Wednesday, January 30, 2008

ပလ္လင်ပေါ်ခွေးတက်လို့ တိုင်းပြည်ကြီးပျက်ပြီလော

ကျနော်တို့လူမျိုးနဲ့တိုင်းပြည်ဟာ အစဉ်အလာကြီးမားခဲ့တယ်။ ကမ္ဘာပေါ်မှာ လူသားအားလုံးနဲ့တန်းတူညီမျှ အ ဆင့်အတန်းရှိရှိ နေနိုင်တဲ့ လူမျိုးတွေပါ။ ကိုယ့်စာပေနဲ့ ယဉ်ကျေးမှုနဲ့။ ကိုယ့်သိက္ခာနဲ့ ရိက္ခာနဲ့ တည်ငြိမ်ခန့်ငြား စွာ အများလေးစားရလောက်အောင် အခြေအနေတွေရှိခဲ့ဖူးတယ်။ ပြန်ပြောရင် တရံရောအခါကို သံယောဇဉ် တွယ်တာတယ် ဖြစ်ဦးမယ်။ အမှန်တကယ် ဖြစ်ခဲ့ဖူးတာပါ။ အိပ်မက်မဟုတ်ပါဘူး။
ကကက
ကောင်းစားမှာပေါ့။ သည်တုန်းက မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ယူပေးခဲ့သူတွေက တိုင်းပြည်ကို ခုတုံး မလုပ်ခဲ့ဘူး။ မိမိကိုယ်ကိုယ် တိုင်းပြည်အတွက် ပေးဆပ်ပြီး လုပ်ခဲ့တာကိုးဗျ။ သည်တုန်းက တိုင်းပြည်ကို ခေါင်း ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဆိုရင်လဲ အသက်ကလေးတွေက နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင်လောက်ပဲရှိဦးမယ် တော်လိုက်ကြတာ ကမ္ဘာက လေးစားလောက်တဲ့ အာရှတိုက်ရဲ့အလင်းရောင် ခေါင်းဆောင်ကောင်းတွေ မဟုတ် ပါလားဗျာ။ တိုင်းပြည်အပေါ်မှာ ကိုယ်ကျိုးမဖက် အုပ်ချုပ်ခဲ့သူတွေဖြစ်လို့ တိုးတက်တာ သိပ်တော့ မဆန်းဘူး။
ကကက
အခုတော့လဲ တိုင်းပြည်လေးရယ် ရင်နင့်စရာ ကောင်းလိုက်တာ အားလုံးပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ စင်င်္ကာပူ လိုတိုင်းပြည်၊ မလေးရှားလို တိုင်းပြည်တွေက လူငယ်တွေ ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်နိုင်ဖို့ စိတ်ကူး ယဉ်ရတဲ့ အဖြစ်မျိုးအဆင့်အတန်း မြန်မာ့ပညာရေးစနစ်ဟာ စစ်ဖိနပ်အောက်မှာ ပြားပြားကို မှောက်သွားရပြီ။
ကကက
တခါက အာရှတိုက်မှာ နာမည်ကျော်တဲ့ မြကျွန်းညို ကဗျာတောသည်လဲ သာမောဖွယ်မရှိတော့ပါ။ ကနော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်းတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲစတင်ခဲ့ရာ မဟာအောင်မြေ ရန်ကုန်တက္ကသိုလ်ဟာ အခုတော့ မျက်ရိုင်းညိုညို တက္ကသို လ်ဖြစ်နေပါပကော။ ရာဇ၀င်တော့ ရိုင်းတယ်။ လူမျိုးခြားက ကျွန်ပြုလို့ တိုင်းပြည်နုနုလေး ပျက်စီးသွားတာဆို တော်သေးတယ်။ အခုဟာက အသားထဲက လောက်ထွက်တဲ့ ကိုယ့်လူမျိုးက ကိုယ့်တိုင်းပြည်ကို ပြန်လည်ဖျက် ဆီးနေပါသတဲ့ဗျာ။ မြင်လို့ ကြားလို့ မတော်ပါ။ ဒါပေမဲ့ သည်အတိုင်းပဲ ဖြစ်နေတယ်။
ကကက
ပညာရေးပြီးတော့ စီးပွားရေး။ ကျနော်တို့ တိုင်းပြည်အနီးက ထိုင်း၊ စင်္ကာပူ၊ မလေးရှား စတဲ့တိုင်းပြည်တွေဟာ မြန်မာပြည်နဲ့ စီးပွားရေးကုန်ကူးချင်တယ်။ တချို့ဆိုရင် မြန်မာပြည်မှာတောင် လာပြီး အလုပ် လုပ်ကြရတယ်။ အိမ်းနီးချင်းတိုင်းပြည်တွေထဲကဆို အခုအနေအထားမှာ အတော်လေးစီးပွားရေး ကြီးပွားရေးတွေ ကောင်းလာ တဲ့ တရုတ်နဲ့ အိန္ဒိယပြည်သားတွေဟာ တချိန်တခါက မြန်မာနိုင်ငံမှာ တရားမ၀င် အလုပ် လုပ်ကြတယ်။ တရား ၀င် လာကြသူတွေလည်း ရှိပါတယ်။ ဒီအချက်ကို ပြန်လည်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံဟာ လက်ရှိကမ္ဘာမှာ ချမ်းသာတဲ့ တိုင်းပြည်များအလားတူ ချမ်းသာခဲ့တယ်။ အခုတော့လဲ သူတောင်းစားက အဖေခေါ်ရမလောက်ဘဲ ဆင်းရဲတွင်းနက်သွားပြီ။ ယခင်နဲ့ ယခု ခြားနားချက်က မိုးနဲ့မြေလို ကွားခြားခဲ့ပြီ။
ကကက
နိုင်ငံရေးဘက်မှာ ကြည့်မလား။ ဟိုစဉ်က မြန်မာပြည်ဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးစ လွတ်လပ်ရေးရတဲ့တိုင်းပြည် တွေထဲမှာ ပထမဦးဆုံးသော ဒီမိုကရက်တစ်တိုင်းပြည်ပါ။ ကိုယ်ပိုင်စာပေရှိတယ်။ ကိုယ်ပိုင်စကားရှိတယ်။ ကိုယ် ပိုင်ယဉ်ကျေးမှုအနုပညာရှိတယ်။ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လူသားတိုင်းမှာရှိတဲ့ ကိုယ်ပိုင်လွတ်လပ်ရေး တွေ အပြည့်ရှိတယ်။ လူထုက ယုံကြည်ကိုးစားပြီး တင်မြှောက်တဲ့ခေါင်းဆောင်က တိုင်းပြည်ကို ဒီမိုကရေစီစနစ် နဲ့ မျှမျှတတ အုပ်ချုပ်ခဲ့တယ်။ အိမ်နီးချင်းတိုင်းပြည်တွေက အားကျပြီး မြန်မာ့နိုင်ငံရေးစနစ်ကို အတုယူပြီး သူတို့ တိုင်းပြည်တွေမှာ အုပ်ချုပ်ကြတယ်။ လက်ရှိကာလမှာ ကိုယ့်စီက အတူခိုးသွားတဲ့တိုင်းပြည်တွေက သိပ်ချမ်းသာ တိုးတက်သွားပြီး မြန်မာပြည်ကတော့ ပလ္လင်ပေါ်ခွေးတက်လို့ တိုင်းပြည်ကြီးပျက်ပြီ။
ကကက
တိုင်းပြည်ရဲ့ များစွားသော အရေးတွေထဲမှာ အရေးအကြီးဆုံးအချက်က ဒီတိုင်းပြည်ကို ဦးဆောင်နေတဲ့ နိုင်ငံ ရေးပါ။ ဘယ်ပုံစံနဲ့တိုင်းပြည်ကြီးကို ဦးဆောင်နေသလဲ။ ဘယ်လမ်းကြောင်းနဲ့ တိုင်းပြည်ကြီးဟာ ခရီးနှင်နေသ လဲဆိုတာ သိပ်အရေးကြီးပါတယ်။ လမ်းကြောင်းမှားနေရင်လဲ ရိုးသားစွာနဲ့ပြင်သင့်တယ်။ မှန်နေရင် ဆက်လုပ်ရ မယ်။ လိုတာ နောက်ထပ်ထည့်သွင်းလို့ ပိုတာ (မလိုတာ)တွေကို လျှော့ပစ်နိုင်ရမယ်။ အမြင်တွေ ကြည်လင်ပြ တ်သားရမယ်။ အမြင်တွေ ကျယ်ပြန့်ရမယ်။ လူထုဆန္ဒကို လေးလေးနက်နက် ခံယူရမယ်။ လူထုအသံကို နာခံ နိုင်ရမယ်။ လူထုခံစားချက်ကို အလေးထားရမယ်။ ရိုးသားပွင့်လင်းပြီး လက်ရုံးများမြောင် ဉာဏ်များမြောင်နဲ့ စု ပေါင်း လုပ်ကြမယ်ဆိုရင် မြန်မာပြည်နိုင်ငံရေးက ကောင်းလာမှာပါ။
ကကက
လက်ရှိအနေထားမှာ တော်တဲ့ခေါင်းဆောင်တွေ ပေါ်လာပြီ။ ဒီခေါင်းဆောင်တွေဟာလဲ လူထုဆန္ဒအတိုင်းပဲ အ ကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ဒါကို အာဏာရှင်များက နောင်တတွေရပြီး လမ်းမှားရောက်နေတဲ့တိုင်းပြည် ကို အချိန်မီ ပြောင်းမယ်ဆိုရင် ပျက်အစဉ် ပြင်ခဏမို့ ကျနော်တို့ တိုင်းပြည်ဟာ ငရဲတွင်းထဲက ထွက်သွားမှာဖြစ် ပါတယ်။ ဒါကိုမှ မကျေနပ်နိုင်သေးဘူးဆိုပြီး ငါတကော ဆက်ကောနေဦးမယ်ဆိုရင် တိုင်းပြည်ရဲ့ သမိုင်းဟာ မ ကောင်းသလို အာဏာရှင်တို့ သမိုင်းလဲ မကောင်းပါဘူး။
ကကက
ဉပမာလေးကတော့ သိပ်မကောင်းဘူး။ ထင်ရှားအောင်တော့ ထည့်ပြောရပါဦးမယ်။ တဦးတယောက်အတွက် မ ဟုတ်ဘဲ တိုင်းပြည်ကြီးတခုလုံးအတွက် လုပ်သင့်တဲ့အလုပ်ကို မလုပ်ဘူးဆိုရင် ပလ္လင်ပေါ်ခွေးတက်လို့ တိုင်းပြည် ပျက်ကိန်းဆိုက်ရုံကလွဲလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိကြောင်းကို တင်ပြပါရစေခင်ဗျား . . .

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP