Wednesday, January 9, 2008

ဂုဏ်ပြုထိုက်သူများ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။




ဓမ္မံ သရဏံ ဂစ္ဆာမိ။





သံဃံ သရဏံ ဂစ္ဆာမိ။



သိပ်မကြာသေးတဲ့ ၂၀၀၇-ခုနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာမှာ အမျိုးဘာသာ သာသနာအတွက် အ သက်စွန့်သွားကြတဲ့ မြန်မာရဟန်းတော်များအတွက် ဂုဏ်ပြုတဲ့ဆုပေးပွဲကို ဆန်ဖရန်စစ္စကို တက္က သိုလ်မှာ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာလ (၁၄)ရက်၊ သောကြာနေ့ ညနေ (၅)နာရီခွဲမှာ အခမ်းအနားကို စတင်ခဲ့ပါတယ်။ ဒီ တက္ကသိုလ်ရဲ့ပုံမှန်ဘွဲ့နှင်းသဘင်နဲ့အတူ တွဲလုပ်တာဖြစ်လို့ ဘွဲ့ယူတဲ့ကျောင်းသူ ကျောင်းသားတွေ လဲ ရာနဲ့ချီလို့တက်ကြသလို ကျောင်းသားမိဘဆွေမျိုးတွေလဲ ထောင်နဲ့ချီ၍ တက်ရောက်အားပေး ကြပါတယ်။

သက်တော်(၈၀)ကျော်ပြီဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီးက အိုကြီးအိုမနဲ့ ဒီဘွဲ့ကို မြန်မာသံဃာ တော်များကိုယ်စားပြု တက်ယူခဲ့ပါတယ်။ ဒီမြင်ကွင်းဟာ ကျနော့်ရဲ့ မျက်စေ့အောက်မှာဖြစ်လို့ ၀မ်း သာလွန်းလို့ မျက်ရည်ဝဲမိတယ်။

လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ သူတွေရဲ့နှလုံးသားမှာတောင် မြန်မာရဟန်းတော် များရဲ့ တိုင်းပြည်အတွက် စွမ်းဆောင်ချက်ကို ကြင်နာသောလက်နဲ့ ဂုဏ်ပြုထိုက်သူမို့ ဂုဏ်ပြုကြ တယ်။ သက်တော် (၈၀)ကျော် ဆရာတော်ကြီးက လည်း ဒီလောကမှ ထွက်မြောက်ဖို့ ဘာဝနာနဲ့ နေရမဲ့အချိန်မှာ တိုင်းပြည်၊လူမျိုးနဲ့ ဘာသာသာသနာအတွက် ရတက်မအေးနိုင်သေးဘူး။ ကျ နော်တို့လူငယ်တွေကို မင်းတို့တွေ မပေါ့ဆကြနဲ့ အစွမ်းအစရှိသလောက် တိုင်းပြည်အတွက် လုပ်ကြ ပါလို့ တိုက်တွန်းနေသလိုပါ။ လွမ်းစရာ ကြည်နူးကျေနပ်စရာ မြင်ကွင်းပါပဲ။

သွားလေသူ ကျောင်းသားပြည်သူနဲ့ ရဟန်းတော်များကတော့ ဒီပွဲမှာ မိနစ် (၃၀) ခန့် အမေရိကန် ပရိသတ်ကို မိန့်ခွန်းပြော(သြ၀ါဒပေး)သွားတဲ့ ဆရာတော့်အသံကို ကြားနိုင်ခွင့် မရှိရှာတော့ပါဘူး။ မြန်မာသံဃာတော်များဘုရား၊ အရှင်ဘုရား တို့ကိုယ်စား ဂုဏ်ပြုတဲ့ဘွဲ့ကို တပည့်တော် ယူနေပါ တယ်တဲ့ . . . ။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့အခြားကမ္ဘာ့ခေါင်းများကိုလည်း ဒီတက္ကသိုလ်က ဘွဲ့ပေး ခဲ့ဖူးသည်မို့ ဒီတခါကမ္ဘာကျော်အောင်စွမ်းခဲ့တဲ့ မြန်မာရဟန်းများ အတွက်ဖြစ်ပါတယ်။ ဂုဏ်ယူပါ တယ် ပြည်သူ့ဘုန်းဘုန်းတို့ရယ် . . .

သာဓု သာဓု သာဓု

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP