Tuesday, January 8, 2008

လုပ်နိုင်ပါပေ့ဗျာ

.
.
ဆရာတော်တပါး မကြာမီက အမေရိက ရောက်လာတယ်။ စကားစပ်မိရာက ဆရာတော်က မြန်မာ ပြည်က လက်ရှိအခြေအနေလေးတွေ ပြောပြလာတယ်။ နားထောင်ရင်း မခံချင်ဖြစ်လာတယ်။ ရတ နာသုံးပါးဆိုတဲ့ တိုင်းပြည်ရဲ့ကျက်သရေဆောင် အမွန်အမြတ်ကိုတောင် စော်ကားနေလို့ပါ ။

ဆရာတော်ဘုရားက အညာဇာတိဖြစ်တယ်။ နိုင်ငံခြားထွက်ဖို့ဆိုတာ မန္တလေးဘူတာကနေ ရန်ကုန် လာဖို့ကို မီးရထား စီးရပါတယ်။ လမ်းတလျှောက်မှာ အစစ်အဆေး အမေးအမြန်းတွေက တယ်များ ဆိုပဲ။ ရန်ကုန်မီးရထားဘူတာကို ရောက်တော့ သူတို့ပြောပြောနေတဲ့ တာဝန်ရှိသူတွေက အခေါက် ခေါက်အခါခါ လာစစ်တယ်လို့ ပြောပါတယ်။ ဒါတင်မဟုတ်သေးဘူးတဲ့။ ရန်ကုန်ဘူတာကြီးမှာ သံ ဃာ့ရုံးခန်းနှစ်ခုထားပြီး လာသမျှသံဃာတော်တွေကို ရဟန်းအချင်းချင်း စစ်ဆေးခိုင်းတယ်ဆိုပဲ ဗျာ။ လောကရယ် . . . ဟုတ်သေးရဲ့လား။

ဘာကြောင့် လာတာလဲ။ ဘယ်သွားမှာလဲ။ ဘယ်လောက် ကြာမှာလဲ။ ဘယ်မှာတည်းခိုမှာလဲတဲ့ မေးတဲ့မေးခွန်း တွေက စုံလို့ပါပဲ။ အဖြေမတော်ရင် နောက်ကြောင်းပြန်လှည့်ရတယ်။ အထိန်းသိမ်း ခံ အဖမ်းခံရတတ်ကြောင်းကိုလည်း သိရပါတယ်။ တချို့ငယ်ရွယ်နုပျိုတဲ့ ရှင်ရဟန်းအငယ်တွေဆို လမ်းတ၀က်ကပဲ ပြန်လွှတ်ကြပါသတဲ့။

တိုင်းပြည်မှာ နတ်နေဂိုဏ်းတောင် မရှိတော့ပါလား။ နတ်နေဂိုဏ်းမထား၊ မိဘဆရာသမားမှန်း မ သိတတ်တဲ့လူတွေတော့ ဇာတ်သိမ်းကော လှပါအုံးမလား။ ထင်တော့ မထင်မိပါဘူး။ ကာလ၀ိပါတ် နောက်ပိုးတက်တာ အလွန်မြန်လွန်းတဲ့ ယနေ့ဒီခေတ်ကြီးမှာ တဘ၀ဇာတ် မသိမ်းခင် သူတို့တွေလဲ ၀ဋ်ကျွေးများစွာ ကံကြမ္မာက သံသရာအထိ စောင့်စရာ လိုမှာမဟုတ်ဘူး။

မြန်မာနိုင်ငံရဲ့ဘာသာ သာသနာအရေးကိစ္စတွေဟာ မူလပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း နအဖကတော့ သတင်းကောင်း ထုတ်လွှင့်နေတယ်။ အထက်ကဆရာတော် မိန့်တော်မူတဲ့ သတင်း စကားကိုထောက် စာကြည့်ရင် မြန်မာပြည်ရဲ့ သာသာနာရေးအခြေအနေဟာ ပုံမှန်အနေအထားကို လုံးဝမရောက်သေးကြောင်း သိသာထင်ရှားပါတယ်။ လူမျိုးနဲ့တိုင်းပြည်တင်မဟုတ်တော့ဘူး။ ဘာ သာ သာသနာကိုပါ အခဲမကြေဘဲ ဖျက်လို့ဖျက်ဆီး လုပ်နေကြပါပြီ။ နှစ်သစ်မှာ မင်္ဂလာမဖြစ်တဲ့ လူ ညစ်တို့ရဲ့ စနစ်ပါပဲဗျား . . .

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP