Sunday, January 13, 2008

သူတို့အဖွဲ့ကတော့ တက်ညီလက်ညီနဲ့ ပန်းတိုင်ဆီသို့ ဦးတည်လျက်

...


...

ဒီကနေ့ ဇန်န၀ါရီလ (၁၃)ရက်၊ တနင်္ဂနွေနေ့မှာ ၂၀၀ဂ-နှစ်ရဲ့ နှစ်ဦးအကြို အစည်းအဝေးပွဲလေးတ ပွဲကို OrangeCountyမြို့က ကိုသူရ နေအိမ်မှာ လုပ်ဖြစ်ပါတယ်။ ကျနော့်ကို ဖိတ်လာလို့ အစည်း အ ဝေးအချိန်အတွင်းမှာ ရောက်သွားခဲ့ပါတယ်။
...
သူတို့အစည်းအဝေးက စိတ်ဝင်စားစရာ ကောင်းလို့ ထိုင်နားထောင်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းရှိ ပြီး တဦးကို တဦးက လေးစားတဲ့အစည်းအဝေးပွဲလေးပါ။ အယူဝါဒ တူတာ၊ မတူတာ အသာထား၊ ပုဂ္ဂိုလ်ရေးရာ ကြိုက်တာ မကြိုက်တာတွေ မျက်ကွယ်ပြုထားပြီး လုပ်သင့်လိုက်ထိုက်တဲ့ အလုပ်ကို အားလုံး အတူတူတွဲလုပ်ဖို့ တိုင်ပင်ဆွေးနွေးကြတာတွေ့လို့ လေးစားစရာ ကောင်းပါတယ်။
...
ပထမဦးဆုံး သူတို့တွေ ဆွေးနွေးဖြစ်တဲ့ အကြောင်းက သီးလေးသီးအငြိမ့်အကြောင်းဖြစ်ပါတယ်။ သီးလေးသီးအငြိမ့်အဖွဲ့ အမေရိကန်ပြည် အနောက်ပိုင်းကို ရောက်လာတဲ့အခါ ဘယ်လိုအစီအစဉ် လုပ်ကြမယ်။ ဘယ်မှာ တည်းခိုမယ်။ ဘယ်လို ပြုစုစောင့်ရှောက် အကူအညီပေးမယ် စတာတွေကို ကြိုတင်စီစဉ်ဖို့ ဆွေးနွေးဖြစ်ကြတယ်။
.....
ဒုတိယဆွေးချက်အနေနဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့အမျိုးဘာသာ သာ သနာတော်အတွက် လစဉ်ဆောင်ရွက်ချက်များကို လော့စ်အိန်ဂျလိစ်က မြန်မာလူငယ်တွေ ဘယ်ပုံ ကူညီကြမယ်ဆိုတာ တိုင်ပင်ကြတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ လစဉ်ပုံမှန်ဆုတောင်းပွဲလေး တွေလုပ်ပြီး ပျံလွန်တော်မူသွားရှာတဲ့ သံဃာတော်များ၊ ကျောင်းသားပြည်သူနဲ့ နိုင်ငံရေးသမားများ အတွက် အမျှဝေကြမယ်။ ထောက်ပံ့မှုတွေ၊ ဆွေးနွေးမှုတွေ၊ အကြံပြုမှုတွေကို လစဉ်ပုံမှန်လုပ်ရင်း ၂၀၀၇-ခုနှစ်၊ စက်တာဘာလမှာ သံဃာတော်များက စတင်ခဲ့တဲ့ပွဲကို အရှိန်အဟုန်မပျက်ဘဲ ဆက် လက်ထိန်းသိမ်းဖို့ ဆောင်ရွက်ကြမှာဖြစ်ကြောင်း သိခွင့်ရပါတယ်။
.....
နောက်ဆုံးဆွေးနွေးမှုက ၂၀၀၈-ခုနှစ်၊ သြဂုတ်လမှာ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ရှစ်လေးလုံး လှုပ်ရှား မှုပွဲ အနှစ် (၂၀) ပြည့်ပြီဖြစ်လို့ အတန်အသင့် ကြီးမားတဲ့အထိမ်းအမှတ်ပွဲကို အမေရိကန်ပြည်ရဲ့ အ နောက်ဖက်ပိုင်းမှာ အနှစ်သာရရှိရှိ လုပ်ဆောင်ကြဖို့ လေးလေးနက်နက် ဆွေးနွေးဖြစ်ကြပါတယ်။
....
ကျနော်က ဒီအုပ်စုရဲ့လှုပ်ရှားမှုများကိုကြည့်ပြီး သိပ်လေးစားမိပါတယ်။ ကိုယ်ကျိုးထက် အများစုရဲ့ အကျိုးကို ဆောင်ရွက်နေတာဖြစ်လို့ရယ်၊ တဦးတယောက်ချင်းထက် အုပ်စုစွမ်းအားနဲ့ ထိရောက် စွာ ဆောင်ရွက်နိုင်တာရယ်၊ တဦးကိုတဦး လေးစားပြီး ညီညွတ်စွာ ပြီးတော့ ထိရောက်စွာနဲ့ အား ထုတ် လုပ်ဆောင်နိုင်တာရယ်များကြောင့် ကျနော့်စိတ်တွင်းမှာ အခါခါ ချီးမွမ်းမိတယ် . . .
....
တက်ကြွတဲ့ သူတို့ကို မြင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ သူတို့လို တိုင်းပြည်ကို ချစ်စိတ်နဲ့အမြဲ မပြတ်လုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပက လူငယ်များလက်ထဲမှာ အမှန်တကယ်ပင်ရှိကြောင်း ယုံ ကြည်မိပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီးမဲ့သူတွေဟာ အာဏာရှင်စစ်တပ် မဟုတ်ဘူးဆို တာတော့ လုံးဝ . . . လုံးဝကို သေချာသွားပါပြီ . . . ။

0 comments:

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂျပန်ရောက်မြန်မာတွေနဲ့အခုလို ဆုတောင်းပေးခဲ့ကြတယ်

လာလည်သွားကြတယ်

About This Blog

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP