Monday, March 17, 2008

ဗုဒ္ဓဘာသာစစ်တဲ့ ဗိုလ်ချုပ်မှူးကြီးတဲ့ဗျား

ကကကကက
ကကကကက

အသစ်တက်လာတဲ့ ထိုင်းဝန်ကြီးချုပ် စမတ် စန္ဒာရာဝေ တယောက် အိမ်နီးချင်းမြန်မာပြည်ကို အလည်တခေါက် ရောက်သွားတယ်။ စစ်အာဏာရှင်တွေ မငြိုငြင်ရအောင် ဗိုလ်ချုပ်ကြီးတွေ မင်းမူကြီးစိုး စည်းစိမ်ခံစားရာဖြစ်တဲ့ သေပြည်တော်၊ အော် အော် ... မှားသွားလို့ နေပြည်တော်ကို ဦးစွာပထမ သွားလိုက်တယ်။ နာမည်နဲ့လိုက်ဖက် အောင် ဥာဏ်ကိုလွှာသုံးလိုက်တဲ့ စမတ် (smart)ဖြစ်ပါတယ်။
ကကကကက
သူဟာ ဗိုလ်ချုပ်ကြီးနဲ့တွေ့ခွင့်ရလို့ ၀မ်းသာနေသလား၊ အောက်ဈေးနဲ့ရနိုင်တဲ့ စီးပွားရေးဂွင်တခုကို အချောင်ရ လာလို့ ကျေနပ်နေသလား ကျနော် မပြောတတ်ပါ။ တခုခုတော့ သေချာတယ်။ တကမ္ဘာလုံးက လူသတ်တရားခံ လူဆိုးကြီး ဗိုလ်သန်းရွှေအဖြစ် အားလုံးက ၀ိုင်းဝန်းကဲ့ရဲ့ သမုတ်နေချိန်မှာ စမတ်ကတော့ ခတ်တည်တည်ပဲပြော နေတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ အနောက်နိုင်ငံတွေက ထင်ထားသလို လူဆိုးတဦး မဟုတ်ပါဘူးတဲ့။ စမတ်ရယ် ဘယ်ယုံမြင်လို့ ဘယ်ချုံကို မင်းထွင်သလဲလို့ အားလုံးက မေးကြလိမ့်မယ်။
ကကကကက
တက်လာတဲ့ ထိုင်းဝန်ကြီးချုပ်တိုင်းဟာ သူ့ပြည်သူတွေကို မကြာခဏ မိန့်ခွန်းပြောပေးရတဲ့ အလေ့ရှိတယ်။ သူ ဟာ တိုင်းပြည်နဲ့လူထုအတွက် အခုဘာတွေ လုပ်နေတယ်ဆိုတာကို အဲသည်မိန့်ခွန်းမှာ ပြောပြတတ်တယ်။ ထို အတူ တိုင်းပြည်အတွက် ဆောင်ရွက်ရင်း ဘယ်နိုင်ငံတွေကို ဘာကိစ္စနဲ့ သူရောက်ခဲ့တယ်ဆိုတာ ရှင်းပြလေ့လဲရှိ ပါတယ်။ ဒါကြောင့် မကြာသေးမီက သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံအကြောင်းနဲ့ သူတွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး၊ မှူး လေးတွေအကြောင်းကို အကောင်းမြင်တဲ့ဘက်က ပြောသွားတယ်လေ။ သူတော်အချင်းချင်း သီတင်းလွေ့လွေ့ များဖြစ်နေမလားလို့ စဉ်းစားဖြစ်သေးတယ်။
ကကကကက
စမတ်က ထိုင်းပြည်သူတွေကို ပြန်လည် ဖောက်သည်ချတယ်။ မှူးကြီးသန်းရွှေဟာ ဗုဒ္ဓဘာသာဝင်ကောင်း တဦး ဖြစ်တဲ့အကြောင်း၊ နေ့စဉ်တရားထိုင်ကြောင်း၊ နေ့စဉ်ဘုရားရှိခိုးကြောင်းတွေ ပြောပြပြီး လူကောင်းတဦးဖြစ်တဲ့ အကြောင်း သက်သေထူသွားလေရဲ့ဗျို့။ ရဟန်းရှင်လူ ပြည်သူအပေါင်းကို မှူးကြီးအနေနဲ့ သတ်ဖြတ်ညှဉ်းဆဲရတဲ့ ကိစ္စဟာ သူ့အတွက် အကောင်းဆုံးအဖြေရှိတဲ့အကြောင်းကိုပါ စမတ်က ဖောက်သည်ချလာတယ်။
ကကကကက
ရှင်းရှင်းလေးပါ။ ဗုဒ္ဓဘာသာကောင်းတဦးဆိုတာ ဗုဒ္ဓရဲ့လမ်းစဉ်ကို ယုံကြည်မြတ်နိုးလို့ ကိုးကွယ်ကြသူတွေပါ။ ဗုဒ္ဓ ရဲ့လမ်းစဉ်က non-violence ဖြစ်ပါတယ်။ မရွေတွက်နိုင်လောက်အောင် ကျောင်းသားပြည်သူတွေကို သတ်၊ အ ခုနောက်ဆုံးမှာ တိုင်းပြည်ရဲ့ ကျက်သရေဆောင် ရဟန်းသံဃာတော်တွေကိုပါ သတ်ဖြတ်နှိပ်စက်နေတဲ့ မှူးကြီး ကို ဗုဒ္ဓဘာသာကောင်းတဦးလို့ စမတ်ပြောလိုက်တာဟာ ရူးလို့ပဲဖြစ်မှာပါ။ အကယ်၍သာ အကြောင်းအကျိုးကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာတတ်တဲ့လူကောင်းတဦးဖြစ်ခဲ့ရင် လူသတ်သမားကို မျက်စိမှိတ်ပြီး ချီးကျူးပါ့မလားဗျာ။
ကကကကက
နောက်တခုချီးကျူးထားတာက မှူးကြီးဟာ တရားထိုင်တယ်ဆိုပဲ။ သံဃာတွေကို ဒီလောက်တောင် သတ်ဖြတ်ခဲ့ သူဟာ သံဃာတော်တွေ ပြသပေးတဲ့ အဲသည်ဝိပဿနာတရားကို ထိုင်လို့ကော အဆင်ပြေပါ့မလားဗျာ။ သီလ ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်စတဲ့ ဂုဏ်ကြီးမားတဲ့ မပြစ်မှားထိုက်သူတွေကို သတ်ဖြတ်ပြစ်မှားထားလေသူအတွ က် တရားထိုင်နေခြင်းဟာ လည်ဆစ်ပြတ်သွားတဲ့ ထန်းပင်ကို အညွန့်ထွက်အောင် ရေလောင်းနေလို့ကော ဘာ ဖြစ်လာမှာလဲ။ အကျိုးမဲ့ပဲဖြစ်မှာ။ ဒါ ဘယ်သူကမှ လာဖန်တီးတာ မဟုတ်ဘူး။ သူလုပ်ထားတဲ့ အကုသိုလ်ကံက သူ့အတွက် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ကို ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တို့ ပန်းတိုင်ကို ပိတ်ပင်လိုက်ပါပြီ။
ကကကကက
သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါး အကျင့်တရားဟာ ဗုဒ္ဓဘာသာရဲ့ အရင်းအမြစ်ပါ။ တရားအားထုတ်တဲ့အ ခါမှာ သတိ သမာဓိတွေ ရင့်ကျက်ပြီး ဥာဏ်အဆင့်ဆင့်မြင့်တက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ဆိုတာ သီလ ကို အခြေခံရပါတယ်။ သီလဆိုတာ သူ့အသက် သတ်ခြင်း၊ ခိုးဝှက်ခြင်း၊ လိမ်ညာခြင်း စတဲ့ မကောင်းမှုတွေမှ ဝေးစွာ ရှောင်ကြဉ်ရခြင်းဖြစ်ပါတယ်။ မှူးကြီးက အဲသည်မကောင်းမှုတွေကို နေ့တဓူဝ လုပ်နေသူဖြစ်လို့ ဘယ်လို လုပ်ပြီး တရားထိုင်လို့ရမှာလဲဗျာ။
ကကကကက
မှားယွင်းတဲ့ အတွေးအမြင်ကြောင့် လူပေါင်းမြောက်များစွာကို သတ်ခဲ့မိတဲ့ အင်္ဂုလိမာလအရှင်မြတ်တောင် ဗုဒ္ဓနဲ့ တွေ့ပြီး သာသနာ့ဘောင်ကို ၀င်တော့ ကြိုးစာပြီးတရားအားထုတ်ရှာတယ်။ ဒီအချိန်မှာ သူသတ်ထား ဖြတ်ထား တဲ့ အကုသိုလ်နိမိတ်တွေက စိတ်ထဲဝင်လာလို့ တရားမှတ်လို့ လုံးဝမရပါဘူး။ ဒါကို သိတဲ့ ဗုဒ္ဓက လူ့ဇာတ်နဲ့အရိ ယာဇာတ်ကို ပြတ်အောင်ခွဲပေးတယ်။ သူကိုယ်တိုင်ကလည်း အမှားကို ရိုးသားစွာဝန်ခံတယ်။ နောက်ဆုံးမှာ အ ရှင်အင်္ဂုလိမာလဟာ ရဟန္တာဖြစ်သွားတယ်။
ကကကကက
တရားအားထုတ်တဲ့ သူတော်ကောင်းဆိုတာ ကိုယ့်အမှားကို မြင်ရတယ်။ ပြင်ရတယ်။ ရိုးသားစွာ ၀န်ခံရပါတယ်။ အလိမ်အညာတွေများပြီး ကိုယ့်အမှားကို အစားထိုးဖုံးလွှမ်းဖို့ ကြိုးစာနေတဲ့ မှူးကြီးကကော ဘယ်လောက်များ ရိုးသားလို့လဲ။ လူသတ်သမားနဲ့ တရားဆိုတာ ပြဒါးတလမ်း သံတလမ်းပါဗျာ။ သာသနာကို စော်ကားထားသူတ ဦး တရားထိုင်လို့ နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘယ်ဘုရားကမှ မဟောခဲ့ဘူး။ မြတ်ဗုဒ္ဓရဲ့ တရားတော် အဆီအနှစ် ဖြစ်တဲ့ ပိဋကသုံးပုံထဲကို ကိုယ်ကြိုက်ရာစကားတွေ ထိုးသွင်းပြီး အခြေခံဥပဒေရေးဆွဲသလို လုပ်ရင်တော့ ဖြစ်ချ င်ဖြစ်မှာပေါ့လေ။ ကျားက ဥပုသ်စောင့်တယ်ဆိုတာ ရီစရာကောင်းပါတယ်ဗျာ။
ကကကကက
နောက်တခုက မှူးကြီး နေ့စဉ် ဘုရားရှိခိုးတယ်ဆိုပဲ။ လာသေးတယ်။ သာအေးရယ်။ အလွတ်ရနေတဲ့ သြကာသ ကို စိတ်စေတနာမပါဘဲ ၀ါးလားဝါးလား ရွတ်နေလို့ကတော့ အချီးနှီးပါဘဲ။ ဘုရားရှိခိုးတယ်ဆိုတာ စိတ်စေတနာ ပါပါနဲ့ သက်တော်ထင်ရှား မြတ်ဘုရားကို အာရုံပြုပြီး ဂုဏ်ကျေးဇူးတော်တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ရွတ်ပွားရခြင်းပါ။ ၀တ်ကျေတန်းကျေ ပုဆိန်ပေါက် ရှိခိုးတာလောက်ကို ရေးကြီးခွင့်ကျယ် ပြောနေမယ်ဆိုရင် ဒါ လူအထင်ကြီးအောင် လုပ်တာပဲလို့ ပြောရုံပဲရှိတော့တယ်။
ကကကကက
ဘုရား တရား သံဃာ ရတနာသုံးပါးကို ဒီလောက်ကြည်ညိုနေရင်လဲ သံဃာတော်တွေကို ဘာကြောင့် သတ်ရ ပါသလဲ။ ကံကြီးထိုက်တယ်ဆိုတာ နားမလည်လို့လား။ ယုံစားစရာ တခုမျှမရှိတဲ့ မှူးကြီးသန်းရွှေကို ဂုဏ်တင် ချီးကျူးနေတဲ့ ထိုင်းဝန်ကြီးချုပ် စမတ် စန္ဒာရာဝေ Samak Sundarave ရေ တကမ္ဘာလုံးရဲ့ ကဲ့ရဲ့ပြစ်တင်နေတဲ့ မှန်သောစကားကို မှားတယ်ထင်ပြီး လူညာပြောတဲ့စကားကိုမှ မှန်တယ်လို့ ယူဆထားရင် မင်းသဘောပါ။ ကို ယ့်ကျောကို အချခံရတော့မှ ဓားပြမှန်းသိတဲ့အဖြစ်မျိုးဆိုရင် ခင်ဗျားအတွက် သိပ်နောက်ကျသွားပြီ။
ကကကကက
ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ထွက်ပြေးလာရတဲ့ မျက်ရည်မခြောက်သေးတဲ့ မြန်မာနိုင်ငံသားတွေကို ကိုယ်တိုင် တွေ့ဆုံလိုက်မယ်ဆိုရင် မှူးကြီးသန်းရွှေဟာ ဘာလဲဆိုတာ စမတ်အတွက် ရှင်းသွားမှာပါ ...
ကကကကက

1 comments:

Dawn Gwin (ဒေါင်းဂွင်) March 30, 2008 at 12:06 PM  

စစ်အစိုးရကို ထောက်ခံရင် ကံကြီးထိုက်မယ် (မစိုးရိမ်ဆရာတော်) http://moemaka.com/index.php?option=com_content&task=view&id=1337&Itemid=1

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP