Wednesday, January 30, 2008

သာသနာ့ဥသျှောင် အစည်းအဝေး (အမေရိကန် အနောက်ပိုင်း)

ကကက
သာသနာ့ဥသျှောင်အစည်းအဝေး (အမေရိကန်အနောက်ပိုင်း)ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၇)ရက်၊ တနင်္ဂ နွေနေ့၊ ညနေ (၅)နာရီအချိန်တွင် လောစ့်အိန်ဂျလိစ်ခရိုင်၊ ဘော်လ်ဒွင်ပါ့မြို့ရှိ၊ ဓမ္မဇောတိကျောင်းတွင် ကျင်းပ ပြုလုပ်ကြောင်း သတင်းရရှိပါသည်။
ကကက
အစည်းအဝေးပွဲသို့ လော့စ်အိန်ဂျလိစ်မြို့ခံ သံဃာတော်များဖြစ်တဲ့ ဆရာတော် ဦးသုန္ဒရ (အယ်လ်အေမြန်မာ ကျောင်း)၊ ဆရာတော် ဦးနာရဒ (အောင်မင်္ဂလာကျောင်း)၊ ဆရာတော် ဦးဥတ္တမ၊ ဦးဝိမလ (သာသနာ့ရောင်ခြည် ကျောင်း)၊ ဆရာတော် ဦးဂုဏိဿရ (ဓမ္မဇောတိကျောင်း)တို့ တက်ရောက် ပါဝင်ကြပါသည်။
ကကက
တယ်လီဖုန်းဖြင့် ဆရာတော် ဦးဓမ္မပီယ၊ ဦးဥာနိက (မေတ္တာနန္ဒ၀ိဟာရကျောင်း)၊ ဦးအဂ္ဂဓမ္မ (တက္ကဆက်)တို့က တက်ရောက် အကြံပြုကြပါသည်။
ကကက
အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် ဆရာတော်ဦးသုန္ဒရ (မြန်မာကျောင်း)က ဆောက်ရွက်တော်မူ ၍ အခမ်းအနားမှူးဆရာတော်အဖြစ် ဆရာတော်ဦးနာရဒ (အောင်မင်္ဂလာကျောင်း)က ဆောင်ရွက်ပါသည်။
ကကက
(၁) လစဉ်ဆုတောင်းပွဲပြုလုပ်ရန် (၂) ပြည်တွင်းသံဃာတော်များ အခက်အခဲတစုံတခုပေါ်က အရေးပေါ်အနေနဲ့ သံဃာတော်များက ၀ိုင်းဝန်းထောက်ပံ့ပေးရန် (၃)အမျိုးဘာသာ သာသနာတော်အတွက် ကူညီထောက်ပံ့ပေး ဖို့ ကိစ္စ နီးစပ်ရာ ဒကာ၊ ဒကာမများအား စည်းရုံးတိုက်တွန်းရန်နှင့် (၄)အိန္ဒိယနိုင်ငံရှိ မိကဒါဝုန်ကျောင်း အနှစ်တ ရာပြည့်ပွဲတွင် တက်ရောက်လာကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်သံဃာတော်အချို့နှင့် အာဏာရှ င်စစ်အစိုးရအဖွဲ့ဝင်အချို့အား ကန့်ကွက်လိုက်သည့် သာသနာ့ဥသျှောင်အဖွဲ့(အိန္ဒိယ)၏ လုပ်ဆောင်ချက် များ ထောက်ခံရန်ဆိုတဲ့ အချက်လေးချက်ကို အမေရိကန်ပြည်အနောက်ပိုင်း သာသနာ့ဥသျှောင်အဖွဲ့က အစည်း အ ဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါသည်။
ကကက
အစည်းအဝေးကို ည (၇)နာရီတွင် ပြီးဆုံးစေခဲ့ပါသည်။
ကကက
သာဓု သာဓု သာဓု

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP