Wednesday, January 9, 2008

အားရီဇိုးနားပြည်နယ်က သြ၀ါဒခံယူပွဲ

.



LA မှာစတင် ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို မြန်မာ တွေသိ သလို နိုင်ငံတကာက မြန်မာအရေးကို စိတ်ဝင်စားသူတွေ သိကြပါတယ်။ ပြည်တွင်းမှာ သံဃာတော်တွေ လုပ်ဆောင်ခွင့် မရတာတွေ ကို ဆောင်ရွက်နိုင်ဖို့ ပြည်ပနိုင်ငံများ မှာ ရောက်ရှိ သာသနာပြုနေကြ တဲ့ မြန်မာ သံဃာတော်များ က စုပေါင်းဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။

စတင်ဖွဲ့စည်းတဲ့နေ့က ၂၀၀၇-ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ စနေနေ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီး စတင် ဖွဲ့စည်းနိုင်ဖို့ ပီနန်ဆရာတော်ကြီး ရဲ့ မွေးနေ့၊ နိုင်ငံခြား သာသနာပြု အနှစ် (၅၀) အထိမ်းအ မှတ်နေ့က မြစ်ဖျားခံခဲ့တာပါ။

ဒီသံဃာ့အဖွဲ့မှာ ဦးဆောင်ဆရာတော် နှစ်ပါးရှိပါတယ်။ မြန်မာနိုင်ငံ၊ အထက်ပိုင်း၊ မန္တလေးမြို့၊ မစိုး
ရိမ်တိုက်ကြီး မှာ အနှစ် (၅၀) စာချခဲ့တဲ့ မစိုးရိမ်ဆရာတော်ဘုရား ကြီး ဦးကောဝိဒါဘိဝံသ နှင့် နိုင်ငံခြား တိုင်းပြည်များမှာ အနှစ် (၅၀) ပြည်ပသာသနာ ပြုတော်မူခဲ့တဲ့ ပီနန်ဆရာတော်ကြီး ဦး ပညာဝံသမထေရ်ကြီးများ က ဦးဆောင် လမ်းညွှန်မှု ပေးနေပါတယ်။

သာသနာ့အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ အာဏာရှင်များ ဒုက္ခပေးလို့ ထွက်ပြေး တိမ်းရှောင်ရ၊ နယ်မြေ အကျဉ်းချုပ်ခံရ၊ အဖမ်းစီးခံရ၊ အသတ်အဖြတ်ခံ နေရရှာတဲ့ သာသနာ့ အာ ဇာနည်များအား ကူညီထောက်ပံ့ပေးခြင်း၊ သာသနာ ဆက်လက်တည်တံ့အောင် ကြိုးပမ်းခြင်းများ ကို အကောင်အထည် ဖော်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ခေါင်းဆောင် ဆရာတော်ကြီး နှစ်ပါးဟာ နိုင်ငံတကာ လှည့်လည်၍ မြန်မာ့အရေးကို ဟောပြော ခြင်း များ ပြုလုပ်နေပါတယ်။ ဆရာတော်များ ရဲ့တပည့်၊ သာသနာ့ ဥသျှောင်အဖွဲ့ဝင် သံဃာများ ကလည်း အကြောင်း အမျိုးမျိုးတွေကြောင့် မအားလပ်တဲ့အခါ ဆရာတော်ကြီးများကိုယ်စား အမေ ရိကန်အတွင်းရှိ ပြည်နယ်များသို့ လှည့်လည်ကာ အမျိုးဘာသာ သာသနာ့အရေးကို ဟောပြော ပေးပါတယ်။

ဖော်ပြပါ ဓာတ်ပုံမှာ ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်မှာ အာရီဇိုးနား ပြည်နယ် တွင် မစိုးရိမ် ဆရာတော် ကိုယ် စား ဦးအဂ္ဂဓမ္မ၊ ဦးယသဓမ္မနဲ့ ဦးဂုဏိဿရ တို့က ပရိသတ်ကို ဦးဆောင်ကာ ဟော ပြောနေခြင်းဖြစ်ပါတယ်။ အခမ်း အနားကို တာဝန် ယူ စီစဉ်သူများက Phoenix လူငယ်များဖြစ်ကြတဲ့ ကိုအေးမြင့်၊ ကိုမြင့်လွင်၊ ကိုထွန်းထွန်း၊ ကိုဟန်ဝင်းချို၊ ကိုမွန်ကြီး၊ ကိုမွန်လေး၊ ကိုစိုင်းဝင်း ဖေ စသူတို့ ဖြစ်ကြပါကြောင်း ဖော်ပြအပ်ပါတယ် . . .

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP