Wednesday, March 26, 2008

မေတ္တာတံတား ခင်းရအောင်

ကကကကက
ဘယ်သူတွေ ဘာပဲပျက်ပျက်
ကောင်းကွက်ကို ဖွေရှာပြီး
မေတ္တာတံတား ခင်းရအောင်။
ကကက
မောဟလွှမ်းတဲ့ ကမ္ဘာမှာ
ငါရော မင်းတို့ပါ
အပြစ်ကင်းဖို့ဆိုတာ
လွယ်တာမှ မဟုတ်ဘဲ။
ကကက
တကွေ့ကွေ့မှာတော့
အမှားနဲ့တွေ့တတ်တာပဲ
မောဟမပြတ်တဲ့ လူသားမှာ
အမှားများစွာနဲ့ပါ။
ကကက
အမှားပြုတိုင်းသာ
ဝိုင်းပယ်ထားခဲ့ရင်
လူသားရဲ့စွမ်းအားသာ
ဆိတ်သုဉ်းသွားမှာပေါ့ဗျာ။
ကကက
ဘယ်သူပဲ မှားမှားပါ
သူ့အမှား ကိုယ်ကပြင်
ကိုယ်ပြင်တာကို သူလေးစား
ကိုယ်မှားပြန်တော့ သူကပြင်
အမြင်ကျယ်တဲ့ သဘောထား
မေတ္တာတရားပါပဲ။
ကကက
“အမှား”ဆိုတဲ့ မောဟအမှောင်က
ပူလောင်တဲ့ အကျိုးပေးတယ်
အေးမြတဲ့ မေတ္တာနှလုံးနဲ့
အစဉ်ပြုံးနိုင်မှသာ
ဘ၀ဟာ လှပသာယာမယ်။
ကကက
ပန်းတိုင်တူတဲ့ သူအချင်းချင်း
ယိုင်းပင်းလို့ ကြည်ဖြူ
ကူညီကာ ရွှေလက်တွဲရင်
အောင်ပွဲဝင်မှာ အမှန်ပဲ။
ကကက
နှလုံးသားရဲ့ မေတ္တာတံတား
အားလုံးအတွက် ဖွင့်လှစ်
မြင့်မြတ်တဲ့ သည်လမ်းစဉ်
ကမ္ဘာ တည်သရွေ့ပင်။
ကကက
ဘယ်သူတွေ ဘာပဲပျက်ပျက်
ကောင်းကွက်ကို ဖွေရှာပြီး
မေတ္တာတံတား ခင်းရအောင်။ကကက
ကကက

ကိုသက် (ငြိမ်းချမ်းတဲ့ ကမ္ဘာမှ)

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP