Saturday, March 29, 2008

ကျေးဇူးစကား ပြောကြားပါရစေ

ကကက

“တလုတ်စားဖူး၊ သူု့ကျေးဇူးကို၊ အထူးသိစေ၊ သူတော်ကောင်းတို့ ကျက်သရေ”ဆိုသလိုပဲ ဥဒါန်းသစ်အတွက် လှ ပသော ခေါင်းစီးပုံလေးကို ရေးဆွဲပုံဖော်ပေးသူ ပန်းချီ ကိုမျိုးအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ဖော်ပြအပ် ပါတယ်။ ဒီပုံလေးကို ရလို့ အားလုံးက ပျော်ရွှင်ဝမ်းသာနေပါတယ်။
ကကက
ခံစားမှုနဲ့ ဆက်နွယ်နေတဲ့ အတွေးပုံနိမိတ်ကို သဘာဝကျ၍ လှပတဲ့ပုံရိပ်လေးများ ပီပြင်လာအောင် ဖော်ဆောင် ရသောအလုပ်သည် လွယ်ကူသည်တော့ မဟုတ်ပါ။ အတွေ့အကြုံ၊ အနုပညာ၊ ခံစားမှု စတဲ့အရင်းအနှီးများစွာနဲ့ ပေးဆပ်ရမှာပါ။ အထူးသဖြင့် မအားလပ်တဲ့ကြားက အချိန်လု၍ ဖန်တီးရတဲ့ စွမ်းဆောင်မှုတခုဖြစ်လို့လည်း ကျ နော့်အနေနဲ့ ပန်းချီကိုမျိုးနှင့် သူ့အနုပညာအား လေးစားရပါတယ်။
ကကက
သူရေးဆွဲတဲ့ လက်ရာတွေ အင်တာနက်စာမျက်နှာများပေါ်မှာ များစွာတွေ့ရပါတယ်။ သူတို့တွေလည်းပဲ ကျနော့် လိုပဲ ကျေးဇူးတင်ကြမှာပါ။ အမျိုးသားရေးစိတ်ဓာတ် အပြည့်အ၀ရှိသူတဦးပေမို့ မြန်မာ့ဒီမိုကရေစီရေးအတွက် သက်ရောက်မှုတခု ရှိတယ်ဆိုရင်ပဲ သူဟာ ကျေနပ်ပီတိဖြစ်နေသူတဦးပါ။ ကျနော်တို့တွေအတွက် အချိန်ကုန်ခံ၊ ကိုယ်အား ဥာဏ်အား စိုက်ထုတ်၍ လှပသော ပုံလေးတွေဆွဲပေးသော်လည်း ဥာဏ်ပူဇော်ခ တပြားတချပ်မှ မရ ခဲ့ပါ။ စာတိုက်က ပို့ဖို့လိုအပ်တဲ့အခါမှာ သူဆွဲထားတာလေးတွေကို အိတ်စိုက်ထုတ်ပြီး ပို့ပေးရတာတွေလည်း ရှိ ပါသေးတယ်။ နောင်တော် ပန်းချီဆရာကြီး ကိုမောင်မောင်အောင် လိုပါပဲဗျား။
ကကက
ဥဒါန်းသစ် blog ရဲ့ ခေါင်းစီးစာတန်းနဲ့ပန်းချီကို ရေးဆွဲသူ ကိုမျိုးက ကျနော့်အား အခုလိုရှင်းပြ လာတယ်။ ဒါကို မှတ်မိသလောက် ပြန်လည်တင်ပြလိုက်ပါတယ်။ စေတီပုထိုးတွေနဲ့ ပုဂံရှုခင်းနောက်ခံက ဘာသာရောင် သာသ နာရောင် ထွန်းလင်းပြောင်တဲ့သင်္ကေတပါ။ ဘာသာသာသနာ ယဉ်ကျေးမှုအနုပညာက မြန်မာပြည်ကို အစဉ်ထာ ၀ရ သာယာစည်ပင်စေ လိုတဲ့ သဘောပါ။ ပျံနားရန် ဟန်ပြင်နေတဲ့ ချိုးငှက်ငယ်က မြန်မာပြည်ကို ငြိမ်းချမ်း စေတဲ့ လက္ခဏာပါ။ အနုလက်ရာ ပန်းခက်တွေက မြန်မာ့အမွေအနှစ်ကို ဖော်ညွန်းတာဖြစ်လို့ ကျနော်တို့မြန်မာ တွေမှာ ကိုယ့်စာပေ၊ ကိုယ့်ရဲ့ယဉ်ကျေးမှုအမွေ၊ ကိုယ့်ရဲ့အခွင့်အရေး၊ လွတ်လပ်မှုတွေနဲ့ အစဉ်ပြုံးနေတတ်၊ တန်ဖိုးထားတတ် သူတွေပီပီ အနာဂတ်မြန်မာနိုင်ငံအတွက် အတိတ်ရဲ့ ဆင်းသက်လာတဲ့အမွေကို ခံယူရင်း ကိုယ်ပိုင် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတွေကို ကိုယ်စွမ်း ဥာဏ်စွမ်းအပြည့်နဲ့ ပြန်လည်ဖော်ဆောင်စေလိုတဲ့ အ ခြေအနေတခုကို နှိုးဆော်ထားတာပါ။ အကျပ်တည်းဆုံး၊ အနိမ့်ကျဆုံး၊ အဆင်းရဲဆုံး၊ အညှိုးငယ်ဆုံးတွေနဲ့ အ မိုက်မှောင်ဖုံးနေတဲ့ ကျွန်လိုခေတ်၊ အာဏာရှင်ခေတ် မြန်မာနိုင်ငံကို ဒီမိုကရေစီ အလင်းရောင်ပေးနေတဲ့ ညွှန်း ဆိုချက်အနေနဲ့ အရှေ့ကနေ၀န်းထွက်သည့်ပမာ နေ ၀န်းနီနီက ဖော်ပြနေပါတယ်။
ကကက
ကျန်းမာချမ်းသာ၍ နောက်နောင် လိုအပ်တဲ့အခါတွေမှာလဲ အခုလိုပဲ ဖရီးဆွဲပေးနိုင်ပါစေလို့ ဆုတောင်းရင်း ...
ကကက
ကျေးဇူးတင်လျက်
ကကက
ဥဒါန်းသစ်

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP