Friday, March 7, 2008

အရှင်ရရ အသေရရ

ကကက
ဒီနေ့ ၂၀၀၈-ခုနှစ်၊ မတ်လ (၇)ရက်၊ သောကြာနေ့။

တက်သုတ်ရိုက်ပြီး ၀င်လာတဲ့သတင်းတပုဒ်ကို ကြားရလို့ ဖော်ပြလိုက်ပါတယ်။ သတင်းက မြန်မာထိုင်းနယ်စပ် က ၀င်လာတာ။ လိုချင်တာက အရှင်ရရ အသေရရ ဆိုတဲ့သဘောပါ။ အကယ်၍ အရှင်ရရင်တော့ ပိုကောင်းတဲ့ အကြောင်း သတင်းရထားတယ်။ ကိုင်း ... ဘယ်လိုလုပ်ကြမလဲ။
ကကက
မကြာသေးမီကလည်းပဲ အာဇာနည်တဦးကို ကျနော်တို့တွေ ဆုံးရှုံးလိုက်ရတယ်။ အပြစ်မဲ့သူတဦး၊ တိုင်းပြည်အ တွက် မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့ပုဂ္ဂိုလ်ကြီးတဦး၊ ရှားရှားပါးပါး ကိုယ်ကျိုးမငဲ့ဘဲ တော်လှန်ရေးအတွက် အသက်ပေးထားသူ မြန်မာ့အာဇာနည်တဦးဖြစ်တဲ့ ကရင်တိုင်းရင်းသား ဖဒိုမန်းရှာ၊ ဒင်းတို့ သတ်လို့ သေရှာပြီ။ အသည်းနာ ကမ္ဘာမကြေ လုပ်ရက်ပလေဗျာ။
ကကက
ဘာမျှနားမလည်တဲ့ ဒီကေဘီအေကို စစ်အာဏာရှင် နအဖဗိုလ်ချုပ်တွေက လက်ကိုင်တုတ်လုပ်ပြီး လွတ်လပ်တဲ့ တော်လှန်ရေးနယ်ထဲကို အခွင့်အရေးယူ ၀င်ရောက်ပြီး အမှည့်ချွေ ချွေတဲ့သဘောပါ။ အဲသည်နယ်မှာ နာမည် ကြီးတဲ့ မြိုင်ကြီးငူဆရာတော် အုပ်ချုပ်နေပါလျက်နဲ့ အပြစ်မဲ့သူ လက်နက်မဲ့နေသူကို ၀င်ရောက်သတ်ဖြတ်တာ ဟာ တရားပါသလား။ တိုက်ပွဲတခုမှာမဟုတ်ဘဲ တိုက်ပွဲအပြင်စည်းက လူကို အခုလို တရားမဲ့သတ်ဖြတ်ဖို့ သူတို့ ကို ဘယ်သူတွေက အမိန့်ပေးနေပါသလဲ။ ရှင်းပါတယ်။ နအဖပေါ့ဗျာ။
ကကက
အခုလည်းပဲ သူတို့တွေ သတ်တာ မသေခဲ့လို့ အသက်ဘေးကင်းစွာ နယ်စပ်ဒေသဆီ ထွက်ပြေးတိမ်းရှောင်လာ တဲ့ ရဟန်းတော်များကို အရှင်ရအောင် ဖမ်းဖို့ နအဖစစ်အစိုးရက သူတို့ရဲ့ လက်ကိုင်တုတ် ဒီကေဘီအေကို တိုက်တွန်းလိုက်ပြန်ပြီ။ အရှင်ရရင် အရှင်ဖမ်း၊ အရှင်မရရင် အသေဖမ်းရမယ်တဲ့ဗျား။ ဒီလိုနဲ့ပဲ လေးစားအပ်တဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီး ဖဒိုမန်းရှာ ကွယ်လွန်ခဲ့ရှာပြီ မဟုတ်ပါလား။
ကကက
အခုတခါ နယ်စပ်ရောက် သံဃာတော်တွေ အလှည့်၊ ပြေးလာတဲ့ အရေးပါတဲ့ ကျောင်းသားလူငယ်တချို့နဲ့ နိုင်ငံ ရေးသမားတွေအလှည့်၊ နယ်စပ်မှာတောင် မနေ၀ံ့အောင် ဒင်းတို့တွေ လုပ်နေပါပကော။ အေးလေ ... လုပ်ထား ဦးပေါ့။ မကြာမီ မင်းတို့အလှည့် ရောက်လာမှာကို မမြင်လေတော့ မျက်ကန်းဆန်တဲ့မင်းတို့သွားရာလမ်းဟာ အ ၀ီစိဆိုတဲ့ သေရာသောင်ကမ်းနဲ့ တန်းမတ်နေတာပဲလို့သာ ပြောချင်တယ်။
ကကက
အာဇာနည်တို့ရေ ... အောင်ပွဲမရောက်သေးသရွေ့ မင်းတို့တွေ ဒီဘေးတွေက ကင်းမှဖြစ်မယ်။ ကယ်နိုင်သူတို့ အသိစိတ်ဓာတ်ရှိရှိနဲ့ ကယ်ကြပါ။ ကူညီနိုင်သူတို့လည်း အမျိုးသားရေးမို့ စွန့်စွန့်စားစား ကူညီကြပါလို့ တိုက်တွန်း လိုပါတယ်။ နယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်လာရတဲ့ သံဃာတော်တွေ၊ ကျောင်းသူကျောင်းသားတွေအတွက် ပြေးစရာမြေဟာ တဖြည်းဖြည်း ကျဉ်းမြောင်းနေပါတယ်။ နိုင်ငံခြားရောက်နေတဲ့ ကျနော်တို့တွေမှာ တတ်နိုင်တဲ့ အရာလေးတွေကို ကူညီပေးဖို့ တာဝန်ရှိပါတယ်ဗျား။
ကကက
ကျနော်တို့တွေ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးနဲ့ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ရန်လဲ ဒေါ်အောင်ဆန်းစုကြည် က မှာကြားထားတယ် မဟုတ်ပါလား ...။
ကကက

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP