Tuesday, March 11, 2008

လောစ့်အိန်ဂျလိစ်က ဆုတောင်းပွဲ

ကက
ကျောင်းသားပြည်သူတွေကို သတ်၊ အခုနောက်ဆုံး ရဟန်းတော်တွေကို သတ်လို့ အမိုက်ဇာတ်ကို အတောကို မ သတ်နိုင်သေးတဲ့ အာဏာရှင်များရဲ့ လုပ်ရပ်က အလွန်ဆိုးရွားသလောက် အခြားတဖက်မှာ လူယဉ်ကျေးများက ကျန်ရှိနေသေးတဲ့လူတွေကို ကယ်တင်ဖို့ ကူညီဖို့ ကြိုးစားနေကြတယ်။ ကွယ်လွန်သူများအတွက်ကိုလည်း ကြနာ စွာ၊ စာနာစွာ၊ ဂုဏ်ယူစွာနဲ့ ဆုတောင်းပွဲလေးတွေ ကျင်းပပေးကြပါတယ်။
ကကက
အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ပွဲတခုက ဆုတောင်းပွဲတွေပါ။ အသွေးအသားကိုလှူ၊ ဘ၀ ကိုလှူ၊ အသက်ကိုပါ လှူသွားကြတဲ့ အာဇာနည် ရဟန်းရှင်လူများအတွက် မမေ့နိုင်သော ဂုဏ်ကျေးဇူးတရပ်ကို ထာဝရအောက်မေ့အမှတ်ရစေဖို့အတွက်၊ သူတို့စတင်ခဲ့တဲ့ ငြိမ်းချမ်းတဲ့တော်လှန်ရေး သွေးမအေးအောင်အတွ က်၊ တစစီ ပြန့်လွင့်နေတဲ့ မြန်မာအင်အားစုတွေ ပြန်လည်စုစည်းကာ အင်အားကောင်းစေဖို့အတွက် ဒီရည်ရွယ် ချ က်တွေနဲ့ ဆုတောင်းပွဲတွေကို မပြတ်ကျင်းပနေကြပါတယ်။ကကကကက
ကကက
ဒီအထဲမှာ လောစ့်အိန်ဂျလိစ်မြို့က လူငယ်တွေက သံဃာတော်များကို ဦးထိပ်ထား၍ ဆုတောင်းပွဲလေးကို စတ င် ကျင်းပလိုက်တယ်။ ဆုတောင်းပွဲမှာ သံဃာတော်များ ကြွရောက်ချီးမြှောက်သလို ဧည့်သည်တော်များကလဲ တတ်စွမ်းသလို ပါဝင်ဆင်နွှဲလာကြတယ်။ တကယ်တော့ ဒီဆုတောင်းပွဲတွေဟာ ကိုယ့်အိမ်က ညီအစ်ကို မောင် နှမတဦးအတွက် ၀မ်းနည်းပက်လက် ဆုတောင်းပေးကြသလိုပါ။
ကကက

ကကက

ဆရာတော်သံဃာတော်များက ဘာသာရေးအစီအစဉ်တွေကို လုပ်ပေးတယ်။ အောင်မင်္ဂလာဆရာတော်က တ ရားချီးမြင့်ပေးတယ်။ ဓမ္မဇောတိကျောင်းဆရာတော်က ဆုတောင်းပွဲနဲ့ပတ်သက်လို့ အနည်းငယ် ပြောပေးတယ်။ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက လက်ရှိမြန်မာနိုင်ငံအခြေအနေများကို ဟောပြောရင်း မေးခွန်းထုတ်လာသူများ ကို တခုစီ အဖြေပေးသွားတယ်။ အခမ်းအနားမှူးအဖြစ် ကျောင်းဆရာ ဆရာ ဦးဖုန်းရောင်ဦးက ဆောင်ရွက်ပေး ပါတယ်။ ပြောဖို့ တခုကျန်သွားတယ်။ ကျနော် အယ်လ်အေရဲ့ အယ်လ်အေ အော်ဂနိုက်ဇာ အဖွဲ့က ကိုသူရမော် က ရှေ့လုပ်ငန်းအစီအစဉ်များအကြောင်းကို တင်ပြပေးသွားပါတယ်။

ကကက

ကကက

ပွဲစီစဉ်သူတွေကို ကျေးဇူးတင်စရာ ကောင်းပါတယ်။ ပင်ပန်းကြသော်လဲ အမျိုးဘာသာ သာသနာအတွက် မဖြစ် မနေ ဆောင်ရွက်ကြတာ ဂုဏ်ယူစရာပါ။ ဒီလိုသာ စဉ်ဆက်မပြတ် ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြ ည်ရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းရေး ဒီမိုကရေစီရေး ရောက်ခြည်တွေ လင်းလက်လာမယ်လို့ သေချာပေါက်ကို ပြောဆိုဝေဖန်လို့ ရပါတယ်။

ကကက






0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP