Tuesday, January 8, 2008

ဆူးလေ၊ လွတ်လပ်ရေးကျောက်တိုင်နဲ့ မြို့တော်ခန်းမ

.

.

အမှတ်တရများစွာတွေထဲက လွတ်လပ်ရေးကို အမှတ်တရ ကိုယ်စားပြုထားတဲ့ လွတ်လပ်ရေး ကျောက်တိုင်တခု ဖြစ်ပါတယ်။ ကြာညောင်းသော်လဲ မဟောင်းနိုင်သေးတဲ့ ဆရာဦးတင်မောင်အေး (ယူအက်စ်အိုင်အက်စ်)ရဲ့တခု သောလက်ရာပါ။ ခေတ်ပေါ်မီးတွေနဲ့ တောက်ပြောင်မှုမရှိသော် လည်း သူ့အဆင်း သူ့အလင်းနဲ့တော့ လှနေစမြဲ ပဲလို့ ကျနော် ထင်ပါတယ်။
.
နောက်ခံမှာ ပါတဲ့ ဆူးလေစေတီက ဘာသာရောင် သာသနာရောင်ကို ထွန်းလင်းပြောင်စေတဲ့ သင်္ကေတတခု လိုဖြစ်ပြီး ဒီကျောက်တိုင်က ကျနော်တို့မြန်မာတွေ တခါက အင်္ဂလိပ်နဲ့ဂျပန်ကို တော်လှန်ပြီးတဲ့နောက်မှာ တိုင်း ပြည်အတွက် လွတ်လပ်ရေးကို အရယူနိုင်ခဲ့တယ်ဆိုတဲ့ မျက် မှောက်ယုံကြည်မှုများအတွက် သက်သေပါ။
.
မြို့တော်ခန်းမကလည်း မြန်မာပြည်ရဲ့သမိုင်းကို တစိတ်တပိုင်းပြောနေတယ်။ တနည်းအားဖြင့် လည်း မြန်မာ့ဗိသုကာ ဆရာဆိုင် ရဲ့ယဉ်ကျေးမှု အနုလက်ရာများကို ဖော်ညွှန်း ပြနေသယောင် ရှိနေပါတယ်။ မကြာခင်က ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဟာ တိုင်းပြည် အတွက် တကယ် လွတ်လပ် ပြီလား၊ မလွတ်လပ်သေးဘူးလား ဆိုတာကိုလဲ ပြန်လည်သုံးသပ်ပြီး လုပ်သင့်တာတွေကို လုပ်ဖို့ ကျနော်တို့တွေ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုနု နဲ့ကိုဗဟိန်း တို့ စိတ်ဓာတ်တွေ လမိုင်းကပ်ဖို့ လိုပြီ ထင်ပါတယ်။
.
ဒီအတွက် ရည်ရွယ်ပြီးတော့ပဲ ဒီဓာတ်ပုံလေးကို ဆရာ တင်မောင်အေးထံက တောင်းခံ၍ ပြန်လည် ဖော်ပြအပ်ပါတယ်ခင်ဗျား။ မြန်မာပြည်သူ အပေါင်း အလုခံထားရတဲ့ မိဘမွေးရာပါ လူ့အခွင့်ရေး၊ တရားမျှတရေး၊ လူသားတ ဦးမှာ ရှိသင့်တဲ့ လွတ်လပ်ရေး ဆိုတဲ့ ကိုယ်ပိုင်ဥစ္စာ တွေကို လုယူသွား သူများထံမှ ကိုယ့်သမိုင်းကို ကိုယ်တိုင်ပဲ အကောင်းဆုံး ရေးပြီး ပြန်လည်ရယူနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်ဗျာ . . .
.

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP