကိုဇာဂနာဟာ ထောင်ကျနေပါတယ်။ အခုလည်းပဲ ထောင်ထဲမှာပင်ဖြစ်ပါတယ်။ လူထုဖက်က အမြဲရပ်တည်တဲ့ ပြည်သူချစ်သော အနုပညာရှင်တဦးပါ။
.
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “ကမ္ဘာကုန်ကျယ်သရွေ့ဝယ်” ဆိုတဲ့ နာမည်ကြီး ၀တ္ထုဇာတ်လမ်းထဲက ဇာ တ်လိုက်မင်းသမီး ရေနံချောင်းသူ မမနွယ်ကို တင်စားထားတဲ့ “နွယ်ဦးမွန်”ဆိုတဲ့ စာလုံးကို ကြိုက်နှစ်သက်ပြီး သ မီးဖြစ်သူကို “ငယ်ဦးမွန်”ရယ်လို့ အနုပညာဆန်သော လှပသော နာမည်လေးကို ထောင်ထဲကနေ ပေးထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုထဲက စာသားများဟာ သီချင်းဖြစ်လာပြီး ကမ္ဘာကုန်ကျယ်သရွေ့ဝယ် အမည်နဲ့ပင် ရေနံ့ သာစိုးလှိုင်က သီဆိုထားတဲ့ နာမည်ကြီးသီချင်းတပုဒ်ပါ။
.
အမေရိကသို့ ရောက်ချိန်မှာ သူတို့မိသားစုလေးဟာ West Covina မြို့မှာ နေထိုင်ကြပါတယ်။ လောစ့်အိန်ဂျ လိစ့်ဧရိယာထဲက မြန်မာတွေ စုစုဝေးဝေးနေထိုင်ကြတဲ့ မြို့လေးတမြို့ဖြစ်ပါတယ်။ အထူးသဖြင့် အထက်တန်း ကျောင်း ကောင်းတဲ့အတွက် အဲသည်မြို့မှာ နေခြင်းဖြစ်ပါတယ်။ ငယ်ဦးမွန်တက်နေတဲ့ အထက်တန်းကျောင်း က Nogales High School ဖြစ်ပါတယ်။ အခု ငယ်ဦးမွန်က အသက် (၁၈) နှစ်၊ အတန်းအားဖြင့် (၁၂) တန်း တက်နေပါပြီ၊ မကြာမီ အထက်တန်းပြီးလို့ တက္ကသိုလ်သို့ သွားတော့မည့် ကျောင်းသူတဦးဖြစ်ပါတယ်။
.
မိဘများက အနုပညာရှင်များဖြစ်လို့ ငယ်ဦးမွန်တို့ မောင်နှမမှာ အနုပညာသွေးအပြည့်ပါပါတယ်။ အနုပညာ ဗီဇက တိုက်တွန်းလာသည်မို့ ကျောင်းကပွဲတိုင်းမှာ ဆို၊ က၊ စတဲ့ အခန်းတွေမှာ အမြဲလိုလိုပါခဲ့ပါတယ်။ မြန် မာပြည်၊ အင်တာနေရှင်နယ်ကျောင်းမှာ တက်စဉ်ကတည်းက အနုပညာနဲ့ပတ်သက်လို့ လူရွေးတဲ့အခါ အမြဲ လိုလိုပင် ငယ်ဦးမွန် အရွေးခံရပါတယ်။ အမေရိကသို့ ရောက်ပြန်တော့လည်း ဒီဗီဇက တားလို့မရပါ။ တနည်း အားဖြင့်လည်း တတ်သည့်ပညာ မနေသာသည်မို့ ကျောင်းရဲ့အနုပညာစင်မြင့်ပေါ်သို့ ရောက်ခဲ့ပြန်ပါတယ်။
.


.
ဒီပုံတွေက မကြာသေးမီ ဖေဖော်ဝါရီလ (၂၆) ရက်ညက အရွေးခံရတဲ့ အထက်တန်းကျောင်းသူ ကျောင်းသား (၁၄) ဦးထဲက တဦးအပါအ၀င်ဖြစ်တဲ့ ငယ်ဦးမွန် စန္ဒယားဆရာအကူအညီနဲ့ ကိုယ်တိုင် သီဆိုနေတာဖြစ်ပါတယ်။ တဦးချင်းသီဆိုတဲ့ Solo Concert ဖြစ်လို့ တကယ်ဆိုတတ်မှ သတ္တိရှိမှ စင်ပေါ်တက်ရဲတဲ့ပွဲပါ။ သူဆိုတဲ့ သီချင်း လေးနာမည်က The Show တဲ့။ မူရင်းဒီသီချင်းကို သီဆိုသူဟာ Australia က Lenka ဖြစ်ပါတယ်။ မကြားဖူးတဲ့ သူတွေရှိသလို ကြားဖူးသူတွေလည်း များစွာရှိနေပါတယ်။ အထူးသဖြင့် ငယ်ဦးမွန်တို့အရွယ် လူငယ်တွေ ကြိုက် တဲ့ သီချင်းပင်ဖြစ်ပါတယ်။
.
ပွဲကြည့်ပရိသတ်က ရာကျော်ပါတယ်။ ကျောင်းကပွဲရုံတခုလုံး ပြည့်လို့ အပြင်ကနေ မမြင်မကန်းနဲ့ လှမ်းကြည့်ရ သူတွေလည်းရှိပါတယ်။ ငယ်ဦးမွန်ရဲ့ မိခင် မလွင်မာဦးနဲ့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ မိုးချိုသင်းတို့လည်း ဒီပွဲမှာ ကြည့်ရှုအားပေးသူများအဖြစ် တက်ရောက်ကြပါတယ်။ လူမျိုးခြားတွေကြားမှာ လူမျိုးခြားတွေရဲ့ အားပေးမှုကို ရ ရှိခဲ့တဲ့ မြန်မာသမီးငယ်ဖြစ်ပါတယ်။ ထို့အတူ ထိုပွဲသို့ အနုပညာကျောင်းတွေက အကဲဖြတ်သူ၊ လေ့လာသူ၊ တ က်သစ်စ ရင်သွေးငယ်တွေကို ပွဲထုတ်ချင်သူတို့ လာရောက် အားပေးကြပါတယ်။
.
ကျနော်တို့မြန်မာကလေးတွေ တော်ကြပါတယ်။ တိုင်းပြည်အခြေအနေအရ ပြည်တွင်းမှာ ကလေးတွေရဲ့ဘ၀ဟာ အညွန့်ချိုးခံထားရသော်လည်း လွတ်လပ်တဲ့ကမ္ဘာသို့ သူတို့တွေရောက်တဲ့အခါ သူတို့ကိုယ်ပိုင်အစွမ်းအစတွေနဲ့ အညွန့်တလူလူ တက်နေကြ၊ အောင်မြင်မှုတွေ ရနေကြပါတယ်။ ဘယ်ကမ္ဘာ ဘယ်နေရာပဲရောက်ရောက်ပါ ထင်ပေါ်တဲ့သူ တော်တဲ့သူတွေဟာ စင်ပေါ်ရောက်မှာ အမှန်ပါ။
.
လူထုစိတ်ဝင်စားသော ပြည်သူချစ်သော အနုပညာရှင် ကိုဇာဂနာရဲ့ ရင်သွေးငယ်မို့ ပြည်သူလူထုကလည်း သူ တို့မိသားစုအကြောင်း တစေ့တစောင်းကို သိချင်ပေလိမ့်မယ်။ သိထားသမျှကို မျှဝေလိုက်ပါတယ်။
.
အဖေက သီချင်းရေး၊ သမီးက သီချင်းဆိုလို့ တေးစီရီ အသစ်ထုတ်လုပ်ပြီး အဆိုကျော်လုပ်မည့်ဆဲဆဲ အချိန်မှာ တပြေတရွာကို ထွက်ခွာခဲ့ရလို့ မလုပ်ဆောင်ဖြစ်ခဲ့သော်လည်း ကမ္ဘာ့အနုပညာ စင်မြင့်ပေါ်မှာ အောင်မြင်ပါ စေလို့ အားလုံးက ဆန္ဒပြုနေလျက်ပါ ...
.
ကိုသက်

2 comments:

Moe Cho Thinn February 28, 2009 at 11:52 PM  

ငယ်ငယ် သီချင်းဆိုနေတာ နားထောင်ရင်း စိတ်ထဲမှာ ကြည်နူးတာလား၊ ၀မ်းနည်းတာလား မသိ။ တလှပ်လှပ် နဲ့။ တကယ်က အဖေရော အမေပါ တက်ရမဲ့ ပွဲလေးပါ။ ချိုသင်းကတော့ သူ့အဖေကိုယ်စား တက်ခဲ့တယ်။

Unknown March 1, 2009 at 1:43 AM  

ဒီပွဲလေးကို ချိုသင်းတက်ခဲ့တာ အားလုံးကို အားပေးရာ ရောက်ပါတယ်။ သမီးကို အားပေးခဲ့သလို သူနဲ့သက်ဆိုင်
သူများကို၊ တိုင်းပြည်ချစ်လို့ ထောင်ကျနေသူများ အား လုံးကို အားပေးခဲ့ခြင်းဖြစ်ပါတယ်။

တိုင်းပြည်ချစ်သူတိုင်းဟာ ဘ၀နစ်တဲ့ မုန်တိုင်းဒဏ်ကို အလူး အလဲခံရင်း မိသားစုနဲ့ပါ ရှင်ကွဲသေကွဲ၊ ကွဲကွာ ခြင်း တခုခုနဲ့တော့ ရင်ဆိုင်နေရရှာတယ်။

တို့တွေ အားလုံးမှာ တာဝန်ရှိတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP