Monday, March 31, 2008

လုပ်သမျှအမှား ဒုက္ခတွေသာပွား

ကကက
“လုပ်သမျှ အမှား၊ ဒုက္ခတွေသာပွား” စကားအတိုင်း စေတနာမမှန်တော့လဲ လုပ်သမျှတွေမှာ အမှားတွေက တ သီတတန်းကြီး ဖြစ်နေတယ်။ နိုင်ငံရေးသမားတွေ လုပ်ကြတော့ သူတို့ကို ဖမ်းတယ်။ ကျောင်းသားတွေ လှုပ်ရှား ပြန်တော့ ဖမ်းတယ်၊ ရမ်းတယ်၊ ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်တယ်၊ ညှဉ်းပန်းသတ်ဖြတ်တယ်။
ကကက
မခံနိုင်တော့တဲ့ ပြည်သူတွေက ဆူပူပုန်ကန်ပြန်တော့ အမှန်ကို ဖြေရှင်းပေးဖို့ မကြိုးစားပဲ ရိုးသားသူတွေကို တဖ န်သတ်ပြန်တယ်။ အကြောက်တရားနဲ့ အများကို အုပ်ချုပ်ဗိုလ်ကျမယ်ဆိုရင် ပြီးသွားမယ်ထင်နေသလားတော့ မ ပြောတတ်ဘူး။ ပြဿနာတခုရဲ့ မူလအခြေခံ အရင်းအမြစ်ကို တူးဖော်ဖြေရှင်းမှု မပြုသရွေ့တော့ ဘယ်သောအ ခါမှ ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတဲ့ သဘာဝဖြစ်စဉ်ကို နားမလည်လေရော့သလားဗျာ။
ကကက
နောက်ဆုံးမှာ လူထုနောက်ကွယ်က လူထုနဲ့တိုက်ရိုက်ပတ်သက်နေတဲ့ သံဃာတော် အရှင်မြတ်တို့ပါ မနေသာ တော့တဲ့ အခြေအနေရောက်ရှိလာပါတယ်။ လူထုငတ်နေတယ်ဆိုတာ နေ့စဉ်အနီးကပ် သိနေလေတော့ ပြည် သူဘက်က ရဲရဲဝံ့ဝံ့ရပ်ဖို့ ဆရာတော် သံဃာတော်ရဟန်းတော်များဟာ သီတင်းသုံးနေထိုင်ရာ မြို့ရွာဝန်းကျင်မှာ အန္တရာယ်ကင်း ပရိတ်တော်တွေနဲ့ မေတ္တာဘာဝနာများ ပွားများရင်း မပြေလည်သော ပြဿနာတွေကို ဘုရား ပေးတဲ့ဆေးနဲ့ ကုသလွန်မြောက်စေဖို့ အားထုတ်ကြတယ်။ ဒါကိုလည်း အာဏာရှင်စစ်အစိုးရက တားဆီးပိတ် ပင်ရုံတင်မကပဲ ဖမ်းဆီး ညှဉ်းဆဲသတ်ဖြတ်တဲ့ အဆိုးရွားဆုံးအခြေအနေတခုအထိ ရောက်သွားတယ်။ တိုးတိုးတိ တ်တိတ် ကွယ်ဝှက်ထားလို့မရတဲ့ ခေတ်ဆိုတော့ တကမ္ဘာလုံးရဲ့ မျက်လုံးအောက်မှာ အာဏာရှင်စစ်အစိုးရရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ် ပေါ်လာရတော့တယ်။
ကကက
လုပ်သမျှအမှား၊ ဒုက္ခတွေသာပွားမို့ ဖွတ်က မင်းဖြစ်တော့လဲ မြစ်အတွင်းမချမ်းသာသလိုပ။ စစ်အာဏာရှင်ဖွတ် ကောင်တွေ တိုင်းပြည်မှာ အာဏာလုယူ တက်ရောက်အုပ်ချုပ်တော့လဲ မြန်မာပြည်ကြီး လုံးဝမချမ်းသာတဲ့ အ ခြေအနေ ရောက်နေပါပြီ။ ရတနာသုံးပါးကို စော်ကား၊ သာသနာတော်ကို စော်ကား၊ လူကြီးမိဘကို စော်ကားတဲ့ လူတွေ ကံကြီးထိုက်လို့ ဒုက္ခရောက်မှာ သေချာတယ်။ ကံ၊ ကံ၏အကျိုးကို လက်ခံရင် သံဃာတော်တွေကို စော် ကားထားတဲ့ ကြီးမားတဲ့ အကုသိုလ်ကံအလှည့်က မလွဲမသေ ရောက်လာအကျိုးပေးမှာ အမှန်ပဲ။
ကကက
စစ်အာဏာရှင်အဆက်ဆက် ဘယ်သူမှ သိပ်ကောင်းတယ်ဆိုတာ မရှိဘူး။ ကိုယ်လည်းစား တိုင်းသူပြည်သားေ တွအတွက်လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးရင် တိုင်းပြည်က ဒီလောက်ထိ မဆင်းရဲဘူး၊ ပြည်သူတွေ အ ခုလောက်ထိ အတိဒုက္ခမရောက်ရဘူး။ လူထုက သူတို့အတွက် နေဖို့ စားဖို့ ၀တ်ဖို့ စတဲ့ အခြေခံလူသားတဦးရဲ့ ရပ်တည်မှုလေးတွေအတွက် မဖြစ်စလောက် အလုပ်ကလေးတခုလောက်ရရင် ကျေနပ်နေပါပြီ။ အခုတော့ဗျာ အခြေခံ အလုပ်ကလေးမပြောနဲ့ ကုန်းကောက်စရာကို မရှိအောင်ဖြစ်နေတော့ “လူထုမှာက စားစရာမရှိ၊ ဗိုလ် ချုပ်တွေမှာ ထားစရာမရှိ”ဖြစ်နေတယ်။ ရသမျှ သူတို့တွေပဲ စားနေ၊ ပြည်သူကို လုံးဝပြစ်ထားတော့ တိုင်းပြည် ဟာ ဘယ်သောခါမှ အေးချမ်းမှာ မဟုတ်ဘူး။
ကကက
အခုအခြေအနေလည်း ကြည့်အုံးလေ။ ရေးချင်တာရေးထားတဲ့ အခြေခံဥပဒေကို နားလှည့်ပါးရိုက်လုပ်ပြီး ပြည် သူကို ထောက်ခံခိုင်းနေပြန်ပကော။ အမှန်က အခြေခံဥပဒေဆိုတာ တိုင်းပြည်မှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ အားလုံး သဘောတူညီချက်နဲ့ ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်တွေ ပညာရှင်တွေ စုပေါင်းပြီး အနာဂတ်မြန်မာ ပြည်အတွက် အကောင်းဆုံးဖြစ်အောင် ရေးဆွဲရမှာပါ။ ကိုယ့်ဘက်ကိုယ်ယက်ပြီး တဖက်သတ်ဆွဲထားတဲ့ တရား မျှတမှုမရှိတဲ့အခြေခံဥပဒေကို လူထုက ဘယ်လိုထောက်ခံမှာလဲ။ ရင်ထဲက စေတနာပုပ်တော့ လုပ်သမျှအမှားဒုက္ခ တွေ ပွားရုံပဲရှိတယ် အာဏာရှင်တို့ရယ်။ အစကတည်းကလဲ ဘယ်ယုံမြင်လို့ ဘယ်ချုံထွင်နေတယ်ဆိုတာ ကို အညာအလှိုင်းခံရလွန်းလို့ အတွေ့အကြုံများနေတဲ့ ပြည်သူက သိပြီးသားပါ။
ကကက
နအဖ အာဏာရှင်တွေနောက်မှာ အကုသိုလ်အရိပ်ကြီးက ကပ်လိုက်နေတယ်။ ဒီအကုသိုလ်ကံကျွေးကို မခံရ သေးသရွေ့ဆက်ကာ ဆက်ကာ လိုက်နေဦးမှာပဲ။ ပြုသမျှအမှုကို အခုဘ၀မှာပဲ ဧကန်မလွဲခံရမှာ။ သံသရာအ ထိ စောင့်ဆိုင်းအကျိုးပေးဖို့ အခွင့်မရှိတော့ဘူး။ ကံကြီးထိုက်သူတွေမို့ မျက်မှောက်အခိုက်မှာ ခံရမှာဖြစ်တယ်။
ကကက
တခါက ဆွမ်းခံကြွလာတဲ့ ရဟန်းတပါးကို မုတ်ဆိုးက ပြစ်မှားဖူးတယ်။ အကြောင်းရင်းက အမဲလိုက်ထွက်တဲ့ မု ဆိုးဟာ သူအမဲလိုက်စတင်ထွက်ချိန်မှာ နံနက်တိုင် ဆွမ်းခံကြွလေ့ရှိတဲ့ ရဟန်းတပါးနဲ့ မကြာခဏဆုံတတ်တယ်။ မင်္ဂလာရှိသော နံနက်စောစောအချိန်မှာ ရသေ့ရဟန်းမြင်ရင် ကျက်သရေရှိတယ်၊ မင်္ဂလာအပေါင်းနဲ့ခညောင်း ပြည့်စုံတယ်လို့ အများစုက ယူဆပေမဲ့ မုဆိုးကတော့ လာဘ်တိတ်တယ်လို့ ယူဆပါသတဲ့။
ကကက
အမဲလိုက်အသွား လမ်းအကြားမှာ ဒီရဟန်းတပါးကို မြင်တဲ့နေ့ဟာ သူ့အတွက် အမဲလိုက်၍ မရသောနေ့၊ ကံမ ကောင်းတဲ့နေ့၊ လာဘ်မကောင်းတဲ့နေ့လို့ မုဆိုးက အယူရှိလေတော့ တနေ့မှာ ရဟန်းကိုမြင်ပြန်တော့ သူကအ လွန်စိတ်ဆိုးတယ်။ ဒေါသကို ထိန်းလို့မရတော့လို့ အမဲလိုက်ခွေးနဲ့ ရဟန်းကို ရှူးတိုက်တယ်။ ဘာမသိ ညာမသိ တဲ့ခွေးက ဆွမ်းခံကြွလာတဲ့ရဟန်းတော်ကို ပြေးကိုက်တယ်။
ကကက
ဒီခွေးက သေအောင်ကိုက်မယ်ဆိုတာ သိလေတော့ ရဟန်းတော်ဟာ နီးစပ်ရာ သစ်ပင်ပေါ်ကို တက်ပြေးတိမ်း ရှောင်လိုက်တယ်။ သစ်ပင်ပေါ်တက်ပြေးလွတ်မြောက်သွားလို့ မကျေနပ်နိုင်တဲ့ မုဆိုးက သူ့မှာပါတဲ့ အချွန်အတ က်တွေနဲ့ ရဟန်းတော်ရဲ့ ခြေထောက်ကို လှမ်းထိုးတယ်။ လေးမြားတွေနဲ့ ပစ်တယ်။ သစ်ပင်ပေါ်က ရဟန်းဟာ သွေးသံတရဲရဲနဲ့ဖြစ်နေတယ်။ အမဲလိုက်ခွေးကလည်း သစ်ပင်အောက်မှာ ဟိန်းဟောက်ရင်း ရဟန်းတော်မြေပြင် ပေါ် ကျအလာကို ကိုက်ဖို့ စောင့်နေတယ်။
ကကက
ရဟန်းတော်ရဲ့ ခန္ဓာကိုယ်က သွေးတွေစီးကျနေတယ်။ သင်္ကန်းတော်မှာလည်း သွေးချင်းချင်းနီနေတယ်။ သွေးက အလိမ်းလိမ်း စိုစွတ်နေတယ်။ ဒီအချိန်မှာ မထင်မှတ်ဘဲ အလှည့်အပြောင်းတခုဖြစ်သွားတယ်။ သွေးစွန်းပေနေ နဲ့ ရဟန်းတော်ရဲ့သင်္ကန်းက သစ်ပင်အောက်ပြုတ်ကျသွားတယ်။ ပြုတ်ကျသွားပုံလည်း ဆန်းလိုက်တာ သစ်ပင်ရဲ့ အောက်မှာ ရဟန်းတော်ကို ဒုက္ခပေးနေတဲ့ မုဆိုးခန္ဓာကိုယ်ပေါ်ကို လွှမ်းခြုံပြုတ်ကျသွားတယ်လေ။ ဒါကို အမဲလို က်တဲ့ခွေးက ရဟန်းတော်ပဲ ထင်မှတ်ပြီး သူ့သခင်မုဆိုးကို ပြေးကိုက်တာ သေပါလေရောလားဗျာ။
ကကက
သီလစင်ကြယ်တဲ့ ရဟန်းတော်ကို ပြစ်မှားတဲ့ အကုသိုလ်ကံက ချက်ချင်းပဲအကျိုးပေးသွားတယ်။ မုဆိုးဟာ တခ ဏအတွင်းမှာပဲ ကွယ်လွန်သွားတယ်။ ဒါကို ကံကြီးထိုက်တယ် ခေါ်ပါတယ်။ ဒီမုဆိုးနည်းတူ ရဟန်းတော်တွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတဲ့ နအဖစစ်အာဏာရှင်တွေကော ဘယ်နဲ့လဲ။ ကံကြီးထိုက်ထားသူတွေဆိုတော့ မကြာဘူးလေ။ အာဏာရှင်မုဆိုးရဲ့အလှည့်အကြိမ်ဟာ မဝေးတော့ပါဘူး။ ဆုတောင်းနေစရာ မလိုဘဲ ပြုသမျှကံ အမှားတွေက အာဏာရှင်တွေ ပြုတ်ကျသွားသည်အထိ ထပ်တူထပ်မျှ ခံစားရသည်အထိ ကံကြီးထိုက်တဲ့အကျိုး တွေက မုချမသွေ ရောက်ရှိလာမှာ အမှန်ပါ။
ကကက
ကံကြီးထိုက်သူတွေဖြစ်လို့ ဒီအကုသိုလ်ကံတွေက လုပ်သမျှကို မှားယွင်းစေပြီး နိဂုံးချုပ်သွားအောင် အကျိုးပေး လာမှာဖြစ်တဲ့အကြောင်း ရဲရဲပြောရဲပါတယ်။ ဘ၀ဆိုတာ ပုံသေကားချပ်ထားပြီး တပုံစံတည်းသွားနေမှာ မဟုတ် ပါဘူး။ အတက်ရှိတယ်။ အဆင်းရှိတယ်။ အနိမ့်ရှိတယ်။ အမြင့်ရှိတယ်။ အနိမ့်အမြင့် အတက်အဆင်းတွေ ကြား က ဘ၀သမားတွေအားလုံး ကိုယ်ပြုသမျှ အ၀၀ကို ရှောင်ပုန်းလို့ မရနိုင်ပေဘူး။ ကျနော်တို့တွေ အများပေါ်မှာ စစ်အာရှင် နအဖလို မလုပ်မိကြဖို့ သင်ခန်းစာ ယူသင့်ပါတယ်။
ကကက

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP