Thursday, March 6, 2008

မြန်မာပြည်အတွက် စွမ်းဆောင်ချက်များ

ကကက

ကကက
ရန်ဘိုဖိုး (Rambo 4 ) ရုပ်ရှင်ကား ထွက်ပြီးတဲ့အခါ မြန်မာပြည်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေက သိ သာစွာပဲ အရှိန်ရလာတယ်။ နဂိုကတည်းက အဆက်မပြတ် လုပ်နေတာတွေလဲပါတယ်။ နဂိုအရှိန်အဟုန်ကို အ သစ်အသစ်လှုပ်ရှားမှုတွေနဲ့ ထည့်သွင်းပေါင်းစပ်ကာ အင်အားကို ပိုမိုအားကောင်းစေတာလဲပါ ပါတယ်။
ကကက
ဒီရုပ်ရှင်ကားရဲ့ တင်ပြမှုတွေက နအဖစစ်အစိုးရရဲ့ ပြည်သူလူထုအပေါ်မှာ ရက်စက်၊ သတ်ဖြတ်၊ အနိုင်ကျင့်မှု တွေကို ရုပ်လုံးပေါ်သွားစေတယ်။ မြန်မာပြည်တွင်း သတင်းစာတွေမှာ ဘယ်လောက်ပဲ ဟန်လုပ်ပြီး ဖော်ပြထား စေဦး၊ နေ့စဉ်ပုံမှန်လာနေတဲ့ တယ်လီဗေးရှင်းက အကောင်းဆုံးဆိုတာတွေကို ဘယ်လောက်ပဲ အမွှန်းတင်ကြေ ညာစေဦးတော့ အမှန်တရားဆိုတာကို ဖုံးကွယ်ထားလို့ မရနိုင်ဘူး။
ကကက
လူငယ်လေးတွေဆိုရင် သူတို့လေးတွေရဲ့ငယ်ဘ၀မှာ တိုင်းပြည်ကို ကာကွယ်ဖို့ စစ်သားကြီးလုပ်မယ်၊ ဗိုလ်သ င်တန်းတက်မယ်လို့ မျိုးချစ်တဲ့စိတ်နဲ့ စိတ်ကူးယဉ်ခဲ့ကြဖူးတယ်။ အခုတော့လဲ စစ်သားဆိုတာ၊ စစ်မှုထမ်းသူ တွေဆိုတာ ချဉ်ပတ်တွေလို သဘောထားပြီး ပြည်သူအားလုံးက မုန်းတီးရွံရှာကုန်တဲ့အဖြစ်ဆိုးကို ရောက်ကုန် ပါပြီ။ ဗိုလ်ချုပ်ဦးအောင်ဆန်းတို့ခေတ်က စစ်တပ်ဆိုတာ မြင့်မြတ်သူတို့ ကွန်းခိုရာဖြစ်ပြီး အထင်ကြီးလေးစားခြ င်း၊ အားကိုးခြင်းကို အထူးပဲ ခံယူရပါတယ်။ အခုနေ ဗိုလ်ချုပ်ဦးအောင်ဆန်း ကိုယ်တိုင် သူတည်ထောင်ခဲ့တဲ့စစ် တပ်က ပြည်သူအပေါ်မှာ ညစ်ပတ်နည်းမျိုးစုံနဲ့ ဗိုလ်ကျနေတာမြင်ရင် ရင်ကွဲသေလိမ့်မယ်။ ရန်ဘိုဖိုးရုပ်ရှင်ကို ကြည့်ပြီးရင် စစ်သားဆိုသူတွေနဲ့ နအဖစစ်အစိုးရကို ပို၍ ပို၍ ရင်နာစရာ ခံစားရမှာပါ။
ကကက
ကကက
နှစ်ကာလတွေ ကြာရှည်သည်နှင့်အမျှ မြန်မာပြည်ရဲ့ ပြည်တွင်းရေးဟာ ပိုမိုခက်ခဲကြပ်တည်းလာတယ်။ စနစ်မရှိ ဘဲ ဖြတ်သန်းနေရရှာတဲ့ တိုင်းပြည်ဟာ အမှောင်လမ်းမှာ စမ်းတ၀ါးဝါးဖြစ်နေတယ်။ တိုင်းပြည်မှာ မွေးဖွားခဲ့တဲ့ အရေအချင်းရှိသူတွေက ပြန်လည်ထူထောင် ကြိုးစားချင်သော်လဲ အမျှော်အမြင်နည်းပါး၊ အတ္တသမား၊ အာဏာ ရှင်များက သေနတ်အားကိုးနဲ့ မင်းမူနေလေတော့ ဖွတ်က မင်းဖြစ်တော့ မြစ်အတွင်းမှာ မချမ်းသာသလိုဘဲဖြစ် နေရတယ်။ တကယ်ပဲ ၀မ်းနည်းစရာ အဖြစ်ဆိုးပါ။
ကကက
နိုင်ငံရေးသမားတွေက ရှေ့မှာထွက်လို့ ကြိုးစားတယ်။ အခြေအနေ အပေးဘူး။ အခွင့်အရေးမရှိရှာဘူး။ ထို့အတူ ကျောင်းသူကျောင်းသား လူငယ်များက စွမ်းဆောင်ကြတယ်။ အသက်များစွာသာ ပေးရတယ်။ တိုင်းပြည်က အ ခြေအနေ ထူးခြားမသွားဘူး။ နောက်ဆုံးမှာ မနေသာတော့လို့ ဘာသာရေးဆောင်ရွက် သာသနာပြုနေတဲ့ သံ ဃာတော်များက လူထုကိုယ်စားပြုအဖြစ် ၀င်ရောက်ဆောင်ရွက်ပါတယ်။ အများအပြား ပျံလွန်တော်မူကုန်ကြတ တယ်။ ဒင်းတို့ကတော့ မပြောင်းလဲဘူး။ ဒီတခါဆိုရင် အားလုံးအင်အားတွေစုပေါင်းပြီး တိုင်းပြည်တခုလုံးမှာ မှီတ င်းနေထိုင်ကြတဲ့ လူထုပါ တယောက်မကျန် အကုန်ပါမှပဲ ဖြစ်တော့မယ်။ ဒီလိုလုပ်မှသာပဲ တိုင်းပြည်ရဲ့ အနာဂတ် ရေးဟာ တခေတ်တခါကလို ပြန်လည်ကောင်းမွန်လာမှာပါ။
ကကက
ကကက
ရန်ဘိုရုပ်ရှင်ကားထဲမှာ နအဖစစ်သားတွေကို ရန်ဘိုတို့အဖွဲ့က တိုက်တာ စုတ်ပြတ်နေတာပဲ။ စစ်တပ်ကို နိုင်တဲ့ မြင်ကွင်းကို မြင်ရတော့ ၀မ်းသာလိုက်တာ ဖော်မပြနိုင်အောင်ပါ။ ရုပ်ရှင်ဆိုတာကို သိရက်နဲ့ဖြစ်စေချင်တဲ့ဆန္ဒက လွှမ်းနေတော့ ကျေနပ်မိသလို ခံစားရတယ်။ တသက်လုံး ဗိုလ်ကျလာသူတွေ အခုတော့ ခံရပြီ၊ ဒီတခါ မင်းတို့အ လှည့်ဆိုတဲ့သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကားဟာ ကျနော်တို့မြန်မာပြည်နဲ့ပတ်သက်လို့ ကမ္ဘာ့မှတ်တမ်း မှာ လူသိထင်ကြား ဖြစ်သွားပါပြီ။ ကမ္ဘာ့လူသားတွေရဲ့ ရင်ထဲမှာ မြန်မာလူထုရဲ့ လက်တွေ့ဘ၀အခြေအနေကို ဒီ ရုပ်ရှင်ကားက အထင်ရှားဆုံးဖြစ်အောင် ပြန့်လွင့်သွားအောင် ဝေငှလိုက်တာပါပဲ။
ကကက
ဒီရုပ်ရှင်ကားဟာ ဟောလိဝုဒ်က မင်းသားမင်းသမီးတွေ လောကကိုပါ တုန်လှုပ်သွားစေတယ်။ သူတို့တွေရင်ထဲ မှာ မြန်မာပြည်အရေးကို ဥပေက္ခာပြုထားလို့ မသင့်ဘူး၊ ငါတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအမြင်များ၊ ကြင် နာမှုများ၊ ခံစားချက်များ ၀င်သွားပါပြီ။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ စနေနေ့ (March 1, 2008) ညက မြန်မာပြည်အတွ က် ရန်ပုံငွေရှာပွဲကို ဟောလိဝုဒ်မင်းသား၊ မင်းသမီး၊ အဆိုတော်များ တက်ရောက်ပြီး လော့စ်အိန်ဂျလိစ်မြို့၊ စမ်း စက်လမ်းမှာ အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။
ကကက
ဒီပွဲမှာ အမေရိကန်လူမျိုး လေးပုံသုံးပုံတက်ရောက်တယ်။ မြန်မာက တပုံပေါ့။ လူဦးရေက ၂၀၀ နဲ့ ၃၀၀ ၀န်းကျ င်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ လက်မှတ်တစောင်ကို ဒေါ်လာ ၂၅၀ ရောင်းပါတယ်။ အလှူငွေများကို ရာ ဂဏန်းကနေ သောင်းဂဏန်းအထိ လှူနိုင်ကြောင်းကို စာပွဲပေါ်မှာ တင်ပြထားတယ်။ လှူကြမယ်လို့လဲ ထင်ပါတ တယ်။ ဟောပြောပွဲလုပ်တဲ့ ဟောခန်းငှါးခက နှစ်သောင်းငါးထောင်လို့ သိရတယ်။
ကကက
ဒေါ်အောင်ဆန်းစုကြည်ထံမှလာတဲ့စာကို ရုပ်ရှင်မင်းသမီးတဦးက ဖတ်ပြပါတယ်။ နာမည်ကြီးဒါရိုက်တာတဦးက စကားပြောတယ်။ မင်းသားမင်းသမီးတွေ အလှည့်ကြ စကားပြောကြပါတယ်။ အဆိုတော်တဦးက သီချင်းနှစ်ပုဒ် နဲ့ မြန်မာပြည်နဲ့ပတ်သက်လို့ သီဆိုဖျော်ဖြေသွားပါတယ်။ ကျနော်တို့ မြန်မာတွေထဲက အဝေးရောက်အစိုးရ၀န် ကြီးချုပ် ဒေါက်တာစိန်ဝင်း တက်ရောက်စကားပြောပါတယ်။ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားတဲ့ မြန်မာပြည်အ တွက် စွမ်းဆောင်ချက်တခုဖြစ်ပါတယ်။
ကကက
သံဃာတွေကို စစ်အစိုးရက သတ်တဲ့အရေးအခင်းကလဲ မကြာသေးလေတော့ ပြည်ပရောက်မြန်မာရဟန်းတော် များကို အထူးဧည့်သည်တော်များအဖြစ် ပင့်ဖိတ်လာလို့ အဲဒီပွဲမှာ မြန်မာရဟန်းတော်ငါးပါးကိုလည်း ဖူးမြင်ရပါ တယ်။ ကြွရောက်လာတဲ့ သံဃာတော်များနဲ့အတူ ဒါရိုက်တာတဦး၊ ရန်ဘိုဖိုး ရုပ်ရှင်ကားထဲက မင်းသမီးတို့ အမှ တ်တရ ဓာတ်ပုံရိုက်ကူးကြတာကိုလည်း ဖော်ပြလိုက်ပါတယ်။
ကကက

ကကက


ကကက
မြန်မာပြည်အရေးက ပြည်တွင်းပြည်ပ နှစ်ခုစလုံး ကြိုးစားမှ ဖြစ်မှာပါ။ အခုလိုပွဲတွေ အဆက်မပြတ် လုပ်နေကြ မယ်ဆိုရင် တနေ့သောအခါမှာ ကျနော်တို့ တိုင်းပြည်ဟာ မလွဲမသွေ ဒီမိုကရေစီ ရမှာသေချာပါတယ်။ အရာရာ တိုင်းဟာ သင်္ခါရသဘောပေမို့ အာဏာရှင်တွေရဲ့ သက်တမ်းကာလဟာ အစဉ်ထာဝရပါလို့ လုံးဝမပြောနိုင်ပါဘူး
ကျနော်တို့တတွေ လက်ရုံးများမြောင် ဥာဏ်များမြောင်နဲ့ စွမ်းဆောင်ကြမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ ဒီမိုကရေစီ မြန်မာပြည်ကို ကမ္ဘာအလယ်မှာ တင့်တယ်စွာ တွေ့ရမှာလို့ ယုံကြည်လျက် . . .







0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP